ပြိုကျသွားသော။




ကျွန်တော်အပါအဝင်လူတော်တော်များများက တစ်စုံတစ်ခုပြိုကျပျက်စီးသွားခဲ့ရင် အစကနေပြန်တည်ဆောက်လို့ရတယ်လို့ ခံယူထားခဲ့ပါတယ်


တကယ်တော့ တစ်ခါတစ်ရံသာပြိုကျသွားခဲ့တဲ့အရာတွေက အကောင်းအတိုင်းပြန်မဖြစ်ခဲ့ရင်တောင် ပြန်ပြီးတည်ဆောက်လို့ရတာပါ


မကြာမကြာပျက်စီးသွားနေတဲ့အရာတွေကတော့ ပြန်ပြီးတည်ဆောက်ဖို့အတွက် ထုထည်မျှမရှိတော့တာဗျာ အမှုန်ဖြစ်သွားရတဲ့အရာတွေကို ဘယ်လိုနည်းနဲ့မျှတည်ဆောက်လို့မရတော့ဘူးဆိုတာ ကျွန်တော်မသိခဲ့တာပါ။


#28.05.2026

🍀



ဇွန်လကနေစပြီးတော့ စိတ်သစ်လူသစ်နဲ့ လူ့ဘဝကိုအကောင်းမြင်စိတ် အများကြီးထားပြီး နေထိုင်သွားတော့မှာဖြစ်လို့ ဒီ post ကို မေလအကုန်မှာ တစ်ခါတည်းတင်ခဲ့တာပါ။


Googbye Khin.


တစ်ဘဝလုံးစာအတွက် နှုတ်ဆက်ခဲ့ပါတယ် ကျန်ရှိတဲ့ဘဝသက်တမ်းမှာ စိတ်ကလေးအမြဲအေးချမ်းပါစေ။

#Day0

 




ကျွန်တော့်ကိုကျွန်တော် သိပ်ချစ်ပေးတက်တဲ့သူဖြစ်လို့ #Day30 အထိ note ရေးဖို့အတွက့် ခွင့်ပြုပေးထားလိုက်ပါတယ် အဲ့ဒါကလွဲရင် ခင်ဗျားနဲ့ပတ်သက်တဲ့ ခံစားချက်တွေကို ကျွန်တော်မသိမ်းဆည်းထားတော့ပါဘူး ဗျာ။


ဒီ post က May လ တစ်လလုံးအတွက်ပါဗျာ #Day30 ဆိုတာ ဘယ်နှစ်လအထိကြာမလည်း မသိပါဘူးဗျာ တချို့ရက်တွေ့က တအားကြီးလွမ်းမိတာတောင် စာရေးလို့မရလို့ပါ စာမရေးနိုင်တာပါဗျာ။




#Day1


အရင်ရက်တွေကဆိုရင် line ပေါ်ကနေအကြာကြီးပျောက်နေရင် တနေလုံးစိုးရိမ်စိတ်နဲ့ telegram ကို ခဏခဏဝင်ကြည့်မိပါတယ် ဒီနေ့တော့ line သုံးဖြစ်တဲ့အချိန်လောက်ပဲ ဝင်ကြည့်ဖြစ်တော့ပါတယ်


စိတ်နာသွားတာလားလို့မေးရင် မဟုတ်ပါဘူး အများကြီးကိုဝမ်းနည်းခဲ့ရလို့ ငါမရတော့ဘူးဆိုတဲ့စိတ်ကို လက်ခံပေးလိုက်တာပါ


မနာလိုဝန်တိုစိတ်လည်းမဖြစ်ခဲ့ပါဘူး စစ်သားနဲ့ရှေ့နေကလိုက်ဖက်တယ်ဆိုတဲ့ စိတ်ကလေးကိုပဲလက်ခံထားပါတယ် 


ကျွန်တော်ကယောင်္ကျားလေးဆန်ပေမယ့် အရမ်းကို soft ဖြစ်တဲ့သူပါ ဒါကြောင့် မတအားထိရှသွားခဲ့လို့သာ  အကုန်လုံးပြိုကျသွားရတာပါ ဗျာ။

15thMay2026.




#Day2


တနေ့က tg ဝင်တော့ခင်ဗျား online ဖြစ်နေတာကိုမြင်ရတော့ စိတ်ချမ်းသာသွားရပါတယ် ကျွန်တော်လွှတ်ချလိုက်ပြီဆိုပေမယ့် ယတိမပြတ်နိုင်သေးတာ ကျွန်တော့အားနည်းချက်ပါ


အဲ့နေ့ညမှာပဲ ဘာတစ်ခုမျှမမြင်ရတဲ့ ခင်ဗျား fb account ကို ဝင်ကြည့်မိပြန်တယ် ​ပြီးတော့ကိုယ့်အဖြစ်ကိုယ်သနားမိပါတယ်


မနေ့ညကအိပ်လို့မပျော်တော့ လွမ်းတယ် ကိုကို ဆိုတဲ့စာသားကို tg မှာ ပို့ချင်မိပြန်တယ် မဖြစ်ပါဘူးဆိုပြီး စိတ်ကိုပြန်ထိမ်းလိုက်ပါတယ်


ဒီနေ့နေလည်ကျတော့ 15ရက်နေ့က ထိတွေမှုသတင်းကိုဖတ်လိုက်ရတော့  tg ကို ထပ်ပြီးတော့ blocked ချင်လည်း blocked ပါစေဆိုပြီး 


အစစအရာရာ ဂရုစိုက်ပါနော်။


ဆိုတာကို ပို့မိပြန်တယ် ဒီညအထိတော့ blocked မခံရသေးပါဘူး


ညဘက် fb သုံးရင်း ခင်ဗျားသင်တန်းတက်နေတာကို ရှာရှာဖွေဖွေလုပ်မိရင်းနဲ့ သိခွင့်ရလိုက်တယ် အများကြီးဝမ်းသာမိပါတယ် အန္တရာယ်ကင်းတာသိလိုက်ရတဲ့အပြင် သင်တန်းတက်ခွင့်မရသေးသူအတွက် သင်တန်းတက်ခွင့်ရှိတော့ ရေမြင့်လေကြာတင့်လေ ဖြစ်သွားရလို့ပါ


ဘုန်းကံမြင့်မားသူဖြစ်လို့ လူမင်းမနေနိုင်တာလည်း ဖြစ်ကောင်းဖြစ်မှာပါ


အစစအရာရာ အကုန်လုံးအဆင်ပြေပါစေဗျာ blocked ခံထားတဲ့ viber မှာ 11ရက်နေ့ကပို့ထားသလိုပါပဲ ရေစက်ရှိလို့တွေ့ခဲ့ရတယ်ဆိုရင် တနေ့ပြန်တွေ့ခွင့်ရှိအုန်းမှာပါ 


အဲ့ဒီ့ထက်ပိုပြီး ကျွန်တော်သေးသေးလေးမျှတောင် မမျှော်လင့်ချင်တော့ပါဘူးဗျာ ကျွန်တော်ကသူများထက်ပိုပြီး ခံစားချက်ကြီးလွန်းသူပါ။

17thMay2026.




#Day3


မနက်ကအိမ်ကမောင်ဝမ်းကွဲတွေကို ပေးထားတဲ့ပိုက်ဆံနည်းနည်းအတွက် ၄လစာအတိုးလေးကို KBZ Bank ကနေသွားထုတ်ပေးဖို့လုပ်တော့ MPU card pw ကို ခင်ဗျားမွေးနေ့ထားထားတာသတိရတော့ ပြုံးမိပါတယ် ( 2022ခုနှစ် ဇန်နဝါရီလောက်က စထားဖြစ်တာပါ ) KBZ Pay လည်း ခင်ဗျားမွေးနေ့ MPU card တွေလည်းခင်ဗျားမွေးနေ့ ဖုန်း lock လည်း ခင်ဗျားမွေးသက္ကရာဇ် fb pw လည်း ခင်ဗျားနဲ့စတွေ့ခဲ့ရတဲ့နေ့ apps lock တွေသာ ကျွန်တော့်မွေးနေ့


​အော် သနားလိုက်တာဗျာ အဲ့ဒါတွေကိုပြောင်းဖို့ကို ကျွန်တော်စိတ်ကူးမရှိသေးတာပါ fb account ကို ကျွန်တော့်ကိုလက်မခံနိုင်တော့မှန်းသိလို့ ပြန်မ add တော့ပေမယ့် မနေ့ညက ဖုန်းနံပါတ်၂ခုလုံး ပြန် save မိလိုက်ပါတယ် အမေ့ဖုန်းနံပါတ်ကို အလွတ်မရသေးတဲ့သူက 1st april ကမှ သိလိုက်ရတဲ့နံပါတ်ကျတော့ ကျွန်တော်အလွတ်ရသွားပြီလေ


အမှန်အတိုင်းပြောရရင် အဲ့လိုတွေလုပ်မိနေတဲ့ မပြတ်သားနိုင်တဲ့ ကျွန်တော့်ကိုယ်ကျွန်တော် အများကြီးမုန်းမိပါတယ်


ဒီညလည်း ခင်ဗျား tg ကိုစာပို့မိလိုက်တယ် စာဖျက်သွားပြီး account ပျောက်သွားလို့ ရှာလို့လည်းမရတော့တာနဲ့ blocked လိုက်ပြီထင်နေတာပါ search bar မှာရှာကြည့်တော့မှ ရှိသေးလို့ ဟင်းချနိုင်တော့တယ်


စာပို့လိုက်မိလို့​ တောင်းပန်ပါတယ် blocked မလုပ်ပါနဲ့ ကျွန်တော်ထပ်မပို့တော့ပါဘူး။🙏


ကျွန်တော့်ဘက်ကနေ မှားသွားလို့ တောင်းပန်ထားတာပါ မနက်အိပ်ယာကနိုးတဲ့အချိန် blocked ခံထားရရင်တော့ ဘာတက်နိုင်မှာလည်းဗျာ ည၁နာရီကျော်နေလို့ အိပ်တော့မယ်ဗျာ။


တကယ်ကြီးလွမ်းနေမိပါတယ်

မနက်၃နာရီထိုးတော့မယ် ခင်ဗျားကိုလွမ်းမိနေတုန်းပဲ။

20thMay2026.



#Day0


အရက်ရက်တွေကတော့ ခင်ဗျားကိုအများကြီးလွမ်းမိပေမယ့် Note ရေးလို့မရလို့ ကျွန်တော်မရေးဖြစ်တာပါ မနေ့ကတော့ အလုံးစုံပြိုကျပျက်စီးသွားရတဲ့ ကျွန်တော့်ခံစားချက်တွေကြောင့် #Day30 ကို ဆက်မရေးဖြစ်တော့ပါဘူး ဆက်ပြီးရေးဖို့ ကျွန်တော့်မှာဘာမျှကို မကျန်တော့တာပါ


ယောင်္ကျားတစ်ယောက်ကမိန်းမတစ်ယောက်ကို ကိုယ်ချင်းစာပေးနိုင်တယ်ဆိုတာ အဲ့ဒီ့အမျိုးသမီးအပေါ် သူ့အလေးထားမှုနဲ့ ထပ်တူအချိုးကျတယ်ဆိုတာကို ကျွန်တော်တစ်ယောက်လျစ်လျှူရှုမိခဲ့မိတာပါ။

#28thMay2026.

#Thursday.



ဒီလိုလေးပဲ။







ဒီနေ့ကောင်းတာတွေအများကြီးလုပ်ခဲ့မိတော့ ကောင်းတာကိုပဲမျှော်လင့်ပြီးတော့ စာပို့လိုက်မိတာပါ အိပ်ခါနီး မျက်ရည်ကျမိပြီး စိတ်မကောင်းဖြစ်ရတာတော့ ကျွန်တော်ရလိုက်တဲ့ ဒုက္ခပေါ့ဗျာ



တဖက်မှာလည်း သူ့အခြေအနေနဲ့အချိန်အခါရှိမှာပါလို့ ဖြည်တွေးလိုက်ပါတယ် ရင်ထဲမှာတော့ ပြီးပါပြီ။ ဆိုတာကို ပညာရှိပီပီပြောပေးလိုက်တာပါဆိုတာကို နားလည်လိုက်ပါတယ်



အများကြီးမရေးနိုင်တော့ပါဘူးဗျာ။


😭


 

#Day30



 ကျွန်တော့်ကိုကျွန်တော် သိပ်ချစ်ပေးတက်တဲ့သူဖြစ်လို့ #Day30 အထိ note ရေးဖို့အတွက့် ခွင့်ပြုပေးထားလိုက်ပါတယ် အဲ့ဒါကလွဲရင် ခင်ဗျားနဲ့ပတ်သက်တဲ့ ခံစားချက်တွေကို ကျွန်တော်မသိမ်းဆည်းထားတော့ပါဘူး ဗျာ။


ဒီ post က May လ တစ်လလုံးအတွက်ပါဗျာ #Day30 ဆိုတာ ဘယ်နှစ်လအထိကြာမလည်း မသိပါဘူးဗျာ တချို့ရက်တွေ့က တအားကြီးလွမ်းမိတာတောင် စာရေးလို့မရလို့ပါ စာမရေးနိုင်တာပါဗျာ။




#Day1


အရင်ရက်တွေကဆိုရင် line ပေါ်ကနေအကြာကြီးပျောက်နေရင် တနေလုံးစိုးရိမ်စိတ်နဲ့ telegram ကို ခဏခဏဝင်ကြည့်မိပါတယ် ဒီနေ့တော့ line သုံးဖြစ်တဲ့အချိန်လောက်ပဲ ဝင်ကြည့်ဖြစ်တော့ပါတယ်


စိတ်နာသွားတာလားလို့မေးရင် မဟုတ်ပါဘူး အများကြီးကိုဝမ်းနည်းခဲ့ရလို့ ငါမရတော့ဘူးဆိုတဲ့စိတ်ကို လက်ခံပေးလိုက်တာပါ


မနာလိုဝန်တိုစိတ်လည်းမဖြစ်ခဲ့ပါဘူး စစ်သားနဲ့ရှေ့နေကလိုက်ဖက်တယ်ဆိုတဲ့ စိတ်ကလေးကိုပဲလက်ခံထားပါတယ် 


ကျွန်တော်ကယောင်္ကျားလေးဆန်ပေမယ့် အရမ်းကို soft ဖြစ်တဲ့သူပါ ဒါကြောင့် မတအားထိရှသွားခဲ့လို့သာ  အကုန်လုံးပြိုကျသွားရတာပါ ဗျာ။

15thMay2026.




#Day2


တနေ့က tg ဝင်တော့ခင်ဗျား online ဖြစ်နေတာကိုမြင်ရတော့ စိတ်ချမ်းသာသွားရပါတယ် ကျွန်တော်လွှတ်ချလိုက်ပြီဆိုပေမယ့် ယတိမပြတ်နိုင်သေးတာ ကျွန်တော့အားနည်းချက်ပါ


အဲ့နေ့ညမှာပဲ ဘာတစ်ခုမျှမမြင်ရတဲ့ ခင်ဗျား fb account ကို ဝင်ကြည့်မိပြန်တယ် ​ပြီးတော့ကိုယ့်အဖြစ်ကိုယ်သနားမိပါတယ်


မနေ့ညကအိပ်လို့မပျော်တော့ လွမ်းတယ် ကိုကို ဆိုတဲ့စာသားကို tg မှာ ပို့ချင်မိပြန်တယ် မဖြစ်ပါဘူးဆိုပြီး စိတ်ကိုပြန်ထိမ်းလိုက်ပါတယ်


ဒီနေ့နေလည်ကျတော့ 15ရက်နေ့က ထိတွေမှုသတင်းကိုဖတ်လိုက်ရတော့  tg ကို ထပ်ပြီးတော့ blocked ချင်လည်း blocked ပါစေဆိုပြီး 


အစစအရာရာ ဂရုစိုက်ပါနော်။


ဆိုတာကို ပို့မိပြန်တယ် ဒီညအထိတော့ blocked မခံရသေးပါဘူး


ညဘက် fb သုံးရင်း ခင်ဗျားသင်တန်းတက်နေတာကို ရှာရှာဖွေဖွေလုပ်မိရင်းနဲ့ သိခွင့်ရလိုက်တယ် အများကြီးဝမ်းသာမိပါတယ် အန္တရာယ်ကင်းတာသိလိုက်ရတဲ့အပြင် သင်တန်းတက်ခွင့်မရသေးသူအတွက် သင်တန်းတက်ခွင့်ရှိတော့ ရေမြင့်လေကြာတင့်လေ ဖြစ်သွားရလို့ပါ


ဘုန်းကံမြင့်မားသူဖြစ်လို့ လူမင်းမနေနိုင်တာလည်း ဖြစ်ကောင်းဖြစ်မှာပါ


အစစအရာရာ အကုန်လုံးအဆင်ပြေပါစေဗျာ blocked ခံထားတဲ့ viber မှာ 11ရက်နေ့ကပို့ထားသလိုပါပဲ ရေစက်ရှိလို့တွေ့ခဲ့ရတယ်ဆိုရင် တနေ့ပြန်တွေ့ခွင့်ရှိအုန်းမှာပါ 


အဲ့ဒီ့ထက်ပိုပြီး ကျွန်တော်သေးသေးလေးမျှတောင် မမျှော်လင့်ချင်တော့ပါဘူးဗျာ ကျွန်တော်ကသူများထက်ပိုပြီး ခံစားချက်ကြီးလွန်းသူပါ။

17thMay2026.




#Day3


မနက်ကအိမ်ကမောင်ဝမ်းကွဲတွေကို ပေးထားတဲ့ပိုက်ဆံနည်းနည်းအတွက် ၄လစာအတိုးလေးကို KBZ Bank ကနေသွားထုတ်ပေးဖို့လုပ်တော့ MPU card pw ကို ခင်ဗျားမွေးနေ့ထားထားတာသတိရတော့ ပြုံးမိပါတယ် ( 2022ခုနှစ် ဇန်နဝါရီလောက်က စထားဖြစ်တာပါ ) KBZ Pay လည်း ခင်ဗျားမွေးနေ့ MPU card တွေလည်းခင်ဗျားမွေးနေ့ ဖုန်း lock လည်း ခင်ဗျားမွေးသက္ကရာဇ် fb pw လည်း ခင်ဗျားနဲ့စတွေ့ခဲ့ရတဲ့နေ့ apps lock တွေသာ ကျွန်တော့်မွေးနေ့


​အော် သနားလိုက်တာဗျာ အဲ့ဒါတွေကိုပြောင်းဖို့ကို ကျွန်တော်စိတ်ကူးမရှိသေးတာပါ fb account ကို ကျွန်တော့်ကိုလက်မခံနိုင်တော့မှန်းသိလို့ ပြန်မ add တော့ပေမယ့် မနေ့ညက ဖုန်းနံပါတ်၂ခုလုံး ပြန် save မိလိုက်ပါတယ် အမေ့ဖုန်းနံပါတ်ကို အလွတ်မရသေးတဲ့သူက 1st april ကမှ သိလိုက်ရတဲ့နံပါတ်ကျတော့ ကျွန်တော်အလွတ်ရသွားပြီလေ


အမှန်အတိုင်းပြောရရင် အဲ့လိုတွေလုပ်မိနေတဲ့ မပြတ်သားနိုင်တဲ့ ကျွန်တော့်ကိုယ်ကျွန်တော် အများကြီးမုန်းမိပါတယ်


ဒီညလည်း ခင်ဗျား tg ကိုစာပို့မိလိုက်တယ် စာဖျက်သွားပြီး account ပျောက်သွားလို့ ရှာလို့လည်းမရတော့တာနဲ့ blocked လိုက်ပြီထင်နေတာပါ search bar မှာရှာကြည့်တော့မှ ရှိသေးလို့ ဟင်းချနိုင်တော့တယ်


စာပို့လိုက်မိလို့​ တောင်းပန်ပါတယ် blocked မလုပ်ပါနဲ့ ကျွန်တော်ထပ်မပို့တော့ပါဘူး။🙏


ကျွန်တော့်ဘက်ကနေ မှားသွားလို့ တောင်းပန်ထားတာပါ မနက်အိပ်ယာကနိုးတဲ့အချိန် blocked ခံထားရရင်တော့ ဘာတက်နိုင်မှာလည်းဗျာ ည၁နာရီကျော်နေလို့ အိပ်တော့မယ်ဗျာ။


တကယ်ကြီးလွမ်းနေမိပါတယ်

မနက်၃နာရီထိုးတော့မယ် ခင်ဗျားကိုလွမ်းမိနေတုန်းပဲ။

20thMay2026.


ဘာမျှမဟုတ်ပါဘူးဗျာ။


 

တနေ့ဆိုတဲ့ post လေးတင်ခဲ့မိပါတယ် တနေ့ပြန်ဆုံမယ်ဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့ပေါ့ဗျာ..



တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှ ပြည်ကရှေ့နေမလေး post က fb မှာပေါ်လာတယ် ဘာမျှမပြောနိုင်ပါဘူး ကျွန်တော့်ကိုကျွန်တော် လိမ်ထားမိတဲ့ခံစားချက်ကြီးက ဝုန်းကနဲဆို ထင်ထင်ရှားရှားကြီး မြင်လိုက်ရလို့ပါ



ငါ့နဲ့ပတ်သက်သမျှကို fb မှာမတင်ဘူးဆိုပြီး ပြောခဲ့တဲ့သူက နေပြည်တော်ကရှေ့နေမလေးအကြောင်း တခုတ်တရတင်ခဲ့တုန်းက မိန်းမတို့ရဲ့မသိစိတ်ရဲ့ခံစားချက်ပီပီသသအရ သူ့မိန်းကလေးအကြောင်းဆိုတာ သိခဲ့ပါတယ် ဒါပေမယ့်လည်း အဲ့လိုမျိုးချပြမယ်သူလို့ ကျွန်တော်မထင်ခဲ့မိဘူးလေ



အမှန်ကတုံးအတာဗျ အဲ့လိုမျိုးချပြတည်းက အဲ့မိန်းကလေးက သူ့ဘဝအတွက်ဘယ်လောက်အရေးပါတယ်ဆိုတာ ကျွန်တော်သိလိုက်ရမှာလေ ကန်တော့ပါရဲ့ဗျာ ကျွန်တော့်ကိုစောက်ဖက်လုပ်ပြီး စာတစ်ကြောင်းစပို့တာ ဖုန်းတစ်ခါခေါ်တာ message တစ်ခါမျှ ပို့ဘူးတာမရှိခဲ့တဲ့သူက အဲ့ဒီ့အမျိုးသမီးကို ကကြီးကနေအအထိ အရေးတယူရှိခဲ့တာကို ကျွန်တော်မသိခဲ့တာက ကျွန်တော်စောက်ရူးမကြီးဖြစ်ခဲ့လို့ပါ



မနာလိုဖြစ်လို့လားဆိုရင် မဖြစ်ပါဘူးဗျာ သူသဘောကျနှစ်သက်တဲ့မိန်းမဖြစ်လို့ အရေးတယူရှိခဲ့ပြီး fb မှာတောင်ချပြခဲ့ပေးတာပါ မနာလိုဝန်တိုစိတ်မဖြစ်ပါဘူး ဝမ်းနည်းသွားတာပါ ရင်ကွဲရတာ ငါကိုယ်ကမှမသိလိုက်တာဆိုပြီး စိတ်မကောင်းဖြစ်မိတာပါ ဒီထက်ပိုပြီးလည်း ရှေ့မဆက်နိုင်တော့ပါဘူး 



ခင်ဗျားကိုတွေ့ချင်တယ် ဒါပေမယ့် ကျွန်တော်မတွေ့တော့ပါဘူး ခင်ဗျားကိုမုန်းတာလည်း မဟုတ်ပါဘူး မေ့နိုင်ဖို့ပဲကြိုးစားလိုက်ပါပြီ အဲ့ဒီအချိန်က တစ်နှစ်ဖြစ်စေ ဆယ်နှစ်ဖြစ်စေ ကြာမြင့်ပါစေ ကျွန်တော်မေ့နိုင်ဖို့ကြိုးစားပါတော့မယ်



တချို့အရာတွေက အစကတည်းက ကျွန်တော့်အတွက် ဖြစ်တည်နေတာမဟုတ်ဘူးဆိုတာကို ကျွန်တော်လက်ခံထားပါတယ်။


တနေ့။



လူတစ်ယောက်ကို ကာကွယ်မပေးနိုင်ရင်တောင် အနှောက်အယှက်မပြုတာကလည်း သူ့ကိုစောင့်ရှောက်ပေးခြင်းတစ်မျိုးပါပဲ..



အစကတည်းက ကျွန်တော်ကြောင့်ထိခိုက်သွားမှာကိုမလိုလားခဲ့သူပါ အခုကျတော့ ပိုပြီးအန္တရာယ်ဖြစ်လာနိုင်တယ်လေ အကူအညီမပေးနိုင်တဲ့မိန်းမတစ်ယောက်ဖြစ်ခဲ့လို့ ကျွန်တော်တက်စွမ်းသလောက် ဖြည့်ဆည်းပေးခဲ့တာပါ



နောင်တရလားလို့မေးရင် နောင်တရမိပါတယ် ဘယ်လောက်ပဲနာကျင်နေပါစေ ကျွန်တော်ပြန်ပြီးဖက်တွယ်ခဲ့တာကြီးပါပဲ အခုတစ်ခါလည်းကျွန်တော်အဆုံးအထိဖက်တွယ်ချင်သေးပါတယ်



ဒါပေမယ့် နစ်နာစရာအကြောင်းတွေ ရှိလာနိုင်လို့ ကျွန်တော်မဆက်သွယ်တော့တာပါ ကျွန်တော်မှာဆုံးရှုံးစရာလို့ နောက်ကျောတစ်ခုပဲရှိပေမယ့် ခင်ဗျားမှာကဘဝတစ်ခုလုံးလေဗျာ ကျွန်တော်သိခွင့်ရတဲ့ ၅နှစ်ဆိုတဲ့အချိန်အတွင်းမှာ ခင်ဗျားဘယ်လောက်ကြိုးစားနေရလည်းဆိုတာ ဖွင့်မပြောခဲ့ပေမယ့် ကျွန်တော်သိထားပါတယ်



ထိုက်တန်တဲ့နေရာတစ်ခုမှာ အေးအေးချမ်းချမ်းနေစေချင်တာ ကျွန်တော့်စေတနာပါ 



ကွန်မြူနစ်လည်းဖြစ်မလာ ကဗျာဆရာလည်းဖြစ်မလာတဲ့ ကျွန်​တော့်လိုလူအတွက် ခင်​ဗျားဟာပန်းတခင်းပါပဲ ဝေဝေဆာဆာဖူးပွင့်နေတဲ့ ပန်းခင်းကြီးကို နမ်းရှိုက်ခွင့်မရှိပါဘူး အဲ့ဒီ့ပန်းခင်းကြီးကို အဝေးကနေငေးကြည့်နေရင်းနဲ့ ရေစက်ရှိခဲ့ရင်လေအဝှေ့မှာ ပန်းရနံ့တွေကို တနေ့ ကျွန်တော်နမ်းရှိုက်ခွင့်ရအုန်းမှာပါ။





နေရာတစ်ခုရဖို့ အများကြီးကြိုးစားခဲ့ရသူအတွက် ထိုက်တန်တဲ့နေရာတစ်ခုမှာ အေးအေးချမ်းချမ်းပဲ နေစေချင်ပါတယ် 


အဲ့ဒါကြောင့် ကျွန်တော်ထပ်ပြီးမဆက်သွယ်တော့ပါဘူး


တကယ်လို့ ကျွန်တော်တို့ရေစက်ရှိလို့ တွေ့ခဲ့ရတယ်ဆိုရင် တနေ့တော့ပြန်တွေ့ခွင့်ရအုန်းမှာပါ


ကျန်းမာအောင်နေ ဘေးကင်းအောင်နေ အစစအရာရာဂရုစိုက် အကုန်လုံးအဆင်ပြေချောမွေ့မယ်လို့ ယုံကြည်ထားပါတယ်


ဆင်သွားရင်လမ်းဖြစ်သူကြီးအတွက်က အခက်အခဲဆိုတာ 

တခဏတာပါပဲဗျာ။


🙏

လွန်မြောက်ပါစေ။



လူပင်ပန်း စိတ်ပင်ပန်းဖြစ်နေတဲ့အချိန်မှာ ခင်ဗျားရှိစေချင်ခဲ့တာ ကျွန်တော့်ဆန္ဒပါ အခုအချိန်မှာ တကယ်ကိုအရေးကြီးတဲ့အချိန်ဖြစ်နေလို့ ခင်ဗျားမရှိတာသိပေမယ့် အရင်အချိန်တွေတုန်းကလည်း ကျွန်တော်လိုအပ်နေချိန်တိုင်း ခင်ဗျားမရှိခဲ့ဘူးလေဗျာ



အများကြီးမစောင့်တော့ပါဘူးဗျာ ကျွန်တော်ခင်ဗျားကို စပြီးသဘောကျခဲ့မိတဲ့ မေလ၊၁၈ရက်နေ့အထိပဲ ကျွန်တော်စောင့်ပါတော့မယ်



၆လကိုးသတင်း မဆက်သွယ်ခဲ့သူအတွက်က ၁၈ရက်ဆိုတာ ဘာမျှမဟုတ်ပါဘူး ကျွန်တော့်အတွက်ကတော့ ၁၈ရက်ဆိုတာ နောက်ဆုံးမျှော်လင့်ချက်ပါ ခင်ဗျားဆက်သွယ်ခဲ့ရင်တော့ ကျွန်တော်အများကြီး ပျော်ရွှင်ရမှာပါ



တကယ်လို့ မဆက်သွယ်ခဲ့ဘူးဆိုရင်လည်း အစထဲက ခင်ဗျားစီမှာ ကျွန်တော်မရှိခဲ့တာကို အမှန်အတိုင်းလက်ခံပေးလိုက်မှာပါ



လူတစ်ယောက်ကို သည်းခံမပေးနိုင်တဲ့ စောင့်စားမပေးနိုင်တဲ့ ကျွန်တော်က ခင်ဗျားကို ကျွန်တော်ကန့်သတ်ချက်ထက်ကျော်လွန်ပြီး သည်းခံစောင့်စားခဲ့ဘူးပါတယ် လူတစ်ယောက်ကို သဘောကျမိရင် ကျွန်တော်ဆိုတာကပျောက်ကွယ်သွားရတာ ကျွန်တော်ဗီဇဖြစ်နေတာကို အဲ့ဒီ့အကျင့်စရိုက်ကြောင့် ကျွန်တော်ကအမြဲနာကျင်ခဲ့ရတာပါ



ဒီစာကိုရေးနေပေမယ့် ခင်ဗျားပြန်လာမယ်လို့ ကျွန်တော်မမျှော်လင့်ထားပါဘူး တစ်ခါမျှကျွန်တော့်စီ ပြန်မလာခဲ့ဘူးခဲ့သူဟာ ဒီတစ်ခါလည်းပြန်လာမယ်ဆိုတာ မဖြစ်နိုင်တာလေဗျာ



ကျွန်တော့်အကျင်စရိုက်က နောက်ဆုံးအကြိမ်အထိ နောင်တမရချင်လို့ ၁၈ရက်နေ့အထိ စောင့်နေမှာပါ 



ယောင်္ကျားတစ်ယောက်ကို ချစ်မိသွားရင် အရှက်၊သိက္ခာ၊မာနတစ်ခုမျှမကျန်အောင် ပုံအောပြီးချစ်တက်တဲ့ မိန်းမဖြစ်လို့ ကျွန်တော်နောင်တမရပါဘူး



If it doesn't, it never was.



သိပ်လှတဲ့စာသားလေးဗျာ ကျွန်တော့်အတွက်လားဆိုတာ ၁၈ရက်နေ့ညကျရင် အဖြေကိုတိတိပပ သိခွင့်ရတော့မှာပါ။


😞