ကိုကို


 

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးရက်ကိုရောက်လာပါပြီ ခင်ဗျားကိုလက်လွှတ်ပေးရမယ့်အစား ကျွန်တော်ပိုပြီးတော့ဖက်တွယ်မိပြန်ပြီ ကိုကို..


အများကြီးမဟုတ်ပါဘူး

၁။ ခင်ဗျားကျွန်တော့်ကိုမချစ်ဘူးဆိုတာ


၂။ကာမပိုင်ရှိတဲ့အမျိုးသားတစ်ယောက်ကို မချစ်သင့်ဘူးဆိုတာ


၃။ကျွန်တော့်အခြေအနေက အတိတ်ကရောအခုလက်ရှိမှာရော ခင်ဗျားအတွက်ဘယ်လိုမျှ မထိုက်တန်တဲ့ အမျိုးသမီးဖြစ်နေရတာဆိုတာ


အဲ့ဒါတွေနဲ့တင် ကျွန်တော်လက်လွှတ်သင့်နေပါပြီဗျာ ဒါပေမယ့် ကျွန်တော်လက်လွှတ်ပေးဖို့ သွေးမရဲသေးပါဘူး ကိုကို


ကျွန်တော့်ကိုလျစ်လျှူရှုတဲ့လူတွေကို ကျွန်တော်နည်းနည်းလေးမျှ သဘောမကျခဲ့ပါဘူး အခုအချိန်အထိတိုင်ပါပဲ 


ခင်ဗျားကျတော့ ၅နှစ်ဆိုတဲ့အချိန်ကာလာအတွင်းမှာ အမြဲနီးပါးလျစ်လျှူရှုထားခဲ့တာတောင် ကျွန်တော့်မှာနာကျင်ရက်နဲ့ ခင်ဗျားကိုဖက်တွယ်မိနေတုန်းပါပဲ


တခါတလေ ကျွန်တော်တွေးမိပါတယ် အရင်ဘဝကများ သူ့အပေါ်ဘာတွေများကျူးလွန်ခဲ့မိလို့ ငါဒီလောက်သနားဖို့ကောင်းနေရတာလည်းလို့ပါ


ကျွန်တော့်ရုပ်ရည်က သာမန်ရွက်ကြမ်းရေကြိုရုပ်မျိုးပါပဲ ဒါပေမယ့် ကျွန်တော်မာနကြီးပါတယ် အဲ့ဒီ့မာနကမွေးယူထားတာမဟုတ်ဘဲ သူ့ဘာသာဖြစ်တည်နေတာပါ


ယောင်္ကျားတစ်ယောက်ကို အထင်ကြီးဖို့သဘောကျဖို့ဆိုတာ ကျွန်တော့်အတွက်အတော်လေးခက်ခဲလှပါတယ်


မနက်ဖြန်မှပဲဆက်ရေးပါတော့မယ် မျက်လုံးကမဖွင့်နိုင်တော့ဘူးဗျာ 

😔


ဟီး

အပျော်လွန်နေပြီး ဒီနေ့လည်းဆက်မရေးဖြစ်တော့ဘူးဗျာ


လူတစ်ယောက်ကို အရူးအမူးချစ်ကြည့်စမ်းပါဗျာ ခင်ဗျားတို့ဘဝမှာ ဘယ်လောက်ပဲနာကျင်ရပါစေ အဲ့ဒီလူက အရာရာဆိုတာကို လက်ခံပေးလိုက်ရတာလောက် ဘယ်အရာမျှ ပီတိမဖြစ်ဘူးဗျ..

တိမ်တွေအုံ့ဆိုင်းတဲ့အရပ်


 

လှချင်တိုင်းလှနေတဲ့ တိမ်တွေအုံ့ဆိုင်းနေတဲ့အရပ်မှာ ချစ်ရသောသူတစ်ယောက် ကြမ်းတမ်းလှတဲ့ရာသီဥတုဒဏ်ကို အံတုနေရတာကိုသိခဲ့ရတော့ ကျွန်တော့်အတွက် တိမ်တွေကမလှတော့ပါဘူးဗျာ..


တအားကိုကြမ်းတမ်းခက်ခဲတဲ့ အခုလိုရာသီမျိုးများ နွေးနွေးထွေးထွေးသက်သက်သာသာ ရှိစေချင်ခဲ့မိတာကျွန်တော်ဆန္ဒအမှန်ပါ


ပြည်တော်မပြန်နိုင်တဲ့မင်းခယောင်္ကျားတစ်ယောက်အတွက် ကြီးလေးတဲ့တာဝန်ကိုထမ်းဆောင်နေရတာ အချိန်ကြာလွန်းလှတော့ တချို့လူတွေကိုမျက်မုန်းကျိုးမိပါတယ်


သူ့ကြမှဒီလောက်ကာလရှည်ကြာကြီး ကြီးလေးတဲ့တာဝန်ထမ်းဆောင်နေရတော့ ကျွန်တော်လည်းစိတ်မလုံမိသလိုခံစားရပါတယ် 


ကျွန်တော်သာစုဆောင်းမှုရှိခဲ့တဲ့ မိန်းမတစ်ယောက်သာဖြစ်ခဲ့ရင် ခင်ဗျားတစ်ယောက်ဒီလိုတွေ ပင်ပန်းနေရမှာမဟုတ်ပါဘူးဗျာ လူဆိုတာနောင်ကျမှနောင်တရကြတာတဲ့ ဟုတ်သဗျ အခုကျမှအချိန်လွန်နောင်တတွေက ကျွန်တော်ကိုနာကျင်စေရပါတယ်


အများကြီးလွမ်းတယ် 


အိပ်​ရေးမမက်တဲ့သူဖြစ်ပေမယ့် အိပ်ရေးဝဝအိပ်စေချင်တယ် အစားအသောက်ဂျီးမများတဲ့သူဆိုပေမယ့် ကျကျနနလေးစားသောက်စေချင်တယ် အပင်ပန်းဆင်းရဲခံနိုင်တဲ့ယောင်္ကျားဆိုတာ သိပေမယ့်လည်း သက်တောင့်သက်သာဘဝမျိုးမှာပဲ နေစေချင်ပါတယ်


ဟူး အများကြီး အများကြီးဗျာ ကျွန်တော်မလုပ်ပေးနိုင်တဲ့ကိစ္စရပ်တွေက အများကြီးပါပဲလားဗျာ 


၂၇ရက်နေ့အဘိုးကုစီရောက်ရင် ခင်ဗျားကိုယ်စား ဆုတောင်းတစ်ခုပဲတောင်းခဲ့မှာပါ မြင့်မားတဲ့ဘဝမှာစိတ်အေးချမ်းသာစွာ နေထိုင်ပါရစေဆိုတဲ့ ဆုကိုပဲတောင်းခဲ့ပေးမှာပါ


ဆင်သွားရင်လမ်းဖြစ်တဲ့သူတစ်ယောက်ဖြစ်လို့ ကြံစည်လုပ်ဆောင်သမျှ အစစအရာရာအကုန်လုံး အဆင်ပြေချောမွေ့အောင်မြင်မယ်ဆိုတာ တကယ်ကိုယုံကြည်ထားပါတယ်ဗျာ။


🙏🙏🙏


အလုပ်ပင်ပန်းနေရလို့ ဂျီမကျရက်ပါဘူးပြောခဲ့ပြီးတော့ Fb account ပျောက်သွားလို့ သွားပြောမိပြန်ပါပြီ။

🥺

ချစ်သော


 

ဒီတစ်ခါတွေ့ရင်တော့ တစ်ညလုံးမအိပ်ဘဲ 

၄နှစ်စာအတွက် ခင်ဗျားလေးကို 

စိတ်တိုင်းကျ တဝကြီးနမ်းပြစ်အုန်းမယ်ဗျာ..

16th Nov 2025.



၆လကျော်စာတစ်လုံးမျှမပိုဖြစ်အောင် တောင့်ခံနိုင်ပြီးတော့ တစ်ရက်လောက်စာမပို့ရတာကို ကျွန်တော့်မှာမအိပ်နိုင်ဘဲ ယောက်ယက်ခက်နေခဲ့မိပါတယ်


ဒီလူမှဒီလူ့ကိုပဲ အဖြစ်သည်းလွန်းခဲ့တဲ့ တစ်သတ်မှတ်တည်းစွဲလန်းတက်လွန်းတဲ့ ကျွန်တော့်ဘာသာ အကြိမ်ကြိမ်အခါခါ မုန်းတီးခဲ့မိပါတယ်

11th Dec 2025.



နေ့လည်၂နာရီတောင်မထိုးသေးဘူး သတိရနေမိပြန်ပြီ ဟူး ဒီသံသရာကြီးထဲမှာ ပျော်ပျော်ကြီးနစ်နစ်ဝင်သွားမိတာ ကျွန်တော်ပါပဲဗျာ


Tarot reading လေးတစ်ခုဖတ်ပြီး အရမ်းငဘောကျလို့ share ထားလိုက်မိတယ် ချစ်ပ ဆိုတဲ့ စာသားလေးတစ်လုံး​ကိုတောင်မျှ ၄နှစ်ကျော်ပြီးမှ ကျွန်တော်ပိုင်ဆိုင်ခဲ့ရတာပါ 


အဲ့လိုဖက်တွယ်မိနေလို့လည်း ကျွန်တော်ရပ်တန့်နိုင်ဖို့ကြိုးစားမိလေ ခင်ဗျားကိုဆထပိုးပြီးဖက်တွယ်မိလေပါပဲဗျာ။

12th Dec 2025.



လွမ်းတယ် ကိုကို

🥺


အလုပ်များနေတာကိုသိတော့ စိတ်ပူမိတယ် စာပို့ချင်ပေမယ့်လည်းမပို့ရဲသေးဘူး နေကောင်းအောင်နေပါနော် အစစအရာရာအကုန်လုံး အောင်မြင်ချောမွေ့အဆင်ပြေပါစေရှင်


Internet ဖွင့်တာနဲ့ ခင်ဗျား အကောင့်လေးဝင်ကြည့်ဖြစ်တယ် post လေးတင်ပေးထားတာမြင်မှ စိတ်အေးသွားရပါတယ်


အရေးကြီးတဲ့အချိန်တိုင်း ဘာမှမတင်တက်တဲ့သူဖြစ်လို့ အဲ့လိုနေ့မျိုးတွေဆိုရင် ကျွန်တော်စိတ်ပူနေမိပါတယ် စိတ်ပူတာကိုမကြိုက်မှန်းသိလို့ ညိမ်ညိမ်လေးပဲနေပေးမိပါတယ်


အကူအညီမဖြစ်ခဲ့ရင်တောင် အနှောက်အယှက်မဖြစ်စေတဲ့အတွက် ကျွန်တော်လုပ်ပေးနိုင်တဲ့ သဲတစ်ပွင့်စာအပြုအမူလေးပါဗျာ


ဂရုစိုက်ပါနော် တဖွဖွဖွင့်မပြောရပေမယ့် တဖွဖွပြောချင်ခဲ့တဲ့စကားလုံးတွေပါဗျာ။

13th Dec 2025.



နေ့လည်ခင်းမှာ လမ်းဘေးခွေးသုံးကောင်ကို လမ်းအလည်ကအဒေါ်က ပရဟိတနဲ့ချိတ်ဆက်ပြီးသားကြောဖြတ်တာ တစ်ကောင်ကအားနည်းနေတော့ ဆိုင်နားမှာထားရင်းသွေးမတိတ်တော့ သူများအပူကိုယ့်အပူဖြစ်ပြီး တညနေခင်းလုံးဗျာများနေတာနဲ့ စျေးလည်းမရောင်း​နိုင် နေ့လည်စာလည်းမစားဖြစ်


ညနေ၅နာရီကျော်ကနေ ည၈နာရီခွဲအထိ ဝယ်သူမပြတ်တော့လည်း ဘုရားလည်းမရှိခိုးဖြစ် ခင်ဗျားကိုသတိရပေမယ့် ဝင်မကြည့်မိပါဘူးဗျာ


ည၉နာရီအိမ်ပြန်ရောက်ပြီး ၉နာရီခွဲကျော်တည်းက ခင်ဗျားရှိမလား စောင့်နေမိတာ ည၁၂နာရီကျော်သွားတယ် ခင်ဗျားမရှိပြန်ဘူး အလုပ်များနေမှာသိတော့ စိတ်ပူမိပြန်တယ် 


အစစအရာရာအကုန်လုံး ဂရုစိုက်ပေးပါဗျာ ဆင်သွားရင်လမ်းဖြစ်မယ့်သူမို့လို့ အကုန်လုံးအောင်မြင်မယ်လို့လည်း တကယ်ကိုယုံကြည်ထားပါတယ်။

🙏

14th Dec 2025.



ည၁နာရီကျော်ကြီး မအိပ်နိုင်သေးဘဲ ထမင်းမှသေချာစားရပါ့မလား တနေ့ကို၃၊၄နာရီလောက်များ အိပ်ရပါ့မလား စိုးရိမ်နေမိပြန်တာတယ် ကျွန်တော်ဘာမျှမလုပ်ပေးနိုင်တာမှန်ပေမယ့် တကယ်ကူလို့ရတာရှိရင် ကူပေးချင်ပါတယ်ဗျာ


အိပ်မပျော်ဘဲနဲ့ စောစောနိုးလာတယ် 3minutes ago ဆိုတော့ တော်ပါသေးရဲ့ပေါ့ ပြန်အိပ်ခါနီး online ဖြစ်နေတော့ စာမပို့ရဲတာနဲ့ online လေးကိုဝင်ချီထွက်ချီလုပ်ပြီး ကြည့်နေမိရင်း တစ်ယောက်ထဲပြုံးနေမိပါတယ်


ခင်ဗျားကထင်မှာပဲနော် စာမပို့ဘူးဆိုပြီးတော့ အနှောက်အယှက်ဖြစ်မှာစိုးလို့ ကျွန်တော်စာမပို့သေးတာပါ

🥺


ဒီညလည်းည၁၂နာရီကျော်ပြန်ပြီ online ဖြစ်နေလည်းစာပို့မိမှာမဟုတ်တာကို စောင့်နေမိပြန်ပါပြီ အလုပ်များတာသိနေတော့ စိတ်ပူမိတာကိုမတားစီးနိုင်ပြန်ပါဘူး


အန္တရာယ်ကင်းဘေးရှင်းမှာကို ယုံကြည်ထားတဲ့အတွက် အစစအရာရာအကုန်လုံး အောင်မြင်ချောမွေ့ အဆင်ပြေမှာပါ။

15th Dec 2025.



ည၁နာရီထိုးတော့မှာဖြစ်လို့အိပ်တော့မယ် မမြင် မတွေ့ရပေမယ့်လည်း ဒီလူဆိုတာကိုပဲ ကျွန်တော်ကဖက်တွယ်နေမိတာလေဗျာ


လွမ်းတယ်

ခင်ဗျားကတော့ထက်မှာပဲ ဘာဖြစ်ပြန်လို့စာမပို့ရတာလည်းဆိုပြီး ကျွန်တော်ပို့ထားတာတွေကိုမှ ခင်ဗျားကမဖတ်ဘဲ​ဖျက်ပြစ်တာကို


ဒီညလည်း ည၉နာရီအိမ်ရောက်တာနဲ့  line ဖွင့်ပြီးထမင်းစား မနက်ဆွမ်းချက်ဖို့အတွက် ကြက်သွန်ဖြူနီနွှာ အာလူးအခွံသင်ပြီးတော့ ည၁၀နာရီ​ထိုးသွားရော online ဖြစ်နေပေမယ့် စာမပို့ဖြစ်ခဲ့ပါဘူး


fb ကိုဝင်ကြည့်တော့မှ post တင်ထားတာတွေ့မိတော့ စိတ်မကောင်းဖြစ်ရပြန်ရော အစားလည်းကောင်းကောင်းမွန်မွန်မစားရ အိပ်ချိန်လည်းမရတဲ့ဘဝမှာ ဘယ်လောက်များကြာအုန်းမှာလည်းဗျာ


ဟူး မောပါတယ်ဗျာ မီးကျောင်းမင်းကို ကျွန်တော်တစ်ယောက် ရေခင်းပြမိပြန်ပါပြီဗျာ


အစစအရာရာအကုန်လုံး ဂရုစိုက်ပေးပါဗျာ။

🙏

16th Dec 2025.



ဒီညစာမရေးနိုင်တော့လို့ စိတ်မဆိုးပါနဲ့

အစစအရာရာဂရုစိုက်ပေးပါနော်။

17th Dec 2025.



နေ့လည်ကဆိုင်မှာထိုင်နေရင်းနဲ့ Fb ဝင်ကြည့်တော့ မနက်ကတင်ထားတဲ့ post တွေ့ပြီးအများကြီးစိတ်မကောင်းဖြစ်ရပါတယ် မျက်ရည်မကျမိပေမယ့် ၂၀၂၃ခုနှစ်ကသာ ငါလောက်လောက်လားလားအကူအညီပေးနိုင်ခဲ့ရင် အခုလိုပင်ပန်းခက်ခဲနေရမှာမဟုတ်ဘူးလည်း တွေးမိပြန်ပါတယ်


မိကျောင်းမင်းကို ရေခင်းထပ်ပြမိပြန်ပါပြီ အစစအရာရာအကုန်လုံးသတိထားပေးပါနော် အမြဲတစေသတိရှိတဲ့သူဆိုတာသိပေမယ့်လည်း ပိုပြီးတော့သတိထားပေးပါဗျာ


ကျွန်တော်နဲ့မတွေ့ရရင်လည်းနေပါဗျာ ခင်ဗျားတစ်ယောက် သက်တောင့်သက်သာနေရဖို့ကို တကယ်ကိုမျှော်လင့်မိပါတယ် 


၂၇ရက်နေ့အဘိုးကုစီရောက်ခဲ့ရင် အဲ့ဒီ့ဆုကိုလည်းတောင်းပေးခဲ့ပါမယ် ကျန်းမာချမ်းသာပျော်ရွှင်အေးချမ်းစွာဖြင့်မိသားစုနဲ့အမြန်ဆုံး ပြန်လည်ဆုံစည်းခွင့်ရပါစေဆိုတဲ့ဆုကို တောင်းပေးခဲ့ပါမယ်။

🙏🙏🙏

18th Dec 2025.



ဒီနေ့ညညစင်ထရယ်သွားဖြစ်တယ် ခင်ဗျားကတော့ကျွန်တော့်ကိုအပြစ်တင်မှာပဲနော် တင်လို့ရပါတယ်ဗျာ ကျွန်တော်ကပျော်နေမိတာကို


စာမပို့ရတာကြာတော့ လူကစိတ်လွတ်နေမိတယ် ဒါပေမယ့်လည်း အ​နှောက်အယှက်ဖြစ်မှာစိုးလို့ ဆယ်ရက်တိတိစာမပို့သေးပါဘူးဆိုတဲ့ ကျွန်တော့်စကားရယ် အခုအချိန်မှာတကယ်ကို အလုပ်များနေရတဲ့ခင်ဗျားအခြေအနေကြောင့် ည၁နာရီကျော် ၂နာရီအထိမအိပ်နိုင်တာတောင် ကျွန်တော်စာမပို့ခဲ့ပါဘူး


ခင်ဗျားကထင်မှာပဲနော် ကျွန်တော်ပြောင်းလဲသွားပြီလို့ ၄နှစ်ကျော်၅နှစ်နီးပါး ဖက်တွယ်ခဲ့တဲ့လူတစ်ယောက်ကို လွယ်လွယ်နဲ့သာမေ့ပျောက်နိုင်ရင် ကျွန်တော်ဘာလို့နာကျင်တာကြီးကိုခံစားနေမလားဗျာ


ဒီလူမှဒီလူပါလို့ ကျွန်တော့်ကိုယ်ရောစိတ်ပါ နစ်မြုပ်ထားတာဖြစ်လို့ ခင်ဗျားကလွဲရင် ဘယ်ယောင်္ကျားသားကိုမျှ ချစ်သူ၊လင်ယောင်္ကျားလို့လက်ခံပေးလို့မရသလို ကျွန်တော့်စိတ်ရောကိုယ်ပါသတ်မှတ်ပေးလို့မရဘူးဗျ


ခင်ဗျားကယုံမှာမဟုတ်ပါဘူး ၄၊၅၊၆လအဆက်အသွယ်ပြတ်သွားပြီးလို့ ကျွန်တော့်ဘက်ကနေပြန်ဆက်သွယ်တာတောင်မှ ဘဲရနေပြီးမလား မေးတက်တဲ့သူမျိုးလေဗျာ 


ဆက်မရေးတော့ပါဘူးဗျာ စိတ်ရောလူရောပင်ပန်းနေတဲ့သူကို စိတ်ဒဏ်ရာတွေမပေးရက်ပါဘူးဗျာ 


တကယ်ကိုလွမ်းတယ် ကျွန်တော်မတွေ့ရရင်နေပါစေလို့ ပြောခဲ့မိပေမယ့် အများကြီးတွေ့ချင်နေတယ် ခင်ဗျားရင်ခွင်ထဲတိုးပြီးအိပ်ချင်တယ်


ဟူး မလွယ်ပါဘူးဗျာ ဒီလူမှဒီလူဖြစ်နေတာ ကျွန်တော့်ဘာသာတော့အံသြယူမိပါတယ် ကြင်ကြင်နာနာယုယုယယလေးများ ခင်ဗျားဘက်ကနေဆက်ဆံခဲ့မိရင် ကျွန်တော်ရူးသွားလိမ်းမယ်ထင်ပါတယ်


နွေးနွေးထွေးထွေးနေ နေကောင်းအောင်နေပေးပါနော် ကျွန်တော်ကစိတ်ပူနေတာကလွဲရင် ဘာတစ်ခုမျှမလုပ်ပေးနိုင်လို့ အများကြီးစိတ်မကောင်းဖြစ်ရပါတယ်


ကျွန်တော်ချစ်တဲ့ ဆင်ကြီးကသွားရင်လမ်းဖြစ်တဲ့သူမို့လို့ အစစအရာရာအကုန်လုံး အဆင်ပြေချောမွေ့အောင်မြင်မယ်ဆိုတာ ယုံကြည်ပါတယ်ဗျာ။

🙏🙏🙏

19th Dec 2025.



online လေးကိုငေးကြည့်ရင်း ခင်ဗျားကိုလွမ်းနေရတဲ့ဘဝ


ရာသီဥတုကမတအားကြမ်းတော့ ကျန်းမာရေးဂရုစိုက်ပေးပါဗျာ


လွမ်းတယ် နွေးနွေးထွေးထွေးလေးဖြစ်သွားအောင် တအားဖက်ထားချင်လိုက်တာ အခုညဆောင်းက ရန်ကုန်မှာနည်းနည်းပြန်အေးလာတယ် အဲ့ဘက်မှာတော့မတအားအေးမင်ထင်ပါတယ်


အချိန်ရရင်ထမင်းပူပူဟင်းပုပူလေးစား ကော်ဖီပူပူလေးသောက်ပေးပါနော် မှာသာမှာရသာအချိန်ရအုန်းမှလေ စကားတွေသာတွတ်ထိုးပြောနေမိတာ ဘာတစ်ခုမျှမလုပ်ပေးနိုင်သေးဘူးလေ 


online မှာမရှိတော့ပြန်ဘူးဆိုတော့ အလုပ်များနေမယ်ထင်ပါတယ် အစစအရာရာအကုန်လုံး ဂရုစိုက်ပေးပါနော် ဘေးဘယာကင်းဝေးတဲ့သူဖြစ်လို့ ကြံစည်လုပ်ဆောင်သမျှ အစစအရာရာအကုန်လုံး အောင်မြင်ချောမွေ့အဆင်ပြေမယ်ဆိုတာ တကယ်ကိုယုံကြည်ထားပါတယ်ဗျာ။

🙏🙏🙏

20th Dec 2025.



🌻 လွမ်းတယ် ကိုကို။



ဝေဒနာ


 

မနေ့ကဘုရားကအပြန် ကျောက်မြောင်းဘက်ဝင်ဖြစ်လိုက်တယ် အမှန်ကဆိုင်ဖွင့်ဖို့နောက်ကျနေလို့ ပုပုစီမှာအအင်္ကျီအပ်ထားတာ ဝင်မယူတော့ဘူးတွေးထားတာပါ


ဆွမ်းတော်ကပ်လှူပြီး ပုတီးစိပ်ဘုရားရှိခိုးနေတဲ့အချိန် ဆိုင်းလန့်လုပ်ထားတော့ သူဖုန်းခေါ်ထားတာတွေ့တာနဲ့ ပြန်ခေါ်လိုက်တော့ နောက်တစ်ခါတကူးတကလာနေရမှာစိုးလို့ ချုပ်ပြီးသွားပြီလာယူလို့ရပြီဆိုတော့ ဝင်ယူလိုက်ဖြစ်တာ


ဆွမ်းကပ်လှူတဲ့ တောင်ဘက်အာရုံခံမုခ်ဦးကနေလက်ယာရစ်ဖူးရင်း အဖေနဲ့အမေဂြိုဟ်တိုင်တွေမှာရေသပ္ပါယ် ပြီးတော့ကျွန်တော့်မွေးနံအင်္ဂါဂြိုဟ်တိုင်မှာ ရေသပ္ပါယ်ပြီးတာနဲ့ အရှေ့ဘက်စောင်းတန်းကပြန်ဆင်းလာရော


အမေအမြဲရွတ်နေတဲ့ဘုရားစာအုပ်က ဟောင်းနေပြီဆိုတော့အဲ့ဒီစာအုပ်နှစ်အုပ်ဝယ်ဖြစ်တယ် ပြီးတော့ကျောက်စိမ်းနားကပ်လုံးချောလေးတစ်ရံဝယ်ဖြစ်တယ် ပိစိလေးဆိုတော့ပျောက်ရှမှာစိုးလို့ ပိုက်ဆံအိတ်ထဲပဲထည့်ထားလိုက်မိတယ် ဆိုင်ထိုင်ရင်ကျောက်စိမ်းလက်ကောက်ကလွဲရင် ဘာမှမဝတ်ဖြစ်တော့ နားပေါက်ဟောင်းလောင်းကိုမကြိုက်လို့ပါ


အရှေ့ဘက်စောင်းတန်းကဆင်းလာရင်း မွေးနေ့ကဘုရားမတက်ဖြစ်တော့ ပစ်တိုင်းထောင်ရုပ်ဝယ်ပေးချင်ပေမယ့် နားကပ်ဝယ်ပေးပြီးပြီပဲပိုက်ဆံကုန်ကျတာတွေများနေပြီဆိုပြီးတော့ မဝယ်ပေးတော့ပါဘူး


ထမင်းဘူး၊လဖက်ဘူး၊လိမ္မော်သီးဘူး၊ရေဘူး၊ကော်ဖီဓါတ်ဘူး၊ကြွေခွက်ထည့်ထားတဲ့ ထမင်းဘူးခြင်းတောင်းရယ် ဘုရားစာအုပ်သုံးအုပ်၊သတင်းစာတစ်အုပ်၊စိတ်ပုတီး၊သဘက်ထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်ရယ်နဲ့ လိုင်းကားပေါ်မှာကသီနေမှာစိုးလို့ ထီငါးစောင်ထိုးပြီးကတည်းက YBS ကဒ်လေးကိုပိုက်ဆံအိတ်ထဲကနေထုတ်ထားလိုက်မိတယ် 


ကားစီးရမယ့်ကန်တော်ကြီးဘက်အခြမ်းကို ကားလမ်းမကူးရဲတာနဲ့ ဗဟန်း၃လမ်းမှတ်တိုင်နားရပ်ထားတဲ့ ၉၅ကိုတာမွေရောက်လားမေးကြည့်တော့ အစ်မရေရှေ့မှာဂိတ်ရှိတယ် အဲ့ဒီ့ကနေသွားစီးလို့ရတယ်ပြောလို့ ဆက်လျှောက်လာမိရော ဦးထောင်ဘိုအဝိုင်းမရောက်ခင်မှကားငါးစီးလောက်ဆင့်ရပ်ထားပြီး ဒုတိယတစ်စီးကထွက်မှာဆိုတော့ အဲ့ဒီ့ကိုသွားလိုက်တယ်


ကားနားရောက်ခါနီးကဒ်မရဘူးဆိုတော့ အောက်မှာရပ်နေတဲ့ကားသမားကိုပိုက်ဆံပေးဖို့ ပိုက်ဆံအိတ်ထုတ်နေရင်းနဲ့ သစ်ပင်အမြစ်ကိုခလုပ်တိုက်မိတာ လူကပက်လက်လန်လဲပြီးတော့ ကားအောက်ကိုရောက်ခါနီးပြီ


ရုတ်တရက်ဆိုတော့အရမ်းနာသွားပေမယ့် ကိုယ့်ဘာသာဘာဖြစ်လိုက်မှန်းမသိဘူး အရှေ့မှာရပ်နေတဲ့​ကားသမားလည်းကြောင်သွားပြီး ခဏနေမှဆွဲထူပေးဖြစ်တယ် အစ်မအရမ်းကံကောင်းတယ် ဂိတ်မှာရပ်ထားတဲ့ကားဖြစ်လို့ မှတ်တိုင်ကကားဆိုရင် ကားဘီးအောက်ရောက်နိုင်တဲ့


လူကဘည်းထူပူပြီးပိုက်ဆံအိတ်ထဲက ထွက်ကျတဲ့ပစ္စည်းတွေကောက်ထဲ့ နားကပ်လေးတစ်ဖက်ပါကျသွားတာ သူ့ကိုပိုက်ဆံပေး ကားပေါ်ဆွဲတက် ထိုင်ခုံရောက်မှနှလုံးခုန်မြန်နေတာသက်သာအောင်ရေသောက် နာနေတဲ့ခြေထောက်ကို ဘာမှမပါတော့ဗက်စလင်းအပြာလေးလူးပေးထားလိုက်ရော


ဘုရားကယ်လို့သာဒီလောက်နဲ့ပြီးသွားရတာပါ ဟိုဘက်လမ်းကူးတဲ့အချိန်မှာကားတိုက်မိရင် ပက်လက်မကျဘဲမှောက်ခုံသာကျခဲ့ရင်ဆေးရုံကိုရောက်နေလောက်ပါပြီ စိတ်လေးအေးချမ်းစွာနဲ့ဆွမ်းကပ်လှူခဲ့တဲ့ ဘုရားဝတ်ပြုခဲ့တဲ့ကံက ကျွန်တော့်ကိုကယ်သွားရတာပါ


သီတာမှတ်တိုင်ဆင်းတော့မှ ခြေထောက်ကနာပြီးရောင်ကိုင်းနေပြီ ဖိနပ်စီးဖို့ရောလမ်းလျှောက်ဖို့ရောအဆင်မပြေတော့ဘူး ၁၄၆လမ်းထိပ်ကဖိနပ်ဆိုင်မှာ ဆိုက်ကြီးတဲ့ဖိနပ်အပါးတစ်ရံဝင်ဝယ်စီးပြီး ပုပုတို့အိမ်မှာအင်္ကျီဝင်ယူ အဲ့မှာနာရီဝက်လောက်ထိုင်နေတော့ မနာတော့ဘူးဆိုတော့သက်သာသွားပြီပေါ့


သူ့အိမ်ကနေလမ်းထိပ်ကားမှတ်တိုင်သွားတော့ လမ်းမလျှောက်နိုင်တော့ဘူး ဆေးဆိုင်မှာဂဠုန်ရာဇာနဲ့ဒေါ်သောင်းစိန်ဝယ် ကားမှတ်တိုင်မှာဂဠုန်ရာဇာလူးထား​လိုက်တယ် ကားပေါ်ရောက်တော့ကံကောင်းလို့သာ နောက်ဖက်ခုံတန်းရှည်မှာ နှစ်နေရာပဲကျန်တော့တာ 


နေရာမှာထိုင်ကြမ်းပြင်မှာခြင်းနဲ့ဖိနပ်အဟောင်းအထုပ်ကိုချပြီး ဆေးထပ်လူးထားရပါတယ် ဆင်းခါနီးမှတ်တိုင်မရောက်ခင် နှစ်မှတ်တိုင်လောက်ထဲကတဖြေးဖြေးကြိုထွက်ထားရတယ် လမ်းလျှောက်တိုင်းနာနေတော့ လမ်းထိပ်ဆိုင်မှာခဏဝင်ထိုင် ပြီးတော့မှအိမ်ပြန်အဝတ်လဲဆေးလိမ်းပြီးဆိုင်လာထိုင်


အဲ့ဒီ့မှာ post တင်ပြီး ဖုန်းသုံးနေတော့ ညီမလေးအကောင့်ကိုတွေ့မိတာပါ လူ့ကိုထူပူသွားတာပါပဲ ကျွန်တော်ကအမှားလုပ်ထားတဲ့သူလေ ခြေထောက်ကအနာရော စိတ်ထဲကစိုးရိမ်မိတာရောက ရောထွေးကုန်ပါရော


ကျွန်တော်မကောင်းဘူးဆိုတာသိပါတယ် ကျွန်တော်လည်းလုံးဝမကြိုက်ပါဘူး ဘယ်လောက်တောင်မကြိုက်လည်းဆိုရင် အဲ့လိုလူမျိုးနဲ့နေရမှာစိုးလို့အလုပ်တောင်ထွက်မိပါတယ် အဲ့ဒီ့အချိန်မှာလည်းနင်ကရောလူကောင်းလားလို့မေးမိပါတယ်


ကျွန်တော်မကောင်းပေမယ့် ကာယကံရှင်ကိုရော သက်ဆိုင်သူတဖက်သားကိုရော မထိခိုက်စေချင်တာ စပြီးဖက်တွယ်မိတည်းက ကျွန်တော်မှန်သောစကားကိုဆိုမိတာပါ


တကယ်မောတယ်ဗျာ လူမောစိတ်မောဖြစ်ရပါတယ်ဗျာ ခင်ဗျားကို​သေးသေးလေးတောင် ထိခိုက်မခံစေချင်ဘူးဗျ ညီမလေးကိုလည်းထိခိုက်မှာကို စိုးရိမ်မိပ်တယ် ကျွန်တော့်လုပ်ရက်တွေက ထိခိုက်သွားမယ်လို့ထင်မိပါတယ်


မနေ့ညကလည်း ခြေထောက်တအားနာနေတာတောင် ဆေးမသောက်မိဘူး တနေ့လုံးနေတာတောင် ထမင်းတနပ်မစားဖြစ်ဘူး အစာမရှိတော့ဆေးမသောက်ရဲဘူး ဒေါ်သောင်းစိန်တွေတညလုံးလူးထားမိတယ် 


အနာအရှိန်နဲ့လူကချမ်းလာပြီး အဖျားတက်နေတာတောင် ဆေးထမသောက်မိဘူး စိတ်တွေကရှုပ်ထွေးနေမိတာလေ ကျွန်တော်မှားမှန်းသိတယ် ရပ်တန့်ဖို့လည်းအများကြီးကြိုးစားမိခဲ့ပါတယ် အဲ့လိုကြိုးစားခဲ့ပြီးရင် အရင်အခြေအနေထက်အဆပေါင်းများစွာ ပိုပိုပြီးဆိုးလာမိတာကို ကျွန်တော်ကြောက်နေမိတာပါ


မိန်းမဖြစ်ပြီးဘယ်လောက်တောင် ရွံ့ဖို့ကောင်းလည်းဆိုရင် တစ်ခါရပ်တန့်ပြီးရင်နောက်တစ်ခါကျရင် အရှက်သိက္ခာမကျန်တော့လောက်အောင် ဖက်တွယ်မိတာဖက်တွယ်ထားတာ မပြောရဲတဲ့အသုံးအနှုန်းမကျန်လောက်အောင် ပြောနေမိတာ ကျွန်တော်ရှက်မိပါတယ်ဗျာ


ညကတော်တော်နဲ့မအိပ်ဘူး သီချင်းတွေနားထောင်မိတော့လည်း တလွဲတွေကြီးပဲ စိတ်နဲ့ကိုယ်နဲ့မကပ်တာရော အနာအရှိန်ကြောင့်ရော သူခိုးလူမိသလိုခံသားချက်ကြီးဖြစ်နေတာရော ပင်ပန်းနေတဲ့အချိန် ကျွန်တော့်ကြောင့်စိတ်အနှောက်အယှက်ဖြစ်သွားရတဲ့ ခင်ဗျားကိုစိတ်ပူ​မိနေတာရော


ဟာဗျာ ဘာမှမပြောတက်တော့ပါဘူးဗျာ


ကျွန်တော့်စိတ်ကလေးကို ကြိုပြီးတော့ပြင်ဆက်ထားရတော့မယ် အရာရာတိုင်းကိုလက်ခံပေးနိုင်ဖို့အတွက်ပါ


နေ့တိုင်းဖုဌဿဂါထာတော် ၁၀၈ခေါက်ရွတ်ပြီး အေးချမ်းသောစိတ်နှလုံးကိုပိုင်ဆိုင်ရပါစေလို့ ဆုတောင်းနေပေမယ့် အခုထိကျွန်တော်ပူလောင်နေမိသေးပါတယ်ဗျာ။





ဒီလူ


 

ခလုပ်ထိမှ အမိတတဲ့ ကျွန်တော်လည်းဒီစကားပုံအတိုင်းပါပဲ အခုကြမှပိုက်ဆံကိုမစုခဲ့မိတာကို နောင်တအကြီးကြီးရနေမိပါတယ်..


ကျွန်တော်ချစ်တဲ့သူတွေအကုန်လုံးကို လူပင်ပန်းစိတ်ပင်ပန်းမဖြစ်စေရပဲ အဆင်ပြေစေချင်တာက ကျွန်တော့်မျှော်လင့်ချက်ပါ ကျွန်တော့်လိုအင်ဆန္ဒပါ အရာအားလုံးကိုအဆင်ပြေစေချင်တယ် မခက်ခဲစေချင်ဘူး


အဲ့ဒီ့လူတွေအကုန်လုံးကို လူအားငွေအားနဲ့ကူညီပေးချင်တယ် ဒါပေမယ့်လည်း ကျွန်တော်စုဆောင်းမှုကိုမနှစ်ကအထိ သေသေချာချာမလုပ်ခဲ့မိပါဘူး ဇီးရိုးဆက်တင်ဖြစ်သွားတဲ့အချိန်ကြမှ ကျွန်တော်တစ်ယောက်မူးစုပဲစုစပြီးလုပ်မိတာပါဗျာ


အခုဘာကိုနောင်တရ​မိနေတာလည်းဆိုရင် အခုလိုမျိုးအိမ်ကနေ တစ်လတစ်သိန်းနီးပါးမုန့်ဖိုးပေးနေသလိုမျိုးသာ ကျွန်တော်အဆင်ပြေခဲ့စဥ်အခါက ပိုက်ဆံကိုချွေတာပြီးသုံးခဲ့ရင် စုဆောင်းမှုကိုသာတိတိပပလုပ်ခဲ့ရင် အခုလိုစိတ်မကောင်းဖြစ်နေရမှာ မဟုတ်ပါဘူးဗျာ


အများကြီးမဟုတ်ပါဘူး ၂၀၂၁ နှစ်လည်ကနေ ၂၀၂၃ နှစ်ကုန်အထိ တစ်လနှစ်သိန်းစုခဲ့မိရင်တောင် သိန်း၆၀ဆိုတဲ့ပိုက်ဆံ ကျွန်တော့်လက်ထဲမှာရှိနေမှာပါ


အဲ့ဒီပမာဏက ကျွန်တော်ဖြည့်ဆည်းပေးချင်တဲ့အရာအတွက် အရာမရောက်နိုင်ပေမယ့် အရာထင်မယ်လို့တော့ ကျွန်တော်ထင်မိပါတယ်


ခင်ဗျားပင်ပန်းနေတာကို သိရတော့စိတ်မကောင်းဖြစ်ရတယ် ဘာမျှမလုပ်ပေးနိုင်တော့ ပိုပြီးဝမ်းနည်းမိပြန်တယ် အုတ်တစ်ချပ်မဖြစ်နိုင်ရင်တောင် သဲတစ်ပွင့်ဖြစ်ဖို့က ကျွန်တော့်ဆန္ဒပါ သဲတစ်ပွင့်တောင်မဖြစ်ခဲ့ရလို့ တကယ်ကိုတောင်းပန်ပါတယ်


နောင်တရနေမယ့်အစား နောက်နောင်မှာ သဲတစ်ပွင့်ဖြစ်ပေးနိုင်ဖို့အတွက် ကျွန်တော်လိမ္မာရတော့မယ်။





ဗောဇ္ဈင်္ဂသုတ်ပရိတ်တရားတော်




အနာရောဂါကင်းဝေးပါစေ။
ခံစားနေရသောရောဂါဝေဒနာမှ အမြန်ဆုံးသက်သာပျောက်ကင်းပါစေ။

🙏🙏🙏



အရပ် (၁၀) မျက်နှာ အန္တရာယ်ကင်း စည်းချဂါထာတော်



စွဲလန်းစိတ်​ကြောင့်လား အဖျားအရှိန်ကြောင့်လား ရာသီဥတုမအေးတဲ့ဆောင်းတွင်းအိမ်မက်လား မသိပါဘူးဗျာ သူ့ကိုအိမ်မက်မက်ဖြစ်တယ်


အိမ်မက်ထဲမှာ ကျွန်တော်နဲ့မိသားစုရောတစ်ရွာလုံးရော ပိတ်မိနေတာကို ကယ်တင်ခံရတာပါ ကိုယ်ကပိတ်မိနေတာဖြစ်ပေမယ့် ကယ်တင်ပေးခဲ့တဲ့သူကို စိတ်ပူနေမိတယ်


ဘုန်းကြီးတဲ့သူဖြစ်လို့ ကျွန်တော့်ရဲ့စွဲလန်းစိတ်ကြောင့်သာ ဖြစ်မယ်လို့ထင်ပါတယ်။


အနာရောဂါကင်းဝေးပြီး ဘေးဘရာတွေဝေးကွာပါစေ။

🙏🙏🙏



ချစ်သော


 

" ချစ်ပ "


၄နှစ်၆လဆိုတဲ့ အချိန်ကာလအကြာကြီးအတွင်းမှာ ဒီစကားလုံးလေးက ကျွန်တော့်ကိုဘယ်လောက်များ စိတ်ကျေနပ်မှုပေးတာလည်းဆိုရင် အခုအချိန်အထိ မျက်နှာမှာအပြုံးတွဲလွဲခိုနေရင်းနဲ့ ညအိပ်ယာဝင်ဖို့ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်တက်တဲ့ မျက်လုံးကိုမှိတ်ဖို့အတွက် ကြိုးပန်းလို့မရတော့ဘူးဗျ


မမနဲ့အမေအပြင်သွားတော့ ညနေ၃နာရီကျော်တည်းက သားအမိသုံးယောက်ရဲ့ထဘီ၊ဘောင်းဘီတွေကိုလက်နဲ့လျှော်ဖွတ်လှန်း လူခြောက်ယောက်စာအင်္ကျီတွေကို စက်နဲ့လျှော်ဖွတ်လှန်း လုပ်နေကျမဟုတ်တော့ ညနေ၅နာရီမီးမပြတ်ခင် ညစာထမင်း၊ဟင်းချက်အပြေးချက် ညနေ၆နာရီကျော်မှခေါင်းလျှော်ရေမိုးချိုးရတော့



အိမ်အလုပ်စုလုပ်ရတာရယ် ရေမိုးချိုးခေါင်းလျှော်မိုးချုပ်တာနဲ့ လူကည၁၁နာရီကျော်ကတည်းက မလှုပ်ချင်တော့တာတောင် မီးဖိုချောင်ကိုသိမ်းပေးနိုင်သေးတယ် စိတ်ကပျော်ရွှင်နေတော့ ပင်ပန်းနေတဲ့ခန္ဓာကိုယ်ကို မငဲ့ညှာအားတော့ဘူးဗျာ



ညနေကအလုပ်လုပ်ရင်း တွေးနေမိသေးတယ်ဗျ blessing ဆိုပြီးတော့ အမှန်က ကလေးတွေစကားနဲ့ပြောရရင်တော့ ကိုယ့်အတွေးနဲ့ကိုယ် သာယာနေမိတာပါ



ကျွန်တော်အခုအချိန်အထိ သဘောကျနေတယ် ချစ်နေတယ်ဆိုတဲ့စိတ်က မကုန်ဆုံးသေးတာဟာ ခင်ဗျားဘက်ကနေ သဘောကျနေတာ ချစ်နေတာဖြစ်လို့နေမှာပါ



ခင်ဗျားလည်း သဘောကျနေတာ ချစ်နေတာက ကျွန်တော့်ဘက်ကနေ အရူးအမူးဖြစ်နေလို့ အဲ့ဒါကိုခံစားရလို့နေမှာပါ အမှန်ကအပြန်အလှန်သက်ရောက်မှုဆိုတာကို သုံးနှုန်းသင့်ပေမယ့် reaction လောက်ပေါ့ဗျာ 



စိတ်ထဲမှာ blessing ဖြစ်လို့ ကျွန်တော့်ခံစားချက်တွေက မပျောက်ပျက်သွားတာပါ တွေးရင်းနဲ့ တစ်ယောက်တည်းပီတိတွေဖြစ်နေလိုက် viber က online လေးကို​ဖွင့်ကြည့်လိုက်နဲ့  တစ်ယောက်တည်းကို ယောက်ယက်ခတ်နေမိတာပါဗျာ



ည၇နာရီကျော် fb ဝင်သုံးတော့ account တွေကမရှိတော့ဘူး ဘာမှမတွေးနိုင်တော့ဘဲ စာပို့မိလိုက်ပါလေရော သူ့ခမျာလည်း ကျွန်တော့်အကြောင်းသိတော့ စာတွေဆက်ပို့နေမှာစိုးလို့ အလုပ်များနေတာကိုပြောပြပေးရှာပါတယ် နောက်ဆိုရင်ဝတ္တုတစ်အုပ်စာလောက် စာတွေပို့နေမိမှာလေ



အလုပ်မအားတဲ့ကြားက အချိန်ခဏဖဲ့ပေးပြီးတော့ စကားပြောပေးရှာပါတယ် လူပင်ပန်းစိန်ပင်ပန်းနေတာကိုသိရတော့ တကယ်ကိုသနားမိတယ် တစ်ခါမျှပင်ပန်းတယ်ဆိုတာကို ထုတ်မပြောပြတက်တဲ့လူစားလေဗျာ



အဲ့ဒါတောင် ကျွန်တော်နှိပ်စက်မိပြန်တယ် လူဆိုးမကြီးလေဗျာ ချစ်တာကို ချစ်တာကိုနဲ့ သူများသားသမီးပင်ပန်းနေတာကို အားမနာစွာနဲ့နှိပ်စက်ခဲ့မိတော့ အခုတော့သနားမိနေရော ငါလည်းမကောင်းတဲ့မိန်းမကြီးပါလို့



ချစ်တယ် အဲ့စကားလုံးထက်အများကြီးပြောပြချင်ပေမယ့် ကျွန်တော်မပြောပြတက်လို့ ကိုကို့ကိုတကယ်ချစ်တယ် ဆိုတဲ့စကားသာကျွန်တော်ဆိုခဲ့မိတာပါ



ခင်ဗျားခံစားမိမယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ် ကျွန်တော်ချစ်တာကို ဒီအသက်အရွယ်ရောက်နေတဲ့မိန်းမတစ်ယောက်က ယောကျ်ားတစ်ယောက်ကို အခုလောက်အထိ လင်တရူးမတစ်ယောက်လို ဖက်တွယ်နေတာကို အရူးအမူးချစ်နေတာကို 



အိပ်တော့မယ်ဗျာ အိမ်မက်ထဲမှာ ခင်ဗျားကိုတစ်ဝကြီးနမ်းပြီး အကြာကြီးဖက်ထားပါမယ် ကျွန်တော်အလွမ်းပြေတဲ့အထိပေါ့



လွမ်းတယ်ကိုကို တွေ့ရမယ့်နေ့ကို ကျွန်တော်စောင့်နေမှာပါ ခင်ဗျားက ကျွန်တော်ရဲ့ blessing လေးပါဗျာ။

အချစ်ကြီးသူ


 

အချစ်ကြီးသူကရှုံးသူပဲတဲ့ ကလေးပေါက်စအရွယ်တည်းကကြားခဲ့ရတဲ့ စကားစုပါ ဘယ်တက်နိုင်မလည်းဗျာ လူတစ်ယောက်တည်းကိုသာစွဲစွဲမြဲမြဲချစ်တက်တာကြီးက ကျွန်တော့်သွေးသားဆန္ဒထဲမှာ ​တည်ရှိနေတာကြီးကို..



၉ရက်နေ့က စားဘူးတောင်းပါဒခြေတော်ရာကို သွားဖူးဖြစ်တော့ fb က ခင်ဗျား account ကို ပြန်အပ်မိတယ် အရင်တစ်ခါလိုပဲ request လုပ်ထားတာကို ပြန်ဖျက်သွားပါစေလို့ မျှော်လင့်ထားခဲ့ပေမယ် account add ထားတာကိုပြန်မဖျက်ထားတော့ ကျွန်တော့်ဘက်ကနေလည်း delete မလုပ်ရဲဘူးလေဗျာ



contact မှာလည်း ဖုန်းနံပါတ်ကိုပြန်မှတ်ထားမိတယ် viber နဲ့ telegram မှာ online ဖြစ်မဖြစ်ကို ဝင်ကြည့်မိပြန်တယ်



အဲ့ဒါနဲ့ သံသရာလည်ရပြန်ရော ခင်ဗျားပြောင်းသွားတာကိုသိထားပေမယ့် wall မှာဝင်ဖတ်ကြည့်မှ အလုံးစုံအဆင်မပြေဘူးဆိုတာကို သိလိုက်ရတယ် အခိုက်အတန့်ပါပဲဗျာ ခဏနေအစစအရာရာအကုန်လုံး အဆင်ပြေချောမွေ့သွားမှာပါ ဘုရားကလည်းစောင့်ရှောက်ပေးသလို ခင်ဗျားကိုယ်တိုင်ကလည်း ဆင်သွားရင်လမ်းဖြစ်စေတဲ့ယောက်ကျားမျိုးပါဗျာ



အရင်က fb ကို ၁နာရီပြည့်အောင်မသုံးခဲ့ပေမယ့် ၉ရက်နေ့ကစပြီး fb ကို အချိန်ပြန်ပေးမိနေတယ် ဒီနေ့လည်း viber ကိုလည်း ခဏခဏဝင်ကြည့်မိတယ် online ဖြစ်နေတာတွေ့တော့ စာပို့ရဲလားဆိုတော့ ကျွန်တော်မပို့ရဲပါဘူး ဟိုဘက်မှာခင်ဗျားအလုပ်များနေမှာ စိုးရိမ်တာရယ် ၆လကျော်တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မလုပ်ခဲ့လို့ အသားကျစပြုနေတာကို ကျွန်တော်ကြောင့်အခုပြန်ပြီးလှုပ်ခတ်စေမှာကို ကျွန်တော်မလိုလားပါဘူး



ခင်ဗျားကိုအခုအချိန်အထိ သဘောကျနေမိတုန်းပါပဲ ဒါပေမယ့် မထိခိုက်စေချင်ဘူးလေ ကျွန်တော့်အလိုဆန္ဒတစ်ခုကြောင့် ခင်ဗျားဘက်မှာထိခိုက်နစ်နာသွားနိုင်တာက အများကြီးလေဗျာ ကျွန်တော့်အပြုအမူတွေကမကောင်းဘူးဆိုတာကို သိပါတယ်ဗျာ ဒါပေမယ့်တဘဝလုံးတော့ လူယုတ်မာကြီးမဖြစ်ချင်ပါဘူးဗျာ



အစစအရာရာအကုန်လုံးအဆင်ပြေရဲ့လား



လွမ်းတယ်



ကျွန်တော်ရေးပြီးတော့ပြန်ဖျက်လိုက်မိတဲ့ စကားလုံးတွေပါ



အရင်နှစ်၅လပိုင်းထဲကအဆက်အသွယ်မလုပ်တော့ဘဲ ဒီနေ့မှာပြန်ပြီးအဆင်ပြေသွားကြတာကို သတိရနေမိတယ် အခုတော့မရင်းနှီးမကျွမ်းဝင်ခဲ့တဲ့ သူစိမ်းတွေလိုပါပဲဗျာ



ခင်ဗျားစီကနေ စပြီးမဆက်သွယ်တော့ဘူးဆိုတာကို ကျွန်တော်သိထားပါတယ် အဲ့ဒါကြောင့် တည်ငြိမ်နေတဲ့အခြေအနေလေးမပျက်ယွန်းသွားအောင် ကျွန်တော်မဖျက်စီးရဲတော့ပါဘူးဗျာ



တနေ့ခင်ဗျားနဲ့ထပ်တွေ့ဖြစ်ရင်တော့ ခင်ဗျားကိုလွမ်းတယ်ဆိုတဲ့စကားကို ပြောဖြစ်မယ်ထင်ပါတယ်။



ခင်ဗျားရောက်ရှိတဲ့နေရာဒေသမှာ အစစအရာရာအကုန်လုံးအဆင်ပြေချောမွေ့အောင်မြင်ပါစေလို့ပဲ ဆုတောင်းပါတယ်



အမြန်ဆုံးအဆင်ပြေချောမွေ့အောင်မြင်မယ်လို့လည်း ယုံကြည်ထားပါတယ်ဗျာ။

ပိုက်ဆံ



နေ့လည်ကအဆက်အသွယ်မလုပ်တာကြာပြီဖြစ်တဲ့ ၂၀၀၁ခုနှစ်တည်းက ရင်းနှီးခဲ့တဲ့သူငယ်ချင်းမစီဖုန်းဆက်မိလိုက်တယ် ဘာရည်ရွယ်ချက်မျှမရှိပါဘူး အိမ်ပြောင်းလာတဲ့အကြောင်းပြောပြချင်ယုံသပ်သပ်ပါ



သူ့ခမျာသဘောရိုးနဲ့ပြောသလား ကျွန်တော်ပိုက်ဆံအကူအညီတောင်းမယ်ထင်လို့များ ပြောသလားမသိပါဘူး စကားအစမှာတင်သူအဆင်မပြေဘူးဆိုတာကိုဆိုင်းမဆင့်ဘုံမဆင့်ပြောပြနေလိုက်တာ စိတ်ထဲမှာတော့အတော်လေးမကောင်းဖြစ်သွားရတယ် 



သြော် အဆက်အသွယ်မလုပ်တော့တဲ့သူကို ငါကဖုန်းစဆက်မိတာကို ငါဖုန်းမဆက်ရင်သူလည်း အခုလိုတွေပြောမှာမဟုတ်ဘူးဆိုပြီးပဲ သဘောထားလိုက်ပါတယ် မ င့်ကျက်ဘူးပဲဆိုပါစေ သူ့ဖုန်းနံပါတ်ကိုလည်းနောင်တချိန်မဆက်သွယ်မိအောင်ဖျက်ထားလိုက်ပါတယ်။



၂၀၂၄ခုနှစ်မှာဘဝကအတော်ကိုဆိုးခဲ့ပါတယ် နှစ်ကုန်ပြီးတော့အတိုးပေးရမယ့်ကိစ္စအတွက် မအေးတို့ကိုမျက်နှာပျက်ရမှာကြောက်လို့ တကယ်ကိုအခက်အခဲဖြစ်နေတာတောင် အမြဲအကူအညီပေးတဲ့မာလာနဲ့မချိုအိစီကိုအကူအညီမတောင်းဘဲ ညီမလေးယွန်းတစ်ယောက်စီကနေပဲ ငွေဆယ်သိန်းအကူအညီတောင်းခဲ့ဘူးပါတယ် 



အဲ့ဒီ့ကလေးကိုလည်းတကယ်ကိုကျေးဇူးတင်ရပါတယ် လုပ်ငန်းခွင်မှာအချိန်အကြာကြီးမဟုတ်ဘဲရင်းနှီးခဲ့တာတောင် ချက်ခြင်းကိုအကူအညီပေးခဲ့ပါတယ် ​အိမ်ဖိုးစရံငွေရပြီးကတည်းက ယွန်းကိုလည်းပြန်ဆက်ပြီးပါပြီ



လူတွေရဲ့ခင်မင်ရင်းနှီးမှုဆိုတာကို အချိန်ကာလာနဲ့မတိုင်းတာဘဲ ပိုက်ဆံနဲ့တိုင်းတာတက်တဲ့ လူတွေကိုတော့ကျွန်တော်ဝေးဝေးကနေပဲ ရှောင်ရှားလိုက်ပါတယ်။



ပိုက်ဆံဆိုတာကြီးက လူဆိုတာကိုပြောင်းလဲပေးနိုင်တယ်ဆိုတာကို သင်ခန်းစာရလိုက်တယ်ပဲ ကျွန်တော်သဘောထားလိုက်ပါတယ်ဗျာ။



Cosmos

 



ခင့်ဒိုင်ယာရီကိုရေးချင်တော့

တာရာမင်းဝေကိုရှာတယ်

အောင်ချိမ့်ကိုရှာတယ်

လှသန်းကိုရှာတယ်

သန်းတင့်ကိုရှာတယ်


နောက်ဆုံးတော့ မြင့်သန်းကိုရှာမိတယ်

တစ်ယောက်မှမတွေ့မိပါဘူးဗျာ။


ပျောက်သောသူရှာရင်တွေ့တဲ့

သူတို့ကိုရှာရင်းနဲ့ပဲ ဒင်္ဂါးပန်းတွေတွေ့မိလိုက်တယ်

cosmos တဲ့ တစ်ပြားသားမျှမလျော့ပါဘူး

မြန်မာပြည်ကြီးမှာတော့ ဒင်္ဂါးပန်းပဲဗျ။


စိတ်​ကောင်းလေးရှိလှလွန်းတော့ မဟုတ်ပါဘူး

ဒင်္ဂါပန်းအဝါရောင်ဆိုတာကို cosmos တွေကို 

အားရပါးရပြောပြချင်ပေမယ့်လည်း အားနာပါးနာနဲ့ 

အရောင်လေးဖြုတ်ပေးထားလိုက်ပါတယ်။


မိန်းမတွေတောင်ရုပ်ဆိုးတယ်ပြောရင် စိတ်ဆိုးကြတာပါပဲ 

cosmos တွေလည်း ဒင်္ဂါးပန်းပန်းရောင်ကြီးဆိုရင် 

သူ့ခမျာအားငယ်ရှာမှာပဲလေ 

ဟယ် ဒင်္ဂါးပန်းတွေ အဲ့ဒီ့လောက်ဆိုရပါပြီဗျာ။


အဝါရောင်ဒင်္ဂါးပန်းတွေ ပွင့်နေတဲ့အရပ်စီကိုတော့

ကျွန်တော်သွားပါအုန်းမယ်

မိန်းမပီပီသသ cosmos ပန်းရောင်တွေအကြောင်း 

အတင်းပြောပြရမှာပေါ့ဗျာ။


Henry - It's You (Lyrics)




မနေ့ညကအိပ်ခါနီး သီချင်းနားထောင်မိတယ် နားထောင်မိတာတော့ ၄၊၅ပုဒ်ပဲဗျ ဒါပေမယ့် Henry ရဲ့ It's You ကို နားထောင်ရင်းနဲ့ သဘောကျသွားတာ



သီချင်းတစ်ပုဒ်ကို တခြားခံစားချက်တစ်ခုခုမျှမပါဘဲ ဒီအတိုင်းသက်သက်သဘောကျရတာက တကယ်ကိုရိုးရှင်းပါတယ်ဗျာ သူ့စာသားထဲမှာလေနှင်ရာကိုမျောပါသွားရသလို မျောလွင့်ရတာလည်း feel တစ်မျိုးပဲဗျ



အဲ့သီချင်းပြီးဆုံးသွားတာနဲ့ အဲ့ဒီ့ခံစားချက်လည်း သူ့အလိုလိုရပ်တန့်သွားတာပါပဲ



ဒီညကျတော့ ခဏခဏနားထောင်မိပြန်ပါရော အဲ့ဒါနဲ့ post တင်ဖို့ Lyrics ကိုရှာမိတော့ တချိန်က လူတစ်ယောက်ကိုသဘောကျခဲ့မိလို့ Ali Gatie ရဲ့ It's You ကို post တင်ထားမိတာကို သတိရမိလိုက်တယ် 



လူတစ်ယောက်ကို သဘောကျလို့ နာကျင်ခဲ့ရလို့ ငိုခဲ့ရလို့ စာတွေအများကြီးရေးခဲ့ဘူးပါတယ် ဒါပေမယ့် အခုတော့အကုန်လုံးအတိတ်တွေဖြစ်သွားခဲ့ပါပြီ



ကျွန်တော်ပြန်မလာတော့ဘူးဆိုတာ သေချာသွားပေမယ့် နောင်တဆိုတာတော့ တကယ်မရှိတော့ပါဘူး



လူတစ်ယောက်ကို တကယ့်ကိုသဘောကျခဲ့မိလို့ ရူးရူးမိုက်မိုက်ချစ်ခဲ့ဘူးတယ်
ကျွန်တော့်ကိုမလိုအပ်မှန်းသိရက်နဲ့ နာနာကျင်ကျင်ဖက်တွယ်ခဲ့ဘူးတယ်
အချိန်ကာလများစွာစောင့်မျှော်နေခဲ့ဘူးတယ်
အဲ့ဒီ့အချိန်ကာလတွေမှာ လူ့ကျင့်ဝတ်ကိုချိုးဖောက်နေခဲ့ပြီး ကျွန်တော်မှားယွင်းခဲ့တယ်ဆိုရင်တောင် ကျွန်တော်ကျေနပ်ပါတယ်



ကျွန်တော်လုပ်နိုင်တဲ့ အတိုင်းအတာထက်ကျော်လွန်ပြီး  ကျွန်တော်လုပ်ခဲ့မိတာပါ



အခုအချိန်မှာတော့ သူနဲ့ကျွန်တော်နဲ့ဘယ်လိုမျှ မသက်ဆိုင်နိုင်တော့ဘူးဆိုတာကို တဖြေးဖြေးသိနားလည်လာလို့ အရာအားလုံးကို အရှိတရားအတိုင်းလက်ခံပေးထားလိုက်ပါပြီ 



သေချာတာတစ်ခုကတော့ ဘယ်လိုနည်းနဲ့မျှ သူ့ကို ပတ်သက်ဆက်နွယ်ဖို့ ကျွန်တော်အားထုတ်မှာမဟုတ်တော့ပါဘူး သူနဲ့ပတ်သက်တဲ့အရာအားလုံးကို ခံစားချက်အားလုံးကို ကျွန်တော်ရပ်တန့်ထားခဲ့ပြီးပါပြီ



တနေ့နေ့တချိန်ချိန်တော့ အနည်ထိုင်သွားပြီး အရာအားလုံးအဆင်ပြေသွားလိမ့်မယ်ထင်ပါတယ်ဗျာ အခုအခါမှာတော့ နာကျင်ရတဲ့အချိန်တစ်ခုတော့ ကျွန်တော်ဖြတ်သန်းရမှာပေါ့ဗျာ



ရေစက်ကုန်လို့ အရာအားလုံးပြီးဆုံးသွားရတာပါ ကျွန်တော်ကိုယ်ကျွန်တော် ပြောမိတဲ့စကားလုံးလေးပါ



သူနဲ့ကျွန်တော် အစကတည်းကရေစက်ရှိလို့ တွေ့ဆုံခဲ့ရတာမဟုတ်တာကို ကျွန်တော်သိထားပေမယ့် ကျွန်တော့်ဘာသာနှစ်သိမ့်ပေးတာဖြစ်လို့ ရေစက်ဆိုတာကြီးကိုနှစ်သိမ့်ခိုင်းမိတာပါဗျာ




ကျွန်တော်ပြန်မလာတော့ပါဘူး။

ခင်ဗျားဖုန်းနံပါတ်လည်း ဖုန်းမှာမမှတ်ထားတော့တာကြာပါပြီ

ခင်ဗျား Viber မှာ ရှိ၊မရှိကို ဝင်မကြည့်မိတော့ပါဘူး

Telegram က contact လည်း ဒီနေ့ဖျက်ထားလိုက်ပါပြီ

ကျွန်တော်အလွတ်ရနေတဲ့ဖုန်းနံပါတ်လည်း တနေ့နေ့တချိန်ချိန်ရောက်ရင် မေ့သွားမှာပါ

ခင်ဗျားကိုတွေ့နေမြင်နေရရင် နောက်တစ်ကြိမ်ပြန်ပြီး ငြိတွယ်နေမိမှာစိုးရိမ်လို့ ကျွန်တော် fb လည်း မသုံးဖြစ်တော့ပါဘူး 

ကျွန်တော် save ထားမိတဲ့ အမှတ်တရတချို့လည်း Gallery ထဲဝင်မကြည့်မိတာကြာပါပြီ တချိန်ကျရင် အကုန်လုံးဖျက်ပေးမှာပါ 



ကျွန်တော်ကနည်းနည်းစာအုပ်ကြီးဆန်လို့ လူတစ်ယောက်ရဲ့ကျင့်ဝတ်ကို အလေးထားပါတယ် 


အရင်တုန်းကတော့ အချိန်ကာလတစ်ခုရောက်ရင် ကျွန်တော်ပြန်ပြန်လာတက်လို့ ကျွန်တော်အလေးအနက်ပြောခဲ့ပါတယ် ကျွန်တော်တကယ်ကို ခင်ဗျားစီပြန်မလာတော့ပါဘူးဗျာ။


Suffering.

 

ဒုက္ခဆိုတာဘာလဲ?

ဒုက္ခကို အင်္ဂလိပ််လို suffering တဲ့။
ဗုဒ္ဓက ဒုက္ခဆိုပြီး ဘဝကို
ဟောကြားခဲ့တယ်။

ဒုက္ခဆိုတာ ကိုယ်၏ဆင်းရဲခြင်း၊
စိတ်၏ဆင်းရဲခြင်းကိုဆိုတယ်။

ဗုဒ္ဓက ဘဝဆိုတာ ဒုက္ခဆိုတဲ့
ဟောကြားမှုက ဘဝဆိုတာ
ဒုက္ခတွေပဲရှိတယ်လို့ဟောကြားခဲ့တာမဟုတ်ဘူး။

အဓိပ္ပာယ်က ဘဝမှာ
ကောင်းတဲ့အတွေ့အကြုံတွေဖြစ်တဲ့
ဝမ်းမြောက်ဝမ်းသာခြင်း၊
ပျော်ရွင်ခြင်း၊ တက်ကြွခြင်း၊
ကာမဂုဏ်အာရုံတွေက
အမြဲရှိနေမှာမဟုတ်ဘူး။
ခဏတာပဲ ခံတယ်။
ရေပွက်ပမာပဲလို့ဟောကြားခဲ့တာ။

ဒါကြောင့် ဗုဒ္ဓက equanimity
ဆိုတဲ့ အချက်ကို အဓိက ဟောကြားတယ်။
မြန်မာလို တိုက်ရိုက်ပြန်တဲ့စကားလုံးတော့
မတွေ့မိဘူး။
ယောနိသောမနသိကာရ ဆိုတဲ့
ပါဠိ စကားလုံးတော့ရှိတယ်။

အဓိပ္ပာယ်က ပြင်ပ ပယောဂ
ဘယ်လောက်ဆိုးဆိုး
တည််တည်ငြိမ်ငြိမ် အိန္ဒြေရှိရှိ
ဖြတ်သန်းတာ။
အတွင်းပိုင်း စိတ်အခြေအနေ
ဘယ်လိုရှိရှိ
သတိ၊ အသိနဲ့
တည််တည်ငြိမ်ငြိမ် အိန္ဒြေရှိရှိ
ဖြတ်သန်းတာ။

https://drphyopaing.com/%E1%80%92%E1%80%





အနည်မထိုင်နိုင်သေးတဲ့အတွက် တစ်ခါတလေဒုက္ခကို ပြန်ပြီးအစပျိုးဖို့အတွက် ကျွန်တော်ပြုမူမိပါတယ် ဒါပေမယ့်လည်း အသိမလွတ်သွားတဲ့အတွက် အစမပျိုးမိခင်မှာပဲ ကျွန်တော့်ကိုကျွန်တော်တားမြစ်နိုင်ခဲ့ပါတယ်။


အခုအချိန်မှာ ဘယ်သူ့ဘယ်သူအတွက်မျှမပြောပါနဲ့ ယုတ်စွအဆုံးကျွန်တော့်အတွက်တောင် ဒုက္ခဆိုတဲ့စကားလုံးကို မလိုချင်တော့ပါဘူးဗျာ တက်နိုင်သမျှ ကိုယ်၏ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်း ကင်းဝေးအောင်နေနေပါတယ်


လူရယ်လို့ဖြစ်လာခဲ့ပြီး ဒုက္ခတွေကိုတခမ်းတနားမွေးမြူခဲ့ပြီးမျှ အခုကျမှကြောက်လှချီရဲ့လို့ အော်နေရကောင်းလား မေးကြမည့်သူတွေကများပါတယ်


ကြောက်လှချီရဲ့လို့ မကြာမကြာအော်မိခဲ့ပေမယ့် ကျွန်တော်ကိုယ်တိုင်ပဲ ဒုက္ခဆိုတာကို နောက်တဖန်ထပ်ပြီးအစပျိုးမိခဲ့တာ အကြိမ်ပေါင်းများလှပါတယ် ဒုက္ခတောထဲမှာ သံသရာလည်ပေါင်းလည်းများလှပါပြီ


ဒီတချိန်မှာတော့ ဒုက္ခသံသရာကနေ လွတ်မြောက်နိုင်ဖို့အတွက် အကြိမ်ကြိမ်အဖန်ဖန်အစပျိုးမိခဲ့တာတွေကို အဆုံးသတ်နိုင်မယ်ထင်ပါတယ်ဗျာ။


လူရယ်လို့ဖြစ်လာပြီး ကာယိကဒုက္ခရော စေတသိကဒုက္ခကိုရော မခံစားနိုင်တဲ့ကျွန်တော့်အတွက်တော့ လောကဓံတရားနဲ့ကြုံဆုံလာရတဲ့အခါတိုင်း ဖြေရှင်းနိုင်ဖို့အတွက်


ဆရာတော်ဘုရားတွေဆုံးမထားသလိုမျိုး ယောနိသော မနသိကာရ ဆိုတဲ့ မှန်မှန်ကန်ကန် နှလုံးသွင်းတက်တဲ့ စိတ်လေးကိုမွေးမြူထားဖို့လိုအပ်နေပါပြီ။


မွေးနေ့ကစပြီးအေးချမ်းရပါစေ။






















နှုတ်ဆက်ခဲ့ပါတယ် 43။


 

မွေးနေ့ကနေစပြီးတော့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး 


မိဘနှစ်ပါးကိုအလုပ်အကျွေးပြုစုနိုင်သော ကိုယ် မိဘနှစ်ပါးကိုနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ရန် အထောက်အပံ့ပေးနိုင်သော ကိုယ် 



ဗုဒ္ဓသာသနာကို လှူဒါန်းထောက်ပံ့နိုင်သော ကိုယ်

ဗုဒ္ဓသာသနာကို ကာကွယ်စောင့်ရှောက်နိုင်သော ကိုယ်



ဒုက္ခခပ်သိမ်းကင်းငြိမ်းရာအမှန်ဖြစ်သော နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်သော ကိုယ် ဖြစ်ရပါစေသားအရှင်ဘုရား။


🙏🙏🙏


8th September 2025.

7:03am



ပြည့်စုံပါစေ-ဘိုဖြူ



ဘယ်သူ့ဘယ်သူ့အတွက်မျှ ရည်ရွယ်ပြီးတင်တာမဟုတ်ပါဘူး ကျွန်တော့်ဘာသာသီချင်းနားထောင်ရင်း feel သွားလို့တင်ဖြစ်သွားတာပါ..



အခုတလော ကျွန်တော်အဆင်မပြေဘူးလို့ ခံစားရတဲ့အချိန်တိုင်း


မလွယ်ပေမယ့် ပိုခက်တဲ့ဘဝတွေကို ပြန်ပြီးတော့ငဲ့ကြည့်မိပါတယ်။



ဘဝဆိုတာက ဘဝပါပဲဗျာ။

ဇရာ



 
၄၂နှစ်လောက်ထဲက လူကအရင်လိုမဟုတ်တော့ဘူး တစ်ခုခုဆိုရင် အရင်လိုရှင်ရင်ရွှေထီးသေရင်မြေကြီးစိတ်မျိုး မဟုတ်တော့ဘူး မကောင်းတာဖြစ်မှာကို ပိုပြီးစိုးရိမ်မိတယ် ဇရာရဲ့ပြယုတ်နေမှာပါဗျာ



ကိုယ့်ခံစားချက်ထက် ဦးနှောက်ကိုပိုပြီးဦးစားပေးနေမိတယ် အဲ့ဒါကြောင့်လည်း အမှားတွေထပ်ခါထပ်ခါဖြစ်နေရတယ်



ဥပမာဗျာ အလုပ်ကိုအရင်ထဲက ကျွန်တော်နဲ့အဆင်မပြေဘူးဆိုတာကို သိနေတယ် အဲ့ဒါကိုရောဂါဖြစ်လို့ ပိုက်ဆံအများကြီးကုန်သွားတာတောင် အားနာပြီးဆက်လုပ်ဖြစ်တယ် အခုတော့ဘယ်လိုမှအဆင်မပြေမှန်းနားလည်လို့ ပိုက်ဆံခုနှစ်သိန်းလျော်ပြီးအလုပ်နားမှာပါ ကျွန်တော့်ရွေးချယ်မှု အမှားကြောင့်ပေါ့ဗျာ



သောကြာနေ့ဆိုရင် ကျူရှင်တန်းတွေပိတ်တော့ ညနေ၄နာရီခွဲဆိုရင်ပြန်ရတဲ့ရက်များတယ် အဲ့ဒီတော့သောကြာနေ့ညနေမှာ ကန်သာယာမှတ်တိုင်နောက်ကဆိုင်မှာ မုန့်တီသွားစားကြဖို့စိုင်းပြင်းနေတာ သုံးပတ်ရှိနေပါ​ပြီ လူမစုံတာနဲ့မစားဖြစ်သေးဘူး



၁၅ရက်နေ့နေ့ညနေက နေဝန်းနီငပလီဆိုင်မှာ မုန့်တီသွားစားကြမယ်ဆိုပြီးတော့ ဆရာမလေးတစ်ယောက်အပါအဝင် လေးယောက်သားလူထပ်စုကြပြန်ပါရော



၄နာရီခွဲမှဆရာမကြီးကငွေစာရင်းစစ်တာနဲ့ တခြားကိစ္စတွေနဲ့ကြာသွားတော့ ၅နာရီကျော်မှကျောင်းကနေပြန်ရတယ် နောက်ကျနေပေမယ့် သွားစားကြမယ်ဆိုပြီး မုန့်တီဆိုင်ရောက်တော့ ည၆နာရီခွဲတော့မယ် ဆိုင်ကလည်းပိတ်သွားတော့ ဆရာမလေးကအိမ်ပြန်သွားပြီး 



ကျွန်တော်တို့သုံးယောက် လမ်းတဖက်ခြမ်းကညနေခင်းမှာ မုန့်ဟင်းခါးဝင်စားကြပါလေရော မုန့်ဟင်းခါးကလက်ရာညံ့လို့ အိမ်ကလူတွေအတွက်တုတ်ထိုးဝယ်သွားပေးရော အဲ့ဒီ့အချိန်မှာပိုက်ဆံအိတ်ထုတ်ငွေရှင်းပြီး ထမင်းဘူးခြင်းထဲထည့်လိုက်မိတယ်



အိမ်နဲ့နှစ်မှတ်တိုင်ဝေးတော့ ည၇နာရီကျော်မှာ မြို့ထဲပြန်ရမယ့်ကလေးနှစ်ယောက်နဲ့အတူတူ ၆၄စီးပြီးပြန်လာလိုက်တယ် ဆိုင်မသိမ်းသေးတော့ ဆိုင်မှာအမေနဲ့အစ်မကိုဝင်နှုတ်ဆက်ပြီး အိမ်မှာအင်္ကျီပြန်လဲ ဆိုင်ပြန်ကူသိမ်းလိုက်တယ် ပိုက်ဆံအိတ်ကိုလုံးဝသတိမရလိုက်ဘူး



စနေနေ့မနက်လည်းအစောထပြီး အောင်ခန့်ထမင်းဘူးထည့်ပေးပြီးတော့ မိုးကလည်းကောင်းနေတာနဲ့ ပြန်အိပ်လိုက်တယ် မမစျေးသွားတော့အသုပ်စုံမှာတော့လည်း ပိုက်ဆံမထုတ်ပေးမိလိုက်တော့ သတိမရသေးဘူး



အသုပ်ကငံပြာရည်များတော့ လူကခေါင်းမထောင်တော့ဘူး ကျန်းမာရေးမကောင်းတဲ့ အပြင်စာတွေ ဆက်တိုက်စားနေတော့ မမကဆူပါလေရော ( မြောက်ဥက္ကလာကအစားအသောက်တွေက စျေးမသင့်ပေမယ့် လက်ရာကလည်းတကယ်ကိုညံ့ပါတယ်ဗျာ )



uniform နှစ်စုံလုံးကမလျှော်ရသေးတော့ uniform လျှော်ဖို့ပြင်ရင်းနဲ့ အမေနဲ့မမလုံခြည်တွေပါထည့်လျှော်လိုက်ရော အဝတ်လျှော်တာများသွားတော့ လူကမောနေပါရော နေ့လည့်ခင်းထမင်းမစားမိတဲ့အကျိုးကျေးဇူးလေဗျာ



အဝတ်လျှော်ပြီးမောလို့ ရေမချိုးခင်ခဏနားတဲ့အချိန်မှာ မုန့်ကြပ်တိုက်အသည်လာပါလေရော မုန့်ကြပ်တိုက်မစားရတာ နှစ်အတော်ကြာပါပြီ ၈တန်းကျောင်းသူဘဝကနောက်ဆုံးစားခဲ့ရတာဆိုတော့ မုန့်ကြပ်တိုက်ဝယ်စားဖို့ ပိုက်ဆံအိတ်ယူပါလေရော



ဇာတ်လမ်းကစပါပြီ ပိုက်ဆံအိတ်ကမတွေ့ဘူး မမကမုန့်ဖိုးစိုက်ရှင်းပြီး ညကဘယ်မှာထားလည်း မေးပါလေရော မျက်မှန်၊ဖုန်း၊အလုပ်သွားရင်လွယ်တဲ့ ပိုက်ဆံအိတ်၊ထမင်းဘူးခြင်းတောင်း အကုန်လုံးကိုကသီလင်တမဖြစ်အောင် အမြဲတမ်းတသမတ်တည်းထားတက်တာ ကျွန်တော့်အကျင့်ပါ 



သမီးထားနေကျနေရာထားတာပါ ဖြေရင်းနဲ့မနေ့ညကပိုက်ဆံအိတ်ကို ပြန်မထည့်မိတာကိုသတိရသွားလို့ ပျောက်သွားပြီထင်တယ်လို့ ပြောပြလိုက်မိရော အမေကတော့ပြန်ရကောင်းနိုးဆိုပြီး ရေမြန်မြန်ချိုးပြီး ဆိုင်ကိုသွားမေးကြည့်ပြောတယ် မမကတော့ကားစီးပြန်လာတော့ ခြင်းထဲကနေခါးပိုက်နှိုက်ခံရပြီပြောတယ် ဦးလေးအငယ်ကတော့ မှတ်ပုံတင်နဲ့ဘဏ်ကတ်တွေပါတာကို ဂရုမစိုက်လို့တအားဆူပါလေရော အဖေကတော့ဘာမှမပြောရှာပါဘူး



ပိုက်ဆံကနှစ်သောင်းလောက်ပဲကျန်တော့လို့ ငွေကိုတန်ဘိုးမထားတာမဟုတ်ပေမယ့် မနှောမိပါဘူး အဓိကစိုးရိမ်မိတာက ဘဏ်ကတ်နဲ့မှတ်ပုံတင်ပါသွားတာ 



မြောက်ဥက္ကလာပြောင်းလာပြီဖြစ်လို့ ကျောက်မြောင်းကရပ်ကွက်အုပ်ချုပ်ရေးမှူးစီကနေ မှတ်ပုံတင်ပျောက်ဆုံးကြောင်းထောက်ခံချက်အတွက် ငွေကိုရေလိုသုံးရမှာကတစ်ကြောင်း အိမ်ကိစ္စနဲ့ပတ်သက်ပြီးအဆင်မပြေဖြစ်ထားရလို့ သူ့စိတ်ရင်းကိုသိထားတဲ့အတွက် အဲ့ဒီ့လူမျိုးကိုထပ်ပြီးတော့ မဆက်ဆံချင်တော့တာက ကျွန်တော့်အားနည်းချက်



တကယ်ကိုပျောက်ပြီထင်ပြီး လူကရုတ်တရက်ဆိုတော့ ဘာတစ်ခုမျှစဥ်းစားလို့မရတော့ဘူး ပိုက်ဆံအိတ်ကိုတွေ့ချင်ဇောနဲ့ ပြာယာခတ်ပြီးထားနေကျနေရာမှာပဲ ထပ်ကာထပ်ကာရှာနေမိရော အမေကဆိုင်ကိုသွားမေးဖို့အတွက် ရေချိုးဖို့ထပ်ပြောကာမှ အမေတုတ်ထိုးထုတ်လာပေးတော့ သမီးခြင်းထဲထည့်လိုက်ရင်း ပိုက်ဆံအိတ်သိမ်းလိုက်တာသေချာတယ်ဆိုပြီး ထားနေကြနေရာမှာထပ်ပြီးရှာပြန်ရော



အမေရောမမရောကပါ တစ်ခန်းလုံးကိုကူရှာပေးနေရရှာတယ် မိနစ်နှစ်ဆယ်ပျော်လောက်ကျမှ ထားနေကျနေရာမှာမဟုတ်ဘဲ အင်္ကျီပုံထဲကနေကျွန်တော်ရှာတွေ့တယ် အမေနဲ့မမကဆူပါလေရော ကိုယ်ထားထားတဲ့နေရာကိုမမှတ်မိလို့ဆူကြတာပါ ကျွန်တော့်ကိုယ်ကျွန်တော်လည်း ဘာလို့အဝတ်ပုံထဲမှာသိမ်းလိုက်တယ်ဆိုတာကို နည်းနည်းလေးမျှသတိမရတော့ပါဘူးဗျာ



မိနစ်နှစ်ဆယ်ကျော်လောက် အတော်ကလေးပူလောင်နေပြီး စိတ်သောကတွေများသွားရတာကို တရားတွေရမိပါတယ် မမကတော့အမေ့ကိုပြောရှာပါတယ် ပြန်တွေ့လို့တော်သေးတာပေါ့အမေရယ် တကယ်များ​ပျောက်သွားခဲ့ရင် အမေ့သမီးရူးသွားလိမ့်မယ်တဲ့



ဟုတ်တယ် ကျွန်တော်ရူးနိုင်တယ် မှတ်ပုံတင်ပျောက်ပြန်လျှောက်ဖို့ကိစ္စ ဘဏ်ကတ်ပျောက်လို့ ပြန်လျှောက်ရမယ့်ကိစ္စတွေအတွက် ပထမဆုံးခွင့်ယူရမယ့်ပြဿနာ ဒုတိယရပ်ကွက်ရုံးမှာထောက်ခံစာယူရမယ့်ပြဿနာ အဲ့ဒါတွေကိုတွေးမိပြီးတော့ အဲ့ဒီ့မှာတင်ကျွန်တော်စိတ်အခြေအနေမတော်လေး ဆိုးသွားရတာပါ



မမကတော့သတိထပ်ပေးတယ် နင်ဒီတစ်လလုံးခိုင်းမိနေတာ အမျိုးမျိုးဖြစ်နေတာ ဘုရားမရှိခိုးလို့ကံညံ့နေတာတဲ့ ဟုတ်တယ် ကျွန်တော်အလုပ်အသွားအပြန်အချိန်ကလွဲပြီး မနက်ခင်းတရားနာတာကလွဲရင် ဘုရားမရှိခိုးမိဘူး



ကျောင်းမှာတလောကခိုင်းမိတာများတော့ ညာဘက်လက်တစ်ကောက်ကွေးမှာ အမာရွတ်ကျန်ခဲ့တယ် တနေ့ကညဘက်အိမ်ရှေ့မျက်စောင်းထိုး အိမ်ကခွေးဟာကျုလီကို အစာကျွေးတော့ ညာဘက်လက်အကိုက်ခံရတယ် ( အဲ့ဒီ့ကလေးက အစားသောင်းကြမ်းမှန်းသိရက်နဲ့ နောက်တစ်ကောင်အမဲမလေး သူကလမ်းဘေးခွေးလေးသူ့ကို အစာကျွေးနေကျအိမ်ကပြောင်းသွားတော့ ဟာကျူလီအိမ်ကနေစရာပေးထားတာပါ  



အမဲမလေးမစားရမှာစိုးရိမ်တာနဲ့ ဟာကျူလီကိုသတိမထားမိလိုက်တာပါ သူလည်းအစာဇောနဲ့ လက်ကိုမမြင်ဘဲဟပ်လိုက်တာပါ ဆိုးတဲ့ခွေးတော့မဟုတ်ပါဘူး ) ခွေးရူးပြန်ကာကွယ်ဆေးထိုးရင် ခွင့်ယူရမှာအဆင်မပြေတော့ ဆေးမထိုးဖြစ်လိုက်ဘူး ဝဋ်ပါရင်တော့ ခံရမှာပဲလေ ထူးပြီးမပူတော့ပါဘူးဗျာ



တလောကလည်း ရေမော်တာကတစ်ခါတလေ ပန်ကာကမလည်တော့ ပန်ကာရွက်တွေကိုလက်နဲ့လှည့်တာ လက်ခိုင်းမိသွားတာ မပြတ်သွားတာကံကောင်း တပတ်ကိုသုံး၊လေးခါခိုင်းမိနေတာပါ



စနေနေ့ညကလည်း ပိုက်ဆံအိတ်ပြန်တွေ့ပြီး စိတ်ပင်ပန်းဖြစ်သွားတော့ လူကရေတောင်မချိုးနိုင်တော့ဘူး မိုးချုပ်မှရေချိုးကာနီး လက်သည်းညှပ်ထားတာကို အိမ်တံစက်မြိတ်အကျော်မှာ သွန်ပြစ်ရင်းနဲ့ ညာဘက်လက်ဖျံမှာ ခြံစည်းရိုးသွပ်ပြားရှသွားပြန်ရော



ကျွန်တော်ဘုရားရှိခိုးမှရတော့မယ် ကံညံ့တာထက် အခုလို ကြုံရမှာကိုတွေးပြီးတော့ပူပင်သောကဖြစ်ရတာကို ပိုပြီးစိုးရိမ်မိတာပါ ကျွန်တော့်မှာတရားမရှိတော့ မဖြစ်မနေခွင့်ယူရမှာ၊ထောက်ခံစာယူရမှာအတွက် ဖြစ်လာရမယ့်ပြဿနာကို မရင်ဆိုင်ချင်တော့တာ



ကျွန်တော်ကလူတမျိုး အရင်တုန်းကတော့ သေးသေးလာတင်ရင် လုံးကြီးတင်ပြီးအဆံခတ်တက်ပေမယ့် အသက်ရလာတော့ လူတွေကိုပိုကြောက်လာမိတယ် အဲ့ဒီ့လူမျိုးတွေကိုမပတ်သက်ဘဲ တက်နိုင်သမျှတော့ကင်းအောင်နေလိုက်တယ် အဲ့ဒီ့တော့ပြဿနာဖြစ်စရာအကြောင်းမရှိတော့ ကျွန်တော်စိတ်ချမ်းသာရတာပေါ့ဗျာ 



လူရယ်လို့ဖြစ်လာရင်တော့ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် လူနေမှုပတ်ဝန်းကျင်မှာဖြစ်ဖြစ် ဆွေမျိုးသားချင်းထဲမှာဖြစ်ဖြစ် အဲ့လိုလူမျိုးတွေကိုကြုံဆုံရမှာပါပဲ 



အဲ့ဒီလိုလူမျိုးတွေကို စိတ်အနှောက်အယှက်မဖြစ်ဘဲ ပြောဆိုဆက်ဆံနိုင်ဖို့က ကျွန်တော့်ကိုယ်မှာ တရားရှိနေဖို့က တကယ်ကိုအရေးကြီးပါတယ်ခင်ဗျာ။




17th August 2025.


မိုးနှင့်အောင်မဲညို


 

ဇူလိုင်လ၃၀ရက်နေ့က ကျောင်းမှာအားတဲ့အချိန်စာရေးနေရင်းနဲ့ ညနေဘက်ပြဿနာတွေတက်သွားတော့ မနက်နိုးတည်းကတလမ်းလုံး Mood ဝင်လာတဲ့စာတွေက အကုန်လုံးပျောက်သွားပြီး ဆက်မရေးချင်တော့တာနဲ့ ဒီအတိုင်းပဲထားလိုက်တယ်



၇ရက်​နေ့ကကားပေါ်မှာအသက်ရှုပြန်ကြပ်တော့ အိမ်ကနေစီးလာတဲ့ ၃၅ကားကိုပဲပတ်စီးပြီး အိမ်ကိုပြန်လိုက်ရတယ် အလုပ်ထွက်ခါနီးဆူပူခံရမှာကိုမကြိုက်လို့  ပင်ပန်းနေပေမယ့် စနေနေ့နားရက်၊၉ရက်နေ့ကိုအစားထိုးရက်အဖြစ် အလုပ်ပြန်ဆင်းပေးလိုက်တယ် 



၉ရက်နေ့ကျောင်းလာတော့ ရာသီဥတုကလည်းသာယာနေတော့ Mofa ရုံးဟောင်းရှေ့ကပန်းရုံထဲမှာ အောင်မဲညိုပန်းတွေပွင့်နေတာများ ဖွေးနေတာပဲဗျာ နောက်ကျမှာစိုးရိမ်တာနဲ့ပဲ ဓါတ်ပုံမရိုက်ဖြစ်ဘူး ၁၀ရက်နေ့စောစောရောက်ပေမယ့် စနေနေ့ညကရွာထားတဲ့မိုးအရှိန်ကြောင့် မနေ့ကလန်းဆန်းနေတဲ့ပန်းတွေအကုန်လုံး ညှိးကျကုန်ပါလေရော အဲ့ဒါနဲ့ မနေ့ကမရိုက်ဖြစ်မိတာကို နောင်တရမိတယ်



မိုးတွင်းအခါမှာနေသာတဲ့နေ့တချို့ပဲ လန်းဆန်းနိုင်တဲ့ အောင်မဲညိုပန်းနဲ့ လက်ရှိလုပ်ငန်းခွင်ကကျွန်တော်နဲ့ အလားတူနေတော့ ဒီနေ့ကျမှစာကိုထပ်ဖြည့်ရေးပြီးတော့ post တင်ဖြစ်သွားတာပါဗျာ



ဇူလိုင် ၃၀ မနက်၆နာရီ Alarm မြည်တော့ အိပ်ယာကမထဘူး ​၆နာရီခွဲကျောင်းသွားမယ့် တူတော်မောင်ထန်းညက်ခဲထမင်းဘူးအတွက် အမေ့ကိုနှိုးတော့မနက်ခင်းမှအိပ်ပျော်လို့အမေကမထနိုင်ဘူး 


အစ်မတော်ကျတော့လည်း ညဘက်မီးဖိုချောင်သိမ်းဆည်းပြီး ဘုရားကန်တော့ပြီးမှအိပ်ရတော့ သူ့ကိုလည်းနှိုးလို့လည်းမကောင်းဘူး ၅မိနစ်လောက်ဆက်အိပ်ပြီးတော့ အိပ်ယာထမှဖြစ်မှာပါလေဆိုပြီး ထရပါလေရော


ကိုယ်တွေကသာ ၆နာရီမထချင်သေးတာ ဦးလေးအငယ်ကမနက်၅နာရီတည်းကနိုးနေပြီးတော့ ထမင်းအိုးတည်၊ဟင်းနွှေးပေးပြီး​တော့ အုန်းနို့ခေါက်ဆွဲအိုးတောင်ပွက်နေပြီ 


တူတော်မောင်အတွက်ကော်ဖီမစ်ဖျော်ပေး ထမင်းဘူးထည့်ပေးပြီးမှတရားစဖွင့်ရတယ် ၆နာရီခွဲဒေါင်ဆိုတာနဲ့  ကားမမီမှာစိုးလို့သူ့အတွက်အဆင်သင့်မဖြစ်နေရင် ​ထမင်းဘူးတောင်ယူမသွားတက်တော့ သူကျောင်းတက်တဲ့နေ့တိုင်း သူ့ကိုဦးစားပေးပြီးပြင်ဆင်ပေးရတယ်


ပြီးတော့မှ ဆိုင်အတွက်ရေနွေး၂ဘူးတည်ပေး အဖေ့အတွက်အိုဗာတင်းနဲ့ ဦးလေးနဲ့ကျန်တဲ့လူတွေအတွက်ကော်ဖီအမှုန့်ဖျော်ပြီးတာနဲ့ ကော်ဖီသောက်ထမင်းဘူးထည့်ပြီးတာနဲ့ ရေမိုးချိုးအလှပြင်ပြီးတော့အလုပ်ကိုလာ


အိမ်ကနေအချိန်မီထွက်နိုင်ဖို့ Alarm သုံးကြိမ်ပေးထားပေမယ့် မိန်းလမ်းမကြီးလမ်းကူးဖို့စောင့်ရရင် ၃၅ ကလွတ်သွားရရော တစ်ခါတလေမိန်းလမ်းမကြီးက ကားရှင်းနေပါရဲ့ ၃၅ ကားကမရပ်ပေးရင်လည်း သွားပါလေရောဗျာ


၃၅ ကားပေါ်စီးလာရင်းနဲ့ ကျောက်ရေတွင်းအကျော်မှာကားပိတ်နေတော့ ပလက်ဖောင်းအပေါ်ကစုံတွဲလေးကိုမြင်လိုက်ရရော နှစ်ယောက်လုံးရှိလှ အသက်၁၈၊၁၉အရွယ်လေးတွေ 


ကောင်မလေးက မိန်းကလေးထုံးစံအတိုင်း အပြင်သွားတော့လှလှလေးပြင်ထားတာ ဗိုက်ဖုံးအကျီကိုပါတိတ်ထမီလေးနဲ့တွဲဝတ်ထားတာ ကောင်လေးကတော့တီရှပ်နဲ့ဘောင်းဘီအတိုလေးဝတ်ထားပြီး ကောင်မလေးကိုလက်တစ်ဖက်ကလက်ချိတ်ပြီး တခြားလက်တစ်ဖက်ကအိတ်ကိုင်ထားတာ


ကောင်လေးကချို့တဲ့ပုံရတယ် ကောက်မလေးကပြည့်စုံပုံရတယ် အိမ်ထောင်တစ်ခုကိုတည်ထောင်လိုက်တဲ့အတွက်  နှစ်ယောက်စလုံးမျက်နှာပေါ်မှာ စိုးရိမ်စိတ်အလျင်းမရှိဘဲအေးချမ်းနေလို့ ကောင်မလေးကတော့ ငါမိခင်ဖြစ်ပြီဆိုတဲ့စိတ်ကလေးနဲ့ သူ့အမျိုးသားလက်ကိုဆွဲပြီးတော့ မျက်နှာလေးကိုမော်နေတာပဲ


ကောင်လေးကလည်း မိခင်လောင်းသူ့အမျိုးသမီးလေးမျက်နှာကို​ငဲ့ကြည့်ပြီးတော့ အပြုံးပန်းတွေဝေနေတာများ ကားလမ်းပိတ်နေတဲ့ ၅မိနစ်ဆိုတဲ့အချိန်ခဏလေးမှာ မြင်ရတာကြည်နူးစရာပါ လူငယ်သဘာဝလာမယ့်ဘေး ​ပြေးတွေ့ရဲတဲ့စိတ်ဓါတ်ကို ချီးကျူးရမလား အပြစ်ဆိုရမလား မတွေးတက်တော့ဘူးဗျ



ကျွန်တော်သာ ၂၀၁၂ခုနှစ်က ဇူလိုင်လလောက်က ယောင်္ကျားစိတ်မွှန်ထူပြီးတော့ AHA နောက် တဇွတ်ထိုးလိုက်သွားမိရင် အခုအချိန်ဆယ်နှစ်သားအရွယ်ကလေးတွေနဲ့ လောကဓံရိုက်ချက်ကို ဒူပေတာပေခံနေရမလား ဒါမှမဟုတ် လောကဓံကိုမခံနိုင်လို့ အပြစ်ကင်းစင်တဲ့ကလေးတွေကိုထားခဲ့ပြီး လောကကြီးကိုကျောခိုင်းသွားမလားဆိုတာ မသိနိုင်ပါဘူးဗျာ



အခုအချိန်မှာတော့ ၂၀၁၂ခုနှစ်က ဘဝမှာအရူးမိုက်ဆုံးအချိန်ဖြစ်ခဲ့ရပေမယ့် ယောင်္ကျားစိတ်မွှန်ထူပြီး တဇွတ်ထိုးလိုက်မသွားခဲ့မိတဲ့ ကျွန်တော့်ကိုယ်ကျွန်တော် တကယ်ကို ကျေးဇူးတင်နေရပါတယ်ဗျာ



လောကကြီးကမတရားဘူးထင်ခဲ့ပေမယ့် တကယ့်ကိုအရေးကြီးတဲ့အချိန်တွေမှာတော့ ကျွန်တော့်ကိုအများကြီးတားမြစ်ခဲ့ပေးခဲ့ပါတယ်ဗျာ။


ဒေါ်စိန်အေးသား။

 




သြဂုတ်လအစမှာတည်းက စာရေးဖို့ Mood က လုံးလုံးလားလားပျောက်နေတယ်ဗျာ အဲ့ဒါနဲ့ ဇူလိုင်လက လက်စမသတ်ရသေးတာတွေကို ပြန်ဖတ်ကြည့်ပြီး လက်စသတ်လို့ရတာလက်စသတ် မရတာကိုလည်းဆက်မရေးဖြစ်တော့ပဲ ဒီအတိုင်းတင်လိုက်ရတာပါဗျာ။


MK အကြောင်းရေးရာကနေ ကျွန်တော်လုပ်ငန်းခွင်မှာနာခံတက်တာရယ် စည်းနဲ့ကမ်းနဲ့နေတက်တာရယ်က အဘိုး၊ အဖေ၊MK ကဆရာတွေ၊ ကန်တော်ကြီးသင်တန်းကျောင်းကပဲခူးသူ တီချယ်ဒေါ်သန်းနွဲ့ ( အခုတော့ဆုံးသွားပါပြီ )၊ အာရုံဦးကဆရာဦးမျိုးမြင့်/ဦးမြင့်အောင် သင်ကြားပေးခဲ့တဲ့အကြောင်းရေးဖြစ်တာကနေ ဒေါ်စိန်အေးသားအကြောင်းရောက်သွားရတာပါ 



ကျွန်တော်ရေးတဲ့အကြောင်းအရာအတွက် ဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေဖို့ရည်ရွယ်ချက်မရှိခဲ့ပါဘူး ဒေါ်စိန်အေးသားတွေကိုကြောက်ပါတယ်ပြောခဲ့ပြီးကာမှ ဒေါ်စိန်အေးသားအကြီးနဲ့ ရေစက်ဆုံခဲ့မိလို့ကျွန်တော့်ဘာသာ သဘောကျသွားလို့ရေးဖြစ်သွားရတာပါဗျ။



အဘိုး၊အဖေ၊ဦးလေးတွေက စစ်သားဖြစ်ခဲ့ရတော့ စစ်တပ်ကိုတကယ်ကိုချစ်ပါတယ် ဒါပေမယ့် ဒေါ်စိန်အေးသားတွေကိုတကယ်ကိုကြောက်ပါတယ် အဲ့ဒါကိုတောင် ကိုယ့်ထက် Level မတအားကြီးမြင့်နေတဲ့ ဒေါ်စိန်အေးသားအကြီးကို ကျွန်တော်ဘက်ကနေ စပြီးတော့ကျူးမိလိုက်တဲ့အတွက် အခုလိုအဆုံးသတ်ဖြစ်ရတယ်လို့ပဲ ကျွန်တော်ကျေနပ်စွာလက်ခံထားလိုက်ပါတယ်။



MK ကနေအလုပ်ထွက်ပြီး Dubai သွားမယ်ဆိုပြီးကန်တော်ကြီးမှာဟိုတယ်သင်တန်းတက်ဖြစ်တယ် ကန်တော်ကြီးပဲလေ့စ် Sedona Sakura တွေမှာ Job Training ဟုတ်တိပတ်တိဆင်းဖြစ်တယ် Sedona မှာ အလုပ်လုပ်ရတာအပျော်ဆုံးပဲ အလုပ်လုပ်ရတာပင်ပန်းပေမယ့် Booking ယူထားတဲ့ ပွဲနေ့ရက်တွေမှာ Cancel ဖြစ်ရင် Kitchen ထဲက ပွဲအတွက်ပြင်ထားတာတွေ အကုန်လုံးကို Dinning room ထဲမှာအကုန်လုံးပို့ပေးထားတာ ဝန်ထမ်းတွေအကုန်လုံးကြိုက်သလောက်စားလို့ရတယ် တစ်လမှာအနည်းဆုံးတစ်ကြိမ်စားရတာပါ 



တစ်နှစ်ဝန်းကျင်နီးပါး Hotel Life ထဲမှာယက်ကန်ယက်ကန်ကျင်လည်ခဲ့ပြီး Dubai ကိုသွားဖို့အတွက်လည်း Agent စုံစမ်းတဲ့ကိစ္စအဆက်ပြတ်သွားတာနဲ့ အဖေကဂုတ်ကနေဆွဲပြီး ရွှေဂုံတိုင်ကဦးဇော်ဝင်းကုမ္ပဏီအာရုံဦးကိုပို့ပေးခဲ့တာပါ



အာရုံဦးဆောက်လုပ်ရေးမှာ Admin အပိုင်းပဲတာဝန်ယူရပြီး တနေ့တနေ့လုပ်စရာဟုတ်တိပတ်တိမရှိတော့ သုံးလနဲ့တင်အလုပ်မသွားတော့တာပါ ဟိုတယ်မှာတုန်းကအလုပ်ချိန်၈နာရီကို Non-stop လုပ်ခဲ့ရတာလေဗျာ အဲ့လိုတစ်နှစ်လောက်ပုရွတ်ဆိတ်လို အလုပ်လုပ်ခဲ့ရတော့ သက်သက်သာသာ လုပ်ရတဲ့အလုပ်မှာ နေမပျော်တော့တာပေါ့ဗျာ



MK post မှာ ရေးနေရင်းနဲ့အာရုံဦးအကြောင်းစလိုက်မိတာ ဒေါ်စိန်အေးသားအကြောင်းက Topic ဖြစ်သွားရပြီး စာကအတော်လေးစာရှည်သွားလို့ post သပ်သပ်ထပ်ရေးဖြစ်တာပါဗျာ



၂၀၀၄ခုနှစ် ဦးဇော်ဝင်းရဲ့ အာရုံဦးဆောက်လုပ်ရေးကုမ္ပဏီမှာ သုံးလတာအလုပ်လုပ်ခဲ့ချိန်က စေတနာပါပါနဲ့သင်ကြားပေးခဲ့တဲ့ ရဲမှူးအငြိမ်းစားဆရာ့နာမည်တော့ သေချာမမှတ်မိတော့ဘူးခင်ဗျ ဦးမျိုးမြင့်လားဦးမြင့်အောင်လားတစ်ခုခုပါပဲ ဆေးပေါလိပ်တအားကြိုက်တယ် သူ့အမျိုးသမီးအကြောင်းပြောပြရင် နင်တို့အဒေါ်ကလေဆိုပြီးသုံးနှုန်းတက်တယ် ကြည့်မြင်တိုင်မှာနေတယ် ဒေါ်စိန်အေးကျောင်းဆင်း သားတစ်ယောက်ရှိတယ် 



ကျွန်တော်တို့ကိုစကားပြောရင် ကလေးငယ်တွေကိုဆရာတစ်ယောက်ကနေပြောသလို မျက်လုံးလေးကပြုံးနေပြီး လေသံအေးအေးလေးနဲ့ပဲစကားပြောတယ် ဆရာကလူရိုးလူအေး လောလောလက်လက်သက်ပြည့်ပင်စင်နဲ့ ရဲမှူးအငြိမ်းစားယူထားတာတောင် သူ့မှာတိုက်ခန်းလေးတစ်ခန်းပဲပိုင်တယ် မန်နေဂျာရာထူးလခနည်းနည်းနဲ့ ဒီမှာအလုပ်ဝင်နေတာပါ Inservice ဘဝတုန်းက ဆရာ့ပုံစံကိုမသိမမြင်နိုင်ပေမယ့် လူရိုးတစ်ယောက်ဆိုတာကတော့ ကျွန်တော်သေချာပြောရဲပါတယ်ခင်ဗျ



ဆရာဒေါသကြီးတာကိုတစ်ခါပဲမြင်ဘူးတယ် ရုံးကဒါရိုက်တာ၊သူကလည်းရဲမှူးအငြိမ်းစားပဲ သက်ပြည့်မဟုတ်ဘဲဆေးပင်စင်နဲ့ အနားယူထားတာလို့ကြားပါတယ် သူ့သမီးကိုဒေါ်စိန်အေးသားရုရှားရောက်နေတဲ့ နယ်သားလေးနဲ့ engage လုပ်ပေးထားတာ အဲ့ဒီကလေးကလူရိုးလူအေးလို့ရုံးမှာပြောကြတာပဲဗျာ သူ့ခမည်းခမက်ဘက်က အမျိုးတွေကိုအလုပ်ခန့်ပေးထားတာ တွေ့ရတာတော့ သူ့အစ်မတွေကလည်းတကယ့်ကို နယ်သူနယ်သားအရိုးခံလေးတွေပါ



သူကဆရာထက်အသက်လည်းငယ်တယ် Inservice တုန်းက ဆရာ့ဂျုနီယာ ရုံးလာရင်ကာကီရောင်ယူနီဖောင်းမှာ တံဆိပ်တွေအပြည့်တက်ပြီး အမြဲဝတ်လာတာ Inservice လည်းမဟုတ်ဘဲနဲ့ကို ကျန်တဲ့သူတွေအတွက့် တကယ်ကိုမျက်စိနောက်စရာပါဗျာ



အခုအချိန်ကာလမှာတော့ ဒါရိုက်တာကြီးလည်းအဲ့လိုမဝတ်ရဲလောက်တော့ဘူးထင်ပါတယ် သူကဒါရိုက်တာလည်းဖြစ်တယ် အခုအလုပ်မှာလုပ်သက်လည်းကြာပြီဆိုတော့ ကျွန်တော်တို့ဆရာကို အလုပ်နဲ့ပတ်သက်ပြီးအာဏာပြတာပေါ့ဗျာ အမြဲလိုလေသံအေးအေးနဲ့ပြောတက်တဲ့ဆရာက အဲ့ဒီအချိန်မှာကိုးတောင်ကျားလို ဒါရိုက်တာကိုအချက်ကျကျပြန်ပြောတာများ ကျွန်တော်တို့ဆိုကိုယ့်ဆရာအတွက် ကျေနပ်နေပါရော ဆရာလည်း ၆လလောက်ပဲအလုပ်လုပ်ဖြစ်ခဲ့တယ်ဆိုတာ နောက်ပိုင်းကျမှသတင်းကြားမိပါတယ် 



ဆေးပေါလိပ်လေးခဲပြီး မကေနဲ့ကျွန်တော်နှစ်ယောက်သား Admin ပိုင်းတွေကိုမသင်ချင်ပါဘူးဆိုပြီး ဆရာ့ကိုဂျစ်တိုက်တာကို ကလေးတွေလိုချော့ပြီးသမီးတို့ကလည်းအဲ့ဒါတွေကသိရတယ်ဆိုပြီး အသေးစိတ်သင်ပေးခဲ့တာ ရုံးစာရေးတာကအစ SD ပုံကျရမယ်ဆိုပြီး လိုက်မလုပ်မချင်းနေ့တိုင်းသင်ပေးခဲ့တာတွေက အခုအချိန်မှာသူများတွေထက် ကျွန်တော်စနစ်ကျနေရတာပါ



ဒေါ်စိန်အေးသားကို အဲ့ဒီအချိန်မှာအသေကိုကြောက်သွားရတာပါ မကေကလည်းရဲမှူးသမီး အဲ့ဒီအချိန်သူ့အဖေကဇီးပင်ကြီးမှာသင်တန်းတက်နေရတာ မကေရဲ့ကောင်လေးက ဒေါ်စိန်အေးကျောင်းမှာဒုတိယနှစ်လားမသိဘူး ဒေါ်စိန်အေးသားတွေစူပါပလေးတယ်ဆိုတာ အဲ့ဒီအချိန်မှာသိသွားရတာ ရဲမှူးရဲ့တစ်ဦးတည်းသောသမီး သူကိုတိုင်ကလည်းပညာတက်ပြီး လူရည်လည်တဲ့ယူနီတက်နေတဲ့မိန်းကလေး လူငယ်သဘာဝချစ်ကြိုက်ကြတာ အဲ့ဒါတောင်မှဒေါ်စိန်အေးသားမှာက မကေအပါအဝင်ရည်းစားသုံးယောက် ရှိနေတာကြီးက မမိုက်ဘူးပေါ့ဗျာ



ဆောရီးဗျာ စာကတခြားရောက်သွားပေမယ့် ဒေါ်စိန်အေးကျောင်းဆင်းတွေအကြောင်း ဆက်ရေးလိုက်အုန်းမယ် ဒါတောင်သုံးလဆိုတဲ့ကာလလေးမှာ ကျွန်တော်သိခဲ့ရတာပါ အကုန်လုံးကိုဝါးလုံးနဲ့သိမ်းကြုံးရမ်းတာမဟုတ်ရပါဘူးဗျာ မိန်းမတစ်ယောက်ကိုရင်ဘက်နဲ့ချစ်ပေးနိုင်ပြီး ကိုယ်ပိုင်အရည်အချင်းနဲ့ဦးဆောင်ဦးရွက်ပြုနေတဲ့ အမျိုးသားကောင်းတွေလည်းရှိပါတယ်ဗျာ မကေကသူ့လစာရော သူ့အိမ်ကပေးတဲ့လစာထက်ပိုတဲ့မုန်ဘိုးကိုရော သူ့စီကိုအမြဲပို့ပေးနေတာ​ပါ အဲ့ဒါတောင်ကြားထဲမှာလိုရင် လက်ဝတ်လက်စားတွေပါရောင်းပြီးပို့ပေးတာဗျ 



ကျွန်တော့်လိုရန်ကုန်သူ ချစ်ကန်းမျိုးစိတ်တွေပေါ့ဗျာ ချစ်မိရင်အဲ့ဒီလူကလွဲရင် တလောကလုံးကိုမမြင်မိတော့တာပါ အဲ့ဒီလူကိုပဲရှိသမျှအကုန်ပုံအောပြီး ချစ်တက်တာဗျ ဒေသစွဲပါလိုက်အုန်းမယ်ဘယ်ဒေသရောက်ရောက် ဘယ်နိုင်ငံရောက်ရောက် ရန်ကုန်သူစစ်စစ်တွေက တကယ်ကိုချစ်ကန်းတွေများတယ်ဗျ ချစ်မိပြီဆိုရင်ဘာဆိုဘာမှကိုမျှ မမြင်ကြတော့ဘူးခင်ဗျ သူတို့ကိုချစ်တယ်ဆိုတဲ့ခံစားချက်လေးသာပြပေးလိုက် ရန်ကုန်ကနေဒလဘက်ကိုလာခဲ့ပါဆိုလိုက်တာနဲ့ ရေမကူးတက်တဲ့သူတောင်ရေကူးသွားမယ့်အမျိုးဗျ


ဆက်ရေးမယ်ဗျာ အဲ့လိုနဲ့မကေဒေါသပုန်ထလို့ ဒေါ်စိန်အေးသားကရန်ကုန်ကိုခိုးလာတယ် ချစ်သူသမီးရည်းစားသဘာဝစည်းကျော်သွားရော အဲ့မှာတင်မကေအမေကသိပြီး မကေအဖေရဲမှူးကနေတဆင့်မိဘချင်းစကားပြောပြီး လက်ထပ်လိုက်ကြပါလေရော ကျွန်တော်လည်းအလုပ်ထွက်လိုက်တော့ နောက်ဆက်တွဲကို မသိရတော့ဘူးဗျ


အဲ့ဒါပြီးတော့ အဖေကျေးဇူးနဲ့ မြန်မာ့အာမခံကိုရောက်သွားရပြန်ရော အလုပ်အတူတူဝင်တဲ့ကလေးက မြောက်ဒဂုံမှာနေတာသူ့အဖေကယာဥ်ထိန်းတပ်ဖွဲ့က သူ့ကောင်လေးကလည်းဒေါ်စိန်အေးသား ကလေးမလေးကငယ်ငယ်ချောချောလေး သူ့ကိုယ်လုံးကလည်မိန်းကလေးအချင်းချင်းတောင် ငေးယူရတယ်ဆံပင်ကလည်းအရှည်ကြီး ဒူးလောက်အထိရှည်တယ် ခေါင်းလျှော်လာတဲ့နေ့တွေဆို ဆံပင်ချထားတာများတကယ်ကိုလှတာပါဗျာ


သူ့ကိုလည်းဗကကတော်ဖြစ်မယ်ထင်ထားတာပါ သူကတော့ပြတ်သားတယ် သမီးအိမ်ကနောက်ခံအင်အားမရှိတော့ပွဲတက်မယားဖြစ်မှာမဟုတ်ဘူးတဲ့ ကျွန်တော်လည်းစင်ကာပူကိုထွက်သွားဖြစ်တာနဲ့ အဲ့ဒီ့ကလေးနဲ့အဆက်အသွယ်ပြတ်သွားရတယ် မလေးရှားကပြန်လာပြီး အာမခံကအစ်မတစ်ယောက်မင်္ဂလာဆောင်မှာပြန်တွေ့တော့ သူအိမ်ထောင်ကျသွားပြီဆိပ်ကမ်းကအရာရှိတစ်ယောက်နဲ့ ကလေးနှစ်ယောက်နဲ့မိသားစုဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပါ အဲ့ဒီ့ကလေးရွေးချယ်မှုမှန်ကန်တယ်လို့ ကျွန်တော်ထင်ပါတယ်။


၂၀၀၈ခုနှစ်မလေးရှားရောက်တော့ ဒေါ်စိန်အေးသားတွေနဲ့ဆုံရပြန်ပါရော မော်လမြိုင်ကဖြိုးတို့ညီအစ်မအငယ်နဲ့ဒေါ်စိန်အေးသားတွေကျတာ သူ့အစ်မကကုမ္ပဏီမှာစီနီယာအလုပ်လုပ်တာ တကယ်တော်တယ် ဂျူနီယာဖြိုးကတော့အလုပ်မတော်ပေမယ့် အဲ့ကလေးကဆရာကျတယ် ယောင်္ကျားကြမ်းကျေတယ် ရုရှကဗကနဲ့ငြိကျပါရော မိန်းမကြမ်းကျေတဲ့ဒေါ်စိန်အေးသားဆရာကြီးတွေနဲ့ ဆရာဆရာချင်းလယ်ဗယ်တူတွေတွေ့ကြတော့ ပွဲကလှပါတယ် ၂၀၁၂မှာမြန်မာပြည်ပြန်လာပြီး အဲ့ဒီဗကနဲ့လက်ထပ်လိုက်တာကိုသိလိုက်ရတယ်


မလေးမှာနေတုန်းက Internet ကို အချိန်အတော်များများသုံးဖြစ်ပါတယ် Gtalk မှာ chatting ထိုင်တယ် Fb မှာ chat တယ် အဲ့ကနေတဆင့် Empires and Allies ဆော့ဖြစ်တော့ စလုံးက Brother တွေ Seamen တွေ ရုရှားကဗကတွေနဲ့ Friend ဖြစ်ရော Game ဆော့တဲ့အချိန်ရင်းနှီးကြပေမယ့် ကျန်တဲ့အချိန် Gtalk မှာပါ မ Q ဖြစ်ကျပါဘူး 


သူတို့လည်းသူတို့ Target နဲ့သူတို့ Q ကျသလို ကျွန်တော်လည်း MYMC က DJ တွေ Fb က ကလေးတွေနဲ့ပျော်မွေ့နေမိတဲ့ကာလပေါ့ဗျာ အဲ့ဒီ့ဗကတွေထဲက သဘောစိုးမိုးလွင် နဲ့ ဆရာကျတဲ့ဘုကလန့် နှစ်ယောက်ပဲနာမည်မှတ်မိတော့တယ် ကျန်တဲ့ဗကတွေကိုနာမည်တောင်မမှတ်မိတော့ပါဘူးဗျာ အဲ့ဒီ့တုန်းက Fb မှာ ဆရာကျပြီးနာမည်ကြီးတဲ့ ကလေးမတွေကို Friend အဖြစ်သိထားခဲ့တော့ အခုခေတ်မှာ Cele ဖြစ်တဲ့ နာမည်ကြီးကလေးမတွေဆိုတာ သူတို့လောက်အထာမကျသေးပါဘူးဗျာ 


ဗကတွေနဲ့ Empires and Allies Game ဆော့ကျတော့ စကားပြောဖြစ်ကျတယ် Game ထဲမှာတော့ အတော်လေးရင်းနှီးကြတယ် Fb မှာလည်း contect ရှိတယ် မြန်မာပြည်ပြန်လာတော့ အဆက်အသွယ်မရှိတော့ကြတော့တာပါ။


ဒေါ်စိန်အေးသားတွေကို တကယ်ကိုကြောက်လို့ သတိထားနေခဲ့ပြီးကာမျှ ဒီအသက်အရွယ်ရောက်မျှ ဒေါ်စိန်အေးသားအကြီးကို သွားငြိမိခဲ့တာကိုက ကျွန်တော်ဘက်ကနေမှားခဲ့တာပါ 


မျက်လုံးထဲမြင်အောင်ပြောပြရင်တော့ ဝိတ်တန်းမတူဘဲ လက်ဝှေ့စထိုးမယ့်အကောင်က Heavy Weight Champion ကြီးကို သူနဲ့ယှဥ်ထိုးနိုင်မလားဆိုပြီးတော့ သွားပြီးစိန်ခေါ်ခဲ့မိသလိုပါပဲဗျာ။


တနေ့က Video file ကို ဝင်ကြည့်မိတော့ ခင်ဗျားမျက်နှာလေးမြင်လိုက်ရတယ် သူလည်းအလုပ်ပင်ပန်းနေရှာတယ်ဆိုပြီး စိုးရိမ်မိသွားပြန်ရောဗျာ 


ဒါပေမယ့်လည်း ကျွန်တော်ဘာတစ်ခုမျှ အားမထုတ်တော့ပါဘူးဗျာ


ကျွန်တော်အနည်ထိုင်ဖို့မပြောပါနဲ့ အသားကျဖို့အတွက်တောင် တအားကြီးကြိုးစားအားထုတ်နေရတာဖြစ်လို့ နောက်တစ်ကြိမ်လှုပ်ခတ်စေမယ့်အပြုအမူမျိုးကို ကျွန်တော်မပြုလုပ်တော့ပါဘူးဗျာ။

ဝိုင်ဝိုင်း ထာဝရအဆုံးထိ- Htar Wara A Sone Hti Cover by Steven Saw


သြဂုတ်လကို အေးအေးဆေးဆေးလေးပဲ ကျွန်တော်ဖြတ်သန်းသွားတော့မယ်ဗျာ post ရေးထားတာတွေရှိပေမယ့်လည်း လအစလေးကို အေးချမ်းစေချင်လို့ ဘာမှမတင်သေးဘူးဗျာ။

ဝဋ်


 

ဖုန်းကဘက်ထရီဖောင်းပြီးလစ်သွားတော့ ဖုန်းပြန်မဝင်သေးခင်စပ်ကြားမှာ ဖုန်းသုံးတဲ့အချိန်ပိုနည်းသွားရရော စာရေးတာကလွဲရင် ဖုန်းကိုအရင်လိုမသုံးဖြစ်တော့ဘူးဗျ အဲ့ဒီအချိန်ကိုစာအုပ်ဖတ်တာနဲ့ အိမ်ကိစ္စကူလုပ်ပေးတာအတွက်ပဲ သုံးလိုက်ပါတယ်ဗျာ။


၂၀၂၅ခုနှစ်၊ဧပြီလကစပြီးတော့ ဘဝကတဖြေးဖြေးတည်ငြိမ်စပြုလာပါတယ် အရင်လိုမရှုပ်ထွေးတော့ဘူးပေါ့ဗျာ ဘဝကပဲကျွန်တော်နေထိုင်မှုပုံစံကို ပြုပြင်ပေးသွားရတာပါ စာရေးတာကိုအချိန်တော်တော်များများပေးပြီး လုပ်ဖြစ်ပေမယ့် စာအုပ်ဖတ်တာနဲ့အပင်စိုက်တာဘက်ကိုလည်း ကျွန်တော်အားထုတ်ရတော့မယ်ဗျ ဘာသာရေးလည်းနေ့စဥ်လုပ်နိုင်ဖို့အတွက် ကြိုးစားအားထုတ်ရတော့မယ်ခင်ဗျ။


၂၅ရက်နေ့ညကဖုန်းပျက်နေတော့ စာအုပ်ပြန်ဖတ်ဖြစ်တယ် ကိုအောင်မျိုးသူလွင်စာအုပ်ဖတ်တာ ၂ပုဒ်ပဲသေချာဖတ်ဖြစ်တယ် ဆက်ဖတ်တော့စိတ်မပါတော့ဘူး အဲ့ဒါနဲ့သာဝါးလို့ထွေးကိုစဖတ်တော့လည်း စိတ်မပါဘူး ကျွန်တော်စာဖတ်အားအများကြီးကျသွားတယ်ဗျာ


အလုပ်ပိတ်ရက်တွေကို ဖုန်းသုံးတာအများကြီးလျော့ပြီး စာပြန်ဖတ်ရတော့မယ်ဗျာ


ကျောင်းမှာအားတဲ့အချိန်ကို စာရေးဖြစ်တော့ စာရေးဖို့အချိန်ကအရင်ကထက်ပိုရလာတယ် ပိတ်ရက်ကိုတော့ ဘာသာရေးလုပ်ဖို့၊ စာဖတ်ဖို့၊ အပင်စိုက်ဖို့၊ အိမ်ကိုကူဖို့အချိန်မျှသုံးရမယ် ဘဝကနေထိုင်မှုပုံစံကို guide line ချပေးတော့ ကျွန်တော်လည်းကြိုးစားပြီးနေထိုင်ပေးရမှာပေါ့ဗျာ


မလွယ်ပေမယ့်

ကိုယ်တစ်ယောက်တည်း ဝင်လာခဲ့တဲ့လောကကြီးမှာ

ဒီအချိန်ကိုယ်တစ်ယောက်တည်း 

အသည်းကွဲပြီးကျန်ခဲ့လည်း အချစ်ရာမြင်လား

ကမ္ဘာဟာ သူ့အချိန်အတိုင်း သူလည်ပတ်အုန်းမှာပါ။


27th July 2025.



စိတ်ကြီးတက်တဲ့ ဒေါသကြီးတက်တဲ့ ကျွန်တော့်စိတ်ကိုဆုံးမရအုန်းမယ်ဗျာ ဒါပေမယ့်လည်း လူတစ်ယောက်ကိုနစ်နစ်နာနာပြောဆိုတက်တဲ့ လူတစ်ယောက်စီမှာတော့ ထမင်းတစ်လုပ်တုတ်တစ်ချက်သဘောမျိုး ဖြစ်နေရတဲ့အတွက်ဆက်ပြီးမနေတော့ပါဘူးဗျာ


ကျွန်တော်မနှစ်မျို့ဆုံးအချက်က လူတစ်ဖက်သားကို မကြာခဏကြမ်းကြမ်းတမ်းတမ်းပြောဆို ဆက်ဆံတက်တဲ့သူမျိုးကိုပါ။


ကျွန်တော်လည်းအရမ်းရိုင်းတက်ပါတယ် ဒါပေမယ့်စိတ်ရိုင်းကိုချွန်းအုပ်ထားပါတယ် အခုနောက်ပိုင်းမှမဟုတ်ပါဘူး ကျွန်တော့်အပေါ်ရိုင်းစိုင်းခဲ့တဲ့သူတွေအပေါ်မှာတောင် ခပ်ကြမ်းကြမ်းစကားလုံးတွေကို မသုံးခဲ့ဘူးပါဘူး ဘယ်လောက်ပဲဒေါသထွက်ပြီးစိတ်ဆိုးနေပါစေ သူစိမ်းတွေအပေါ်မှာရင့်ရင့်သီးသီးမပြောဆိုခဲ့တာကအရင်ကတည်းကပါ 


အရင်တုန်းကတော့မိသားစုဝင်တွေအပေါ်မှာ ဒေါသထွက်လာတိုင်းပြဿနာဖြစ်ခဲ့တိုင်း ရင့်ရင့်သီးသီးပြောဆိုခဲ့ဘူးပါတယ် ဒီနှစ်ပိုင်းမှာ အိမ်နဲ့ကတောက်ကဆဖြစ်ခဲ့ရင်တောင် အရင်လိုမရိုင်းစိုင်းတော့ပဲ ယဥ်ကျေးလာရတာကလည်း ကျွန်တော်ရင့်ကျက်လာလို့ပဲဆိုပါတော့ဗျာ အဲ့လိုပြောဆိုမိခဲ့တဲ့ ဝဋ်တွေကျွန်တော့်စီပြန်လည်လာရတာ နေမှာပါဗျာ


ကိုယ့်အပေါ်ရိုင်းစိုင်းနေတဲ့သူမျိုးကိုလည်း စိတ်ထဲမှာအဆင်မပြေပေမယ့် မခံချိမခံသာဖြစ်နေရပေမယ့် ခွန်းတုန့်ပြန်မပြောမိတာကလည်း လူ့ယဥ်ကျေးအပြုအမူတစ်ရပ်ပါပဲဗျာ။


30th July 2025.



လစာ 350,000/-

မနက်စာ၂၆ရက်စာ 2,000/- × 26=52,000/-

နေ့လည်ထမင်းဘူး ၂၆ရက်စာ 3,500/- × 26=91,000/-

ကားခ ၂၆ရက်စာ 800/- × 26=20,800/-

အလှကုန် ၂၆ရက်စာ 50,000/-

Total 213,800/-   

Balance 136,200/- 


လမ်းပိတ်လို့ကားငှားစီးရတဲ့ Taxi ခ၊ နောက်ကျလို့အဖြတ်ခံရတဲ့လခ တွေကိုထည့်မပြောတော့ပါဘူး သန်းခေါင်အပြင်ညမနက်တော့ပါဘူးဗျာ။


ညစာစားဖိုနဲ့ကျန်းမာရေးစရိတ်မပါသေးဘူး အဲ့လောက်ပိုက်ဆံလေးအတွက်နဲ့  နင့်နင့်နာနာပြောဆိုခံရတာတွေ  ရုံးဝန်ထမ်းလား ရုံးအကူဝန်ထမ်းလား ကိုယ့်ဘာသာမသိအောင် တောက်တိုမယ်ရလုပ်နေရတာတွေက နှစ်လကျော်ပြီဆိုတော့ ကျွန်တော်ဆက်လုပ်ဖို့အတွက်အဆင်မပြေတော့ပါဘူး 


အလုပ်တစ်ခုမှာပိုက်ဆံလုံလုံလောက်လောက်ရရင်ရ မရရင်ပညာရရမယ်လို့ပဲခံယူထားပါတယ် ပိုက်ဆံလည်းမရ၊ပညာလည်းမရတဲ့အပြင် ကျွန်တော့်စိတ်ကိုပါကြမ်းတမ်းစေတဲ့အလုပ်မျိုးကို ဆက်လုပ်ဖို့အတွက်လည်း ဘယ်လိုမျှစိတ်မပါတော့ပါဘူးခင်ဗျာ


အလုပ်ချိန်တစ်ရက်ကို၉နာရီ၊ အလုပ်လာဖို့ပြင်ဆင်ရတဲ့အချိန် တစ်ရက်ကို၂နာရီ၃၀မိနစ်၊ အိမ်ပြန်ဖို့ကြာချိန် တစ်ရက်ကို၁နာရီ၂၀မိနစ်၊ တစ်ရက်ကို ၁၃နာရီလောက် အချိန်ပေးရပြီးတော့ ကိုယ့်အတွက်အကျိုးမရှိတဲ့အလုပ်ကိုလုပ်ခဲ့မိတာ ကျွန်တော့်အမှားပါ 


အလုပ်မဝင်ခင်တည်းက Fb မှာ ရှာကြည့်တော့ စကားလုံးကြမ်းကြမ်းတွေသုံးတက်တာကို ရှာတွေ့မိတာတောင် အဲ့လောက်မဆိုးဝါးလောက်ပါဘူးဆိုပြီး ပေါ့ဆမိတာကိုက ကျွန်တော့်အမှားပါ


နေမကောင်းဖြစ်ပြီး​အလုပ်ပြန်ဆင်းတော့ အဖေ့ကသမီးကိုဆက်မလုပ်စေချင်ဘူးပြောခဲ့တာကို အလုပ်တစ်ခုရချင်ဇောနဲ့ ရပါတယ်အဖေရာဆိုပြီးတော့ ကျွန်တော်ဆက်လုပ်မိတာပါ မိဘစကားကိုနားမထောင်ခဲ့မိတာပါ


လျော်ကြေးငွေနှစ်လစာ ၇သိန်းကိစ္စအတွက် သြဂုတ်လ၊စက်တင်ဘာလမှာရမယ့်လစာနဲ့ ပေးချေနိုင်ပြီးရင်တော့ စက်တင်ဘာလအကုန်မှာ အလုပ်ကနေနှုတ်ထွက်ဖို့ကိစ္စအတွက် အဆင်သင့်ဖြစ်ပါပြီ ၉လပိုင်းအကုန်ကျရင်တော့ အပြီးသတ်နိုင်ပြီထင်ပါတယ်ဗျာ။


31st July 2025.



ဒီညနေအလုပ်ပြန်တော့ ကားပေါ်မှာကလေးမငယ်ငယ်လေးက အစ်မပြန်ရမှာဝေးတယ်မဟုတ်လားဆိုပြီး မြေနီကုန်းမှာဆင်းမယ့် သူကောင်လေးနေရာကိုဝင်ထိုင်ခိုင်းတယ် ကျွန်တော်ဆင်းတဲ့အထိတောင် အဲ့ကလေးမလေးမဆင်းရသေးဘူး


မာလာမှတ်တိုင်မှာ နောာက်ထပ်ကလေးစုံတွဲမှာ  ကလေးမလေးကကိုယ်ဝန်ကြီးနဲ့ လမရင့်သေးပေမယ့်ကိုယ်ဝန်ဆောင်ဆိုတာ ပင်ပန်းမှာပဲလေ နေရာဖယ်ပေးတော့သူ့ခမျာအားနာနေရှာတယ် ထမင်းဘူးခြင်းတောင်းပေမယ့် မပေးလိုက်မိပါဘူး ခရီးတထောက်မှာကလေးအမေကိုရောကလေးကိုပါ သက်သာစေချင်တယ်လေ


အဲ့ဒီခံစားချက်ကနေ စိတ်ဖြေစရာအသိတရားလေး ပေါ်လာခဲ့ရတာပါ


မနေ့ကစိတ်အတော်လေးထိခိုက်ရလို့ အိမ်ပြန်နောက်ကျတာတောင် ကားပေါ်မှာဘုရားစာမဆိုမိဘူး ဒီနေ့တော့ဘုရားစာရွတ်ဖြစ်ပါတယ် မနေ့ကကိစ္စကြောင့် တနေ့လုံးအမြင်မကြည်ဖြစ်ခံရပေမယ့် ကျွန်တော့်ဘက်ကနေတော့ ၉လပိုင်းလအကုန်အထိ အလုံးအရပ်မလျော့ဘဲ အလုပ်စဝင်တဲ့နေက အားထုတ်မှုအတိုင်းပဲ လုပ်စရာရှိတာတွေလုပ်ဆောင်ပေးသွားမှာပါ


ဒီနှစ်လလုံးကကသူ့ကို အလကားလုပ်ပေးရတယ်ဆိုတဲ့ အတွေးမျိုးကိုလည်း နည်းနည်းလေးမျှမတွေးမိခဲလပါဘူး ကားပေါ်မှာဘုရားစာရွတ်နေရင်းနဲ့ ဆရာတော် ဦးဗုဓ် နန်းမတော် မယ်နုကိုမိန့်ခဲ့တဲ့စကားလေးကို သတိရမိသွားတယ်


" မိနု   သူ့ကြွေးရှိရင် ဆပ်ရတယ်တဲ့ "


ကျွန်တော်လည်း အကြွေးရှိခဲ့လို့နေမှာပါ သေကောင်ပေါင်းလဲဖြစ်ပြီးခဲ့တာတောင် နောက်တစ်ကြိမ်ပြန်လာပြီး ဆပ်ရတယ်ဆိုတာက သူ့ကြွေးမကျေသေးလို့နေမှာပါဗျာ။


9:17pm




Done.


 



နောက်နှစ်ဒီအချိန်ရောက်ရင် မန်မိုရီပြန်တက်လာရင် အမှတ်တရဖြစ်​ဖို့အတွက် calendar မှာ remind လုပ်ရင်းနဲ့ ဒီ post ကိုစရေးမိတာပါ ရေးရင်းနဲ့ ခင်ဗျား fb က post ကိုတွေ့မိတော့ ဖြည့်ရေးမိလိုက်တာပါ ကျွန်တော်က အမှတ်တရတွေကို တယုတယသိမ်းဆည်းထားတက်တဲ့ လူမျိုးလေဗျာ..



၂၀ရက်နေ့ကပုံတင်ထားတာတွေ့တော့ သံယောဇဥ်တွေရပ်တန့်ထားခဲ့ပြီးပြီပေမယ့် ကျွန်တော် Save လိုက်မိပါတယ် ပြီးခဲ့တဲ့နိုဝင်ဘာလကစပြီးခင်ဗျားပုံမတွေ့ရတာ အတော်ကြာပြီလေဗျာ ပုံ Save လိုက်မိလို့ နင်ဒီလိုအတိုင်းရှေ့ဆက်နိုင်မလားဆိုတဲ့ အမေးကတော့ခေါင်းထဲမှာပြည့်ကြပ်နေမိပါတယ်။



၂၁ရက်နေ့ညမှာ ခြေထောက်အနာအရှိန်နဲ့မိုးမိတာနဲ့ လူကချမ်းပြီးဖျားပါလေရော နေမကောင်းတော့ခင်ဗျားကို အများကြီးလွမ်းမိတယ် အနားမှာရှိရင်ကောင်းမှာပဲလို့တွေးမိပြန်တယ် ပြီးတော့မှကျွန်တော်မတန်တရာတွေကို တွေးမိပြန်တယ်ဆိုပြီးနောင်တရမိပြန်တယ် 



ဖျားတဲ့အရှိန်နဲ့ထမင်းလည်းကောင်းကောင်းမစားနိုင်တော့ လူကနှုံးပြီးအိပ်ပျော်သွားတယ် မနက်၅နာရီလောက်တည်းက နိုးနေမိပြီး သတိရမိပြန်တယ် အလုပ်ပျက်လို့မဖြစ်တာနဲ့ ၇နာရီထိုးခါနီးမှနေမကောင်းတဲ့ကြားက အလုပ်သွားဖို့ပြင်ရတော့ မနက်တိုင်းကြည့်နေကျ ခင်ဗျား Account ကိုဝင်မကြည့်ဖြစ်တော့ပါဘူး



နေမကောင်းတော့ပိုပြီးလွမ်းမိပါတယ် ဒါပေမယ့် ကျွန်တော်ရှေ့မဆက်နိုင်တော့ပါဘူးဗျာ ၂၂ရက်နေ့ညဘက်အိမ်ပြန်ရောက်တော့ fb ခဏဝင်ကြည့်မိတော့ ဖုန်းလက်ဆောင်ရတဲ့ post တင်ထားတာဖတ်မိတယ် ခင်ဗျားဘေးမှာ အဲ့လိုအမျိုးသမီးမျိုးတွေရှိတော့ တကယ်ကိုစိတ်ရင်းနဲ့ဝမ်းသာရပါတယ် ကျွန်တော်ရွေးချယ်လိုက်တဲ့လမ်းက မမှားဘူးဆိုတာကိုလည်း လက်ခံလိုက်ပါတယ် မတန်မရာတွေကို မမီမကမ်းတာတွေကို နောက်တစ်ကြိမ်ထပ်ပြီးတော့ မလှမ်းတော့ပါဘူးဗျာ။



၂၃ရက်နေ့ဖုန်းဘက်ထရီဖောင်းသွားတော့ ဖုန်းသုံးလို့မရတော့ဘူး အဲ့ဒီတော့ခင်ဗျား viber ကိုရော fb ကိုရောဝင်မကြည့်နိုင်တော့ဘူး ၂၆ရက်နေ့ ဖုန်းမဝယ်ဖြစ်သေးတာနဲ့ဘက်ထရီပဲလဲဖြစ်တယ် ဖုန်းကိုညှာတာရော နေမကောင်းနေတဲ့ကိုယ့်ဘာသာညှာတာရော blog ရေးတာ တရားဖွင့်တာကလွဲရင် internet ကို အချိန်တစ်ခုအထိမသုံးဖြစ်တော့ဘူးဗျာ သေချာသွားတဲ့အခြေအနေတစ်ခုကို တဖြေးဖြေးလက်ခံပေးလိုက်တာက ကျွန်တော့်အတွက်အကောင်းဆုံးပါပဲဗျာ။



The end of the story. 


တဖက်သက်ချည်နှောင်ထားခဲ့မိတဲ့ ကြိုးတွေကိုလည်းဆက်ပြီးရစ်ပတ်နိုင်ဖို့အတွက် ကျွန်တော်လက်လျော့လိုက်မိတာနေမှာပါ ​နောင်ဆုံးအချိန်အထိရစ်ပတ်နိုင်ဖို့အတွက် လျော့ကြိုးကုန်သွားရတာနေမှာပါ ခင်ဗျားအပေါ်ခံစားချက် မရှိတော့ဘူးလားမေးခဲ့ရင် မနေ့တနေ့ကအတိုင်းပါပဲ



ဒါပေမယ့်အဲ့ဒီ့ခံစားချက်ကို ကျွန်တော်ရပ်တန့်နိုင်ဖို့အတွက် ကြိုးစားအားထုတ်နေပါပြီ ခင်ဗျားကိုမေ့ပြစ်နိုင်ဖို့အတွက်လည်း တကူးတက​ကြီးကြိုးစားပြီးအားမထုတ်တော့ပါဘူး အဲ့လိုလုပ်တာကလည်း ကျွန်တော့်အတွက်တကယ်ကို ပင်ပန်းလွန်းလှပါတယ် 



၂၀ရက်နေ့ညက ၃၁ရက်နေ့ဆိုရင် ၃နှစ်ပြည့်ပြီဆိုတာကိုသတိရနေမိတယ် အခုအချိန်မှာနာကျင်ရပေမယ့် အဲ့ဒီ့အချိန်တုန်းကပျော်ရွှင်ခဲ့ရတဲ့အတွက် တကယ်ကိုကျေးဇူးတင်ပါတယ် အတိတ်ဆိုတာကိုကျွန်တော်ကတန်ဘိုးထားတက်တဲ့ လူတစ်ယောက်ဖြစ်နေလို့ပါ



အခုအချိန်မှာတော့ ခင်ဗျား online သုံးမသုံး viber ကို တစ်နေ့နှစ်ခါလောက်ဝင်ကြည့်မိတယ် fb က ခင်ဗျား wall ကို အရင်လို comment တွေလိုက်မဖတ်ဖြစ်ပေမယ့် fb သုံးဖြစ်တဲ့အချိန်မှာတော့ဝင်ကြည့်ဖြစ်ပါတယ်။



ဒီလောက်ပါပဲ တနေ့တော့ ခင်ဗျား Viber account ကို ဝင်မကြည့်ဖြစ်တော့တဲ့ ခင်ဗျား Fb wall ကို တကူးတကကြီး ဝင်မကြည့်မိတော့တဲ့နေ့တော့ ရောက်လာမှာပါ ကျွန်တော်အရာအားလုံးကိုလက်ခံသွားနိုင်ပြီး ခင်ဗျားနဲ့ပတ်သက်တဲ့ခံစားချက်တွေအကုန်လုံး အနည်ထိုင်သွားတဲ့တနေ့ပေါ့ဗျာ။



#26th July 2025.

Saturday

8:31pm






နောက်နှစ်ဒီအချိန်မှာ (31st July 2025) ကျွန်တော်ပြန်ဖတ်ဖို့အတွက် သိမ်းဆည်းထားတဲ့ အမှတ်တရပေါ့ဗျာ။


ခင်ဗျားနဲ့ပတ်သက်တဲ့အရာအားလုံး ခံစားချက်အားလုံးကို ကျွန်တော်ရပ်တန့်လိုက်ပါပြီ။


တနေ့နေ့တချိန်ချိန်တော့ အရာအားလုံးဟာ နေသားတကျဖြစ်သွားမှာပါလို့ ကျွန်တော်မျှော်လင့်ထားပါတယ်ဗျာ


သုံးလဆိုတဲ့အချိန်ကာလကို ကျွန်တော်ကျော်ဖြတ်ခဲ့ပြီးပြီးဖြစ်တဲ့အတွက် ဒီထက်ပိုပြီးမခံစားတော့ပါဘူးဗျာ 


​ခင်ဗျားနဲ့ရေစက်ရှိလို့ ​တွေ့ဆုံခွင့်ရခဲ့ပြီး ရေစက်ကုန်လို့ ခွဲခွာရခဲ့တယ်လို့ပဲ ကျွန်တော်လက်ခံထားပါတယ်။


အစစအရာရာအကုန်လုံး အဆင်ပြေမယ့်သူဆိုတာကို သိထားပေမယ့် အစစအရာအရာအကုန်လုံးအဆင်ပြေပါစေ အစစအရာအရာအကုန်လုံးဂရုစိုက်ပါဗျာ။


🙏

အချစ်ဦး MK Version!





မော်နီတာအကြောင်းကိုအချစ်ဦး post ရေးပြီးတော့ စျာန်ဝင်သွားပြီး နောက်ထပ်အပိုင်းတွေဆက်ရေးဖြစ်တယ် ရဲရိပ်သာစူပါဝမ်းလည်းရေးပြီးရော MK နဲ့ KL က အကြောင်းလည်းရေးမယ်ဆိုပြီး စထားလိုက်တာ နှစ်ချီကြာသွားပါလေရော​ဗျာ။


ကျောင်းမှာ MK အကြောင်းရေးနေရင်းနဲ့တောင် တခြား post တွေစရေးမိလိုက်တာ သူ့ရေးနေရင်းနဲ့ တခြား ၄ခုကို post တင်ပြီးသွားတယ် သူ့ကိုလက်စမသတ်နိုင်သေးဘူး ဆက်ရေးဖို့ feeling မလာတော့လို့ ဒီလကုန်အစသတ်မယ်ဆိုပြီး ကြိုးစားပန်းစားရေး​နေရတယ်ဗျာ KL အကြောင်းတော့ စျာန်မဝင်သေးတော့ ၃၊၄လအတွင်းမရေးနိုင်သေးဘူးဗျာ


ရေးနေရင်းနဲ့ မနေ့ညကဖုန်းဘက်ထရီကဖောင်းသွားပြီး ပါဝါ၊ဗော်လွန်းခလုပ်တွေအကုန်လုံးက သုံးမရတော့ စာရေးတာကိုနားလိုက်ရပါတယ်ဗျာ။


KL ဇာတ်လမ်းကိုတော့ နောင်တစ်ခေါက်မှပဲ ရေးတော့မယ်ဗျာ အခု MK post တောင်မှ တော်တော်ပြန်စဥ်းစားယူရတယ် ၂၀၀၀၊၂၀၀၁ခုနှစ်ဆိုတော့ နှစ်နှစ်ဆယ်ကျော်ကြာနေပြီဗျာ အသည်းအသန်ကြိုက်ခဲ့တဲ့ ထိုင်းမော်ဒယ်လ်နာမည်ကိုတောင် နာမည်မပြောနဲ့ လူကိုတောင်မမှတ်မိတော့ဘူးဆိုတော့ ကျွန်တော်ကြိုက်တဲ့အဆင့်ကနေ သဘောကျတဲ့အဆင့်ကိုမရောက်ခဲ့တာနေမှာပါ


KL က အကြောင်းလည်းကိုလည်း စျာန်ဝင်အောင် ကြိုးစားပြီးဆက်ရေးပါအုန်းမယ်ဗျာ KL ကိုရောက်တာ ၂၀၀၈ခုနှစ်ဆိုတော့ မန်မိုရီကိုတော်တော်လေး ပြန်ခေါ်ရမှာတော့သေချာတယ်ဗျ


ရွှေဘုံသာစူပါဝမ်းမှာအလုပ်လုပ်နေတုန်း ကြေးမုံလားမြန်မာ့အလင်းလား မမှတ်မိတော့ဘူးဗျ ရန်ကင်းစင်တာ MK Branch မှာ တာဝန်ထမ်းဆောင်ဖို့ အလုပ်ခေါ်စာပါလာပါလေရော သူက လစာလည်းကောင်းတယ် facility အများကြီးပေးတယ်ဗျာ Ferry provide လည်းပါတယ် အဲ့ဒါနဲ့အဖေက MK မှာအလုပ်လျှောက်ဖို့ အကုန်လုံးပြင်ပေးပါလေရော


ကျွန်တော်အခုလိုစည်းနဲ့ကမ်းနဲ့ဖြစ်နေတာက အဘိုးရယ်အဖေရယ်စည်းကမ်းရှိတာရယ် ကျွန်တော် Virgo ဖြစ်တာရယ် လုပ်ငန်းခွင်မှာစည်းစနစ်ကျဖို့အတွက်သင်ကြားပေးခဲ့တဲ့ MK က မြန်မာ၊ထိုင်းဆရာ၊ဆရာမတွေရယ် ကန်တော်ကြီးဟိုတယ်သင်တန်းကျောင်းက ဆရာမကြီးဒေါ်သန်းနွဲ့ရယ် အာရုံဦးမှာတုန်းက Admin အပိုင်းသင်ပေးခဲ့တဲ့ ဆရာဦးမျိုးမြင့်/ဦးမြင့်အောင်ရယ် မိဘ၊ဆရာသမားတွေရဲ့ ကျေးဇူးကြောင့်ပါခင်ဗျာ။


ရန်ကင်းစင်တာမဖွင့်သေးခင် အင်တာဗျုးကို ရန်ကင်းစင်တာ MK ဖွင့်မယ့်နေရာက ပထမထပ်ရုံးခန်းမှာမေးတယ် ၂၀၀၀ခုနှစ်ဆိုတော့ ၁၉နှစ်တောင်မပြည့်သေးဘူး စူပါဝမ်းမှာအလုပ်ဝင်နေတာဆိုတော့ Sales အတွေ့အကြုံကရှိထားပြီးသား အင်တာဗျူးမှာတင် pass ဖြစ်တော့ အလုပ်ကရသွားပါလေရော 


ကိုယ်ကြိုက်တဲ့ counter ရွေးခိုင်းတာ ကလေးသာသာအရွယ်ဆိုတော့ Men wear မရွေးဘဲ Baby wear ရွေးမိပါလေရော ဘဝကြီးကအဲ့ဒီကနေစမှားတာဗျ နောက်တာပါဗျာ အဖြူသပ်သပ်အချိန်ဆိုတော့ အဲ့ဒီ့အတိုင်းရွေးခဲ့မိတာကို အခုအချိန်ကျေနပ်မိပါတယ်ဗျာ


ကျွန်တော်က တောသားရဲဆွဲထုတ်ဗျ သူစိမ်းလူတွေကိုတကယ်ကိုကြောက်တယ် ဒါပေမယ့် မဖြစ်မနေမျက်နှာချင်းဆိုင်တွေ့ကြုံရပြီဆိုရင် ကြောက်တဲ့စိတ်ကိုဖုံးကွယ်ထားနိုင်တယ် အင်တာဗျူးဆိုရင်လည်းအဲ့လိုပဲဗျ မနက်ဖြန်အင်တာဗျူးဖြေရမယ်ဆိုရင် ကြောက်စိတ်နဲ့တစ်ညလုံးအိပ်မပျော်ဘူး 


အင်တာဗျူးအခန်းရှေ့မှာစောင့်နေရရင် လူတစ်ကိုယ်လုံးအေးစက်နေပါလေရော အင်တာဗျူးအခန်းထဲရောက်သွားတာနဲ့ ကျွန်တော်မဟုတ်တဲ့အတိုင်းပဲ ကြောက်စိတ်ကိုဘေးဖယ်ထားနိုင်ပြီး အသေအချာဖြေပေးနိုင်ပါတယ် ဘုရားပေးတဲ့ဆုပေါ့ဗျာ


လူတွေကိုကြောက်တယ် လူတွေကြားရောက်သွားခဲ့ရင် ကျွန်တော်မဟုတ်သလိုမျက်နှာကချီနေတာပဲ အမှန်ကလူတွေကိုကြောက်လို့ဗျ တစ်ယောက်တည်းခရီးသွားရမှာကြောက်တယ် တစ်ယောက်တည်းသွားခဲ့ရတော့လည်း ကျွန်တော်ထင်သလောက် ကြောက်စရာမဟုတ်တာသိခဲ့ရတယ် တနေ့တော့ ခရီးထပ်သွားအုန်းပါမယ်


အသက်၄၀ကျော်နေပြီပဲ Bar မှာ ကျွန်တော်တစ်ယောက်တည်းသွား chill ချင်တယ် လူကြောက်တဲ့စိတ်ကြောင့် ဒီနေ့အထိတစ်ယောက်တည်း မသွားရဲသေးပါဘူးဗျာ အင်တာဗျူးကနေလမ်းလွဲသွားရပြန်ပါပြီ ဆက်မယ်ဗျာ


ရန်ကင်းစင်တာ MK မဖွင့်ခင်ညမှာ Counter တွေ Display ပြဖို့အတွက် တစ်ညလုံးဝန်ထမ်းတွေအကုန်လုံး ညဆိုင်းဆင်းရတယ်ဗျ Management ပိုင်း နဲ့ Super အစ်မတွေကလွဲရင် အထွေထွေမန်နေဂျာကစပြီး သန့်ရှင်းရေးအန်တီတွေအထိ အကုန်လုံးကဝန်ထမ်းအသစ်တွေဗျ မနက်ဖြန်ရန်ကင်းစင်တာဖွင့်ပွဲမှာ MK ကပါတပြိုင်နက်ဖွင့်ရမှာလေဗျာ


ဖွင့်ပွဲနေ့မှာကိုယ့်ကောင်တာလှတပတဖြစ်ဖို့အတွက် Super မသကြားလုံးရယ် ကျွန်တော်၊မီးဇာ၊ခိုင်သူ၊ဇာခြည်၊မခိုင်၊စန္ဒာ အကုန်လုံးအားတက်သရောလုပ်နေကြရတာ ညစာစားတော့ ည၁၂နာရီကျော်နေပြီ Display လုပ်ဖို့ ကျွန်တော်တို့ရထားတဲ့ MK ရုံးခန်းပြတင်းပေါက်နဲ့ ရန်ကင်းစင်တာစင်ဝင်ကတည့်တည့်ဆိုတော့ ဒံပေါက်ဘူးတွေကိုစင်ဝင်အပေါ်မှာ တဖွဲ့လုံးထိုင်စားခဲ့ရတယ်အချိန်တွေကို လွမ်းမိပါတယ်


ည၁၂နာရီကျော်ဆိုတော့ ဆရာစံလမ်းမကြီးက ကားသံတွေတိတ်ဆိတ်နေပြီးတော့ လူနေရပ်ကွက်မှာလည်းအိပ်မောကျနေပါပြီ မနက်ဖြန်ဖွင့်ပွဲအတွက်ပြင်ဆင်နေကျတဲ့ ရန်ကင်းစင်တာကဆိုင်ခန်းတွေစီကပဲ မီးရောင်တလက်လက်နဲ့ဝန်ထမ်းတွေပြင်ဆင်နေကြတာပါ 


အပေါ်ထပ်ရုံးခန်းမှာပြင်ဆင်ပြီးတာနဲ့ ဆိုင်ခန်းဖွင့်လှစ်မယ့်မြေညီထပ်ကို လုံခြုံရေးဝန်ထမ်းတွေကပို့ပေးပါတယ် Baby Wear Counter လေး လှတပတဖြစ်ပြီဆိုတဲ့အချိန် မနက် ၂နာရီလောက်ကျမှ ရုံးခန်းအပေါ်ပြန်တက်ကျပြီး ပလပ်စတစ်အိတ်အခွံတွေကြားမှာ စုပြုံပြီးတိုးဝှေ့အိပ်ရတာလည်း ဘဝမှာတစ်ခါမျှမရဘူးခဲ့တဲ့အတွေ့အကြုံပါပဲ


မနက်၄နာရီပြန်ထကြပြီး အခန်းကိုသန့်ရှင်းရေးအမြန်လုပ် ရန်ကင်းစျေးအပေါ်ထပ်က ကွန်ဒိုမှာရေချိုးဖို့တန်းစီအလှပြင်ကြ မနက်၆နာရီမှာ ယူနီဖောင်းလှတပတလေးနဲ့ Counter ရောက်ကြပါပြီ စျာန်မဝင်တော့ဘူးဆိုပြီးရေးလိုက်တာ အတိတ်ကိုပြန်ရောက်သွားပြီး စာရှည်သွားတယ်ဗျ။


MK စဖွင့်တော့ လုံခြုံရေးဝန်ထမ်းတွေက တကယ့်ကိုအဆင်လေးတွေဗျာ လူချောတွေဆိုတော့ ကောင်မလေးတွေကသဘောကျကြပါတယ် ကျွန်တော်လည်းချောတယ်ဆိုတော့ သဘောကျမိပါတယ် ကြိုက်တဲ့အဆင့်အထိတော့မရောက်ဘူးပေါ့ဗျာ သူတို့လည်းအသီးသီးရည်းစားတွေရသွားကြတော့ တစ်ခန်းရပ်သွားရတာပေါ့ဗျာ


MK မှာ အင်ဂျင်နီယာလည်းရှိပါတယ် သူတို့နှစ်ယောက်မှာတစ်ယောက်ကအဆင်လေး တစ်ယောက်ကသဘောအရမ်းကောင်းပါတယ် သူတို့လည်းရည်းစားရသွားတော့ နောက်တစ်ခန်းရပ်ပေါ့ဗျာ


အဲ့ဒီ့အချိန်တုန်းက ဒေါ်နန်းသန်းထွေးက ကျွန်တော်တို့ Baby wear ရဲ့ Big Customer သူနဲ့အမြဲအတူတူပါလာတက်တဲ့ ရှမ်းကောင်လေးကကျွန်တော့်ကို Crush တယ် ဂျေဒိုးနပ်တွေဝယ်ပြီးလာပေးဘူးတယ် ကျွန်တော်ကဘာသာပဲနေခဲ့မိတယ် သူ့ဘက်ကတော့ကြီးကျယ်တယ်ထင်မှာပဲလေဗျာ


ရာထူးကြီးတဲ့သူ အာဏာရှိတဲ့သူ ပိုက်ဆံအရှိန်အဝါကြီးတဲ့သူဆိုရင် ကျွန်တော်ကလမ်းမှာတွေတဲ့သူစိမ်းလူတွေလိုမျိုး ကျွန်တော့်ဘာသာဘာသိသာနေတက်ပါတယ် သူ့တို့စီကနေတခုခုလိုချင်လို့ ချဥ်းကပ်တယ်ဆိုတဲ့အထင်အမြင်ကို တစ်စက်လေးမျှကိုမကြိုက်ပါဘူး ( ဘဝတစ်လျှောက်လုံးမှာ ချွင်းချက်အနေနဲ့ လူတစ်ယောက်ရှိခဲ့ဘူးပါတယ် တကယ်ကိုလိုအပ်နေလို့ ကျွန်တော့်ဘက်ကနေ အကူအညီနှစ်ခါတောင်းခဲ့မိပါတယ် ရတီ့ကိစ္စနဲ့မမကိစ္စပေါ့ဗျာ  )


AHA စီကနေလက်ဆောင်တွေရဘူးတယ် ဆေးရုံကြီးကအစ်ကိုစီကနေ သူနိုင်ငံခြားပညာတော်သင်သွားရတော့ ရေမွှေးလိုချင်တယ်ပြောလိုက်တော့ ရေမွှေးလက်ဆောင်ရဘူးတယ် သူစိမ်းယောင်္ကျားနှစ်ယောက်စီကရခဲ့ဘူးတာပါ။


Sales အတော်တော်များများ ဒေါ်နန်းသန်းထွေးစီမှာအလုပ်တောင်းကျပေမယ့် ကျွန်တော်မတောင်းခဲ့မိပါဘူး အခွင့်အလမ်းဆိုတာကိုဖမ်းဆုပ်ထားရမယ်ဆိုတာကို အခုအချိန်အထိကျွန်တော်လက်ခံမထားဘူးဗျ တုံးအတယ်ပဲပြောပြော ကျွန်တော်ကသူများတဖက်သားစီက အလကားဆိုတာကိုမလိုချင်ဘူးဗျ မိန်းမမပီသတဲ့မိန်းမဖြစ်နေမိတာကိုဗျာ ကျွန်တော်ကလူတိုင်းကိုကျွန်တော့်ပုံစံအမှန်ကိုပဲ ချပြပေးတက်တဲ့သူပါ။


အဲ့လိုတွေချေမိုးနေလို့လည်း အချိန်အခါမလင့်ခင်တည်းက ယောကျ်ားမရခဲ့တာပါဗျ။ 🥺


အဲ့လိုနေရင်း Renovation တွေလုပ်တော့ ထိုင်းကအလုပ်သမားတွေလာပါရော MK ပိုင်ရှင်သူဌေးကရှမ်းတရုပ်လူမျိုး သူ့အမျိုးသမီးကထိုင်းလူမျိုးပါ အဲ့ဒီကထိုင်းဝန်ထမ်းတစ်ယောက်ကို ကျွန်တော်က crush မိရော သူငယ်ချင်းမ မီးဇာကအောင်သွယ်ပေးရင်းနဲ့ သူနဲ့ရည်းစားဖြစ်သွားပါလေရော သူကကျွန်တော်တို့ Group မှာ အချောဆုံးအသွက်ဆုံး ကျွန်တော့်ထက်တစ်လငယ်တယ် မြိတ်မှာမွေးရန်ကုန်မှာကြီးတဲ့ကောင်မလေး ကျွန်တော့်ကိုလည်းအရမ်းချစ်တယ် တစ်ခုခုမကျေနပ်လို့ ကျွန်တော့်နာမည်အပြည့်အစုံခေါ်ပြီဆိုရင် သူစိတ်ဆိုးနေပြီ 


အဲ့ကလေးလည်းအသက်မရှည်ရှာပါဘူး သူသဘောကျတဲ့သူနဲ့အိမ်ထောင်ကျလို့ ၂၀၀၃ခုနှစ်မှာ MK ကနေအလုပ်ထွက်သွားပြီး ၂၀၀၇ခုနှစ်မှာ ကင်ဆာဖြစ်ပြီးဆုံးပါးသွားရတာပါ သူကင်ဆာဖြစ်နေတာမသိလိုက်ရဘူး ကျွန်တော်စင်ကာပူကနေအလုပ်အဆင်မပြေလို့ ပြန်လာတဲ့အချိန်မှာသူ့နာရေးတွေ့လိုက်ရတာ သူ့အသက်မမီလိုက်ပါဘူး ရေဝေးမှာတွေ့လိုက်ရတဲ့ သူ့ပုံစံကိုမြင်ပြီး အဲ့ဒီအချိန်မှာသံဝေဂရမိပါတယ် အရင်ကပုံစံနဲ့ ရေဝေးခန်းမမှာသူလှဲလောင်းနေတဲ့ပုံစံက လူနှစ်ယောက်လိုပဲဗျာ


အဲ့ဒီ့ထိုင်းပြီးတော့ MK ပိုင်ရှင်ရဲ့တူမ တာဝန်ခံဒါရိုက်တာနီကျဲ သူဌေးမကိုကျွန်တော်တို့ခေါ်တဲ့နာမည်ပါ ထိုင်းကမော်ဒယ်တွေခေါ်ပြီး ရှိုးလုပ်တယ်ဗျာ သူ့တို့ရီဟာဇယ်လုပ်တာက ရုံးခန်းမှာဆိုတော့ရုံးခန်းကိုစာရင်းကိစ္စနဲ့သွားတော့ တွေ့ရပြီး crush မိပြန်ရော ဆိုင်ထဲမှာ ရှိုးစမ်းလျှောက်တော့မိတ်ဆက်မိပါတယ် သူ့အီးမေးလ်ကိုပေးပေးတယ် ၂၀၀၁ ၂၀၀၂ က မေးလ်ဆိုတာဘာမှန်းမသိသေးဘူးလေဗျာ ၂၀၀၅ ကျမှ မေးလ်စသုံးတက်ပြီး chatting ထိုင်တက်တာ ဒါပေမယ့်အိမ်မှာဘရော့ဘန်မရှိတော့ အမြဲမသုံးဖြစ်ပါဘူးဗျာ


ထိုင်းမော်ဒယ်လ်ကထိုင်းလိုပြော ကျွန်တော်က E လိုပြောနဲ့ counter မှာ Q မိနေတာ ည၉နာရီအလုပ်ပြန်တဲ့အချိန် ဖယ်ရီပေါ်မှာလူစုံအောင်စောင့်နေတုန်း ထိုင်းမော်ဒယ်နဲ့မြန်မာတစ်ယောက်လာကြိုပါလေရော ဖယ်ရီပေါ်ကကိုယ့်ထိုင်ခုံမှာ ခပ်တည်တည်ထိုင်နေလိုက်တယ် စိတ်ထဲမှာတော့ဗုဒ္ဓေါ၊မြတ်စွာဘုရားကယ်တော်မူပါဆိုပြီး ဘုရားတနေရတယ်ဗျာ တော်သေးတယ်ပါလာတဲ့သူကလည်း မြန်မာကားချားကိုနားလည်တာနဲ့ ထိုင်းမော်ဒယ်လ်ကိုယ်တိုင်ကလည်းအတင့်မရဲတာနဲ့ ပြဿနာအကြီးကြီးမတက်တာဗျ အိမ်ရောက်တော့မမကိုပြောပြတော့ အဆူခံထိပါလေရောဗျာ။


ရေးဖို့အများကြီးမကျန်တော့ပေမယ့် ဖုန်းပျက်သွားလို့ ဒီနေရာမှာပဲရပ်လိုက်ပါတယ်ဗျာ ဖုန်းဝယ်ပြီးရင်တော့ ဘုရားလမ်းကိုအိမ်ပြောင်းသွားတော့ ကကားမှတ်တိုင်မှာဆုံပြီး ရည်းစားမဖြစ်လိုက်တဲ့ ကျန်တဲ့တစ်ယောက်အကြောင်း ဆက်ရေးပေးပါမယ်ဗျာ။