အရင်လိုပဲ အရင်အတိုင်းပဲ-ရေဗက္ကာဝင်း #myanmarsong #burmese #song #lyricvideo
ဂရုစိုက်ပေးပါနော်
စိတ်ပူတယ်
အဲ့ဒီ့စကားလုံးကို ခင်ဗျားလုံးဝ လုံးဝ မကြိုက်လို့ကျွန်တော်သုံးနှုန်းမှာမဟုတ်ပါဘူး ဒါပေမယ့် အစစအရာရာ အကုန်လုံးကို ဂရုစိုက်ပေးပါနော်
ခင်ဗျားကိုတည်ညိမ်အေးချမ်းတဲ့ အရပ်ဒေသမျိုးမှာ အပင်အပန်းအဆင်းအရဲမရှိဘဲ သက်တောင့်သက်သာလေး နေစေချင်ပါတယ် ကျွန်တော်မလုပ်ပေးနိုင်တဲ့ ကိစ္စကြီးဖြစ်နေတော့ တကယ်ကိုဝမ်းနည်းမိပါတယ်
အခုလိုအချိန်အခါမျိုးမှာ ပိုပြီးဝမ်းနည်းရတယ်ဗျ ကျွန်တော်ကျတော့ မိုးလုံလေလုံအိမ်မှာ သက်တောင့်သက်သာနွေးနွေးထွေးထွေး အိပ်စက်နေရပြီး ကောင်းကောင်းမွန်မွန် နေထိုင်စားသောက်နေနေရပြီး
ခင်ဗျားကျတော့ ကြမ်းတမ်းလှတဲ့ရာသီဥတုမျိုးမှာ ကောင်းကောင်းမွန်မွန်မပြောပါနဲ့ ထမင်းဖြစ်ပြီးရောဘုရားစူးဟင်းမျိုးနဲ့ စားနေရတာ အေးလွန်းလို့စောင်မကယ်နိုင်လို့မီးဖိုနေရတဲ့နေရာမျိုးမှာ မြေကြီးကိုမွေ့ယာလုပ်ပြီး အအေးဒဏ်ကိုအဖော်ပြုပြီး အိပ်စက်နေရတာ
ကျွန်တော့်အတွက်တော့ တကယ်ကိုလိပ်ပြာမလုံဘူးဗျာ ၂၀၂၃ခုနှစ်ကသာ ကျွန်တော်အကူအညီပေးနိုင်ခဲ့ရင် အခုလိုမျိုးမဟုတ်ဘဲ တည်ငြိမ်အေးချမ်းတဲ့အရပ်ဒေသမျိုးမဟုတ်ရင်တောင် အခုလိုပင်ပန်းဆင်းရဲတဲ့အရပ်ဒေသမဟုတ်ဘဲ တခြားဒေသမှာ တာဝန်ထမ်းဆောင်နေရမှာပါ
ဟူး အများကြီး စိတ်မကောင်းဖြစ်ရတယ် ဝမ်းနည်းမိပါတယ် ချစ်လှပါချီရဲ့ ကြိုက်လှပါချီရဲ့ တဖွဖွအော်နေပြီးတော့ အရာရောက်အောင် ဘာတစ်ခုမျှမလုပ်ပေးနိုင်ကြီးက ကျွန်တော့်ကိုစိတ်ဖိစီးစေတယ် အားငယ်မိစေတယ် စိတ်ရှုပ်စေတယ်
အများကြီးမဟုတ်ပါဘူးဗျာ ခင်ဗျားကို တစ်ခုခုအကူအညီပေးနိုင်ခဲ့ရင်တောင် ကျွန်တော်ကျေနပ်မှာပါ တစ်ခုခုအမြန်ဆုံး အကူအညီပေးနိုင်ပါစေလို့ပဲ ဘုရားမှာဆုတောင်းရပါတော့မယ်
မြင်မားသောရာထူးအဆင့်အတန်းနဲ့ တည်ငြိမ်အေးချမ်းသောအရပ်ဒေသသို့ အမြန်ဆုံးပြောင်းရွေ့တာဝန်ထမ်းဆောင်ရပါသေလို့ ကျွန်တော်စိတ်ရင်းနဲ့ ဆုတောင်းပ်တယ်ဗျာ
ကျွန်တော် တောင်းတဲ့ဆု တစ်လုံးတဝပြည့်စုံရပါစေခင်ဗျာ။
🙏🙏🙏
ချစ်သော
1492days
5thDec2021 to 5thJan2026.
ခင်ဗျားနဲ့အကျွမ်းတဝင် စကားပြောခဲ့ရတဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့ကနေ ဒီနေ့အထိ ကျွန်တော်မျှော်လင့်နေမိတဲ့ စကားတစ်ခွန်းကို ကြားခွင့်ရလိုက်တာဟာ
ကျွန်တော့်တစ်ဘဝစာလုံးအတွက် လုံလောက်သွားပါပြီဗျာ
ချစ်တာ
အဲ့ဒီ့စကားကို ကျွန်တော်ဘယ်လောက်များ မျှော်လင့်နေခဲ့မိတာလညည်းဆိုတာ ကျွန်တော်ညာဘက်ရင်ဘက်ကြီး စူးပြီးအောင့်လာရတဲ့အထိကို ကျွန်တော်ကြည်နူးမိနေတာဗျ
ခင်ဗျားသာအနားမှာရှိနေရင် သဘောကျလွန်းလို့ ခင်ဗျားမျက်နှာကို အကြိမ်တစ်ရာလောက်များ နမ်းမိမလားမသိပါဘူးဗျာ
ဝဋ်ကြွေးလို့ပဲပဲဆိုဆို ငရဲကြီးမယ်လို့ပဲပြောပြော ခင်ဗျားကိုတော့ ဒီဘဝမှာ ကျွန်တော်ဖက်တွယ်မိတာကို လွှတ်ချဖို့ကို နည်းနည်းလေးမျှ စိတ်မကူးတော့ပါဘူးဗျာ
ကျွန်တော်ချစ်တာ ကျွန်တော်မြတ်နိုးတာ ကျွန်တော်သဘောကျတာ ကျွန်တော်ဖက်တွယ်မိတာ ကျွန်တော်တပ်မက်မိတာ ဒီယောင်္ကျားတစ်ယောက်တည်းသာ ဖြစ်နေတာကြီးကို ကျွန်တော်ဘာများတက်နိုင်မှာလည်းဗျာ
တကယ်ကို တကယ်ကို အများကြီးချစ်ပါတယ်
ကျွန်တော့်အတွက်မဟုတ်တဲ့ လူတစ်ယောက်ကို မြတ်မြတ်နိုးနိုး တွယ်တာနေရတာလည်း တကယ်ကိုသနားစရာကောင်းပေမယ့် ခင်ဗျားမှမဟုတ်ရင် ကျွန်တော်မနက်ဖြန်တွေ လှပဖို့ကို ကျွန်တော်မှမလုပ်ဆောင်နိုင်တော့တာ..
ကိုကို အရာအားလုံးအတွက် တကယ်ကို တကယ်ကို ကျေးဇူးတင်ပါတယ် နော်
😘
ချစ်သော
၂၀၂၅ခုနှစ်ကိုဘုရားရှိခိုးပြီးဖြတ်သန်းမယ်လို့ ကျွန်တော်စိတ်ကူးထားတာပါ ဒါပေမယ့်လည်း ချစ်သောသူနဲ့ဖြတ်သန်းရလို့ တကယ်ကိုတကယ်ကို ကြည်နူးရပါတယ်..
အလုပ်များနေတဲ့သူဖြစ်လို့ ၃၁ရက်နေ့မှာလည်း စကားမပြောဖြစ်ဘူးလို့ ကျွန်တော်ထင်ထားခဲ့မိတာပါ ဆိုင်သိမ်းတာနောက်ကျတော့ အိမ်ကို၉နာရီခွဲလောက်မှ ပြန်ရောက်တယ်
အိမ်ရောက်ပြီး line ဖွင့်တော့ အပြင်သွားတယ်ထင်ပြီးစာပို့ထားတော့ ရေငတ်တုန်းရေတွင်းထဲပြုတ်ကျသွားသလိုပါပဲ ကျွန်တော်ဘယ်လောက်များ ခင်ဗျားကိုဖက်တွယ်နေမိလည်းဆိုတာကို ခင်ဗျားမသိပါဘူးဗျာ
၃၆၅ရက်မှာစကားပြောရက်က လက်ချိုးရေတွက်လို့ရပါတယ်ဆိုမှ သားလေးပြန်လာရင်တီလေးတို့ကန်သာယာသွားကြမယ်ပြောထားမိလို့ ဘသားချောနှစ်ယောက်က သာယာနေတဲ့ကျွန်တော့်ဘဝကြီးကို ကိုယ်ချင်းမစာကြဘူးဗျာ
အဲ့ဒါနဲ့ည၁၀နာရီကျော်ကြီး အိမ်နေရင်းအောက်ဖစ်နဲ့ ဒင်းတို့နှစ်ယောက်နောက်ကို မကြောက်မလန့်ဖုန်းစခရင်ကိုပဲ သည်းသည်းမဲမဲကြည့်ပြီးလိုက်လာမိတာ
စကားပြောရဖို့အခွင့်အရေးက ကျွန်တော့်အတွက်ထီပေါက်သလိုဖြစ်နေရတော့ စာလေးတစ်လုံးတောင် မမြင်လိုက်ရမှာကို စိုးရိမ်မိတယ်လေဗျာ
နေ့လည်နေ့ခင်းအပြင်သွားရင်တောင် အန္တရာယ်ပြုခံရမှာစိုးလို့ ဖုန်းကိုအိတ်ထဲအမြဲထည့်သွားတက်တဲ့ကောင်က ည၁၀နာရီကျော်လူမရှိတော့တဲ့လမ်းမကြီးမှာ ဖုန်းသုံးနေတာက မိုက်ရူးရဲဆန်တယ်ပြောရင်လည်း ကျွန်တော်လက်ခံပါတယ်ဗျာ
အပြင်သွားမယ်လို့ ကျွန်တော်ဘာလို့မပြောတာလည်းဆိုရင် တခဏလေးသာစကားပြောရမယ့် အခွင့်အရေးကို မဆုံးရှုံးစေချင်လို့ပါ ခင်ဗျားနဲ့စကားပြောရဖို့ကို ကျွန်တော်ဘယ်လောက်များ မျှော်လင့်နေရလည်းဆိုတာကိုလည်း ခင်ဗျားမသိခဲ့ပါဘူးဗျာ
ချစ်တယ်
တဏှာနဲ့ပဲချည်နှောင်ထားပါစေ မေတ္တာနဲ့ပဲချည်နှောင်ထားပါစေ ယုတ်အစွဆုံးကာမနဲ့ပဲချည်နှောင်ထားပါစေ ခင်ဗျားကိုတော့ ဒီနေ့ဒီအချိန်အထိ ကျွန်တော်ဖက်တွယ်နေမိတုန်းပါပဲဗျာ
ကျွန်တော်ခင်ဗျားကို အဲ့လောက်ကြီးဖက်တွယ်မိနေတာကို မကြိုက်ဘူးဗျ ဒါပေမယ့်ကျွန်တော်ရပ်တန့်ဖို့ နောက်တစ်ကြိမ်မကြိုးစားတော့ပါဘူး
ခင်ဗျားကိုဖက်တွယ်နေရတာ တအားကိုပင်ပန်းလွန်းလို့ ရပ်တန့်ဖို့ကြိုးစားမိလေ ခင်ဗျားကိုချစ်တဲ့စိတ်က ပိုပြီးတော့ကြီးမားလာလေ ခင်ဗျားကိုဖက်တွယ်မိတာက ပိုပြီးတော့ခိုင်မြဲလာလေ အဲ့လိုဆိုတော့ ကျွန်တော်ပို့ပြီးတော့ပင်ပန်းလာရလေတာပါပဲဗျာ
အဲ့ဒါကြောင့် ခင်ဗျားကိုချစ်တဲ့စိတ်ကိုထိန်းချုပ်ဖို့ရော ခင်ဗျားအပေါ်ဖက်တွယ်မိတာကိုရပ်တန့်ဖို့ရော နောက်တစ်ကြိမ်မကြိုးစားတော့ပါဘူး
ခင်ဗျားဘက်ကနေ နင်ကငါ့အတွက်အနှောက်အယှက်ဖြစ်တယ် ငါ့ကိုမဆက်သွယ်ပါနဲ့လို့ ရင့်ရင့်သီးသီးပြောပြီး နှင်ထုတ်မယ့်အချိန်ကျမှပဲ ကျွန်တော်ရပ်တန့်နိုင်ဖို့ ကြိုးစားပါတော့မယ်
ချစ်တယ်ဗျာ အများကြီးအများကြီလွမ်းတယ် တအားကိုတွေ့ချင်နေတယ်ဗျာ
ခင်ဗျားရင်ခွင်ထဲတိုးပြီး လွမ်းတယ်ကိုကိုလို့ပြောပြီး တင်းတင်းကြပ်ကြပ်ကို အကြာကြီးဖက်ထားချင်တယ်
ခင်ဗျားအနားမှာနေခွင့်မရှိတော့ပေမယ့် ကျွန်တော့်မှာ ခင်ဗျားရှိတယ်ဆိုတဲ့စိတ်ကလေးက ကျွန်တော့်မနက်ဖြန်တွေကို တကယ်ကိုနွေးထွေးစေပါတယ် ကိုကို။
🥰😘


