ဒီမိသားစုနဲ့ရေစက်က ဒီညမှာကုန်ဆုံးသွားပါပြီ။
မနက်ဖြန် စီစဥ်ထားတဲ့အတိုင်း မနက်စောစောထပြီး ရွှေတိဂုံဘုရားမှာဆွမ်းကပ်မယ် ဘုရားရှိခိုးမယ် ပုတီးစိပ်မယ် ဘုရားမှာရှိတဲ့ အံဘွယ်ကိုးဆူကိုဖူးမယ် ပြီးရင် အဲ့ဒီအချိန်မှာ စိတ်ကူးတည့်တဲ့နေရာကိုဆက်သွားမယ်
ဘဝမှာ မိဘကိုဒုက္ခပေးခဲ့ဘူးတာဆိုရင်၂၀၀၇ခုနှစ် စင်ကာပူကပြန်လာဖို့ လေယာဥ်လက်မှတ်ဖိုးလွှဲပေးရတာရယ် AHA နဲ့ပြဿနာတက်လို့ ၂၀၁၂ခုနှစ်မှာ ဆေးရုံတက်ရတာရယ် အဲ့ဒီ့နှစ်ခုတည်းဒုက္ခပေးခဲ့ဘူးပါတယ်
အဖေအဆင်မပြေလို့ အိမ်ရောင်းပြီးကျောက်မြောင်းကိုစပြောင်းတော့ ၁၉၉၆ခုနှစ် ၉တန်းကျောင်းသူဘဝ ၁၉၉၇ခုနှစ် ၁၀တန်းကျောင်းသူဘဝမှာလည်း အိမ်ကအဆင်မပြေတော့ ရန်ကင်းစျေးမှာဘဲဥကူရောင်းပေးရတယ် အထက၃တက်ရင်း ညနေဘက်ဖွင့်တဲ့ ဗိုလ်စိန်မှန်လမ်းက ဒေးကျူရှင်ပဲတက်နိုင်တယ်
သမီးကြီးရဲ့အပျိုဘဝနဲ့ သမီးငယ်ရဲ့အပျိုဘဝ ဖြတ်သန်းရပုံခြင်းမတူညီမှုကတော့ ရုပ်ရှင်ဇာတ်လမ်းတွေထဲကထက် ပိုပြီး Drama ဆန်ပါတယ်ဗျာ
ကျန်တဲ့မောင်နှမနှစ်ယောက် ၁၀တန်းကျောင်းသားကျောင်းသူဘဝမှာ အိမ်ကအဆင်မပြေတဲ့အချိန်တောင် စာသင်ဝိုင်းသီးသန့် ဘော်ဒါဆောင်တွေနဲ့ ဖူးဖူးမှုတ်ခံထားရပေမယ့် ကျွန်တော်ဘာမှအပြစ်မဆိုခဲ့ပါဘူး ငါကအလတ်ဆိုတော့ အဲ့လိုဖြစ်ရတာပါဆိုတဲ့ သိမ်ငယ်စိတ်ပဲရခဲ့ပါတယ် ကျွန်တော့်ဇာတာကိုက အပါယ်ခံဖြစ်နေရတာကို
၁၉၉၈ခုနှစ် ဆယ်တန်းအောင်စာရင်းမထွက်ခင် ဖိနပ်ဆိုင်မှာဝင်လုပ်တယ် တစ်ပတ်ပဲလုပ်ရသေးတယ် ဦးလေးအငယ်က ရွှေဘုံသာစူပါဝမ်းမှာအလုပ်ပြောပေးတော့ အဲ့ဒီမှာပြောင်းလုပ်တော့ တစ်ပတ်စာလခမရလိုက်ပါဘူး
စူပါဝမ်းမှာ ၁၉၉၈ခုနှစ် ကနေ ၂၀၀၁ခုနှစ် ၂နှစ်ကျော်လုပ်ပြီး သတင်းစာမှာ MK က အလုပ်ကြော်ငြာပါတော့ အင်တာဗျူးအောင်သွားတာနဲ့ ၂၀၀၁ခုနှစ်မှာ ရန်ကင်းစင်တာက MK မှာ အလုပ်ဝင်ဖြစ်တယ် အဲ့ဒီ့ကနေပဲ ဒဂုံတက္ကသိုလ်စတက်ဖြစ်ပါတယ်
MK မှာ ၂၀၀၁ခုနှစ် ကနေ ၃နှစ်လုပ်ပြီးတော့ ၂၀၀၄ခုနှစ်မှာ အလုပ်ထွက်ပြီး ဒူဘိုင်းသွားမယ်ဆိုပြီး ဟိုတယ်သင်တန်းတက်ဖြစ်တယ် ဟိုတယ်တွေမှာ ၁နှစ်ကျော်အလုပ်ဝင်ဖြစ်ပါတယ်
ပြီးတော့ ၂၀၀၅ခုနှစ်မှာ မြန်မာ့အာမခံအလုပ်ဝင်ဖြစ်တယ် အဲ့ကနေ ၂၀၀၇ခုနှစ်မှာ အလုပ်ထွက်ပြီး စင်ကာပူသွားဖြစ်တယ် လပိုင်းလောက်ပါပဲ ၂၀၀၈ခုနှစ်မှာ နာဂစ်အချိန်ကြီးပေါ့ မလေးရှားကိုသွားဖြစ်တယ် ၂၀၀၈ခုနှစ်ကနေ ၂၀၁၂ခုနှစ်အထိ မလေးမှာအလုပ်လုပ်ခဲ့ပါတယ် လင်တရူးပြီးတော့ပြန်လာမိတာပါဗျာ
၂၀၀၄ခုနှစ်ကနေစပြီး အဖေအဆင်ပြေနေပေမယ့် ကျွန်တော်ပြည်ပထွက်လာပါတယ် ရောက်ခါစ၃၊၄လကလွဲရင် အိမ်ကိုအမြဲပိုက်ဆံပို့ပေးတယ် နှစ်သစ်ကူးကျရင် bonus ရတော့ အဲ့ဒီ့အချိန် နှစ်လစာအမြဲပို့ပေးတယ်
ဒါပေမယ့် အဖေအဆင်ပြေနေပြီး တစ်အိမ်လုံးလေပေါ်လွင့်နေတဲ့အချိန်ဆိုတဲ့ ကျွန်တော်ပို့တဲ့ပိုက်ဆံက သူတို့အတွက် လေထဲမှာပဲပျောက်သွားရပါတယ်
၂၀၁၂ခုနှစ် ဧပြီလကုန် ရန်ကုန်ကိုပြန်လာတယ် SBT မှာ အလုပ်ခဏဝင်တယ် သြဂုတ်လမှာ မင်းမြန်မာမှာ အလုပ်ဝင်ဖြစ်တာ ၂၀၁၂ခုနှစ်ကနေ ၂၀၁၇ခုနှစ်အထိပါ
မင်းမြန်မာကထွက်တော့ ၂၀၁၇ခုနှစ် ဒီဇင်ဘာကစပြီး Rixs မှာ အလုပ်ဝင်ဖြစ်တယ် ၂၀၁၇ခုနှစ်ကနေ ၂၀၂၄ခုနှစ်အထိပါ
ကျွန်တော့်လုပ်အားခတွေ ကျွန်တော်စုထားတဲ့ရွှေတိုရွှေစတွေ အိမ်ကိုအလည်ပြန်လာတိုင်း တစ်ယောက်မကျန်အတွက်ဝယ်လာပေးတက်တဲ့ လက်ဆောင်ပစ္စည်းတွေ အကုန်လုံးက ကျွန်တော့်မိသားစုအတွက်တော့ လေထဲမှာပျောက်သွားရတာပါပဲဗျာ
အမှန်တကယ်က ကျွန်တော်ဆိုတဲ့လူသားတောင် သူတို့အတွက် လေလိုဖြစ်နေတာပါ
ကျွန်တော့်မိဘတွေအတွက် ကျွန်တော်ကသားသမီးမဟုတ်ခဲ့ဘူးထင်ပါတယ် အရင့်အရင်တွေတုန်းကတော့ မတအားကိုနာကျင်ခဲ့ရပေမယ့် အခုတစ်ခေါက်က နောက်ဆုံးအချိန်ဖြစ်လို့နေမှာပါ ကျွန်တော်ငိုနေပေမယ့် မတအားကြီးမနာကျင်တော့ပါဘူး
သားသမီးလိုသဘောမထားတဲ့မိဘကိုလည်း ကျွန်တော်ငရဲမယူတော့ပါဘူး သူတို့သားသမီးမဟုတ်တာ ဖြစ်ကောင်းဖြစ်မှာပါ
ကျွန်တော် online ထီ ၁စောင် အေးငြိမ်းချမ်းသာထီ ၂စောင်ထိုးထားပါတယ် မနက်ဖြန်ထီပေါက်ရင် အိမ်ကိုနောက်ဆုံးအနေနဲ့ အကုန်ပေးခဲ့ပြီးတော့ ကျွန်တော့်ဘဝကြီးကို တစ်ယောက်တည်းဖြတ်သန်းပါတော့မယ်
ဘယ်သူ့ဘယ်သူကိုယ်မျှ စိတ်မနာတော့ပါဘူးဗျာ ဒီလောက်နှစ်ရှည်လများ အပြောခံနေရတာတောင် ကျွန်တော်ထွက်မသွားဘဲ သူတို့နဲ့နေနေခဲ့မိတာက ကျွန်တော့်အမှားပါဗျာ။
#Thankyou.
#28thFebruary2026.
#Saturday.





























