ခွေးဖြစ်နွားဖြစ်ချစ်တက်တော့လည်း ခွေးလိုနွားလိုပဲ ဆက်ဆံခံရပါတယ်ဗျာ..
တစ်ညလုံးအိပ်မပျော်တဲ့ကျေးဇူးက မနက်ခင်းမှာပဲ မာတာမိခင်နဲ့စကားများရတယ် မမက၂၅ရက်နေ့ထဲက တရားစခန်းဝင်သွားတော့ အိမ်မှာကိုယ်ကတိုက်စစ်မှူးဖြစ်နေရရော
မနေ့ကဆိုင်တစ်ရက်ပိတ်လိုက်တော့ ဒီနေ့မနက်မှာ ဆိုင်အတွက်ဝယ်ရမှာတွေ ချက်ပြုတ်ကြော်လှော်ပေးရမှာတွေက အများသား
ညက Viber blocked ခံရပြီး စောက်သည်းကွဲပါတယ်ဆိုမှ Fb က request လုပ်တိုင်း add friend ပြန်ဖြစ်နေတော့ ဒေါသဖြစ်မိတာရယ် ကိုယ့်ဘာသာစောက်ရူးထပြီး သေချင်စိတ်ဖြစ်မိတာရယ် ( လူကအားနည်းနေတာကြာပါပြီ မေလအကုန်မှာ တစ်ယောက်တည်းခရီးထွက်ဖို့ စိတ်ကူးထားတာပါ အမှန်ကဖုန်းက hand နေလို့ဝယ်ရမှာ စိတ်ကအဆင်မပြေတာနဲ့ စိတ်ကလေးအေးချမ်းသွားရအောင် ဖုန်းဝယ်ရမယ့်ပိုက်ဆံနဲ့ ခရီးထွက်မလို့ပါဗျာ )
နောက်တော့လည်း နွားမကြီးဆိုတော့ ဖုန်းနံပါတ်ကိုပြန် save fb account ကို ပြန်အပ်ပြီး အိပ်မလို့လုပ်တော့ မနက်၃နာရီ ကိုယ်အဆင်မပြေတာနဲ့ အိပ်ပျော်နေတဲ့ခွေးကိုလည်း ကိုယ်ချင်းမစာမနာ အိပ်နေတာကိုအတင်းခေါင်းထိုးပြီး သူ့နားကပ်အိပ် ဟိုကလည်းငိုနေတာကိုသိတော့ သူမကြိုက်ပေမယ့် ညိမ်ညိမ်လေးနေပေးရှာပါတယ်
မနက်ခင်း Viber ဝင်ကြည့်တော့ blocked လုပ်ထားဆဲ Telegram ဝင်ကြည့်တော့ မနက်မိုးလင်းခါနီးက online ဖြစ်ခဲ့တာ အဲ့ဒါနဲ့စျေးကြီးကိုမသွားပေးနိုင်တော့ စျေးလေးသွား အရေးကြီးတာအရင်ဝယ် ဆိုင်ဖွင့်ဖို့လုပ်ပေး နေ့လည်ဘက် ဝင်ကြည့်တော့လည်း blocked ထားဆဲ
Tg မှာလည်း online မဖြစ် စိတ်ပူပြီး accept မလုပ်ပေးတဲ့ fb သွားခိုးကြည့်တော့လည်း မနေ့ညကလို 222 post ပဲရှိ မောလိုက်တာဗျာ
စိတ်ရှိတိုင်းသာလုပ်ရရင် ခင်ဗျားကိုဒေါသတကြီးနဲ့ စကားတွေအများပြီးပြောပြီး ဗိုက်ကိုအသားကုန်ထိုးမှာ ပြီးရင်တစ်ကိုယ်လုံးကို ခွေးလိုကိုက်ပြစ်ချင်တာ တကယ်လုပ်မှာဗျ
စိတ်ပူနေတော့ နွားစတိုရီက ရေးဖြစ်အုန်းမှာပဲဗျာ။
Tg မှာ online ဖြစ်သွားလို့ တော်ပါသေးရဲ့ဗျာ
🙏🙏🙏





