စူဠာမဏိကျောင်းတိုက်။














ဒီညနေ အမေ့မောင်ဦးလေးအကြီးပဥ္ဇင်းခံတယ် အရက်လကအိမ်လာလည်ရင်း ဦးဇင်းဝတ်မယ်ပြောတော့ သူတစ်ယောက်တည်း ဝတ်မယ်ထင်နေတာ 


လဆန်းတုန်းက အန်တီနုနဲ့ဖိတ်စာလာပို့ကာမှ ဦးဇင်းခြောက်ပါး ကိုရင်ငါးပါးမှန်းသိတာ အဲ့မှာကိုယ်သိတာက ကိုယ့်ဦးလေးတစ်ယောက်တည်း အဒေါ်ကလည်းဦးလေးခြောက်ဆယ်ကျော်မှ နောက်အိမ်ထောင်ပြုတာဆိုတော့ သူ့ဘက်အမျိုးတွေကို ကိုယ်တွေမပြောနဲ့ ကိုယ့်မောင်တွေဦးလေးသားလေးယောက်တောင်မသိဘူး


၂၈ရက်နေ့ကသိမ်ဆင်းလောင်း ၂၉ရက်နေ့ကအလှူကြီးဆိုတော့ သွားရမှာကအင်စိန်အောင်ဆန်းဘက်က စူဠာမဏိကျောင်းတိုက်ဆိုတော့ အိမ်မှာနှစ်ဖွဲခွဲလိုက်တယ် ဦးလေးအငယ်နဲ့ကိုယ်ကသိမ်ဆင်းလောင်းကိုသွားမယ် အသွားကို Taxi နဲ့ အပြန်ကို Ybs ၂ဆင့်စီးပေါ့


မနက်ဖြန်အလှူကြီးကို အမေတို့သွားမယ်ပေါ့ ညနေဘက်အလှူသွားမှာဆိုတော့ မနက်၁၁နာရီခွဲကျော် ဆိုင်ဖွင့်ပေးပြီး နေ့လည်၂နာရီခွဲအထိဆိုင်ထိုင်ပေးမယ် သိမ်ဆင်းတာက ဖိတ်စာမှာ၄နာရီဆိုပေမယ့် ရန်ကုန်ထုံးစံဆိုရင် ၄နာရီခွဲလောက်မှဆင်းဖြစ်တာဆိုတော့ အိမ်ကနေ၃နာရီခွဲသွားရင်ရပြီပေါ့


ဦးလေးအငယ်က အဖွားနဲ့တူတော့ဦးလော နေ့လည်၂နာရီထဲက သွားဖို့ပြင်ခိုင်းနေတော့ ၂နာရီကျော်အိမ်ကိုပြန်လာ အလှူအ​ဝတ်အစားထဲကအပါးဆုံးအထည်ကိုမီးပူပြန်တိုက် မျက်နှာသစ်အလှပြင်ပြီးတော့ ၃နာရီထိုးတော့မယ် ဦးလောက Grab ခေါ်ခိုင်းပါလေရော


လှတပတလေးပြင်ထားတာကို ဓါတ်ပုံတောင်သေချာမရိုက်လိုက်ရဘူးဗျာ ၃နာရီ​ထဲက Grab ခေါ်နေတာ ၃နာရီ၁၅မှကားရတယ် ဆီစျေးတက်တော့ ပြန်ရောင်းစားတဲ့သူများတော့ Grab ခေါ်ရင် ကားမရှိဘူးဗျာ 


ဘုန်းကြီးရောက်တော့ ညနေ၄နာရီထိုးတော့မယ် အဲ့ထဲကသိမ်ဆင်းတော့မယ်ဆိုပြီး ​လောင်းမယ့်ပရိသတ်ကစုလိုက်ကြ ခဏနေရင်နေပူလို့အရိပ်ခိုလိုက်ကြနဲ့ ၄နာရီမိနစ်၄၀လောက်မှ သိမ်ဆင်းလောင်းလှူရတယ် ကျောင်းမှာပုံလှလှလေးရိုကမမယ်လို့ စိတ်ကူးထားပေမယ့် ဘုရားစေတီပုံတောင်မရိုက်ဖြစ်ဘူး



ဦးဇင်းကိုနှုတ်ဆက်ဖို့တရားနာပြီးတဲ့အထိစောင့် ဦးဇင်းဓါတ်ပုံရိုက်မှ အလှူအစ်မလည်းဓါတ်ပုံရိုက်ဖို့သတိရတယ် ပြီးတော့မှဦးဇင်းရဲ့သားကိုရဲအောင်တို့ကားကြုံနဲ့ တညင်းကုန်းလမ်းဆုံကနေ ၄၂စီးပြီးတူရီးနှစ်ယောက် Taxi ခ နှစ်သောင်းခွဲကျော်သက်သာပြီး Ybs ခ တစ်ထောင်နဲ့အိမ်ပြန်ရောက်လာရော


အိမ်ရောက်တာနဲ့ အဝတ်အစားလဲပြီးဆိုင်ပြန်ပြေးရတယ် အသက်၇၀အမေက အကြာကြီးဆိုင်မထိုင်နိုင်ဘူးလေဗျာ။





 

အန်တီ Day out.













အိမ်ကိစ္စရှိလို့ နေ့လည်ကရေချိုးခေါင်းလျှော်ပြီး လှတပတလေးပြင်ပြီး အပြင်သွားဖြစ်ပါတယ် အိမ်မှာပိုက်ဆံလိုလို့ ရွှေတိုရွှေစလေးသွားရောင်းပေးတာပါ အရပ်ထဲက cctv တွေက မျက်လုံးတွေကပ်ပါလာသလားလို့ ထင်မိအောင် ကြည့်ကြပါတယ် တကယ်ပြောတာပါ သူတို့ထင်ကြေးတွေကို သိလည်းမသိချင်ဘူး စိတ်လည်းမဝင်စားဖြစ်ပါဘူး



လမ်းသွားရင် ကျွန်တော် Mood နဲ့ ကျွန်တော်ဆိုတော့ ရှေ့တည့်တည့်ကနေပြုံးပြနှုတ်ဆက်တဲ့သူရှိရင်တောင် မမြင်မိတာများပါတယ် အဲ့ဒီတော့ သူတို့အကြည့်ခံရတာတောင် လှလို့ကြည်တာပါဆိုတဲ့ အတွေးနဲ့ မှတ်တိုင်ရောက်သွားပါတယ် 116 ပေါ်မှာလည်း အကြည့်ခံရပြန်ရော သြော် ငါ့ကိုငါအသက်ကြီးလှပြီထင်နေတာ အခုလိုလေးနေတော့လည်း လူကြည့်ခံရသားဆိုပြီး နွားဖြစ်ချင်တဲ့အတွေးက ဝင်လာပြန်ရော



နွားဖြစ်ချင်တယ်ဆိုတာ တခြားမဟုတ်ပါဘူးဗျာ လူဆိုတဲ့အသိုင်းအဝန်းထဲမှာတောင် မနေချင်တော့တာပါ လူတစ်ယောက်ရဲ့လိုအင်ဆန္ဒတွေကို မလိုချင်တော့တာပါ စိတ်တွေပင်ပန်းဆင်းရဲလွန်းလို့ပါ



ဒါပေမယ့် မိန်းမဖြစ်နေတော့လှချင်ပါတယ် စိတ်အဆင်မပြေတဲ့အချိန်ဆို အရင်ကထက်အချိန်ပေးပြီး ပိုပြီးအလှပြင်မိပါတယ် အမှန်က အခုအချိန်မှာ Bar တစ်ခုခုသွားပြီး အရက်သောက်ချင်မိတာပါ ၆လပိုင်းအကုန်အထိ အရက်မသောက်ဘူးလို့ လှူထားမိလို့သာ ရှောင်ကျဥ်နေတာပါ



ဘာမှမဟုတ်ပါဘူးဗျာ ရေးချင်တာရေး​မိတာပါ။




စိတ်ကူးပေါက်တာနဲ့ ညဘက်ထပ်ရေးမိတာပါ



မနေ့ညက ရာသီဥတုပူတာရော ပလပ်ကျွတ်ပြီးစိတ်ကရှုပ်နေတာရော လူကတစ်အိမ်လုံး အေးတဲ့နေရာပြောင်းအိပ်လည်း အိပ်လို့မရဘူး ည၁နာရီကျော်မှာ လမ်းမကြီးကနေ မီးသတ်ကားတွေ သူနာပြုယာဥ်တွေ အများကြီးသွားတော့ လူကပိုစိုးသွားရော စိတ်တွေက 2021 စီပြန်ရောက်သွားမိတယ်



အဲ့ဒါနဲ့ ည၂နာရီလောက်မှာ မွေယာဘေးက သံမံတလင်းပေါ်မှာဆင်းအိပ်ကြည့်တော့ အေးတာနဲ့အိပ်ပျော်စပြုရော ခြင်တွေကမတအားကိုက်တာနဲ့ အိပ်ချင်စိတ်ကလေးကပျောက်သွားရရော အိပ်မရလည်းမထူးပါဘူးဆိုပြီး ခြင်ထောင်ထဲပြန်ဝင်ပြီး ညိမ်ညိမ်လေးနေလိုက်တယ်



အဖေညဘက်တပို့တပါးထသွားတော့ အချိန်မနည်းဘူးဆိုတာသိလိုက်တယ် ဖုန်းနာရီကိုမကြည့်လိုက်တော့ဘူး အိပ်ချိန်နည်းသွားတာသိရင် ပိုပြီးအိပ်မပျော်တဲ့အကျင့်ရှိတာပါ 


ခဏနေတော့အိပ်ပျော်သွားရော အသက်၈၀ကျော်အဖေက သူ့ထုံးစံအတိုင်းမနက်၅နာရီခွဲကျော်အလန်းပေးထားတော့ ကျွန်တော်ပါနိုးရော မနက်၆နာရီမထိုးသေးဘူး ရေမော်တာဖွင့်တော့ ဆက်အိပ်လို့ကမရတော့ဘူး


ရာသီဥတုပူလို့ အိမ်ရှေ့မှာထွက်အိပ်ကာမှ အိပ်ရေးမဝတော့ ဒေါသထွက်ပါလေရော ဒေါသမကြီးအောင်ပဌာန်းတရားဖွင့်ပြီး အိပ်လို့မရတာကိုဆက်အိပ်နေလိုက်တယ် မနက်၁၀နာရီသွားဖို့စီစဥ်ထားတာ အကုန်လွဲရော တရားဆုံးမှအခန်းထဲဝင်အိပ်လိုက်တယ်


အိပ်ယာနိုးတော့ ၁၁နာရီထိုးပြီ ဖုန်းကလည်းအားမရှိ ပါဝါဘန့်လည်းအားမရှိ မီးကလည်းမလာတော့ နေ့လည်၁နာရီ မီးလာပြီးမှအားခဏသွင်းပြီးသွားမယ်ပေါ့



အဝတ်အစားတွေကလည်း အကုန်လုံး Luggage ထဲထည့်ထားတော့ မီးပူပြန်တိုက်မှအဆင်ပြေတော့မှာ မီးပူတိုက်စရာမလိုတဲ့ ဂါဝန်ကိုဝတ်​ကြည့်တော့ ကြိုးကချောင်နေတော့ ရက်ဘက်ကဟိုက်နေရော အဲ့ဒါနဲ့ကြိုးကိုတိုလိုက်တယ် ပြီးတော့ပြန်ဝတ်ကြည့်ရော ရင်ဘက်ကအဆင်ပြေသွားပေမယ့် ချိုင်းပေါက်ကဟောင်းလောင်းဖြစ်နေရော အဲ့ဒါနဲ့ချိုင်းဘေးကိုပြန်သီ ပြီးတော့ပြန်ဝတ်ကြည့်တော့ အဆင်ပြေသွားရော



အဲ့အချိန်မှာ မီးလာနေပြီ မြန်မြန်ဆန်ဆန်အဝတ်တစ်စုံကို မီးပူတိုက်ဝတ်ရင်တောင်ရပါတယ်ဗျာ ဂါဝန်ပဲဝတ်သွားမယ်ဆိုတဲ့ စိတ်ကြီးကအဆင်မပြေဘူးဗျ


အကုန်လုံးလွှတ်ချလိုက်ပါပြီလို ပြောနေပေမယ့် အခုအချိန်အထိ အရာအားလုံးကို ကျွန်တော်ဖက်တွယ်မိနေတုန်းပါ။



 

25thFeb2026.



နယ်ရုပ်တစ်ခုရဲ့အဆုံးသတ်ပေါ့ဗျာ။




အလုပ်များနေတာကိုလည်း သိထားပါတယ် ကျွန်တော်စာပို့လိုက်ရင် စိတ်အနှောက်အယှက်ဖြစ်ပြီး ကျွန်တော့်ကိုနောက်ထပ် မဆက်သွယ်တော့ဘူးဆိုတာလည်း သိထားပါတယ်


ဒါပေမယ့် 2023 December မှာ ကျွန်တော့်ကိုမတွေ့ခဲ့လို့ အဲ့ဒီနောက်ပိုင်းမှာ ကျွန်တော့်စိတ်တွေ မပြတ်မသားဖြစ်လာရတာပါ 


လူတစ်ယောက်က ကျွန်တော်လိုလူမျိုးကို စကားပြန်ပြောတာက ဗုဒ္ဓဘာသာဖြစ်ပေမယ့် ကျွန်တော့်အတွက်ကောင်းချီးပေးတယ်လို့ပဲ ယူဆထားပါတယ်


အမှန်က ကျွန်တော်မဆက်သွယ်တော့ဘူးလို့ ဆုံးဖြတ်ထားတာပါ ညဘက်တွေအိပ်မပျော်ရင် စာပို့တာမဟုတ်ဘဲ viber ကို ဝင်ကြည့်နေမိပါတယ် အရမ်းအိပ်ချင်တဲ့အချိန်မှ line out သွားတယ်


ကျွန်တော် မချစ်တော့ဘူးလားမေးရင် ​ကျွန်တော့်မှာအဖြေမရှိဘူး ဝန်ခံပါတယ် အခုအချိန်အထိ ကျွန်တော်ချစ်နေတုန်းပဲလေ ဒါပေမယ့် ကျွန်တော် အဖြေမရခဲ့ပါဘူး 


ရှေ့ဆက်ဖို့အတွက် ကျွန်တော်လည်း အဖြေတစ်ခုလိုချင်မိတာပါ 


အလုပ်များနေတဲ့သူဖြစ်လို့ စာအများကြီးမပို့ဘူးလို့ တွေးထားပေမယ့် ရေးရင်းနဲ့စာရှည်သွားရတာပါ


အောက်ကစာက ၁၄ရက်နေ့ညထဲက ရေးထားတာပါ အမှန်က နောက်လ၁၄ရက်မှ ပို့မလို့လုပ်ထားပေမယ့်
ဒီနေ့ပို့လိုက်တာပါ



အဲ့ဒီစာဖတ်ပြီးတော့ ကျွန်တော့်ကို ဆက်ပြီးဆက်သွယ်သည်ဖြစ်စေ ( လုံးဝ ) မဆက်သွယ်တော့သည်ဖြစ်စေ အဲ့ဒီ့အကျိုးဆက်ကို ကျွန်တော်လက်ခံမှာပါ


ထိခိုက်အောင် နည်းနည်းမျှမလုပ်ပါဘူး ပြောခဲ့တဲ့မိန်းမက ထိခိုက်အောင်လုပ်တာမဟုတ်ပါဘူး အဲ့ဒါက ကျွန်တော့်ဆန္ဒအမှန်ပါ။








ဝင်ဖတ်သည်ဖြစ်စေ ဝင်မဖတ်သည်ဖြစ်စေ ကျွန်တော့်ဘက်ကနေ အသိပေးရမယ့်တာဝန်ရှိလို့ ပို့ပေးထားတာပါ။



ဒီစာကိုအစကတော့ ဖေဖေါ်ဝါရီ14ရက်နေ့ညကတည်းကပို့မလို့ပါ စိတ်အနှောက်အယှက်ဖြစ်ရမှာစိုးလို့ တစ်လပြည့်တဲ့နေ့ကျမှ ကျွန်တော်ပို့လိုက်မယ်လို့ အစကစီစဥ်ထားတာပါ ဒီကြားထဲ ကျွန်တော်ထပ်ရေးဖြစ်တာဆိုတော့ စာအရှည်ကြီးဖြစ်သွားရတာပါ


အဓိကက ကျွန်တော် တကယ်ပြန်မလာတော့ဘူးဆိုတာကို ပြောပြချင်တာပါ။


ကျွန်တော့်ဘာသာလည်းသိထားပါတယ် ကျွန်တော်ပုံစံက စသိကတည်းက နှစ်သက်သဘောကျတဲ့ အမျိုးသမီးတစ်ယောက်ပုံစံမျိုးမဟုတ်ခဲ့တာကိုပါ ကျွန်တော်လိုချင်တဲ့အမျိုးသားပုံစံကလည်း ကျွန်တော့်ကိုညီမငယ်တစ်ယောက်လို ဆုံးမသွန်သင်ပေးပြီး မိန်းမတစ်ယောက်လို ချစ်ပေးနိုင်တဲ့လူမျိုးပါ 


အခုလိုအဆုံးသတ်သွားရတော့လည်း နှစ်ယောက်စလုံးအတွက် အများကြီးကောင်းသွားတယ်လို့ ကျွန်တော်ထင်မိပါတယ် ကျွန်တော်က ရန်သူမျိုးငါးပါးမှာပါတဲ့ မချစ်မနှစ်သက်သောသူဆိုတာကြီးဖြစ်နေရတာလေ။


ရှိနေတဲ့သူကိုချောကလက်ပို့ပေးခွင့်ရှိတဲ့ မိန်းမတစ်ယောက်ကိုအများကြီးအားကျမိခဲ့ပါတယ် မနာလိုစိတ်လည်းအများကြီးဖြစ်ခဲ့ရပါတယ် တင်ထားတဲ့ပုံကိုတောင်းမိတုန်းကလည်း အဲ့ဒီ့ပုံကကျွန်တော်အတွက် မဟုတ်ဘူးဆိုတာကို သိထားပါတယ် 


၅နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ ကျွန်တော့်ဖြစ်တည်နေမှုကို သိသိရက်နဲ့မသိချင်ဟန်ဆောင်ခဲ့တာပါ အခုတော့ရှေ့ဆက်ဖို့ကို မဖြစ်နိုင်တော့မှန်းသိလို့ အခုလိုရပ်တန်းကနေ ရပ်တန့်လိုက်မိတာပါ 


ဘာမျှကိုအရေးတကြီးမဟုတ်ခဲ့တဲ့ သဲမှုန်လေးတစ်ပွင့်လောက်ပမာဏက ကျွန်တော့်အတွက်တော့ ကျောက်တောင်ကြီးတစ်ခုလို သက်ရောက်မှုရှိခဲ့ပါတယ် အဲ့လိုဖြစ်စဥ်တွေက ၅နှစ်ဆိုတဲ့အချိန်အတွင်းမှာ အများကြီးပါ 


ဘာမျှမဟုတ်တဲ့ကိစ္စတစ်ခုကို ရေးကြီးခွင်ကျယ်လုပ်ပြီး ဒီအသက်အရွယ်အထိရောက်နေတာတောင်မှ မရင့်ကျက်သေးဘူး အသိတရားမရှိဘူး နားလည်မှုမရှိတဲ့မိန်းမလို့ပြောနိုင်ပါတယ် အဲ့ဒါကအမှန်တရားဖြစ်နေလို့ ကျွန်တော်လက်ခံပါတယ်


အမှန်တကယ်က ဒီတစ်ခေါက်တွေ့ပြီးတာနဲ့ ကျွန်တော်နောက်ထပ် ထပ်ပြီးမဆက်သွယ်တော့ဘူး ဆိုတာကိုဆုံးဖြတ်ထားပြီးသားပါ ကျွန်တော်ကသိမ်ငယ်နေရတာကို အတော့်ကိုသဘောမကျတဲ့လူတစ်ယောက်ပါ။


တစ်ခါပဲတွေ့ခွင့်ရခဲ့လို့ အပြင်မှာ ရုတ်တရက်တွေ့ခဲ့ရရင်တောင် မမှတ်မိတော့လို့ ကျွန်တော်မှတ်မိချင်လို့သာ ပြန်လာရင်နောက်ဆုံးတစ်ခေါက်လူချင်းတွေ့ပြီးမှ ထပ်ပြီးမဆက်သွယ်တော့ပါဘူး ဆိုတာကိုပြောဖို့အတွက်ကို အခုနှစ်စတည်းကဆုံးဖြတ်ထားတာပါ။


ကျွန်တော်မသိစိတ်က ယောင်္ကျားလေးဆန်တော့ ကျွန်တော်နဲ့အဆင့်အတန်းအများကြီး ကွာခြားနေတဲ့ လူတစ်ယောက်ကိုတဖက်သက်ချစ်ခွင့်ရယုံနဲ့တင် မကျေနပ်နိုင်ပါဘူး အဲ့ဒီ့လူတစ်ယောက်အနားမှာနေချင်တယ် ဖြည့်ဆည်းပေးချင်တယ် ပိုင်ဆိုင်ချင်တယ် အဲ့ဒီ့လူကျွန်တော့်ကို ပြန်ချစ်တာကိုလည်း ကျွန်တော်လိုချင်ခဲ့မိပါတယ် အဲ့ဒီလူနဲ့မိသားစုဘဝလေးရချင်တယ် အဲ့ဒါကကျွန်တော်စိတ်ရင်းဆန္ဒအမှန်ပါ


မိန်းမတစ်ယောက်လို တစ်ဖက်သက်ချစ်နေခွင့်ရနေယုံ စောင်စားနေရယုံက ကျွန်တော်ဆန္ဒနဲ့တခြားတဖက်စီမှာပါ ဒါပေမယ့် တနေ့တော့သူငါ့ကိုအသိအမှတ်ပြုမှာပါဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့ ကျွန်တော်အချိန်အကြာကြီး သည်းခံပြီးစောင့်စားခဲ့ဘူးပါတယ်


အဲ့ဒါကြောင့် ကျွန်တော်ဆိုတဲ့မိန်းမတစ်ယောက်ကို ကိုယ်တိုင်ဖွင့်မပြောခဲ့ပေမယ့် ကျွန်တော့်ကိုဘယ်လိုသဘောထားလည်းဆိုတာ ကျွန်တော်သိပါတယ်


ကျွန်တော်ထက်အများကြီး မြင့်မားတဲ့လူတစ်ယောက်ကို အပြစ်တင်မိနေသလိုဖြစ်နေလို့ ဆက်မပြောတော့ပါဘူး ကျွန်တော်ကသူတစ်ပါးကိုအပြစ်တင်ရတာကိုလည်း တကယ်ကိုမုန်းပါတယ် ကျွန်တော်နဲ့မသိကျွမ်းတဲ့ သူတစ်ယောက်ကိုတောင် အပြစ်မတင်တက်ပါဘူး အခုတော့ အပြစ်တင်နေမိတဲ့အတွက် တောင်းပန်ပါတယ်။


ပြန်လာတဲ့အချိန် မတွေ့တော့တာက ကျွန်တော်တို့နှစ်ယောက်စလုံးအတွက် ပိုပြီးကောင်းမယ်ထင်လို့ အခုလိုဖွင့်ပြောပြလိုက်တာပါ 


ကျွန်တော်နဲ့တစ်ခါတည်းတွေ့ခဲ့ရတာဖြစ်တော့ ကျွန်တော့်ကိုအားမနာရတော့ဘူးပေါ့ လူချင်းနောက်တစ်ခေါက်တွေ့ဖြစ်ခဲ့ရင်တောင် ကျွန်တော်ကမိန်းမသားတစ်ယောက်ဖြစ်နေလို့ ယောင်္ကျားသားအနေနဲ့ အားနာနေမိမှာစိုးပါတယ်


ပြန်လာရင်တွေ့ခွင့်ရဖို့အတွက် နှစ်တွေအကြာကြီးကျွန်တော်စောင့်နေခဲ့ရပေမယ့် တကယ်လူချင်းတွေ့ရတော့မယ်အချိန်မှာ ဒီလိုပြောလိုက်လို့ ကျွန်တော်က ကစားနေတယ်လို့ထင်ကောင်းထင်နေမှာပါ


ကျွန်တော်ကအခုခေတ်ကြီးမှာ လူအများစုတန်ဘိုးမထားတော့တဲ့ သစ္စာတရားဆိုတာကို တန်ဘိုးထားတက်တဲ့လူပါ အမှန်တကယ်ကတော့မိန်းမဖြစ်ပြီး တုံးအတာကို ကျွန်တော်ကာကွယ်ပြီးပြောမိတာပါ


လူချင်းတွေ့ရရင်ကျွန်တော့်စိတ်ကပြောင်းသွားနိုင်လို့ပါ ကျွန်တော့်ကိုလျစ်လျှူရှုထားတာတောင် နှစ်အကြာကြီးဖက်တွယ်ထားခဲ့တာဖြစ်လို့ ဒီတစ်ကြိမ်လူချင်းသာတွေ့ခဲ့ရင်လည်း ကျွန်တော်ဆက်ပြီးတော့ဖက်တွယ်မိနေအုန်းမှာပါ အဲ့ဒါကြောင့်ကျွန်တော်မတွေ့တော့ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တာပါ။


အခုလိုပြောမိတဲ့အတွက် တောင်းပန်ပါတယ် ဒါပေမယ့် ကျွန်တော့်ကိုအစကတည်းက မိန်းမတစ်ယောက်အဖြစ် ရင်ထဲမရှိခဲ့တဲ့လူတစ်ယောက်ကို ထပ်ပြီးတော့ ဒုက္ခမပေးချင်တော့သလို့ ကျွန်တော့်ဘာသာလည်း အခုထက်ပိုပြီးတော့စိတ်သောက မပေးချင်တော့လို့ပါ ကျွန်တော်ကျန်ရှိတဲ့ဘဝမှာ အေးအေးချမ်းချမ်းလေးပဲနေချင်ပါတယ်


ရေးချင်တွေတာက အများကြီးရှိပေမယ့် တကယ်တန်းပြောမယ်ဆိုတော့ ထပ်ပြီးမဆက်သွယ်တော့ပါဘူးကလွဲရင် ကျွန်တော်ဘာတစ်ခုမျှသေချာမပြောပြနိုင်ဘူးဖြစ်နေမိတာပါ


စိတ်အနှောက်အယှက်ဖြစ်ရတယ်ဆိုလည်း တောင်းပန်ပါတယ် ၅နှစ်ဆိုတဲ့အချိန်ကာလအတွင်းမှာ ဘာတစ်ခုမျှမလုပ်ပေးနိုင်ခဲ့လို့ ထပ်ပြီးတောင်းပန်ပါရစေ ( အဲ့လိုမလုပ်ပေးနိုင်ခဲ့တဲ့အတွက် အများကြီးသိမ်ငယ်ခဲ့ရသလို တကယ့်ကိုစိတ်အားငယ်ခဲ့ရပါတယ် 


ပြန်လာတဲ့အချိန် ကျွန်တော်နောက်တစ်ခေါက်တွေ့လို့ရမလား မေးခဲ့တဲ့အချိန်က မနက်ဖြန်တောင်မသေချာတာ နောက်ထပ်တွေ့ဖို့လည်းမသေချာဘူး ​လို့ ပြန်ဖြေလိုက်တဲ့အချိန်ထဲက ကျွန်တော်အဆက်အသွယ်မလုပ်ခဲ့ဘဲ နေခဲ့ရမှာပါ 


ဒါပေမယ့်ကျွန်တော့်စိတ်ကို အလိုလိုက်ခဲ့မိပြီးတော့ အခုလိုအချိန်အကြာကြီး ဖက်တွယ်မိခဲ့တာအတွက် ကုန်ဆုံးသွားခဲ့ရတဲ့ အချိန်တွေအတွက် အများကြီးတောင်းပန်ပါတယ်။ )


တကယ်လို့တွေ့ခဲ့ရင်လည်း ကျွန်တော်ကဒီပုံစံအတိုင်းသံသရာလည်နေရအုန်းမှာပါ တစ်လတစ်ခါ sex chat မယ် သုံးလေးနှစ်တစ်ခါ လူချင်းတွေ့ပြီး လင်မယားလိုနေပေးမယ် လူတွေမသိပေမယ့် ကျွန်တော်က လူတွေမသတီတဲ့ဖာသည်မထက်တောင် တန်ဖိုးမရှိတဲ့မိန်းမဖြစ်နေရတာကြီးကို တကယ်ကိုရွံမိပါတယ် 


ကျွန်တော့်ဘာသာမေးမိပါတယ် အချိန်ဒီလောက်အကြာကြီး သည်းခံပြီးစောင်နေခဲ့ပြီးကာမှ နင်ဘာဖြစ်သွားရတာလည်းဆိုတာကိုပါ ကျွန်တော်က sex chet ဖို့ ကိစ္စတစ်ခုကလွဲရင် ကျွန်တော်ဆိုတာ လုံးလုံးမရှိခဲ့တဲ့မိန်းမဖြစ်နေလို့ပါ


၅နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ ဖုန်းတစ်ခါတည်း ပြောခဲ့ဘူးတာ

ဓါတ်ပုံလေးပုံပဲ ပို့ပေးခဲ့ဘူးတာ ( လူချင်းတွေ့ပြီးတဲ့အချိန် ကျွန်တော်ဘယ်လောက်ပဲ တောင်းဆိုနေပါစေ ဓါတ်ပုံတစ်ပုံပဲထပ်ပြီး ပို့ပေးခဲ့ဘူးတာပါ ) 

တစ်နှစ်လုံးနေလို့ viber ကနေ voice call, video call မပြောပါနဲ့ ၁၂ရက်ပြည့်အောင်တောင် စာရိုက်ပြီးစကားမပြောခဲ့ဘူးတဲ့နှစ်တွေလည်း အများကြီးပါ 

အဲ့ဒါတွေအကုန်လုံးက ကျွန်တော့်အတွက် အမှတ်တရတွေပါ


တကယ်ကိုအလုပ်များနေလို့ မအားတာဆိုတာကိုလည်း နားလည်ပါတယ် ဒါပေမယ့် တချို့အချိန်တွေမှာ ဖုန်းပြောခွင့်ရတဲ့ voice call, video call ပြောခွင့်ရတဲ့ ဓါတ်ပုံပို့ပေးခံရတဲ့ ရှိတဲ့နေရာတိုင်းကို ပစ္စည်းပို့ပိုင်ခွင့်ရှိတဲ့ မိန်းမတွေကိုတကယ့်ကိုအများကြီးအားကျခဲ့ရပြီး အများကြီးအများကြီး မနာလိုဖြစ်ခဲ့ဘူးပါတယ်


အခုတော့ အဲ့ဒါတွေအကုန်လုံးက သူတို့နဲ့သာထိုက်တန်ပြီး ကျွန်တော်နဲ့လုံးလုံးမျှ မထိုက်တန်ပါဘူးဆိုတဲ့ အမှန်တရားဖြစ်တဲ့ စိတ်ကလေးကိုပဲ နှလုံးသွင်းထားပါတယ်


မတန်မရာတွေကိုနင်က လိုချင်ခဲ့တာကိုဆိုတဲ့ ရင့်ရင့်သီးသီးစကားလုံးကိုလည်း အမှတ်တရအနေနဲ့ ရင်ထဲမှာသိမ်းဆည်းပေးထားပါတယ်။


အလုပ်များနေတဲ့သူကို စာတွေအများကြီးပို့မိနေပါပြီ ထပ်လည်းမရေးတော့ပါဘူး 


ဒီစာကိုဖေဖေါ်ဝါရီလ 19ရက်နေ့မှာ အပြီးသတ်ရေးထားတာပါ 18ရက်နေ့ကစပြီးတော့ ကျွန်တော် (လုံးဝ) သက်ဆိုင်ခြင်းမရှိတော့ပါဘူးဗျာ။


blocked တာကို ကျွန်တော်မကြိုက်တဲ့အတွက် viber ရော telegram ကိုရော ဘာမှမလုပ်ပါဘူး fb ကိုတော့ 19ရက်နေ့ကစပြီးတော့ ကျွန်တော်လည်း account ကို လိုက်ရှာပြီး မ add တော့ပါဘူး တကယ်လို့ may be ပါ လာ add ခဲ့ရင်လည်း ကျွန်တော်လက်မခံတော့ပါဘူး။


ကျွန်တော် မကန်တော့လိုက်ရတာလွဲရင် နောင်တရတာမရှိတော့ပါဘူး။



#19thFebruary2026.

#Thursday


မွေးနေ့။













 

မနက်ဖြန်မွေးနေ့ ဘုရားသွားချင်ပေမယ့် ၂၀ရက်နေ့ညအထိမသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်



လူကအများကြီး အများကြီးအဆင်မပြေနေတာရော နေမကောင်းဖြစ်နေတာရော ခါးနာနေတာရော period ဖြစ်နေတာရော အကုန်လုံးစုပြုံနေတော့ စိတ်ကကြည်ကြည်လင်လင်လေး ဖြစ်မနေပါဘူး



ဒီနေ့မနက်အိပ်ယာနိုးတော့ မနက်ဖြန်ဘုရားသွားဖို့ကို စိတ်စွဲနေလားမသိပါဘူး အိမ်မက်မက်တယ် အိမ်မက်ကိုတော့မမှတ်မိပါဘူး



ဒါနဲ့ပဲ ငါလုပ်ပေးနိုင်တာလေးတော့ လုပ်ပေးပါမယ်ဆိုတဲ့စိတ်ကူးနဲ့ ရေမချိုးခင် မနက်ဖြန်ဝတ်ဖို့အဝတ်အစားကိုကြိုပြင် ဘုရားမှာဆွမ်းကပ်ဖို့အတွက် ခြင်းတောင်းနဲ့ကော်ဖီဘူး၊ထမင်းဘူးတွေကိုဆေးပြီး မှောက်ထား



မနက်ဆွမ်းကပ်ဖို့အတွက် ဘဲဥ (ဘဲဥငံပြာရည်ချက်)၊ ပုဇွန်ခြောက် (လက်ဖက်သုပ်)၊ စပျစ်သီး၊ စတော်ဘယ်ရီသီးကို စျေးမှာ ပြီးတော့မှ ရေချိုးခေါင်းလျှော်ပြီးတော့ ဆိုင်ကိုသွားဖြစ်တယ် အခုရက်ပိုင်း ဆိုင်ကိုတနေ့မှာ ၄နာရီလောက်ပဲထိုင်ပေးနိုင်တော့တယ်



ဘုရားသွားဖို့ကို YBS တဆင့်ထဲရောက်တာက ကျိုက္ကလို့ ကျိုက္ကလဲ့ မယ်လမု စွယ်တော် ကမ္ဘာအေး ရွှေတိဂုံဘုရား တွေအဆင်ပြေပေမယ့် ရွှေတိဂုံကိုပဲသွားချင်နေတယ် မနက်ဖြန်က Sunday ဆိုတော့ ဘုရားမှာလူတအားများတော့ ဘုရားအကြာကြီးရှိခိုးရတာ အဆင်မပြေဘူး



အဲ့ဒါကြောင့်ဗိုလ်တစ်ထောင်ဘုရားကိုပဲ သွားဖို့ရွေးချယ်လိုက်တယ် ကားနှစ်ဆင့်စီးရပေမယ့် လူတအားကြီးမများဘူးထင်လို့ပါ ဘုရားအေးအေးဆေးဆေးရှိခိုးချင်တာဖြစ်လို့ မနက်ဖြန်ရောက်မှပဲ အခြေအနေကိုသိရတော့မှာပါ



post ကတော့ အမှတ်တရအနေနဲ့တင်လိုက်တာပါ 25ရက်နေ့ဆိုရင် တစ်လပြည့်သွားပါပြီ ခင်ဗျားလည်းမဆက်သွယ်ခဲ့သလို ကျွန်တော်လည်းပြန်လာဖို့ကိုမကြိုးစားတော့ပါဘူး တချိန်ချိန်တော့ အရာအားလုံးအဆင်ပြေသွားမှာပါ



မွေးနေ့မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ နှလုံးစိတ်ဝမ်းအေးချမ်းပါစေဆိုတဲ့ ဆုတောင်းလေးတစ်ခုသာပဲ ကျွန်တော်ဆုတောင်းပေးပါရစေ။



🙏🙏🙏



#22ndMarch2026.














ဧကဝက်



 

ဘဝမှာသူတစ်ပါးသနားခံရတာ သူတစ်ပါးကဲ့ရဲ့ခံရတာ သေမတက်ကြောက်ခဲ့ပေမယ့် ဒီနေ့နေ့လည်ဘုရားကပြန်လာတော့ Linkedin မှာရော Facebook မှာရော အလုပ်ရှာထားပါတယ်



Feed မှာတက်လာတဲ့ အပေါ်ကမြေကွက်လေးကို ဧကဝက်ခွဲရောင်းပေးခဲ့ရင်တော့ လက်ထဲရှိသမျှရောင်းလို့ရသမျှအကုန်ရောင်းချပြီးရင် ခြံစိုက်ဖို့မြေလေးရပါပြီ ခြံခတ်ဖို့နဲ့တဲထိုးဖို့ လောလောဆယ်သူများစီကနေ ပိုက်ဆံရှာပြီးသွားရင်တော့ အဲ့ဒီ့နေရာမှာခေါင်းချဖို့အတွက် ဆုံးဖြတ်ထားပြီးပါပြီ



ခြံပိုင်ရှင်က သနားစိတ်ဝင်ပြီး ဧကဝက်ခွဲရောင်းပေးပါစေလို့ ဘုရားမှာဆုတောင်းရတော့မှာပါ သူရောင်းတဲ့စျေးကတအားကိုချိုပါတယ် ကျွန်တော်သာပိုက်ဆံမရှိလို့ မဝယ်နိုင်တာပါဗျာ



အခုအချိန်မှာ ဘာဆုတောင်းချင်လည်းမေးလာခဲ့ရင် လူခြေတိတ်တဲ့ဒေသလေးမှာ စိတ်အေးလက်အေးခေါင်းချသွားချင်တာကိုပဲ ဆုတောင်းမိမှာပါဗျာ။


🙏🙏🙏


မွေးနေ့ရက်မြတ်မှစ၍ အေးချမ်းသာယာပါစေ။















မွေးနေ့ရက်မြတ်မှစ၍ အေးချမ်းသာယာပါစေရှင်။


🙏🙏🙏



22ရက်ကို ဘုရားတက်ဖြစ်မတက်ဖြစ်က မသေချာသေးတော့ ဒီနေ့ကိုပဲရွှေတိဂုံဘုရားမှာဆွမ်းကပ်လှူပေးမယ် ဝတ္တူလှူပေးမယ် ပန်း၊ရေချမ်း၊ဆီမီးလှူပေးမယ် ဆွမ်းခံကြွတဲ့သံဃာတော်တွေကို ဆွမ်းနဲ့ဝတ္တူလောင်းလှူပေးမယ်



ဘာမျှမသက်ဆိုင်တော့တဲ့ လူတစ်ယောက်အတွက် ဘာလို့လုပ်ပေးနေတာလည်းမေးရင် ကျွန်တော်လုပ်ပေးချင်တဲ့စိတ်ဆန္ဒရှိတာဖြစ်လို့ပါ အရင်ကလည်း ကျွန်တော်လုပ်ပေးနိုင်တာက ​ဒီတစ်ခုပဲရှိခဲ့လို့ ဘုရားမှာဆွမ်းကပ်ပေးရတာကလည်း ကျွန်တော်စိတ်ချမ်းသာလို့ လုပ်ပေးဖြစ်တာပါ 



မသက်ဆိုင်တော့ဘူးဆိုတာ ကျွန်တော်သိထားပါတယ် ဒါပေမယ့် ခင်ဗျားမွေးနေ့ရောက်တိုင်း ဘုရားတစ်ဆူဆူကိုသွားပြီး ဆွမ်းကပ်ပေးဖို့အတွက်စိတ်ကူးထားပါတယ် အဓိကက ကျွန်တော့်စိတ်လေး အေးချမ်းနေပြီး စိတ်ချမ်းသာရလို့ပါ



အများကြီးဆုမတောင်းတော့ပါဘူး



မြင့်မားသောရာထူးအဆင့်အတန်းဖြင့် အေးချမ်းသောအရပ်ဒေသသို့ အမြန်ဆုံးပြောင်းရွေ့ပြီး တာဝန်ထမ်းဆောင်နိုင်ပါစေ။


မွေးလရောက်တိုင်း မိသားစုနှင့်အတူတကွ အလှူရေစက်လက်နှင့်မကွာ အလှူအတန်းများပြုလုပ်နိုင်ပါစေ။


ရန်သူမျိုးငါးပါးဘေးရန်မှ အစဥ်အမြဲကင်းဝေးလွတ်မြောက်နိုင်ရသူဖြစ်ပါစေ။



🙏🙏🙏



( ဒီ post ကို ၂၈ရက်နေ့ ညနေဘက်က ရေးထားတာပါ။ အရမ်းဝမ်းနည်းနေတဲ့အချိန်မှာ ခင်ဗျားစီစာပို့ချင်ပေမယ့် မပို့တော့ပါဘူး။ )