စူဠာမဏိကျောင်းတိုက်။














ဒီညနေ အမေ့မောင်ဦးလေးအကြီးပဥ္ဇင်းခံတယ် အရက်လကအိမ်လာလည်ရင်း ဦးဇင်းဝတ်မယ်ပြောတော့ သူတစ်ယောက်တည်း ဝတ်မယ်ထင်နေတာ 


လဆန်းတုန်းက အန်တီနုနဲ့ဖိတ်စာလာပို့ကာမှ ဦးဇင်းခြောက်ပါး ကိုရင်ငါးပါးမှန်းသိတာ အဲ့မှာကိုယ်သိတာက ကိုယ့်ဦးလေးတစ်ယောက်တည်း အဒေါ်ကလည်းဦးလေးခြောက်ဆယ်ကျော်မှ နောက်အိမ်ထောင်ပြုတာဆိုတော့ သူ့ဘက်အမျိုးတွေကို ကိုယ်တွေမပြောနဲ့ ကိုယ့်မောင်တွေဦးလေးသားလေးယောက်တောင်မသိဘူး


၂၈ရက်နေ့ကသိမ်ဆင်းလောင်း ၂၉ရက်နေ့ကအလှူကြီးဆိုတော့ သွားရမှာကအင်စိန်အောင်ဆန်းဘက်က စူဠာမဏိကျောင်းတိုက်ဆိုတော့ အိမ်မှာနှစ်ဖွဲခွဲလိုက်တယ် ဦးလေးအငယ်နဲ့ကိုယ်ကသိမ်ဆင်းလောင်းကိုသွားမယ် အသွားကို Taxi နဲ့ အပြန်ကို Ybs ၂ဆင့်စီးပေါ့


မနက်ဖြန်အလှူကြီးကို အမေတို့သွားမယ်ပေါ့ ညနေဘက်အလှူသွားမှာဆိုတော့ မနက်၁၁နာရီခွဲကျော် ဆိုင်ဖွင့်ပေးပြီး နေ့လည်၂နာရီခွဲအထိဆိုင်ထိုင်ပေးမယ် သိမ်ဆင်းတာက ဖိတ်စာမှာ၄နာရီဆိုပေမယ့် ရန်ကုန်ထုံးစံဆိုရင် ၄နာရီခွဲလောက်မှဆင်းဖြစ်တာဆိုတော့ အိမ်ကနေ၃နာရီခွဲသွားရင်ရပြီပေါ့


ဦးလေးအငယ်က အဖွားနဲ့တူတော့ဦးလော နေ့လည်၂နာရီထဲက သွားဖို့ပြင်ခိုင်းနေတော့ ၂နာရီကျော်အိမ်ကိုပြန်လာ အလှူအ​ဝတ်အစားထဲကအပါးဆုံးအထည်ကိုမီးပူပြန်တိုက် မျက်နှာသစ်အလှပြင်ပြီးတော့ ၃နာရီထိုးတော့မယ် ဦးလောက Grab ခေါ်ခိုင်းပါလေရော


လှတပတလေးပြင်ထားတာကို ဓါတ်ပုံတောင်သေချာမရိုက်လိုက်ရဘူးဗျာ ၃နာရီ​ထဲက Grab ခေါ်နေတာ ၃နာရီ၁၅မှကားရတယ် ဆီစျေးတက်တော့ ပြန်ရောင်းစားတဲ့သူများတော့ Grab ခေါ်ရင် ကားမရှိဘူးဗျာ 


ဘုန်းကြီးရောက်တော့ ညနေ၄နာရီထိုးတော့မယ် အဲ့ထဲကသိမ်ဆင်းတော့မယ်ဆိုပြီး ​လောင်းမယ့်ပရိသတ်ကစုလိုက်ကြ ခဏနေရင်နေပူလို့အရိပ်ခိုလိုက်ကြနဲ့ ၄နာရီမိနစ်၄၀လောက်မှ သိမ်ဆင်းလောင်းလှူရတယ် ကျောင်းမှာပုံလှလှလေးရိုကမမယ်လို့ စိတ်ကူးထားပေမယ့် ဘုရားစေတီပုံတောင်မရိုက်ဖြစ်ဘူး



ဦးဇင်းကိုနှုတ်ဆက်ဖို့တရားနာပြီးတဲ့အထိစောင့် ဦးဇင်းဓါတ်ပုံရိုက်မှ အလှူအစ်မလည်းဓါတ်ပုံရိုက်ဖို့သတိရတယ် ပြီးတော့မှဦးဇင်းရဲ့သားကိုရဲအောင်တို့ကားကြုံနဲ့ တညင်းကုန်းလမ်းဆုံကနေ ၄၂စီးပြီးတူရီးနှစ်ယောက် Taxi ခ နှစ်သောင်းခွဲကျော်သက်သာပြီး Ybs ခ တစ်ထောင်နဲ့အိမ်ပြန်ရောက်လာရော


အိမ်ရောက်တာနဲ့ အဝတ်အစားလဲပြီးဆိုင်ပြန်ပြေးရတယ် အသက်၇၀အမေက အကြာကြီးဆိုင်မထိုင်နိုင်ဘူးလေဗျာ။





 

No comments: