ပေါက်စ




အဲ့လိုဝတုတ်ကလေးကနေ ဆုံးသွားတဲ့နေ့မှာ
သေးသေးလေးပဲကျန်ရှာတော့တာ

အကျီအသစ်လေးဝတ်ပေးတော့ သဘောကျနေတာ

ဓါတ်ပုံရိုက်မယ်ဆိုတော့ post ပေးနေတာ






သားလေးရေ အမျှ အမျှ အမျှ 
ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်နိုင်ပါစေ




အင်္ကျီသိပ်ကြိုက်တဲ့ကောင်လေး
အင်္ကျီအသစ်လေး၂ထည်တောင် သူ့ခမျာ မဝတ်သွားရရှာဘူး





သူ့ခေါင်းကို အမြင့်ပေါ်တင်ထားမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တက်တဲ့ကလေး


သူ့အမေဓမ္မာရုံအောက်ကနေ ခေါ်ထုတ်လာလို့ 
ပထမဆုံးမြင်ဘူးတဲ့နေ့ ပေါက်စခြေထောက်လေးတွေက ဖွေးဖွေးဖြူလေးတွေ




ဖိုးသက်ရှည်လေးဘေးရောဂါစင်သွားပြီ ထင်ခဲ့မိတာပါ


သားလေးရယ် အခုထိမျက်ရည်​ကျနေတုန်းပါ


ပြစ်လိုက်ရတော့မယ်ဆိုတာသိပေမယ့်
သူ့ကိုပြန်ရနိုင်အုန်းမလား မျှော်လင့်မိနေတာပါ










လမ်းဘေးခွေးလေးဆိုပေမယ့် လူကိုတအားခင်ပြီး ဥာဏ်ကောင်းတဲ့ကလေး


တစ်ညလုံးသူ့အဖေတွေသူ့အမေတွေနဲ့ ​ရပ်ကွက်မှာမွှေပြီး ဆိုင်ဖွင့်ပြီဆိုတာနဲ့ အမြီးလေးနံပြီး ဆိုင်မှာတနေကုန်အတူတူနေပေးတဲ့ကလေး


အိပ်ပျော်နေတဲ့အချိန် အိမ်မက်ဆိုးတွေမက်နေလို့ ပေါက်စရေလို့ နှစ်ခွန်းလောက်ခေါ်လိုက်တာနဲ့ နိုးလာပြီးမျက်နှာချိုလေးနဲ့ ကျေးဇူးတင်ကြောင်းပြတဲ့ကလေး


သူ့ကိုတယုတယနဲ့ဂရုစိုက်ပေးရင် တအားကိုကျေနပ်နေတဲ့ကလေး


၁၂လပိုင်းအကုန်မှာ အတော်လေးနေမကောင်းဖြစ်လို့ ပြစ်လိုက်ရပြီထင်ပြီး ဆေးခန်းသုံးရက်ဆက်တိုက်ပြပေးလိုက်တာ နေကောင်းသွားလို့ ငါ့သားလေးဖိုးသက်ရှည်လေးပါလို့ တဖွဖွပြောခဲ့တာတောင်


အသက်မရှည်ဘဲ လူတွေကြောက်တဲ့ရောဂါနဲ့တမလွန်ကို သွားလိုက်ရတဲ့ကလေး 


မမကတော့ပြောရှာပါတယ် နင်မသိတဲ့အချိန်မှာ လူတွေရိုက်သတ်လို့သေသွားရတာထက်စာရင် အခုလိုမျိုးဝေဒနာကိုအကြာကြီးမခံစားရဘဲ သက်တောင့်သက်သာသေသွားရတာက ပိုမကောင်းဘူးလားတဲ့


လူတွေကိုသိပ်ခင်တွယ်တက်တဲ့ကလေးကို လူမုန်းမများခင် ဘဝကူးပေးလိုက်ရတာ ပိုကောင်းပါတယ်


သားလေးရေ ဒီနေ့ပြုပေးတဲ့ကုသိုလ်ကောင်းမှုတွေကြောင့် ကောင်းရာမွန်ရာဘဝကိုရောက်ရှိနိုင်ပါစေ။


😭😭

#ပေါက်စ
#31.01.2026



နေလည်က ပေါက်စအကြောင်းရေးပြီးတော့ ခဏအိပ်ပျော်သွားတယ် လူကနိုးတဝက်အိပ်တဝက်ဖြစ်နေပြီး ပေါက်စနေမကောင်းမဖြစ်ခင်ကပုံလေးနဲ့ အခန်းထဲကိုဖွဖွလေးဝင်လာတာတွေ့လိုက်တယ် 


သားလေးအတွက်ကောင်းမှုကုသိုလ်တွေ လုပ်ပေးထားလို့ အမျှခေါ်ပါသားလေးရေလို့ ပြောမိလိုက်တယ် ကလေးကအိပ်ခန်းထဲကနေ ဖွဖွလေးပြန်ထွက်သားတယ် 


ဘုန်းဘုန်းဆုတောင်းပေးတာကြောင့် ကောင်းရာမွန်ရာဘုံဘဝကိုရောက်မယ်လို့ ယုံကြည်မိပါတယ် သားလေးရယ်။

🙏🙏🙏

No comments: