တနေ့။



လူတစ်ယောက်ကို ကာကွယ်မပေးနိုင်ရင်တောင် အနှောက်အယှက်မပြုတာကလည်း သူ့ကိုစောင့်ရှောက်ပေးခြင်းတစ်မျိုးပါပဲ..



အစကတည်းက ကျွန်တော်ကြောင့်ထိခိုက်သွားမှာကိုမလိုလားခဲ့သူပါ အခုကျတော့ ပိုပြီးအန္တရာယ်ဖြစ်လာနိုင်တယ်လေ အကူအညီမပေးနိုင်တဲ့မိန်းမတစ်ယောက်အတွက် ကျွန်တော်တက်စွမ်းသလောက် ဖြည့်ဆည်းပေးခဲ့တာပါ



နောင်တရလားလို့မေးရင် နောင်တရမိပါတယ် ဘယ်လောက်ပဲနာကျင်နေပါစေ ကျွန်တော်ပြန်ပြီးဖက်တွယ်ခဲ့တာကြီးပါပဲ အခုတစ်ခါလည်းကျွန်တော်အဆုံးအထိဖက်တွယ်ချင်သေးပါတယ်



ဒါပေမယ့် နစ်နာစရာအကြောင်းတွေရှိလာနိုင်လို့ ကျွန်တော်မဆက်သွယ်တော့တာပါ ကျွန်တော်မှာဆုံးရှုံးစရာလို့ နောက်ကျောတစ်ခုပဲရှိပေမယ့် ခင်ဗျားမှာကဘဝတစ်ခုလုံးလေဗျာ ကျွန်တော်သိခွင့်ရတဲ့ ၅နှစ်ဆိုတဲ့အချိန်အတွင်းမှာ ခင်ဗျားဘယ်လောက်ကြိုးစားနေရလည်းဆိုတာ ဖွင့်မပြောပေမယ့် ကျွန်တော်သိထားပါတယ်



ထိုက်တန်တဲ့နေရာတစ်ခုမှာ အေးအေးချမ်းချမ်းနေစေချင်တာ ကျွန်တော့်စေတနာပါ 



ကွန်မြူနစ်လည်းဖြစ်မလာ ကဗျာဆရာလည်းဖြစ်မလာတဲ့ ကျွန်​တော့်လိုလူအတွက် ခင်​ဗျားဟာပန်းတခင်းပါပဲ ဝေဝေဆာဆာဖူးပွင့်နေတဲ့ ပန်းခင်းကြီးကို နမ်းရှိုက်ခွင့်မရှိပါဘူး အဲ့ဒီ့ပန်းခင်းကြီးကို အဝေးကနေငေးကြည့်နေရင်းနဲ့ ရေစက်ရှိခဲ့ရင် လေအဝှေ့မှာ ပန်းရနံ့တွေကို တနေ့ ကျွန်တော်ရှုရှိုက်ခွင့်ရအုန်းမှာပါ။





နေရာတစ်ခုရဖို့ အများကြီးကြိုးစားခဲ့ရသူအတွက် ထိုက်တန်တဲ့နေရာတစ်ခုမှာ အေးအေးချမ်းချမ်းပဲ နေစေချင်ပါတယ် 


အဲ့ဒါကြောင့် ကျွန်တော်ထပ်ပြီးမဆက်သွယ်တော့ပါဘူး


တကယ်လို့ ကျွန်တော်တို့ရေစက်ရှိလို့ တွေ့ခဲ့ရတယ်ဆိုရင် တနေ့တော့ပြန်တွေ့ခွင့်ရအုန်းမှာပါ


ကျန်းမာအောင်နေ ဘေးကင်းအောင်နေ အစစအရာရာဂရုစိုက် အကုန်လုံးအဆင်ပြေချောမွေ့မယ်လို့ ယုံကြည်ထားပါတယ်


ဆင်သွားရင်လမ်းဖြစ်သူကြီးအတွက်က အခက်အခဲဆိုတာ 

တခဏတာပါပဲဗျာ။


🙏

လွန်မြောက်ပါစေ။



လူပင်ပန်း စိတ်ပင်ပန်းဖြစ်နေတဲ့အချိန်မှာ ခင်ဗျားရှိစေချင်ခဲ့တာ ကျွန်တော့်ဆန္ဒပါ အခုအချိန်မှာ တကယ်ကိုအရေးကြီးတဲ့အချိန်ဖြစ်နေလို့ ခင်ဗျားမရှိတာသိပေမယ့် အရင်အချိန်တွေတုန်းကလည်း ကျွန်တော်လိုအပ်နေချိန်တိုင်း ခင်ဗျားမရှိခဲ့ဘူးလေဗျာ



အများကြီးမစောင့်တော့ပါဘူးဗျာ ကျွန်တော်ခင်ဗျားကို စပြီးသဘောကျခဲ့မိတဲ့ မေလ၊၁၈ရက်နေ့အထိပဲ ကျွန်တော်စောင့်ပါတော့မယ်



၆လကိုးသတင်း မဆက်သွယ်ခဲ့သူအတွက်က ၁၈ရက်ဆိုတာ ဘာမျှမဟုတ်ပါဘူး ကျွန်တော့်အတွက်ကတော့ ၁၈ရက်ဆိုတာ နောက်ဆုံးမျှော်လင့်ချက်ပါ ခင်ဗျားဆက်သွယ်ခဲ့ရင်တော့ ကျွန်တော်အများကြီး ပျော်ရွှင်ရမှာပါ



တကယ်လို့ မဆက်သွယ်ခဲ့ဘူးဆိုရင်လည်း အစထဲက ခင်ဗျားစီမှာ ကျွန်တော်မရှိခဲ့တာကို အမှန်အတိုင်းလက်ခံပေးလိုက်မှာပါ



လူတစ်ယောက်ကို သည်းခံမပေးနိုင်တဲ့ စောင့်စားမပေးနိုင်တဲ့ ကျွန်တော်က ခင်ဗျားကို ကျွန်တော်ကန့်သတ်ချက်ထက်ကျော်လွန်ပြီး သည်းခံစောင့်စားခဲ့ဘူးပါတယ် လူတစ်ယောက်ကို သဘောကျမိရင် ကျွန်တော်ဆိုတာကပျောက်ကွယ်သွားရတာ ကျွန်တော်ဗီဇဖြစ်နေတာကို အဲ့ဒီ့အကျင့်စရိုက်ကြောင့် ကျွန်တော်ကအမြဲနာကျင်ခဲ့ရတာပါ



ဒီစာကိုရေးနေပေမယ့် ခင်ဗျားပြန်လာမယ်လို့ ကျွန်တော်မမျှော်လင့်ထားပါဘူး တစ်ခါမျှကျွန်တော့်စီ ပြန်မလာခဲ့ဘူးခဲ့သူဟာ ဒီတစ်ခါလည်းပြန်လာမယ်ဆိုတာ မဖြစ်နိုင်တာလေဗျာ



ကျွန်တော့်အကျင်စရိုက်က နောက်ဆုံးအကြိမ်အထိ နောင်တမရချင်လို့ ၁၈ရက်နေ့အထိ စောင့်နေမှာပါ 



ယောင်္ကျားတစ်ယောက်ကို ချစ်မိသွားရင် အရှက်၊သိက္ခာ၊မာနတစ်ခုမျှမကျန်အောင် ပုံအောပြီးချစ်တက်တဲ့ မိန်းမဖြစ်လို့ ကျွန်တော်နောင်တမရပါဘူး



If it doesn't, it never was.



သိပ်လှတဲ့စာသားလေးဗျာ ကျွန်တော့်အတွက်လားဆိုတာ ၁၈ရက်နေ့ညကျရင် အဖြေကိုတိတိပပ သိခွင့်ရတော့မှာပါ။


😞






 


နွားစတိုရီ။


 

ခွေးဖြစ်နွားဖြစ်ချစ်တက်တော့လည်း ခွေးလိုနွားလိုပဲ ဆက်ဆံခံရပါတယ်ဗျာ..


တစ်ညလုံးအိပ်မပျော်တဲ့ကျေးဇူးက မနက်ခင်းမှာပဲ မာတာမိခင်နဲ့စကားများရတယ် မမက၂၅ရက်နေ့ထဲက တရားစခန်းဝင်သွားတော့ အိမ်မှာကိုယ်ကတိုက်စစ်မှူးဖြစ်နေရရော


မနေ့ကဆိုင်တစ်ရက်ပိတ်လိုက်တော့ ဒီနေ့မနက်မှာ ဆိုင်အတွက်ဝယ်ရမှာတွေ ချက်ပြုတ်ကြော်လှော်ပေးရမှာတွေက အများသား


ညက Viber blocked ခံရပြီး စောက်သည်းကွဲပါတယ်ဆိုမှ Fb က request လုပ်တိုင်း add friend ပြန်ဖြစ်နေတော့ ဒေါသဖြစ်မိတာရယ် ကိုယ့်ဘာသာစောက်ရူးထပြီး သေချင်စိတ်ဖြစ်မိတာရယ် ( လူကအားနည်းနေတာကြာပါပြီ မေလအကုန်မှာ တစ်ယောက်တည်းခရီးထွက်ဖို့ စိတ်ကူးထားတာပါ အမှန်ကဖုန်းက hand နေလို့ဝယ်ရမှာ စိတ်ကအဆင်မပြေတာနဲ့ စိတ်ကလေးအေးချမ်းသွားရအောင် ဖုန်းဝယ်ရမယ့်ပိုက်ဆံနဲ့ ခရီးထွက်မလို့ပါဗျာ )


နောက်တော့လည်း နွားမကြီးဆိုတော့ ဖုန်းနံပါတ်ကိုပြန် save fb account ကို ပြန်အပ်ပြီး အိပ်မလို့လုပ်တော့ မနက်၃နာရီ ကိုယ်အဆင်မပြေတာနဲ့ အိပ်ပျော်နေတဲ့ခွေးကိုလည်း ကိုယ်ချင်းမစာမနာ အိပ်နေတာကိုအတင်းခေါင်းထိုးပြီး သူ့နားကပ်အိပ် ဟိုကလည်းငိုနေတာကိုသိတော့ သူမကြိုက်ပေမယ့် ညိမ်ညိမ်လေးနေပေးရှာပါတယ်


မနက်ခင်း Viber ဝင်ကြည့်တော့ blocked လုပ်ထားဆဲ Telegram ဝင်ကြည့်တော့ မနက်မိုးလင်းခါနီးက online ဖြစ်ခဲ့တာ အဲ့ဒါနဲ့စျေးကြီးကိုမသွားပေးနိုင်တော့ စျေးလေးသွား အရေးကြီးတာအရင်ဝယ် ဆိုင်ဖွင့်ဖို့လုပ်ပေး ​နေ့လည်ဘက် ဝင်ကြည့်တော့လည်း blocked ထားဆဲ


Tg မှာလည်း online မဖြစ် စိတ်ပူပြီး accept မလုပ်ပေးတဲ့ fb သွားခိုးကြည့်တော့လည်း မနေ့ညကလို 222 post ပဲရှိ  မောလိုက်တာဗျာ 


စိတ်ရှိတိုင်းသာလုပ်ရရင် ခင်ဗျားကိုဒေါသတကြီးနဲ့ စကားတွေအများပြီးပြောပြီး ဗိုက်ကိုအသားကုန်ထိုးမှာ ပြီးရင်တစ်ကိုယ်လုံးကို ခွေးလိုကိုက်ပြစ်ချင်တာ တကယ်လုပ်မှာဗျ


စိတ်ပူနေတော့ နွားစတိုရီက ရေးဖြစ်အုန်းမှာပဲဗျာ။


Tg မှာ online ဖြစ်သွားလို့ တော်ပါသေးရဲ့ဗျာ


🙏🙏🙏


အရှက်မဲ့။


 


၅နှစ်တာလုံး တခုတ်တရသိမ်းဆည်းထားခဲ့မိတဲ့ အရာအားလုံးက မိနစ်ပိုင်းလေးမှာပဲ အကုန်ပြိုကျသွားရတာ တန်ပါတယ်ဗျာ။


တကယ်ကို တကယ်ကို အများကြီးကျေးဇူးတင်ပါတယ် သံယောဇဥ်ကို ယတိပြတ် ဖြတ်ခဲ့ပေးတဲ့အတွက်ပါ။


ရင်နာတာကို နာကျင်တာနဲ့ပဲ ဖြေလိုက်ပါတော့မယ် တသက်လုံးအတွက် နာကျင်သွားရမယ်ဆိုရင်တောင် ခင်ဗျားဆိုတာကို ကျွန်တော်မေ့ထားလိုက်ပါပြီ။



#28thApril2026

#Tuesday

😊




စောက်ကြီးစောက်ကျယ်တွေပြောပြီး ဖုန်းနံပါတ်တွေဖြတ် request လုပ်ထားတာကိုဖြတ် ပြီးတော့ တစ်နာရီတောင်မပြည့်ဘူး ဖုန်းနံပါတ်တွေပြန် save request ပြန်လုပ် 



ကမ္ဘာပေါ်မှာ      နဲ့ပတ်သက်လာရင် နင့်လောက်စောက်မှတ်မရှိတဲ့ကောင်မကို ဘုရားစူးပါစေရဲ့ ငါတစ်ယောက်မျှမတွေ့ခဲ့ဘူးပါဘူး ခင်စန္ဒာဝိုင်းရေ..



အရှက်မရှိတော့ Viber မှာ နွားကျခံပြီးတော့ အကူအညီတောင်းထားပါတယ် ကူညီပေးရင်တော့ ကောင်းမှာပါ


ကျွန်တော့်ကိုယ်ကျွန်တော် စိတ်နဲ့မဟုတ်ဘဲ တကယ်သတ်မိမှာကို စိုးရိမ်မိလို့ပါ။



😭😭😭





ချစ်သော Clover 🍀

 




သင်္ကြန်တွင်းမှာသတိရပေမယ့် ဆိုင်လည်းဖွင့်တာဆိုတော့ အရင်နှစ်ကလိုအများကြီးတော့ သတိမရနိုင်တော့ဘူးပေါ့ဗျာ


၁၈ရက်နေ့မှာတော့ တအားကြီးကိုသတိရမိလို့ fb မှာရှာကြည့်မိပါတယ် အလုပ်တာဝန်တွေများပြားနေတာကို post တစ်ခုကနေတွေ့လိုက်မိလို့ ခင်ဗျားအဆင်ပြေသွားမှာပါလို့ ကိုယ့်ဘာသာဖြည့်တွေးလိုက်မိပါတယ် အဲ့ကနေစပြီးတော့ သတင်းတွေပြန်ဖတ်ကြည့်မိတယ်


၂၂ရက်နေ့မှာ နေမကောင်းလို့ တနေ့လုံးသတိရနေပေမယ့် ကျွန်တော်မဆက်သွယ်မိခဲ့ပါဘူး ၂၄ရက်နေ့မှာ ကျွန်တော်ဝင်ဖတ်နေတဲ့သတင်းမှာ ထိတွေ့မှုဖြစ်စဥ်ပါလာတော့ အတော်လေးစိုးရိမ်ကြီးမိပါတယ်


၂၅ရက်နေ့နေလည်မှာ သတင်းတွေကနေတဆင့် ဘေးကင်းတာကိုသိရတော့ တကယ်ကိုအများကြီးဝမ်းသာမိပါတယ်


ဆင်သွားရင်လမ်းဖြစ်တဲ့သူမို့လို့ အစစအရာရာအကုန်လုံး အောင်မြင်ပြီး အဆင်ပြေချောမွေ့သွားရတာပါဗျာ


ကျွန်တော်နဲ့ အဲ့ကလူတွေအကုန်လုံးအတွက်တော့ ခင်ဗျားက ချစ်သော Clover 🍀 ပါ။