ဝဋ်


 

ဖုန်းကဘက်ထရီဖောင်းပြီးလစ်သွားတော့ ဖုန်းပြန်မဝင်သေးခင်စပ်ကြားမှာ ဖုန်းသုံးတဲ့အချိန်ပိုနည်းသွားရရော စာရေးတာကလွဲရင် ဖုန်းကိုအရင်လိုမသုံးဖြစ်တော့ဘူးဗျ အဲ့ဒီအချိန်ကိုစာအုပ်ဖတ်တာနဲ့ အိမ်ကိစ္စကူလုပ်ပေးတာအတွက်ပဲ သုံးလိုက်ပါတယ်ဗျာ။


၂၀၂၅ခုနှစ်၊ဧပြီလကစပြီးတော့ ဘဝကတဖြေးဖြေးတည်ငြိမ်စပြုလာပါတယ် အရင်လိုမရှုပ်ထွေးတော့ဘူးပေါ့ဗျာ ဘဝကပဲကျွန်တော်နေထိုင်မှုပုံစံကို ပြုပြင်ပေးသွားရတာပါ စာရေးတာကိုအချိန်တော်တော်များများပေးပြီး လုပ်ဖြစ်ပေမယ့် စာအုပ်ဖတ်တာနဲ့အပင်စိုက်တာဘက်ကိုလည်း ကျွန်တော်အားထုတ်ရတော့မယ်ဗျ ဘာသာရေးလည်းနေ့စဥ်လုပ်နိုင်ဖို့အတွက် ကြိုးစားအားထုတ်ရတော့မယ်ခင်ဗျ။


၂၅ရက်နေ့ညကဖုန်းပျက်နေတော့ စာအုပ်ပြန်ဖတ်ဖြစ်တယ် ကိုအောင်မျိုးသူလွင်စာအုပ်ဖတ်တာ ၂ပုဒ်ပဲသေချာဖတ်ဖြစ်တယ် ဆက်ဖတ်တော့စိတ်မပါတော့ဘူး အဲ့ဒါနဲ့သာဝါးလို့ထွေးကိုစဖတ်တော့လည်း စိတ်မပါဘူး ကျွန်တော်စာဖတ်အားအများကြီးကျသွားတယ်ဗျာ


အလုပ်ပိတ်ရက်တွေကို ဖုန်းသုံးတာအများကြီးလျော့ပြီး စာပြန်ဖတ်ရတော့မယ်ဗျာ


ကျောင်းမှာအားတဲ့အချိန်ကို စာရေးဖြစ်တော့ စာရေးဖို့အချိန်ကအရင်ကထက်ပိုရလာတယ် ပိတ်ရက်ကိုတော့ ဘာသာရေးလုပ်ဖို့၊ စာဖတ်ဖို့၊ အပင်စိုက်ဖို့၊ အိမ်ကိုကူဖို့အချိန်မျှသုံးရမယ် ဘဝကနေထိုင်မှုပုံစံကို guide line ချပေးတော့ ကျွန်တော်လည်းကြိုးစားပြီးနေထိုင်ပေးရမှာပေါ့ဗျာ


မလွယ်ပေမယ့်

ကိုယ်တစ်ယောက်တည်း ဝင်လာခဲ့တဲ့လောကကြီးမှာ

ဒီအချိန်ကိုယ်တစ်ယောက်တည်း 

အသည်းကွဲပြီးကျန်ခဲ့လည်း အချစ်ရာမြင်လား

ကမ္ဘာဟာ သူ့အချိန်အတိုင်း သူလည်ပတ်အုန်းမှာပါ။


27th July 2025.



စိတ်ကြီးတက်တဲ့ ဒေါသကြီးတက်တဲ့ ကျွန်တော့်စိတ်ကိုဆုံးမရအုန်းမယ်ဗျာ ဒါပေမယ့်လည်း လူတစ်ယောက်ကိုနစ်နစ်နာနာပြောဆိုတက်တဲ့ လူတစ်ယောက်စီမှာတော့ ထမင်းတစ်လုပ်တုတ်တစ်ချက်သဘောမျိုး ဖြစ်နေရတဲ့အတွက်ဆက်ပြီးမနေတော့ပါဘူးဗျာ


ကျွန်တော်မနှစ်မျို့ဆုံးအချက်က လူတစ်ဖက်သားကို မကြာခဏကြမ်းကြမ်းတမ်းတမ်းပြောဆို ဆက်ဆံတက်တဲ့သူမျိုးကိုပါ။


ကျွန်တော်လည်းအရမ်းရိုင်းတက်ပါတယ် ဒါပေမယ့်စိတ်ရိုင်းကိုချွန်းအုပ်ထားပါတယ် အခုနောက်ပိုင်းမှမဟုတ်ပါဘူး ကျွန်တော့်အပေါ်ရိုင်းစိုင်းခဲ့တဲ့သူတွေအပေါ်မှာတောင် ခပ်ကြမ်းကြမ်းစကားလုံးတွေကို မသုံးခဲ့ဘူးပါဘူး ဘယ်လောက်ပဲဒေါသထွက်ပြီးစိတ်ဆိုးနေပါစေ သူစိမ်းတွေအပေါ်မှာရင့်ရင့်သီးသီးမပြောဆိုခဲ့တာကအရင်ကတည်းကပါ 


အရင်တုန်းကတော့မိသားစုဝင်တွေအပေါ်မှာ ဒေါသထွက်လာတိုင်းပြဿနာဖြစ်ခဲ့တိုင်း ရင့်ရင့်သီးသီးပြောဆိုခဲ့ဘူးပါတယ် ဒီနှစ်ပိုင်းမှာ အိမ်နဲ့ကတောက်ကဆဖြစ်ခဲ့ရင်တောင် အရင်လိုမရိုင်းစိုင်းတော့ပဲ ယဥ်ကျေးလာရတာကလည်း ကျွန်တော်ရင့်ကျက်လာလို့ပဲဆိုပါတော့ဗျာ အဲ့လိုပြောဆိုမိခဲ့တဲ့ ဝဋ်တွေကျွန်တော့်စီပြန်လည်လာရတာ နေမှာပါဗျာ


ကိုယ့်အပေါ်ရိုင်းစိုင်းနေတဲ့သူမျိုးကိုလည်း စိတ်ထဲမှာအဆင်မပြေပေမယ့် မခံချိမခံသာဖြစ်နေရပေမယ့် ခွန်းတုန့်ပြန်မပြောမိတာကလည်း လူ့ယဥ်ကျေးအပြုအမူတစ်ရပ်ပါပဲဗျာ။


30th July 2025.



လစာ 350,000/-

မနက်စာ၂၆ရက်စာ 2,000/- × 26=52,000/-

နေ့လည်ထမင်းဘူး ၂၆ရက်စာ 3,500/- × 26=91,000/-

ကားခ ၂၆ရက်စာ 800/- × 26=20,800/-

အလှကုန် ၂၆ရက်စာ 50,000/-

Total 213,800/-   

Balance 136,200/- 


လမ်းပိတ်လို့ကားငှားစီးရတဲ့ Taxi ခ၊ နောက်ကျလို့အဖြတ်ခံရတဲ့လခ တွေကိုထည့်မပြောတော့ပါဘူး သန်းခေါင်အပြင်ညမနက်တော့ပါဘူးဗျာ။


ညစာစားဖိုနဲ့ကျန်းမာရေးစရိတ်မပါသေးဘူး အဲ့လောက်ပိုက်ဆံလေးအတွက်နဲ့  နင့်နင့်နာနာပြောဆိုခံရတာတွေ  ရုံးဝန်ထမ်းလား ရုံးအကူဝန်ထမ်းလား ကိုယ့်ဘာသာမသိအောင် တောက်တိုမယ်ရလုပ်နေရတာတွေက နှစ်လကျော်ပြီဆိုတော့ ကျွန်တော်ဆက်လုပ်ဖို့အတွက်အဆင်မပြေတော့ပါဘူး 


အလုပ်တစ်ခုမှာပိုက်ဆံလုံလုံလောက်လောက်ရရင်ရ မရရင်ပညာရရမယ်လို့ပဲခံယူထားပါတယ် ပိုက်ဆံလည်းမရ၊ပညာလည်းမရတဲ့အပြင် ကျွန်တော့်စိတ်ကိုပါကြမ်းတမ်းစေတဲ့အလုပ်မျိုးကို ဆက်လုပ်ဖို့အတွက်လည်း ဘယ်လိုမျှစိတ်မပါတော့ပါဘူးခင်ဗျာ


အလုပ်ချိန်တစ်ရက်ကို၉နာရီ၊ အလုပ်လာဖို့ပြင်ဆင်ရတဲ့အချိန် တစ်ရက်ကို၂နာရီ၃၀မိနစ်၊ အိမ်ပြန်ဖို့ကြာချိန် တစ်ရက်ကို၁နာရီ၂၀မိနစ်၊ တစ်ရက်ကို ၁၃နာရီလောက် အချိန်ပေးရပြီးတော့ ကိုယ့်အတွက်အကျိုးမရှိတဲ့အလုပ်ကိုလုပ်ခဲ့မိတာ ကျွန်တော့်အမှားပါ 


အလုပ်မဝင်ခင်တည်းက Fb မှာ ရှာကြည့်တော့ စကားလုံးကြမ်းကြမ်းတွေသုံးတက်တာကို ရှာတွေ့မိတာတောင် အဲ့လောက်မဆိုးဝါးလောက်ပါဘူးဆိုပြီး ပေါ့ဆမိတာကိုက ကျွန်တော့်အမှားပါ


နေမကောင်းဖြစ်ပြီး​အလုပ်ပြန်ဆင်းတော့ အဖေ့ကသမီးကိုဆက်မလုပ်စေချင်ဘူးပြောခဲ့တာကို အလုပ်တစ်ခုရချင်ဇောနဲ့ ရပါတယ်အဖေရာဆိုပြီးတော့ ကျွန်တော်ဆက်လုပ်မိတာပါ မိဘစကားကိုနားမထောင်ခဲ့မိတာပါ


လျော်ကြေးငွေနှစ်လစာ ၇သိန်းကိစ္စအတွက် သြဂုတ်လ၊စက်တင်ဘာလမှာရမယ့်လစာနဲ့ ပေးချေနိုင်ပြီးရင်တော့ စက်တင်ဘာလအကုန်မှာ အလုပ်ကနေနှုတ်ထွက်ဖို့ကိစ္စအတွက် အဆင်သင့်ဖြစ်ပါပြီ ၉လပိုင်းအကုန်ကျရင်တော့ အပြီးသတ်နိုင်ပြီထင်ပါတယ်ဗျာ။


31st July 2025.



ဒီညနေအလုပ်ပြန်တော့ ကားပေါ်မှာကလေးမငယ်ငယ်လေးက အစ်မပြန်ရမှာဝေးတယ်မဟုတ်လားဆိုပြီး မြေနီကုန်းမှာဆင်းမယ့် သူကောင်လေးနေရာကိုဝင်ထိုင်ခိုင်းတယ် ကျွန်တော်ဆင်းတဲ့အထိတောင် အဲ့ကလေးမလေးမဆင်းရသေးဘူး


မာလာမှတ်တိုင်မှာ နောာက်ထပ်ကလေးစုံတွဲမှာ  ကလေးမလေးကကိုယ်ဝန်ကြီးနဲ့ လမရင့်သေးပေမယ့်ကိုယ်ဝန်ဆောင်ဆိုတာ ပင်ပန်းမှာပဲလေ နေရာဖယ်ပေးတော့သူ့ခမျာအားနာနေရှာတယ် ထမင်းဘူးခြင်းတောင်းပေမယ့် မပေးလိုက်မိပါဘူး ခရီးတထောက်မှာကလေးအမေကိုရောကလေးကိုပါ သက်သာစေချင်တယ်လေ


အဲ့ဒီခံစားချက်ကနေ စိတ်ဖြေစရာအသိတရားလေး ပေါ်လာခဲ့ရတာပါ


မနေ့ကစိတ်အတော်လေးထိခိုက်ရလို့ အိမ်ပြန်နောက်ကျတာတောင် ကားပေါ်မှာဘုရားစာမဆိုမိဘူး ဒီနေ့တော့ဘုရားစာရွတ်ဖြစ်ပါတယ် မနေ့ကကိစ္စကြောင့် တနေ့လုံးအမြင်မကြည်ဖြစ်ခံရပေမယ့် ကျွန်တော့်ဘက်ကနေတော့ ၉လပိုင်းလအကုန်အထိ အလုံးအရပ်မလျော့ဘဲ အလုပ်စဝင်တဲ့နေက အားထုတ်မှုအတိုင်းပဲ လုပ်စရာရှိတာတွေလုပ်ဆောင်ပေးသွားမှာပါ


ဒီနှစ်လလုံးကကသူ့ကို အလကားလုပ်ပေးရတယ်ဆိုတဲ့ အတွေးမျိုးကိုလည်း နည်းနည်းလေးမျှမတွေးမိခဲလပါဘူး ကားပေါ်မှာဘုရားစာရွတ်နေရင်းနဲ့ ဆရာတော် ဦးဗုဓ် နန်းမတော် မယ်နုကိုမိန့်ခဲ့တဲ့စကားလေးကို သတိရမိသွားတယ်


" မိနု   သူ့ကြွေးရှိရင် ဆပ်ရတယ်တဲ့ "


ကျွန်တော်လည်း အကြွေးရှိခဲ့လို့နေမှာပါ သေကောင်ပေါင်းလဲဖြစ်ပြီးခဲ့တာတောင် နောက်တစ်ကြိမ်ပြန်လာပြီး ဆပ်ရတယ်ဆိုတာက သူ့ကြွေးမကျေသေးလို့နေမှာပါဗျာ။


9:17pm




Done.


 



နောက်နှစ်ဒီအချိန်ရောက်ရင် မန်မိုရီပြန်တက်လာရင် အမှတ်တရဖြစ်​ဖို့အတွက် calendar မှာ remind လုပ်ရင်းနဲ့ ဒီ post ကိုစရေးမိတာပါ ရေးရင်းနဲ့ ခင်ဗျား fb က post ကိုတွေ့မိတော့ ဖြည့်ရေးမိလိုက်တာပါ ကျွန်တော်က အမှတ်တရတွေကို တယုတယသိမ်းဆည်းထားတက်တဲ့ လူမျိုးလေဗျာ..



၂၀ရက်နေ့ကပုံတင်ထားတာတွေ့တော့ သံယောဇဥ်တွေရပ်တန့်ထားခဲ့ပြီးပြီပေမယ့် ကျွန်တော် Save လိုက်မိပါတယ် ပြီးခဲ့တဲ့နိုဝင်ဘာလကစပြီးခင်ဗျားပုံမတွေ့ရတာ အတော်ကြာပြီလေဗျာ ပုံ Save လိုက်မိလို့ နင်ဒီလိုအတိုင်းရှေ့ဆက်နိုင်မလားဆိုတဲ့ အမေးကတော့ခေါင်းထဲမှာပြည့်ကြပ်နေမိပါတယ်။



၂၁ရက်နေ့ညမှာ ခြေထောက်အနာအရှိန်နဲ့မိုးမိတာနဲ့ လူကချမ်းပြီးဖျားပါလေရော နေမကောင်းတော့ခင်ဗျားကို အများကြီးလွမ်းမိတယ် အနားမှာရှိရင်ကောင်းမှာပဲလို့တွေးမိပြန်တယ် ပြီးတော့မှကျွန်တော်မတန်တရာတွေကို တွေးမိပြန်တယ်ဆိုပြီးနောင်တရမိပြန်တယ် 



ဖျားတဲ့အရှိန်နဲ့ထမင်းလည်းကောင်းကောင်းမစားနိုင်တော့ လူကနှုံးပြီးအိပ်ပျော်သွားတယ် မနက်၅နာရီလောက်တည်းက နိုးနေမိပြီး သတိရမိပြန်တယ် အလုပ်ပျက်လို့မဖြစ်တာနဲ့ ၇နာရီထိုးခါနီးမှနေမကောင်းတဲ့ကြားက အလုပ်သွားဖို့ပြင်ရတော့ မနက်တိုင်းကြည့်နေကျ ခင်ဗျား Account ကိုဝင်မကြည့်ဖြစ်တော့ပါဘူး



နေမကောင်းတော့ပိုပြီးလွမ်းမိပါတယ် ဒါပေမယ့် ကျွန်တော်ရှေ့မဆက်နိုင်တော့ပါဘူးဗျာ ၂၂ရက်နေ့ညဘက်အိမ်ပြန်ရောက်တော့ fb ခဏဝင်ကြည့်မိတော့ ဖုန်းလက်ဆောင်ရတဲ့ post တင်ထားတာဖတ်မိတယ် ခင်ဗျားဘေးမှာ အဲ့လိုအမျိုးသမီးမျိုးတွေရှိတော့ တကယ်ကိုစိတ်ရင်းနဲ့ဝမ်းသာရပါတယ် ကျွန်တော်ရွေးချယ်လိုက်တဲ့လမ်းက မမှားဘူးဆိုတာကိုလည်း လက်ခံလိုက်ပါတယ် မတန်မရာတွေကို မမီမကမ်းတာတွေကို နောက်တစ်ကြိမ်ထပ်ပြီးတော့ မလှမ်းတော့ပါဘူးဗျာ။



၂၃ရက်နေ့ဖုန်းဘက်ထရီဖောင်းသွားတော့ ဖုန်းသုံးလို့မရတော့ဘူး အဲ့ဒီတော့ခင်ဗျား viber ကိုရော fb ကိုရောဝင်မကြည့်နိုင်တော့ဘူး ၂၆ရက်နေ့ ဖုန်းမဝယ်ဖြစ်သေးတာနဲ့ဘက်ထရီပဲလဲဖြစ်တယ် ဖုန်းကိုညှာတာရော နေမကောင်းနေတဲ့ကိုယ့်ဘာသာညှာတာရော blog ရေးတာ တရားဖွင့်တာကလွဲရင် internet ကို အချိန်တစ်ခုအထိမသုံးဖြစ်တော့ဘူးဗျာ သေချာသွားတဲ့အခြေအနေတစ်ခုကို တဖြေးဖြေးလက်ခံပေးလိုက်တာက ကျွန်တော့်အတွက်အကောင်းဆုံးပါပဲဗျာ။



The end of the story. 


တဖက်သက်ချည်နှောင်ထားခဲ့မိတဲ့ ကြိုးတွေကိုလည်းဆက်ပြီးရစ်ပတ်နိုင်ဖို့အတွက် ကျွန်တော်လက်လျော့လိုက်မိတာနေမှာပါ ​နောင်ဆုံးအချိန်အထိရစ်ပတ်နိုင်ဖို့အတွက် လျော့ကြိုးကုန်သွားရတာနေမှာပါ ခင်ဗျားအပေါ်ခံစားချက် မရှိတော့ဘူးလားမေးခဲ့ရင် မနေ့တနေ့ကအတိုင်းပါပဲ



ဒါပေမယ့်အဲ့ဒီ့ခံစားချက်ကို ကျွန်တော်ရပ်တန့်နိုင်ဖို့အတွက် ကြိုးစားအားထုတ်နေပါပြီ ခင်ဗျားကိုမေ့ပြစ်နိုင်ဖို့အတွက်လည်း တကူးတက​ကြီးကြိုးစားပြီးအားမထုတ်တော့ပါဘူး အဲ့လိုလုပ်တာကလည်း ကျွန်တော့်အတွက်တကယ်ကို ပင်ပန်းလွန်းလှပါတယ် 



၂၀ရက်နေ့ညက ၃၁ရက်နေ့ဆိုရင် ၃နှစ်ပြည့်ပြီဆိုတာကိုသတိရနေမိတယ် အခုအချိန်မှာနာကျင်ရပေမယ့် အဲ့ဒီ့အချိန်တုန်းကပျော်ရွှင်ခဲ့ရတဲ့အတွက် တကယ်ကိုကျေးဇူးတင်ပါတယ် အတိတ်ဆိုတာကိုကျွန်တော်ကတန်ဘိုးထားတက်တဲ့ လူတစ်ယောက်ဖြစ်နေလို့ပါ



အခုအချိန်မှာတော့ ခင်ဗျား online သုံးမသုံး viber ကို တစ်နေ့နှစ်ခါလောက်ဝင်ကြည့်မိတယ် fb က ခင်ဗျား wall ကို အရင်လို comment တွေလိုက်မဖတ်ဖြစ်ပေမယ့် fb သုံးဖြစ်တဲ့အချိန်မှာတော့ဝင်ကြည့်ဖြစ်ပါတယ်။



ဒီလောက်ပါပဲ တနေ့တော့ ခင်ဗျား Viber account ကို ဝင်မကြည့်ဖြစ်တော့တဲ့ ခင်ဗျား Fb wall ကို တကူးတကကြီး ဝင်မကြည့်မိတော့တဲ့နေ့တော့ ရောက်လာမှာပါ ကျွန်တော်အရာအားလုံးကိုလက်ခံသွားနိုင်ပြီး ခင်ဗျားနဲ့ပတ်သက်တဲ့ခံစားချက်တွေအကုန်လုံး အနည်ထိုင်သွားတဲ့တနေ့ပေါ့ဗျာ။



#26th July 2025.

Saturday

8:31pm






နောက်နှစ်ဒီအချိန်မှာ (31st July 2025) ကျွန်တော်ပြန်ဖတ်ဖို့အတွက် သိမ်းဆည်းထားတဲ့ အမှတ်တရပေါ့ဗျာ။


ခင်ဗျားနဲ့ပတ်သက်တဲ့အရာအားလုံး ခံစားချက်အားလုံးကို ကျွန်တော်ရပ်တန့်လိုက်ပါပြီ။


တနေ့နေ့တချိန်ချိန်တော့ အရာအားလုံးဟာ နေသားတကျဖြစ်သွားမှာပါလို့ ကျွန်တော်မျှော်လင့်ထားပါတယ်ဗျာ


သုံးလဆိုတဲ့အချိန်ကာလကို ကျွန်တော်ကျော်ဖြတ်ခဲ့ပြီးပြီးဖြစ်တဲ့အတွက် ဒီထက်ပိုပြီးမခံစားတော့ပါဘူးဗျာ 


​ခင်ဗျားနဲ့ရေစက်ရှိလို့ ​တွေ့ဆုံခွင့်ရခဲ့ပြီး ရေစက်ကုန်လို့ ခွဲခွာရခဲ့တယ်လို့ပဲ ကျွန်တော်လက်ခံထားပါတယ်။


အစစအရာရာအကုန်လုံး အဆင်ပြေမယ့်သူဆိုတာကို သိထားပေမယ့် အစစအရာအရာအကုန်လုံးအဆင်ပြေပါစေ အစစအရာအရာအကုန်လုံးဂရုစိုက်ပါဗျာ။


🙏

အချစ်ဦး MK Version!





မော်နီတာအကြောင်းကိုအချစ်ဦး post ရေးပြီးတော့ စျာန်ဝင်သွားပြီး နောက်ထပ်အပိုင်းတွေဆက်ရေးဖြစ်တယ် ရဲရိပ်သာစူပါဝမ်းလည်းရေးပြီးရော MK နဲ့ KL က အကြောင်းလည်းရေးမယ်ဆိုပြီး စထားလိုက်တာ နှစ်ချီကြာသွားပါလေရော​ဗျာ။


ကျောင်းမှာ MK အကြောင်းရေးနေရင်းနဲ့တောင် တခြား post တွေစရေးမိလိုက်တာ သူ့ရေးနေရင်းနဲ့ တခြား ၄ခုကို post တင်ပြီးသွားတယ် သူ့ကိုလက်စမသတ်နိုင်သေးဘူး ဆက်ရေးဖို့ feeling မလာတော့လို့ ဒီလကုန်အစသတ်မယ်ဆိုပြီး ကြိုးစားပန်းစားရေး​နေရတယ်ဗျာ KL အကြောင်းတော့ စျာန်မဝင်သေးတော့ ၃၊၄လအတွင်းမရေးနိုင်သေးဘူးဗျာ


ရေးနေရင်းနဲ့ မနေ့ညကဖုန်းဘက်ထရီကဖောင်းသွားပြီး ပါဝါ၊ဗော်လွန်းခလုပ်တွေအကုန်လုံးက သုံးမရတော့ စာရေးတာကိုနားလိုက်ရပါတယ်ဗျာ။


KL ဇာတ်လမ်းကိုတော့ နောင်တစ်ခေါက်မှပဲ ရေးတော့မယ်ဗျာ အခု MK post တောင်မှ တော်တော်ပြန်စဥ်းစားယူရတယ် ၂၀၀၀၊၂၀၀၁ခုနှစ်ဆိုတော့ နှစ်နှစ်ဆယ်ကျော်ကြာနေပြီဗျာ အသည်းအသန်ကြိုက်ခဲ့တဲ့ ထိုင်းမော်ဒယ်လ်နာမည်ကိုတောင် နာမည်မပြောနဲ့ လူကိုတောင်မမှတ်မိတော့ဘူးဆိုတော့ ကျွန်တော်ကြိုက်တဲ့အဆင့်ကနေ သဘောကျတဲ့အဆင့်ကိုမရောက်ခဲ့တာနေမှာပါ


KL က အကြောင်းလည်းကိုလည်း စျာန်ဝင်အောင် ကြိုးစားပြီးဆက်ရေးပါအုန်းမယ်ဗျာ KL ကိုရောက်တာ ၂၀၀၈ခုနှစ်ဆိုတော့ မန်မိုရီကိုတော်တော်လေး ပြန်ခေါ်ရမှာတော့သေချာတယ်ဗျ


ရွှေဘုံသာစူပါဝမ်းမှာအလုပ်လုပ်နေတုန်း ကြေးမုံလားမြန်မာ့အလင်းလား မမှတ်မိတော့ဘူးဗျ ရန်ကင်းစင်တာ MK Branch မှာ တာဝန်ထမ်းဆောင်ဖို့ အလုပ်ခေါ်စာပါလာပါလေရော သူက လစာလည်းကောင်းတယ် facility အများကြီးပေးတယ်ဗျာ Ferry provide လည်းပါတယ် အဲ့ဒါနဲ့အဖေက MK မှာအလုပ်လျှောက်ဖို့ အကုန်လုံးပြင်ပေးပါလေရော


ကျွန်တော်အခုလိုစည်းနဲ့ကမ်းနဲ့ဖြစ်နေတာက အဘိုးရယ်အဖေရယ်စည်းကမ်းရှိတာရယ် ကျွန်တော် Virgo ဖြစ်တာရယ် လုပ်ငန်းခွင်မှာစည်းစနစ်ကျဖို့အတွက်သင်ကြားပေးခဲ့တဲ့ MK က မြန်မာ၊ထိုင်းဆရာ၊ဆရာမတွေရယ် ကန်တော်ကြီးဟိုတယ်သင်တန်းကျောင်းက ဆရာမကြီးဒေါ်သန်းနွဲ့ရယ် အာရုံဦးမှာတုန်းက Admin အပိုင်းသင်ပေးခဲ့တဲ့ ဆရာဦးမျိုးမြင့်/ဦးမြင့်အောင်ရယ် မိဘ၊ဆရာသမားတွေရဲ့ ကျေးဇူးကြောင့်ပါခင်ဗျာ။


ရန်ကင်းစင်တာမဖွင့်သေးခင် အင်တာဗျုးကို ရန်ကင်းစင်တာ MK ဖွင့်မယ့်နေရာက ပထမထပ်ရုံးခန်းမှာမေးတယ် ၂၀၀၀ခုနှစ်ဆိုတော့ ၁၉နှစ်တောင်မပြည့်သေးဘူး စူပါဝမ်းမှာအလုပ်ဝင်နေတာဆိုတော့ Sales အတွေ့အကြုံကရှိထားပြီးသား အင်တာဗျူးမှာတင် pass ဖြစ်တော့ အလုပ်ကရသွားပါလေရော 


ကိုယ်ကြိုက်တဲ့ counter ရွေးခိုင်းတာ ကလေးသာသာအရွယ်ဆိုတော့ Men wear မရွေးဘဲ Baby wear ရွေးမိပါလေရော ဘဝကြီးကအဲ့ဒီကနေစမှားတာဗျ နောက်တာပါဗျာ အဖြူသပ်သပ်အချိန်ဆိုတော့ အဲ့ဒီ့အတိုင်းရွေးခဲ့မိတာကို အခုအချိန်ကျေနပ်မိပါတယ်ဗျာ


ကျွန်တော်က တောသားရဲဆွဲထုတ်ဗျ သူစိမ်းလူတွေကိုတကယ်ကိုကြောက်တယ် ဒါပေမယ့် မဖြစ်မနေမျက်နှာချင်းဆိုင်တွေ့ကြုံရပြီဆိုရင် ကြောက်တဲ့စိတ်ကိုဖုံးကွယ်ထားနိုင်တယ် အင်တာဗျူးဆိုရင်လည်းအဲ့လိုပဲဗျ မနက်ဖြန်အင်တာဗျူးဖြေရမယ်ဆိုရင် ကြောက်စိတ်နဲ့တစ်ညလုံးအိပ်မပျော်ဘူး 


အင်တာဗျူးအခန်းရှေ့မှာစောင့်နေရရင် လူတစ်ကိုယ်လုံးအေးစက်နေပါလေရော အင်တာဗျူးအခန်းထဲရောက်သွားတာနဲ့ ကျွန်တော်မဟုတ်တဲ့အတိုင်းပဲ ကြောက်စိတ်ကိုဘေးဖယ်ထားနိုင်ပြီး အသေအချာဖြေပေးနိုင်ပါတယ် ဘုရားပေးတဲ့ဆုပေါ့ဗျာ


လူတွေကိုကြောက်တယ် လူတွေကြားရောက်သွားခဲ့ရင် ကျွန်တော်မဟုတ်သလိုမျက်နှာကချီနေတာပဲ အမှန်ကလူတွေကိုကြောက်လို့ဗျ တစ်ယောက်တည်းခရီးသွားရမှာကြောက်တယ် တစ်ယောက်တည်းသွားခဲ့ရတော့လည်း ကျွန်တော်ထင်သလောက် ကြောက်စရာမဟုတ်တာသိခဲ့ရတယ် တနေ့တော့ ခရီးထပ်သွားအုန်းပါမယ်


အသက်၄၀ကျော်နေပြီပဲ Bar မှာ ကျွန်တော်တစ်ယောက်တည်းသွား chill ချင်တယ် လူကြောက်တဲ့စိတ်ကြောင့် ဒီနေ့အထိတစ်ယောက်တည်း မသွားရဲသေးပါဘူးဗျာ အင်တာဗျူးကနေလမ်းလွဲသွားရပြန်ပါပြီ ဆက်မယ်ဗျာ


ရန်ကင်းစင်တာ MK မဖွင့်ခင်ညမှာ Counter တွေ Display ပြဖို့အတွက် တစ်ညလုံးဝန်ထမ်းတွေအကုန်လုံး ညဆိုင်းဆင်းရတယ်ဗျ Management ပိုင်း နဲ့ Super အစ်မတွေကလွဲရင် အထွေထွေမန်နေဂျာကစပြီး သန့်ရှင်းရေးအန်တီတွေအထိ အကုန်လုံးကဝန်ထမ်းအသစ်တွေဗျ မနက်ဖြန်ရန်ကင်းစင်တာဖွင့်ပွဲမှာ MK ကပါတပြိုင်နက်ဖွင့်ရမှာလေဗျာ


ဖွင့်ပွဲနေ့မှာကိုယ့်ကောင်တာလှတပတဖြစ်ဖို့အတွက် Super မသကြားလုံးရယ် ကျွန်တော်၊မီးဇာ၊ခိုင်သူ၊ဇာခြည်၊မခိုင်၊စန္ဒာ အကုန်လုံးအားတက်သရောလုပ်နေကြရတာ ညစာစားတော့ ည၁၂နာရီကျော်နေပြီ Display လုပ်ဖို့ ကျွန်တော်တို့ရထားတဲ့ MK ရုံးခန်းပြတင်းပေါက်နဲ့ ရန်ကင်းစင်တာစင်ဝင်ကတည့်တည့်ဆိုတော့ ဒံပေါက်ဘူးတွေကိုစင်ဝင်အပေါ်မှာ တဖွဲ့လုံးထိုင်စားခဲ့ရတယ်အချိန်တွေကို လွမ်းမိပါတယ်


ည၁၂နာရီကျော်ဆိုတော့ ဆရာစံလမ်းမကြီးက ကားသံတွေတိတ်ဆိတ်နေပြီးတော့ လူနေရပ်ကွက်မှာလည်းအိပ်မောကျနေပါပြီ မနက်ဖြန်ဖွင့်ပွဲအတွက်ပြင်ဆင်နေကျတဲ့ ရန်ကင်းစင်တာကဆိုင်ခန်းတွေစီကပဲ မီးရောင်တလက်လက်နဲ့ဝန်ထမ်းတွေပြင်ဆင်နေကြတာပါ 


အပေါ်ထပ်ရုံးခန်းမှာပြင်ဆင်ပြီးတာနဲ့ ဆိုင်ခန်းဖွင့်လှစ်မယ့်မြေညီထပ်ကို လုံခြုံရေးဝန်ထမ်းတွေကပို့ပေးပါတယ် Baby Wear Counter လေး လှတပတဖြစ်ပြီဆိုတဲ့အချိန် မနက် ၂နာရီလောက်ကျမှ ရုံးခန်းအပေါ်ပြန်တက်ကျပြီး ပလပ်စတစ်အိတ်အခွံတွေကြားမှာ စုပြုံပြီးတိုးဝှေ့အိပ်ရတာလည်း ဘဝမှာတစ်ခါမျှမရဘူးခဲ့တဲ့အတွေ့အကြုံပါပဲ


မနက်၄နာရီပြန်ထကြပြီး အခန်းကိုသန့်ရှင်းရေးအမြန်လုပ် ရန်ကင်းစျေးအပေါ်ထပ်က ကွန်ဒိုမှာရေချိုးဖို့တန်းစီအလှပြင်ကြ မနက်၆နာရီမှာ ယူနီဖောင်းလှတပတလေးနဲ့ Counter ရောက်ကြပါပြီ စျာန်မဝင်တော့ဘူးဆိုပြီးရေးလိုက်တာ အတိတ်ကိုပြန်ရောက်သွားပြီး စာရှည်သွားတယ်ဗျ။


MK စဖွင့်တော့ လုံခြုံရေးဝန်ထမ်းတွေက တကယ့်ကိုအဆင်လေးတွေဗျာ လူချောတွေဆိုတော့ ကောင်မလေးတွေကသဘောကျကြပါတယ် ကျွန်တော်လည်းချောတယ်ဆိုတော့ သဘောကျမိပါတယ် ကြိုက်တဲ့အဆင့်အထိတော့မရောက်ဘူးပေါ့ဗျာ သူတို့လည်းအသီးသီးရည်းစားတွေရသွားကြတော့ တစ်ခန်းရပ်သွားရတာပေါ့ဗျာ


MK မှာ အင်ဂျင်နီယာလည်းရှိပါတယ် သူတို့နှစ်ယောက်မှာတစ်ယောက်ကအဆင်လေး တစ်ယောက်ကသဘောအရမ်းကောင်းပါတယ် သူတို့လည်းရည်းစားရသွားတော့ နောက်တစ်ခန်းရပ်ပေါ့ဗျာ


အဲ့ဒီ့အချိန်တုန်းက ဒေါ်နန်းသန်းထွေးက ကျွန်တော်တို့ Baby wear ရဲ့ Big Customer သူနဲ့အမြဲအတူတူပါလာတက်တဲ့ ရှမ်းကောင်လေးကကျွန်တော့်ကို Crush တယ် ဂျေဒိုးနပ်တွေဝယ်ပြီးလာပေးဘူးတယ် ကျွန်တော်ကဘာသာပဲနေခဲ့မိတယ် သူ့ဘက်ကတော့ကြီးကျယ်တယ်ထင်မှာပဲလေဗျာ


ရာထူးကြီးတဲ့သူ အာဏာရှိတဲ့သူ ပိုက်ဆံအရှိန်အဝါကြီးတဲ့သူဆိုရင် ကျွန်တော်ကလမ်းမှာတွေတဲ့သူစိမ်းလူတွေလိုမျိုး ကျွန်တော့်ဘာသာဘာသိသာနေတက်ပါတယ် သူ့တို့စီကနေတခုခုလိုချင်လို့ ချဥ်းကပ်တယ်ဆိုတဲ့အထင်အမြင်ကို တစ်စက်လေးမျှကိုမကြိုက်ပါဘူး ( ဘဝတစ်လျှောက်လုံးမှာ ချွင်းချက်အနေနဲ့ လူတစ်ယောက်ရှိခဲ့ဘူးပါတယ် တကယ်ကိုလိုအပ်နေလို့ ကျွန်တော့်ဘက်ကနေ အကူအညီနှစ်ခါတောင်းခဲ့မိပါတယ် ရတီ့ကိစ္စနဲ့မမကိစ္စပေါ့ဗျာ  )


AHA စီကနေလက်ဆောင်တွေရဘူးတယ် ဆေးရုံကြီးကအစ်ကိုစီကနေ သူနိုင်ငံခြားပညာတော်သင်သွားရတော့ ရေမွှေးလိုချင်တယ်ပြောလိုက်တော့ ရေမွှေးလက်ဆောင်ရဘူးတယ် သူစိမ်းယောင်္ကျားနှစ်ယောက်စီကရခဲ့ဘူးတာပါ။


Sales အတော်တော်များများ ဒေါ်နန်းသန်းထွေးစီမှာအလုပ်တောင်းကျပေမယ့် ကျွန်တော်မတောင်းခဲ့မိပါဘူး အခွင့်အလမ်းဆိုတာကိုဖမ်းဆုပ်ထားရမယ်ဆိုတာကို အခုအချိန်အထိကျွန်တော်လက်ခံမထားဘူးဗျ တုံးအတယ်ပဲပြောပြော ကျွန်တော်ကသူများတဖက်သားစီက အလကားဆိုတာကိုမလိုချင်ဘူးဗျ မိန်းမမပီသတဲ့မိန်းမဖြစ်နေမိတာကိုဗျာ ကျွန်တော်ကလူတိုင်းကိုကျွန်တော့်ပုံစံအမှန်ကိုပဲ ချပြပေးတက်တဲ့သူပါ။


အဲ့လိုတွေချေမိုးနေလို့လည်း အချိန်အခါမလင့်ခင်တည်းက ယောကျ်ားမရခဲ့တာပါဗျ။ 🥺


အဲ့လိုနေရင်း Renovation တွေလုပ်တော့ ထိုင်းကအလုပ်သမားတွေလာပါရော MK ပိုင်ရှင်သူဌေးကရှမ်းတရုပ်လူမျိုး သူ့အမျိုးသမီးကထိုင်းလူမျိုးပါ အဲ့ဒီကထိုင်းဝန်ထမ်းတစ်ယောက်ကို ကျွန်တော်က crush မိရော သူငယ်ချင်းမ မီးဇာကအောင်သွယ်ပေးရင်းနဲ့ သူနဲ့ရည်းစားဖြစ်သွားပါလေရော သူကကျွန်တော်တို့ Group မှာ အချောဆုံးအသွက်ဆုံး ကျွန်တော့်ထက်တစ်လငယ်တယ် မြိတ်မှာမွေးရန်ကုန်မှာကြီးတဲ့ကောင်မလေး ကျွန်တော့်ကိုလည်းအရမ်းချစ်တယ် တစ်ခုခုမကျေနပ်လို့ ကျွန်တော့်နာမည်အပြည့်အစုံခေါ်ပြီဆိုရင် သူစိတ်ဆိုးနေပြီ 


အဲ့ကလေးလည်းအသက်မရှည်ရှာပါဘူး သူသဘောကျတဲ့သူနဲ့အိမ်ထောင်ကျလို့ ၂၀၀၃ခုနှစ်မှာ MK ကနေအလုပ်ထွက်သွားပြီး ၂၀၀၇ခုနှစ်မှာ ကင်ဆာဖြစ်ပြီးဆုံးပါးသွားရတာပါ သူကင်ဆာဖြစ်နေတာမသိလိုက်ရဘူး ကျွန်တော်စင်ကာပူကနေအလုပ်အဆင်မပြေလို့ ပြန်လာတဲ့အချိန်မှာသူ့နာရေးတွေ့လိုက်ရတာ သူ့အသက်မမီလိုက်ပါဘူး ရေဝေးမှာတွေ့လိုက်ရတဲ့ သူ့ပုံစံကိုမြင်ပြီး အဲ့ဒီအချိန်မှာသံဝေဂရမိပါတယ် အရင်ကပုံစံနဲ့ ရေဝေးခန်းမမှာသူလှဲလောင်းနေတဲ့ပုံစံက လူနှစ်ယောက်လိုပဲဗျာ


အဲ့ဒီ့ထိုင်းပြီးတော့ MK ပိုင်ရှင်ရဲ့တူမ တာဝန်ခံဒါရိုက်တာနီကျဲ သူဌေးမကိုကျွန်တော်တို့ခေါ်တဲ့နာမည်ပါ ထိုင်းကမော်ဒယ်တွေခေါ်ပြီး ရှိုးလုပ်တယ်ဗျာ သူ့တို့ရီဟာဇယ်လုပ်တာက ရုံးခန်းမှာဆိုတော့ရုံးခန်းကိုစာရင်းကိစ္စနဲ့သွားတော့ တွေ့ရပြီး crush မိပြန်ရော ဆိုင်ထဲမှာ ရှိုးစမ်းလျှောက်တော့မိတ်ဆက်မိပါတယ် သူ့အီးမေးလ်ကိုပေးပေးတယ် ၂၀၀၁ ၂၀၀၂ က မေးလ်ဆိုတာဘာမှန်းမသိသေးဘူးလေဗျာ ၂၀၀၅ ကျမှ မေးလ်စသုံးတက်ပြီး chatting ထိုင်တက်တာ ဒါပေမယ့်အိမ်မှာဘရော့ဘန်မရှိတော့ အမြဲမသုံးဖြစ်ပါဘူးဗျာ


ထိုင်းမော်ဒယ်လ်ကထိုင်းလိုပြော ကျွန်တော်က E လိုပြောနဲ့ counter မှာ Q မိနေတာ ည၉နာရီအလုပ်ပြန်တဲ့အချိန် ဖယ်ရီပေါ်မှာလူစုံအောင်စောင့်နေတုန်း ထိုင်းမော်ဒယ်နဲ့မြန်မာတစ်ယောက်လာကြိုပါလေရော ဖယ်ရီပေါ်ကကိုယ့်ထိုင်ခုံမှာ ခပ်တည်တည်ထိုင်နေလိုက်တယ် စိတ်ထဲမှာတော့ဗုဒ္ဓေါ၊မြတ်စွာဘုရားကယ်တော်မူပါဆိုပြီး ဘုရားတနေရတယ်ဗျာ တော်သေးတယ်ပါလာတဲ့သူကလည်း မြန်မာကားချားကိုနားလည်တာနဲ့ ထိုင်းမော်ဒယ်လ်ကိုယ်တိုင်ကလည်းအတင့်မရဲတာနဲ့ ပြဿနာအကြီးကြီးမတက်တာဗျ အိမ်ရောက်တော့မမကိုပြောပြတော့ အဆူခံထိပါလေရောဗျာ။


ရေးဖို့အများကြီးမကျန်တော့ပေမယ့် ဖုန်းပျက်သွားလို့ ဒီနေရာမှာပဲရပ်လိုက်ပါတယ်ဗျာ ဖုန်းဝယ်ပြီးရင်တော့ ဘုရားလမ်းကိုအိမ်ပြောင်းသွားတော့ ကကားမှတ်တိုင်မှာဆုံပြီး ရည်းစားမဖြစ်လိုက်တဲ့ ကျန်တဲ့တစ်ယောက်အကြောင်း ဆက်ရေးပေးပါမယ်ဗျာ။





စိုင်းထီးဆိုင် - နေ့သစ် (Audio)




အတိတ်မှာနေထိုင်မိနေတဲ့ ကျွန်တော့်ကိုယ်ကျွန်တော် မနက်ခင်းတွေရှိကြောင်းကို သတိပေးနေရပြန်တယ်


အသားကျဖို့ အနည်ထိုင်ဖို့ဆိုတာ အချိန်ကာလတစ်ခုယူရမယ်ဆိုတာကို ကျွန်တော်နားလည်ထားပေမယ့် တကယ်ကိုပင်ပန်းတယ်ဗျာ..


😰

Care yourself!!

 



မိန်းမတစ်ယောက်အတွက် အလှပဆုံးအချိန်က 35th to 38th အထိသာလို့ ကျွန်တော်မှတ်ယူထားပါတယ် 40th ကျော်သွားရင်တော့ တည်ငြိမ်ရင့်ကျက်ရမယ်အရွယ်ကို မဖြစ်မနေရောက်ရမှာပါဗျာ။



အသက်လေးဆယ်ကျော်ရင် ရင့်ကျက်ရမှာဖြစ်လို့ အရင်လိုချစ်တာတွေမေတ္တာတွေကို တခမ်းတနားချပြနေတာကြီးကိုက မဖြစ်သင့်တော့ပါဘူးဗျာ အဲ့တာကိုကျွန်တော်တစ်ယောက် မနေ့တနေ့ကအချိန်အထိ မိန်းမကြီးတစ်ယောက်အနေနဲ့ အချစ်ဆိုတဲ့ခံစားချက်ကြောင့် အတော်လေးဖြစ်ပျက်နေခဲ့မိပါတယ် ဝန်ခံရရင်တကယ်ကိုရှက်မိပါတယ်



မိန်းမတစ်ယောက်အတွက်အလှပဆုံးအချိန်ကို ကျော်လွန်ခဲ့ပြီဖြစ်လို့ ကိုယ်ပိုင်မိသားစုဆိုတာကိုလည်း အရင်လိုမလိုချင်တော့ပါဘူး မိသားစုတစ်ခုကိုတည်ထောင်ဖို့အတွက် ကျွန်တော်အတွက် အချိန်အများကြီးနှောင်းသွားပါပြီ အချစ်ဆိုတဲ့ခံစားချက်က တားဆီးလို့မရတာဖြစ်လို့ လူတစ်ယောက်ကိုနောက်တစ်ကြိမ်ထပ်ပြီး ချစ်ခဲ့မိရင်တောင် ရူးရူးမိုက်မိုက်မချစ်တော့ပါဘူးဗျာ။



ကျွန်တော်ဘက်ကနေချစ်ပေးသလောက် တုန့်ပြန်ခြင်းမရှိဘဲ ပြန်မချစ်ပေးနိုင်တဲ့သူကိုလည်း ကျွန်တော်ချစ်ခင်မြတ်နိုးရသူအဖြစ် မသတ်မှတ်တော့ပါဘူးဗျာ နှစ်ခါသေးဘူးတော့ ပျဥ်ဘိုးအပြင် သံဘိုးပါနားလည်ရမှာပေါ့ဗျာ 



၂၀၁၀ခုနှစ်က KL မှာ အလုပ်အတူတူလုပ်ခဲ့ဘူးတဲ့ သူငယ်ချင်းယောကျ်ား​လေးတစ်ယောက် ပြောခဲ့ဘူးပါတယ် သူကကျွန်တော်ထက်အတော်လေးငယ်ပေမယ့် စာအရမ်းဖတ်တဲ့သူမျိုးဖြစ်တော့ Thinking ပိုင်းက အတော်လေးကောင်းတယ် အဲ့ဒီအချိန်မှာကျွန်တော်က Jpan က ညီတစ်ယောက်နဲ့အာရုံများနေတော့ အတူနေတဲ့သူငယ်ချင်းတွေကလည်းပြောပြကြတယ် ကိုယ့်စိတ်ကိုလူတစ်ယောက်တည်းအပေါ်မှာစိတ်မနှစ်ထားဖို့ကို



အဲ့ဒီ့ Brother က မဝိုင်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့အချိန်တွေကို အလဟာသက်ဖြုန်းတီးတက်တဲ့ ယောကျ်ားတစ်ယောက်ကိုဘယ်တော့မျှမရွေးချယ်ပါနဲ့ မိန်းကလေးတစ်ယောက်အတွက်အချိန်နဲ့အရွယ်ဆိုတာ သူ့ဘဝနဲ့တိုက်ရိုက်ပတ်သက်မှုရှိတယ်တဲ့ ကျွန်တော်သူ့စကားကို အဲ့ဒီ့အချိန်က Agree မလုပ်ခဲ့ပါဘူး အဲ့ဒီအချိန်ကညီဆိုတာကို ကမ္ဘာတစ်ခုသတ်မှတ်နေမိတာကို နှစ်အကြာကြီး​ကျော်လွန်သွားကာမှ သူ့စကားကိုကျွန်တော် Agree ဖြစ်ခဲ့ရတာပါဗျာ



လှတပတလေးနေမယ် စိတ်ချမ်းသာအောင်ထားမယ် လိုချင်တာတွေတက်နိုင်သမျှဝယ်ပေးမယ် စာအုပ်တွေဖတ်မယ် ခရီးတွေသွားမယ် အတက်နိုင်ဆုံးအကြွေးကင်းအောင်နေမယ် အိုမင်းချိန်အတွက်စုဆောင်းငွေထားမယ် ဘာသာတရားကိုအတက်နိုင်ဆုံးအားထုတ်ပါမယ်။



လူတစ်ယောက်ကို နောက်တစ်ကြိမ်ထပ်ပြီးသဘောကျခဲ့မိရင်လည်း Selfish လို့ပဲပြောပြော မှန်လိုပဲကျင့်သုံးပါတော့မယ် ကျွန်တော်ကပြုံးပြနေတာကို ခပ်တည်တည်ရုပ်သွင်ထင်မည့်မှန်မျိုးကို ဘယ်သူကများဆက်ကြည့်နေမှာလည်းဗျာ



ဘဝဆိုတာ တခဏလေးပါ မျက်စိတမှိတ်လျှပ်တပြက်အချိန်လေးပါပဲ အဲ့ဒီခဏလေးကိုကျွန်တော်ဖြုန်းတီးခဲ့မိတာ နှစ်ကြိမ်နှစ်ခါရှိခဲ့ပါပြီ မိန်းမတစ်ယောက်ရဲ့အလှဆုံးအချိန်တွေလည်း ကုန်ဆုံးသွားပါပြီ အဲ့ဒီတော့ကျွန်တော်ကိုယ်ကျွန်တော် အများကြီး ဂရုစိုက်ပေးရတော့မှာပေါ့ဗျာ



မနေ့က post တစ်ခုဖတ်လိုက်ရတယ် လူတစ်ယောက်ဟာ ဘဝတစ်လျှောက်လုံးမှာ သုံးခါချစ်မိနိုင်တယ်..



( လူတစ်ယောက်ဟာ ဘဝတစ်လျှောက်လုံးမှာ ( ၃ ) ခါချစ်မိနိုင်ပါတယ်။

ပထမဆုံးအချစ်

ပထမဆုံးအချစ်ကတော့ ငယ်ရွယ်စဉ် 

ဆယ်ကျော်သက်အရွယ်မှာ ဖြစ်တဲ့အချစ်မျိုး

ဖြစ်တယ်။ 

ဒုတိယအချစ်

ဒီအချစ်ကတော့ ကိုယ့်ကိုအင်မတန် 

နာကျင်ခံစားသွားရစေမယ့် အချစ်မျိုးဖြစ်တယ်။ 

ဒီအချစ်ကြောင့်ပဲ ဘဝသင်ခန်းစာတွေရပြီး ပိုပြီး

ရင့်ကျက်သန်မာလာစေမယ်။ 

ခံစားချက်မျိုးစုံ အမှတ်တရမျိုးစုံ 

ဒဏ်ရာမျိုးစုံလဲရစေမယ်

ပြီးဆုံးသွားတာတောင် နှစ်တွေအများကြီး

ကြာတဲ့အထိကိုယ့်ရင်ထဲစွဲကျန်နေမယ့် 

အချစ်မျိုးဖြစ်တယ်။ 

အချစ်ဆိုတာကိုလဲ ဒီဒုတိယအချစ်မှာ 

စတင်နားလည်လာမှာဖြစ်တယ်။

တတိယအချစ်

လိုက်ရှာစရာမလိုပဲ ကိုယ့်ဆီအလိုလို

ရောက်လာမယ့် အချစ်မျိုးဖြစ်တယ်။

ဒုတိယအချစ်ကနေ ရလာတဲ့ဝေဒနာတွေကိုလဲ 

ကုစားပေးမယ့်အချစ်ဖြစ်တယ်။ 

ရင့်ကျက်သွားပြီဖြစ်တဲ့ အရွယ်ရောက်နေပြီမို့ 

လွယ်လွယ်နဲ့မချစ်မိတော့မယ့် အရွယ်လဲဖြစ်တယ်။

ချစ်မိပြန်ရင်လဲ အပြန်အလှန်လေးနက်တဲ့ခံစား

ချက်တွေ လေးနက်တဲ့အတွေးတွေနဲ့ ချည်နှောင်မိ

လာမယ်။ သူနဲ့အတူ အိမ်ထောင်ရေးတစ်ခု

မိသားစုတစ်ခုကို တည်ဆောက်မိလာ လိမ့်မယ်။

ကံကောင်းတဲ့လူတစ်ချို့ကတော့သူတို့ရဲ့ 

အချစ်၃ခုလုံးကို လူတစ်ယောက်တည်းနဲ့ပါ။ )



အဲ့ဒီအတိုင်းဆိုရင် ကျွန်တော့်အတွက် change တစ်ခုကျန်သေးမယ်ထင်ပါတယ်ဗျာ ကျွန်တော့်အတွက် တတိယလူဖြစ်လာပေးမယ့် ဘုရားပေးမယ့်လူတစ်ယောက်ပေါ့ဗျာ ကျွန်တော့်မှာမိသားစုတစ်ခုကို တည်ဆောက်ဖို့အတွက် စိတ်ကူးမရှိတော့ပေမယ့် တစ်နေရာတည်းမှာအတူတူမဖြစ်နိုင်ခဲ့ရင်လည်း တစ်ယောက်တစ်နေရာစီမှာဖြစ်နေခဲ့ရင်တောင် အဲ့ဒီလူနဲ့အတူတူအိုမင်းသွားချင်တဲ့ အတွေးမျိုးတော့ကျွန်တော့်မှာရှိပါသေးတယ်



အများကြီးမလိုချင်တော့ပါဘူး ကျွန်တော့်အပေါ်မှာစိတ်ရင်းနဲ့ စေတနာ၊မေတ္တာရှိပေးမယ့်လူတစ်ယောက်ဆိုရင် တကယ်ကိုပြည့်စုံပါပြီဗျာ။ လူတစ်ယောက်က အခြားလူတစ်ယောက်အပေါ် စေတနာရှိမှသာ မေတ္တာပေးနိုင်မှာဖြစ်သလို ကိုယ်ချင်းစာတရားလည်း ထားပေးနိုင်မှာလို့ ကျွန်တော်ယုံကြည်ထားသူပါ 



May be ပေါ့ဗျာ တတိယလူတစ်ယောက်မရှိခဲ့ရင်တောင် ကျွန်တော်တည်ညိမ်ရင့်ကျက်​နိုင်ဖို့အတွက် အချိန်ကာလတစ်ခုပေးမှာပါ။



ငွေကြေးအတိုင်းအတာအရ ကျွန်တော်မှာမပြည့်စုံပေမယ့် မိုးလုံလေလုံခိုင်ခန့်တဲ့ကျောခင်းစရာအိမ်ရှိတယ် ကျွန်တော့်ကိုနွေးထွေးစေတဲ့ အဖေ၊အမေနဲ့ ဦးလေး၊အစ်မ၊မောင်လေး၊မောင်ငယ်၊တူ၊တူမ အပါအဝင် အတူနေ၊အတူမနေတဲ့မိသားစုဝင်ကိုးယောက်ရှိတယ် လောလောဆယ်တစ်ကိုယ်စာ စားဝတ်နေရေးအတွက် အလုပ်တစ်ခုရှိတယ် ကိုယ်ပိုင်လုပ်ငန်းအသေးစားလေးလုပ်နိုင်ဖို့ ငွေကြေးအနည်းငယ်ရှိတယ်



တကယ်တော့ကျွန်တော့်ဘဝက တစ်ယောက်တည်းအေးအေးချမ်းချမ်းနေမယ်ဆိုရင်လည်း ကျေနပ်စရာကောင်းပါတယ်ဗျာ အရင်လိုလိုအင်ဆန္ဒတွေမကြီးမားတော့တဲ့အတွက် အပူအပင်တွေအများကြီးလျော့နည်းသွားပါပြီဗျာ။



အရိုးရှင်းဆုံးဘဝတစ်ခုကို ဘုရားရှင်ရဲ့မေတ္တာတရားကြောင့် ကျွန်တော်ပိုင်ဆိုင်ထားရပြီဖြစ်လို့ ကျန်ရှိတဲ့အချိန်ခဏလေးမှာ ပူပင်သောကတွေကို ကျွန်တော်မဖန်တီးတော့ပါဘူးဗျာ။







ချစ်သောစကားဖြူ




ကျောင်းမှာတပိုင်းတစရေးထားတာကို မနေ့ညကလက်စသတ်ပြီး post တင်မလို့ကို စကားဖြူပုံလေးတောင် down ထားပြီးပြီ fb မှာ ကျော်ပုလဲလေးဆုံးသွားတာတွေ့တော့ စိတ်မကောင်းဖြစ်ပြီး မနေ့ညက လူက shut down ဖြစ်သွားရပါလေရော



အဲ့ဒါနဲ့ပဲ အခုညကျမှတင်ဖြစ်သွားတာပါ ကျွန်တော်တစ်ယောက်ဘယ်အရာကိုမဆို သံယောဇဥ်ကြီးတက်လွန်းတာကလည်း လူကိုဥပါဒ်ဖြစ်စေပါတယ်ဗျာ။




အခုရေးမယ့်ချစ်သောက ကျွန်တော့်စိတ်ကူးထဲကဇာတ်ဆောင် ကျွန်တော်နာကျင်တဲ့အချိန်မှာ ဖြေသိမ့်ရာဖြစ်တဲ့ ကျွန်တော့် Ace ပေါ့ဗျာ Malaysia hostel ရှေ့မှာက စကားဖြူပင်တွေအမြဲပွင့်နေတာ ဖွေးနေရောပဲ အဲ့ဒါကိုသတိရမိတာနဲ့ အမှတ်တရနာမည်ပေးမိလိုက်တာပါဗျာ။



လူတစ်ယောက်ကိုမေ့နိုင်ဖို့ဆိုရင် အခြားလူတစ်ယောက်ကိုအစားထိုးဖို့က ကျွန်တော့်အတွက်မလွယ်ကူနိုင်သလို ကျွန်တော့်အသက်အရွယ်နဲ့က မဖြစ်သင့်ဘူးလို့လက်ခံထားတဲ့သူဖြစ်လို့ပါဗျာ



Ace ကို အခုလိုအချိန်မှာသတိတရနဲ့ ဘာလို့ကျွန်တော်အစားထိုးရလည်းဆိုခဲ့ရင် အဲ့ဒီအချိန်တုန်းက ကျွန်တော်လည်းသူ့ကို သဘောကျမိတာကလွဲရင် ချစ်တယ်ဆိုတဲ့ fall in love အဆင့်အထိ မရောက်ခဲ့သလို သူလည်းကျွန်တော့်ကို အရေးတယူဂရုစိုက်ခဲ့တာကလွဲရင် girlfriend ဆိုတဲ့ ကောင်မလေးအဆင့်အထိ မရောက်ခဲ့ပါဘူး 



ဒါပေမယ့်အဲ့ဒီအခြေအနေကိုအတိတ်မှာရော အခုလက်ရှိအချိန်မှာရော ကျွန်တော်တကယ်ကိုကျေနပ်ခဲ့ပါတယ်ဗျာ။



ဖားအောက်တောရမှာတရားမထိုင်နိုင်ခင်အချိန်အထိ နောက်ထပ်ရင်ခုန်ဘက် တွေ့လာခဲ့ရင်တောင် ခင်ဗျားလိုမျိုးအရင်ကလိုမျိုးပုံအောပြီးမချစ်ပေးဖို့ကို ကျွန်တော့်ကိုယ်ကျွန်တော် တားမြစ်ထားလိုက်ပါပြီဗျာ။



မော်နီတာကစပြီး ခင်ဗျားအထိသဘောကျခဲ့သမျှထဲမှာ ကျွန်တော့်ကိုအမြဲလိုလိုဂရုစိုက်ပေးခဲ့သူက Kar Soon တစ်ယောက်ပဲရှိခဲ့ပါတယ် ကျွန်တော်လည်းသူ့ကိုသဘောကျတဲ့အဆင်မှာပဲ ရပ်တန့်ခဲ့သလို သူလည်းနိုင်ငံခြားသားဝန်ထမ်း အမျိုးသမီးတစ်ယောက်ကို ဂရုစိုက်ပေးတဲ့အဆင်မှာပဲရပ်တန့်ထားတဲ့အတွက် အခုအချိန်မှာ တကယ်ကိုကျေးဇူးတင်ရပါတယ်



Golden Ace Mark ကို စရောက်တုန်းက မလေးရှားနိုင်ငံသားတရုပ်လူမျိုးတွေကြားမှာ မလေးရှားစကားကျွမ်းကျင်စွာမပြောတက်တဲ့ မြန်မာတစ်ယောက်အနေနဲ့အတော်ကိုဒုက္ခရောက်ရပါတယ် Grace က စနောက်ပြီး Khin ရောက်လာလို့ မလေးလိုမပြောရဘူးအင်္ဂလိပ်ပဲပြောရမယ်ပြောတော့ အံသြပြီးရယ်နေခဲ့သူပါ Enji က သေချာမေးတော့ ကျွန်တော်မလေးလိုနားလည်တယ် သေချာပြန်မပြောတက်လို့အင်္ဂလိပ်ပဲပြောတာပါရှင်းပြတော့ 



Ace က Khin နင်အဆင်ပြေသလိုအင်္ဂလိပ်လိုပဲပြောပါ ငါတို့အဆင်ပြေပါတယ်ပြောပြီး Grace ကိုလည်း​မစမနောက်ဖို့ပြောပေးခဲ့တဲ့သူပါ နေမကောင်းဖြစ်ရင်လည်းနင်အဆင်မပြေရင် hostel ပြန်နားပါလား Leen ရှိတာပဲ မနက်ဖြန်အနားယူလိုက်လေပြောတက်သူ birthday party တွေရှိလို့ သူတို့နဲ့အတူတူမစားရဲရင်လည်း Khin,dont be shame. we are brother and sister ဆိုပြီး စားစရာတွေလာထည့်ပေးပြီး အနေမခက်စေဖို့ပြောပြပေးတက်သူ ဂရုစိုက်ပေးတက်တဲ့သူ



HQ က staff party ကို KL ကနေအလှမ်းဝေးတဲ့ ဒီဆာပရာမိုင်းမှာလုပ်တော့လည်း Alvin နဲ့အတူတူလာပေးခဲ့သူ Khin နင့် Hostel က အဝေးကြီးမှာပါလားဆိုပြီး စိတ်မကောင်းဖြစ်ခဲ့သူ 



အဲ့ဒီနေ့က Shirt အဖြူလွလွလေးဝတ်ထားပြီး Jean pant ရယ် အမြဲပျော့ဆင်းနေတဲ့ဆံပင်အတိုလေးကို Gel ထောင်ပြီးပုံကျကျလေးပြင်ဆင်လာခဲ့တာကိုသတိရနေမိတယ် Ace ကို ခွင့်တောင်းပြီး အဲ့ဒီ့နေ့က ဓါတ်ပုံမရိုက်ထားမိတာကိုလည်း အခုမှစိတ်မကောင်းဖြစ်မိပါတယ် 



တကယ်လို့ပေါ့ဗျာ Time slip ဖြစ်ပြီး ၂၀၀၈ခုနှစ်ကိုပြန်ရောက်ခဲ့ရင်တောင် Kar Soon ကို သဘောကျမိတဲ့အဆင့်မှာပဲရပ်ထားမှာပါ ကျွန်တော် PC3 staff party ကိုသူလာခဲ့တဲ့အချိန်ကိုပဲ ကျွန်တော်ပြန်သွားပြီး Kar Soon ငါနင်နဲ့ဓါတ်ပုံရိုက်လို့ရမလားဘဲ ခွင့်တောင်းခဲ့မိမှာပါ



လူအလို နတ်မလိုက်နိုင်တဲ့ 



ကျွန်တော်အလိုလည်း ကျွန်တော်မလိုက်နိုင်ပါဘူးဗျာ



ဂရုတစိုက်ရှိပေးတဲ့သူကိုကျတော့ Fall in love ဖြစ်ဖို့ မကြိုးစားခဲ့ဘဲ ကျီးထိုးထိုးခွေးစားစား ပြစ်ထားတက်တဲ့သူကိုကျတော့မှ ပုံအောပြီးချစ်ခဲ့ပေးတက်တာကိုပါဗျာ။



၄နှစ်လုံးနီးပါးလုပ်ငန်းခွင်မှာ အချိန်အတော်များများအတူရှိခဲ့ကြလို့ Kar Soon အကြောင်း အများကြီးရေးမယ်စဥ်းစားထားပေမယ့် Feel မလာလို့ဆက်မရေးတော့ပါဘူးဗျာ ဒီမှာပဲရပ်လိုက်ပါပြီဗျာ။


🥰

ရာသီပြောင်းချိန် - စိုင်းထီးဆိုင် Myanmar Music HD



အိမ်အပြင်မှာ မိုးတွေကသည်းကြီးမဲကြီးရွာနေတော့
သတိရမိပါတယ် အဲ့ဒီအရပ်မှာရော အခုလိုမိုးကြီးနေမလားဆိုပြီးတော့


တကယ်ကိုသတိရမိပေမယ့် သတိရတဲ့နေရာလေးမှာတင် ကျွန်တော်ရပ်ထားလိုက်ပါတယ် ကျွန်တော်ကိုယ်တိုင်အရာအားလုံးကို လွှတ်ချထားခဲ့ပြီးပါပြီ


ကြင်နာခဲ့ရသမျှအတိုင်းအတာထက် အဆများစွာနာကျင်ခဲ့ရပြီးပြီပဲ လုံလောက်ပါပြီဗျာ..


😰

2026!


 

နောက်နှစ်မှာဘာလုပ်မလဲဆိုတာကို ၂၀၂၅ခုနှစ်ဇွန်လကုန်တည်းက ကျွန်တော်စပြီးပြင်ဆင်ထားပါတယ်ဗျာ နောက်သုံးလဆိုရင်အသက်၄၄နှစ်ရောက်ပြီ အသက်၅၀ဆိုရင်လူ့သက်တမ်းသုံးပုံနှစ်ပုံဆိုတော့ ကျွန်တော်လည်းအသက်အတော်ကြီးနေပါပြီ။



​အိပ်ရေးအရမ်းမက်ခဲ့တဲ့ကောင်အတွက် မနက်၆နာရီနိုးအောင်လုပ်ပေးခဲ့တဲ့ လုပ်ငန်းခွင်ကိုလည်း ကျေးဇူးတင်ရပါတယ် အိမ်မှာနေရင်မနက်လင်းအားကြီးတဲ့အထိ စီးရီးတွေထိုင်ကြည့်နေ​တက်ပြီး မနက်၉နာရီတောင်အိပ်ရေးမဝသေးလို့ မထချင်သေးတဲ့လူလေဗျာ 



အခုတော့ည၁၁နာရီအိပ်ရင်တောင်အတော်​လေးနောက်ကျနေပါပြီ အသက်ရှုကြပ်ပြီးကတည်းကညဘက်တရေးနိုးတက်လို့အိပ်ချိန်က ၆နာရီမပြည့်တော့ဘူးလေဗျာ



ပိုက်ဆံသုံးတက်တဲ့အကျင့်ကိုလည်း ပြင်ရတော့ပါမယ် လစာသုံးသိန်းခွဲမှာအိမ်ကိုတစ်ဝက်ပေးတော့ တစ်သိန်းခုနှစ်သောင်းခွဲကျန်ပါတယ် ငါးသောင်းစုတော့ကျွန်တော့်သုံးရမယ့်ငွေက တစ်သိန်းနှစ်သောင်းငါးထောင်ပဲအများဆုံးသုံးရမှာပါ အဲ့ဒါကိုတစ်လနှစ်သိန်းကျော်သုံးနေတော့ လတိုင်းကိုအိမ်ကိုပြန်ဆပ်ရမယ့်အကြွေးပမာဏက တိုးတိုးလာရောဗျာ ရတဲ့လစာမျှမကသုံးနေတာက မဖြစ်သင့်ဘူးလေဗျာ



ကျွန်တော့်အသက်အရွယ်ရှိတဲ့ လူလွတ်မိန်းမတစ်ယောက်ရဲ့ ကိုယ်တိုင်စုဆောင်းငွေက ရာဂဏန်းကျော်ရှိရမှာဖြစ်ပေမယ့် ဆယ်ဂဏန်းစွန်းစွန်းသာရှိပါတယ် ဒါတောင်အိမ်ကအိမ်ရောင်းထားတဲ့ထဲကနေ နေမကောင်းဖြစ်တဲ့အချိန်မှာသုံးချင်တာသုံးလို့ရအောင်ပေးထားတာနဲ့ ( ပိုက်ဆံမရှိရင်စိတ်ဓါတ်ကျတက်တဲ့ကောင် ဖြစ်နေသေးလို့ပေးတာပါဗျာ ) 



သူငယ်ချင်းနှစ်ယောက် အလုပ်မရှိခင်အချိန်ကပေးထားတဲ့မုန့်ဖိုးကျန်တာတွေပါ ကျွန်တော့်ကိုယ်ပိုင်ဝင်ငွေနဲ့စုဆောင်းထားမှုက တစ်ကျပ်မျှတောင်မရှိသေးပါဘူးဗျာ I honestly tell the truth, I am still stupid. တကယ်ကိုလူဆိုးကြီးပါဗျာ



ငွေစကားပြောလို့ ကျွန်တော်လိုအင်ဆန္ဒတွေ အရင်အတိုင်းမဟုတ်တော့ပါဘူး အရင်ကကန်တော်ကြီးပတ်လမ်းလိုနေရာမျိုးမှာ လုံးချင်းအိမ်လေးနဲ့ 2000cc Toyota Rush ကားနဲ့ Bank Account ထဲမှာ ဂဏန်း၉လုံးရှိစေချင်ခဲ့တဲ့သူပါ အခုတော့ အတော်လေးအေးချမ်းနေပါပြီ



ကိုယ်ပိုင်အိမ်မရှိလည်း ဝမ်းမနည်းတော့ဘူး Bank Account ထဲမှာ ပိုက်ဆံလျော့သွားလည်း အရင်လိုစိုးရိမ်မကြီးတော့ဘူး အလုပ်ကလေးတစ်ခုရှိပြီ ကိုယ်ပိုင်အိမ်မဟုတ်ပေမယ့် နောက်ဆုံးအချိန်အထိနေလို့ရတဲ့နေစရာ မိုးလုံလေလုံလုံးချင်း​အိမ်လေးရှိပြီ အဖေနဲ့အမေဆေးကုပေးဖို့အတွက် သိန်း၂၀၀လောက်ပိုက်ဆံကျန်သေးတယ်ဆိုတော့ တကယ်ကိုပြည့်စုံပါပြီဗျာ



အောင်ဘာလေထီ ဆုကြီးပေါက်ပြီး သိန်း၅,၀၀၀ ရခဲ့ရင်တော့ အဖေနဲ့အမေကိုသိန်း၅,၀၀၀ ထုတ်ပေးပြီး မြန်မာအစွန်အဖျားဒေသတွေကို တစ်လ၊နှစ်လလောက်ခရီးထွက်မယ် ဖားအောက်တောရမှာတစ်လတရားထိုင်မယ် တရားအားထုတ်နိုင်သွားပြီဆိုရရင် အေးအေးဆေးဆေးတစ်ယောက်ထဲ နေပါတော့မယ်ဗျာ



 အများကြီးမတောင့်တတော့ပါဘူး လူ့ဘဝဆိုတာ ခဏတာလေးဆိုတာကို ကျွန်တော်လက်ခံပေးလိုက်နိုင်တာပါဗျာ။



30th June 2025.

Monday.

9:24pm