လောကီ

 




လူရယ်လို့ဖြစ်လာခဲ့ရင် လောကဓံကကြုံတွေ့ရတာပါပဲ ဒီဇင်ဘာလမှာတော့ ရွှေသိမ်တော်ဘုရားမဖူးဖြစ်နိုင်တော့ပါဘူးဗျာ အိမ်ကိစ္စလေးပြီးပြတ်သွားမှပဲ ရွှေသိမ်တော်ဘုရားကို သွားဖူးဖြစ်မှာပါ 


ရွှေသိမ်တော်ဘုရားအတွက့်လှူဖို့ရည်စူးထားတဲ့ ထီပေါက်တဲ့ပိုက်ဆံသုံးသောင်းကိုတော့ မသုံးဘဲသီးသန့်ဖယ်ထားပါတယ် ဆုတောင်းပြည့်တယ်ဆိုတာလည်း ယုံကြည်လက်ခံထားပါတယ် နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ဖို့ကလွဲရင် လောကီဆုတွေမတောင်းတော့တာဖြစ်လို့ အိမ်ကိစ္စအတွက်လည်း ဆုမတောင်းဖြစ်ပါဘူး


ထီပေါက်တဲ့ငွေထဲကနေ ဒီနေ့ထီလက်မှတ်၁၀စောင် မရည်ရွယ်ပဲထိုးလာမိပါတယ် အမှန်က၅စောင်ပဲထိုးမှာပါ ၁၀စောင်တွဲကနေ ဆိုင်ပိုင်ရှင်ကလိုလိုလားလားဖြုတ်ပေးမယ်ပြောတာရယ် ထီလက်မှတ်စျေးက ၁၂၀၀၀ ပဲ ရောင်းတာတယ်ဖြစ်လို့ ၁၀စောင်လုံးထိုးဖြစ်သွားရတာပါ


လူရယ်လို့ဖြစ်လာပြီပဲ ကြုံလာသမျှကို အကောင်းမြင်စိတ်လေးပဲ အတက်နိုင်ဆုံးမွေးထားပါတယ် မနက်ကဒေါသထွက်ပြီးပြောမိသွားလို့ ကျွန်တော်ဒေါသမထွက်ဖို့ကို အများကြီးကြိုးစားရပါအုန်းမယ်ဗျာ


အရင်ကဆိုရင် ငါ့ကျမှဒီလိုလောကဓံနဲ့​ကြုံတွေ့ရလားဆိုပြီး ညီးတွားတက်ပေမယ့် အခုကျတော့ ဒီလိုဖြစ်ရမယ့်အချိန်ရောက်လို့ ဖြစ်ရတာပါဆိုပြီး တွေးတက်နေပါပြီ။



အမှန်က လောကီကို စွန့်နိုင်အောင်လို့ တိုက်တွန်းနေတာလား မသိပါဘူးဗျာ။




No comments: