ဘားအံကပြန်လာတာ ၃လခွဲရှိသွားပြီ ဘားအံခရီးစဥ်အကြောင်းလည်း ဆက်မရေးဖြစ်သေးဘူး အဓိကကစာရေးချင်တဲ့ Mood က ဟိုဘက်ကမ္ဘာကိုရောက်သွားရတာပါ
အခုလည်း Mood ဝင်လို့မဟုတ်ဘူးဗျ သီတင်းကျွတ်ပိတ်ရက်ပြီးကတည်းက ရွှေသိမ်တော်ဘုရားဖူးချင်တဲ့ စိတ်ကြီးကဝင်လာတော့ တနေ့တနေ့ မြန်မာ့မီးရထားမှာ ရန်ကုန် - ကျောက်ဆည် လက်မှတ်ဝင်ကြည့်ရတာ တနေ့ကို ၃၊၄ကြိမ်ပါပဲဗျာ
ဟိုတယ်ကျောက်ဆည်လည်း contact ရပြီ ဟိုတယ်ကမစီစဥ်ပေးရင် အိုးဝေငှားဖို့လည်း data တွေလည်းစုထားပြီးပြီ ဆရာပြန်လာရင် ဒီဇင်ဘာ၁၉ရက်နေ့အတွက် ခွင့်ယူဖို့အတွက် ခွင့်တောင်းဖို့ပဲကျန်ပါတော့တယ်
တခုတော့ကျန်သေးတယ်ဗျ အိမ်ကနေ့ဘူတာကြီးကိုသွားဖို့ မနက်၅နာရီလိုင်းကားရှိ၊မရှိ စုံစမ်းရအုန်းမယ် လိုင်းကားရှိရင်တော့ All fine ပဲဗျာ
၁၉ရက်နေ့မနက်၄နာရီအိပ်ယာကထ ရေမိုးချိုးပြီး ၅နာရီမှာကားဂိတ်ကိုသွား လိုင်းကားစီးပြီး သမ္မတမှာဆင်း ဘူတာကြီးကိုလမ်းလျှောက် မသကာ၁၀မိနစ်ပေါ့ဗျာ
မနက်၆နာရီစထွက်မယ့် မန္တလေးသွားမယ့် စပိန်ရထားကိုစီး နေ့လည်စာရထားပေါ်မှာမှာလို့ရတယ်ဆိုတော့ အဲ့ကျမှတစ်ခုခုစီစဥ်ပေါ့ဗျာ ညနေ၃နာရီကျော် ကျောက်ဆည်ဘူတာရောက် လမ်းကူးလိုက်ယုံနဲ့ ဟိုတယ်ကျောက်ဆည်ရှိတော့ (ဟိုတယ်ကကလေးမကိုမေးကြည့်ထားတာပါ) check in ဝင် ရေမိုးချိုးပြီး အိုးဝေနဲ့ ရွှေသိမ်တော်ဘုရားအေးအေးဆေးဆေးဖူး အချိန်ရရင်တော့တခြားဘုရားတွေလည်း ဖူးဖြစ်မှာပါ ဒါကတော့ plan B ပေါ့ဗျာ
ဘုရားကနေဟိုတယ်ပြန် အပြန်လမ်းမှာအိုးဝေအကူအညီနဲ့ ညစာအတွက် တစ်ခုခုစီစဥ် ပစ္စည်းသိမ်းပြီးညအိပ်
၂၀ရက်နေ့မနက်၄နာရီအိပ်ယာကထ ရေမိုးချိုးပြီး ၅နာရီမထိုးခင်အိုးဝေစီးပြီး ရွှေသိမ်တော်ဘုရားကိုဦးတိုက် ဆွမ်းကပ်လှူ ၆နာရီကျော်ဘူတာရုံတန်းဆင်း ဘူတာရုံရောက်တော့မှ မနက်စာစား
မန္တလေးကနေ မနက်၆နာရီထွက်လာမယ့် စပိန်ရထားကို ကျောက်ဆည်ဘူတာကနေ ၇နာရီမှာစောင့်စီး ခဏလေးပဲရပ်ပေးတယ်ပြောတယ်ဗျ နေ့လည်စာကို ရထားပေါ်မှာမှာစား ညနေ၄နာရီကျော် ရန်ကုန်ဘူတာကြီးရောက် ဝင်းအပြင်က ၉၃ Aircon Bus ကိုစီး အိမ်ကိုပြန် plan ထဲမှာတော့ သာသာယာယာပါပဲဗျာ
ဒီဇင်ဘာလဆိုတော့ အအေးပိုမယ်ထင်ပါတယ် အအေးဒဏ်ကိုကြောက်ပေမယ့်လည်း ချမ်းစိမ့်စိမ့်လေးခံစားရတာလည်း ရသတစ်မျိုးပါပဲဗျာ
ပိုက်ဆံတွေသုံးမကုန်လို့ ခရီးသွားတာ မဟုတ်ဘူးဗျ ကျွန်တော့်စိတ်ကို အေးချမ်းစေချင်လို့ ခရီးသွားတာပါဗျာ
ရထားလက်မှတ်က Tax မပါသေးဘူး အသွားအပြန် ၆၄,၀၀၀
ဟိုတယ်ခက ၄၈,၀၀၀ အမှန်ကတော့ ညအိပ်ယုံလေးနဲ့ မတန်ဘူးဗျ တစ်ယောက်တည်းသွားတာဆိုတော့ save ဖြစ်တာကို ရွေးထားတာပါ
ရွှေသိမ်တော်ဘုရားမှာ လှူဖို့က ၃၀,၀၀၀ ဘုရားပွဲတော့မလှူတော့ဘူးဗျ (နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ကလွဲရင် လောကီဆုတွေ မတောင်းမိတော့တာ နည်းနည်းကြာပါပြီ)
အိုးဝေခက ၂ရက်ဆိုရင် ၅၀,၀၀၀ လောက်ကျမယ်ထင်တယ်ဗျ plan B ဆိုရင်ပိုများသွားမှာပါ
ထမင်းသုံးနပ်စာက ၄၅,၀၀၀
တကယ်လို့ လိုင်းကားမရှိရင်တော့ ဘူတာကြီးလာဖို့ Taxi ငှားရမှာပါ အဲ့ဒါက ၂၀,၀၀၀ ပေါ့ဗျာ
Taxi ခ ပါပါရင် ၂သိန်းခွဲလောက်ကုန်ပါမယ်
လောလောဆယ်တော့ အရန်ငွေလေး ၁သိန်းရှိပါတယ် နောက်တပတ်၇ရက်နေ့ ၁သိန်းရမှာနဲ့ ဒီဇင်ဘာ၇ရက်နေ့
၁သိန်းရမှာနဲ့ဆိုရင် သွားလို့ရပါပြီဗျာ
အဖေနဲ့အမေပါရင် ၂သိန်းပဲလောက်ထပ်ကုန်မှာဖြစ်ပေမယ့် သူတို့ကပိုက်ဆံအပိုကုန်မှာစိုးလို့ မလိုက်ဘူးပြောလို့ မခေါ်ခဲ့ရပေမယ့် စိတ်မကောင်းပါဘူး
၂၀၂၇ခုနှစ်ထဲမှာတော့ သူတို့ခရီးသွားဖို့ ပိုက်ဆံစုပေးပါအုန်းမယ် သူတို့ခရီးသွားပြီးမှပဲ ပန်းလောင်ကိုထပ်သွားမယ်ဗျာ ပန်းလောင်သွားချင်တဲ့ရောဂါက ဒီနေ့မှစတာဗျ
၂၀၁၉ခုနှစ်ကတည်းက ခရီးတွေသာစသွားဖြစ်ခဲ့ရင် ဘဝကြီးက အခုထပ်ပိုပြီးအေးချမ်းနေမလားလို့ပါဗျာ အဲ့ဒါကလည်း ကျွန်တော့်အထင်ပါဗျာ လက်ရှိဘဝကိုပဲ တန်ဘိုးထားပြီးတော့ အေးချမ်းစွာဖြတ်သန်းပါတော့မယ်ဗျာ။
