Thank you, July.








KBZ Bank မှာ ဆရာ့ account ထဲငွေလာသွင်းရင်း ဘဏ်မှာကြာချိန်မှာ ရေးဖြစ်တဲ့ post ပါ


ဇူလိုင်လတစ်လလုံး ပိုက်ဆံကိုစိတ်ချမ်းသာသလိုသုံးနေတော့ ခရီးကနေပြန်ရောက်တဲ့၁၃ရက်နေ့ညမှာ အိမ်ကိုပြန်ဆပ်ရမယ့်အကြွေး၆သိန်းကျော်ဖြစ်သွားပြီ ခရီးသွားတဲ့ပိုးကလည်း အရင်ကတော့ ခေါင်းထဲတင်ပါ အခုကတော့ခေါင်းထဲတင် မကတော့ပါဘူး အိပ်ယာထဲအထိပါဝင်သွားတော့ ခရီးသွားဖို့လည်း Must be save money!! ပိုက်ဆံစုရပါမယ်


လက်လွန်ကြက်သွန်တွေဖြစ်နေပြီဆိုကာမှ 25th july Yangon Social ပွဲအတွက် shoes ဝယ်တာရယ် top outfit က ဆရာတို့အစ်မတို့နဲ့သွားရမှာကို အရမ်း hot နေတော့ အင်္ကျီထပ်ဝယ်ရပြန်ရော အဲ့မှာတင် ၁သိန်းကျော်သွားရော ကိုယ့်ဘာသာဆိုရင် ဝိုင်းကြေး ၆ယောက်စာ၆သိန်းနဲ့တင် သွားမကြည့်နိုင်ပါဘူးဗျာ


အကြွေးက၇သိန်းဖြစ်လာတော့ အလစ်တဲလေးသွေးတိုးရပါပြီ ၁၁လပိုင်းမှာခရီးသွားဖို့အတွက်က စုငွေလျော့သွားရပြီလေဗျာ 


အရင်လို Bar သွားပြီးတော့ မသောက်ဖြစ်တော့ ကျွန်တော်အရမ်းကြီးပြိုလဲနေတာတောင် မြန်မာပြည်မှာ ကျွန်တော်သွားရမယ့်နေရာတွေ အများကြီးဆိုတဲ့စိတ်တစ်ခုနဲ့သာ အားတင်းထားနေရတာဗျ 


ခင်ဗျားမှကျွန်တော့်ကို ခင်ဗျားဘဝထဲကနေ အပြီးတိုင် blocked လိုက်ပြီးပြီဗျာ။


မနက်ဖြန် လစာထုတ်ပြီဆိုတော့ အလုပ်မလုပ်ဖြစ်တဲ့ ၂နှစ်ကျော်သက်တမ်းမှာ အပျော်လေးတစ်ခုပြန်ရလာတာပေါ့ အိမ်ကနေလတိုင်း မုန့်ဖိုးပေးပေမယ့် အသက်ငယ်ငယ်တည်းက လုပ်ငန်းခွင်ဝင်လာတဲ့သူမို့လို့ လုပ်ခလစာရတဲ့ခံစားချက်ကြီးက အသားကျနေမိတာနေမှာပါဗျာ


အခုအလုပ်မှာ မနက်စောစောထပြီး အလုပ်အချိန်မီရောက်အောင် လာဖြစ်တယ် ၂၉ရက်နေ့ကနေစပြီးတော့ မဟာသမသုတ်ရွတ်ဆိုဖြစ်တယ် အလုပ်မှာမနက်တိုင်း ဆွမ်းကပ် ရေတော်ကပ် ပန်းကပ်လှူဖြစ်ပါတယ်ဗျာ


ဒါကအခုညကျမှ ထပ်ရေးဖြစ်တာပါ


EV တစ်စီး နေ့ချင်းရောင်းရပြီး ငွေအကြေချေဖြစ်တော့ ရုံးကနေပြန်တော့ည၇နာရီထိုးတော့မယ် မိုးကလည်းရွာတော့ သိမ်ဖြူလမ်းမကြီးမှာရေအဖွေးသား ၆၄ကားကို ကြယ်ငါးပွင့်မှတ်တိုင်ကနေ့စီးလာပြီးတော့ ကားပြတင်းပေါက်ကနေ ရေအဖွေးသားကိုငေးကြည့်နေမိတာပါ အသက်ရှုကြပ်လို့ခပ်ဟဟဖွင့်ထားတဲ့ပြတင်းကနေတောင် လေအေးတွေနဲ့မိုးစက်တွေဝင်လာလို့ ချမ်းစိမ့်စိမ့်ဖြစ်နေမိတာပါ 


မိုးထဲရေထဲမှာ စိန်ပေါလ်မှတ်တိုင်နားကဘုရားကျောင်းနားမှာ ချိုင်းထောက်နဲ့အလှူခံနေသူ မိန်းမရွယ် မြန်မာပလာဇာမီးပွိုင့်မှာ မိုးကာဝတ်ထားပြီး အဆောင်းမပါတဲ့ Foodpanda က ယောက်ကျားလျာလေး ချော်တွင်းကုန်းမီးပွိုင့်မှာ ခြေဗလာနဲ့ပန်းကုန်းရောင်းနေတဲ့ ဆယ်နှစ်သားအရွယ်ကလေးငယ်ကို မြင်တွေ့ရတော့ အများကြီးစိတ်မချမ်းသာဖြစ်ရပါတယ်ဗျာ


ကျိကျိတက်ချမ်းသာတဲ့သူတွေကို မြင်ရတော့လည်း ဝမ်းသာပီတိဖြစ်ရပါတယ် ကျွန်တော်ထက်ပိုပြီးခက်ခဲတဲ့သူတွေကို တွေ့မြင်ရတော့လည်း စိတ်မကောင်းဖြစ်ရပါတယ် မလွယ်တာတွေ့ရင်ပိုခက်တဲ့ဘဝတွေကို ငဲ့ကြည့်ပါအုန်းဆိုတဲ့ သီချင်းစာသားက အခုခေတ်ကာလကြီးနဲ့ ထပ်တူကျနေတာကတော့ မကောင်းပါဘူးဗျာ


၇လပိုင်းမှာကျွန်တော်ကို့ အပြီးတိုင်ထားခဲ့တဲ့ အစ်ကိုကြီးကိုလည်း လွမ်းမိပါတယ် သူပြန်မလာတော့တာ သေချာခဲ့ပေမယ့် ပြန်လာမှာပါဆိုပြီး နှစ်သိမ့်နေမိတဲ့ ကျွန်တော့်ကိုယ်ကျွန်တော်လည်း တကယ်ကိုသနားမိပါတယ်


အဆိုးတွေထဲကနေ အလုပ်ပြန်ဝင်နိုင်တာရယ် မဟာသမယသုတ် စပြီးရွတ်ဆိုပူဇော်နိုင်တာကတော့ ကျွန်တော့်အတွက် ဘုရားကပေးတဲ့ဆုလာဘ်တွေပါပဲဗျာ။


#ThankyouJuly.



 

မုန်းပါတယ်ဗျာ။




နေခင်းကတင်မိတဲ့ post အတွက် နောင်တမရပါဘူး 


အခုတော့ လည်စင်းခံနေမိတဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ချက်ချင်းကိုရွံလာမိလို့ ဆုံးဖြတ်ချက်ချလိုက်တာပါ။


​ထပ်ချစ်ခဲ့မိရင်တောင် ကျွန်တော်အများကြီးမမေးတော့ပါဘူး ငါ့ကိုမိန်းမတစ်ယောက်ဆိုတာ အသိအမှတ်ပြုပြီး စာနာပေးတက်လားဆိုတာရယ်



ငါ့ကိုမုန်းသွားရင်တောင် နင့်ကိုငါမုန်းတယ်ဆိုတာကို ပြောပြီးထားခဲ့တဲ့ ယောင်္ကျားပီသတဲ့ ယောင်္ကျားလားဆိုတာရယ် ပါပဲဗျာ။




နမိတ်



 






ဒီနေ့လည် 2017 အလုပ်မထွက်ခင်တုန်းက အရင်တုန်းကစာရင်းတွေ ပြန်ပြီး collected လုပ်ရင်းနဲ့ တရားပြီးသွားတော့ ဖြိုးပြည့်စုံရဲ့ သို့ သူငယ်ချင်းကို အလွတ်ရသလောက်နီးပါး နားထောင်မိတယ် နားထောင်ရင်းနဲ့ 1:11pm လေးကို တွေ့မိလိုက်တော့ ကိုကိုနဲ့တွေ့ရပါစေလို့ ဆုတောင်းမိပြန်တယ်.. 😔



နမိတ်ဆိုတာကို ကျွန်တော်ယုံပါတယ် ကျွန်တော်ကတောင်ကျွန်းသူဖြစ်နေတာကိုဗျာ


ဇူလိုင်လဆန်းထဲက ခရီးသွားရမှာကိုအပျော်လွန်ပြီး သူပျော်တာလေးပဲတွေ့ရင် ကျေနပ်တယ်ဆို မင်းပြောတော့ ရယူခြင်းကအချစ်မဟုတ်ဘူးဆိုတာကို တနေ့ကို အကြိမ်ရေအတော်များများ ဆိုခဲ့ဘူးပါတယ်


အဆိုတော်နာမည်တောင်မသိဘူးဗျာ ဘားအံကပြန်လာပြီး post တင်ချင်တာနဲ့ သီချင်းစာသားအတိုင်း youtube မှာရှာကြည့်တော့မှ ဖြိုးပြည့်စုံရဲ့ သို့ သူငယ်ချင်းဆိုတာကို သိလိုက်ရတာပါ


ဒါပေမယ့် အလေးအနက်ထားပြီး နားမထောင်ခဲ့မိပါဘူး စနေနေ့ညက ဆရာနဲ့အစ်မတို့အိမ်မှာပဲ အိပ်ဖြစ်လိုက်တယ့် သင်္ဘောတက်နေတဲ့ ဆရာနဲ့အစ်မတို့သားကြီး ကိုကို့အခန်းပေါ့


ကိုကိုဆိုတဲ့အသံကြားယုံနဲ့ ခင်ဗျားကိုသတိရတက်တဲ့သူဖြစ်တော့ လွမ်းတယ် ကိုကိုဆိုတာကို မရောက်မှန်းသိရက်နဲ့ ဖုန်း message ကနေပို့မိလိုက်ပါတယ်


Sunday မနက်စောစော အိမ်ကိုထပြန်ပြီးတော့ အိမ်ရောက်တဲ့အချိန် fb ကိုဝင်ကြည့်မိတော့ ကျွန်တော့်ကို blocked သွားပါပြီ accepted မလုပ်ပေးတဲ့ locked ချထားတဲ့ account ကိုတောင် ကျွန်တော်​ကြည့်ခွင့်မရှိတော့ပါဘူး မျက်ရည်ကျမိပေမယ့် ဘာတက်နိုင်မှာလည်း ခင်ဗျားအပေါ်ပေးဆပ်ရမယ့် ဝဋ်ကြွေးကမကုန်သေးဘူးနေမှာပါဗျာ 


ညကျတော့ လူကခရီးကပြန်လာပြီးကတည်းက တစ်ရက်မှမနားရသေးတော့ ပင်ပန်းပြီးဖျားပါလေရော နေမကောင်းတော့ ပိုပြီးလွမ်းမိတာနဲ့ အကြွေးကြေဘုရားပုံနဲ့ စာပို့ဖြစ်လိုက်ပါတယ် 


ကျွန်တော်အရင်လို ပေကပ်ဖက်တွယ်ပြီးတော့ ထားခဲ့ရက်တဲ့သူကို စောင့်မနေတော့ပါဘူးဗျာ ကျွန်တော်တကယ်ကို သနားဖို့ကောင်းလို့ပါ 


သီချင်းထဲကစာသားအတိုင်းပါပဲ တကယ်ချစ်ခဲ့ရင် တနေ့ပြန်လာမှာပေါ့ဗျာ


ကျွန်တော့်ကို ခင်ဗျားတကယ်ချစ်ရင်တော့ ပြန်လာမယ်လို့ပဲ ယုံကြည်ထားပါတယ်။







ချစ်သော ဘားအံ။


၁၃ရက်နေ့ညဘားအံကနေပြန်ရောက်ကတည်းက သေချာမအိပ်ရသေးဘူး 


၁၄ရက်နေ့ကဆရာနဲ့အစ်မတို့ကိုသွားတွေ့တာ မိုးချုပ်မှအိမ်ပြန်ရောက်တယ် ၁၅ရက်နေ့ ဇီးရိုးမိုင်မှာကားသွားအပ်ပေးတာကို လိုက်သွားပြီး စာဘူးတောင်းခြေတော်ရာသွားဖူးတာနဲ့ ခရီးကပြန်လာပြီးမှ အိပ်ချိန်ကသိပ်မရှိဘူး


၁၅ရက်နေ့အလုပ်စဆင်းပြီးကတည်းက မနက်၆နာရီကျော်အထိ အိပ်နေလို့မရဘူး ကားမှတ်တိုင်ကို ၇နာရီ၁၅ရောက်မှ ၄၈လမ်းကုမ္ပဏီကို ၉နာရီမတိုင်ခင်ရောက်တာပါ


ဒီညလည်း မျက်စိမဖွင့်တော့တာကို ဖုန်း storage ပြည့်နေတာနဲ့ ဘားအံ video files တွေ fb မှာပြန်တင် blog မှာပုံဝင်တင်တာနဲ့ စာတောင်မရေးနိုင်ဘူး


နောက်ပိတ်ရက်ကျမှ ဘားအံခရီးစဥ်ကို သေချာရေးမယ်ဗျာ


ညက fb သုံးတော့ ZZA အကြောင်းကြားရတော့ အများကြီးစိတ်မကောင်းဖြစ်ရတယ် ခင်ဗျားကိုလည်း တကယ်ကိုစိတ်ပူမိတယ် အစစအရာရာဂရုစိုက်ပေးပါဗျာ ဘယ်အရပ်ဒေသမှာပဲနေထိုင်ပါစေ ဘေးကင်းအောင်နေပေးပါဗျာ


မနေ့ကတော့ လွမ်းတယ် ဆိုတာပို့မိပါတယ် ဒီညကျမှ message not send တဲ့ ကျွန်တော်ကတော့ ထပ်ပို့ထားပါတယ် စာတွေရောက်မရောက်ကတော့ ဘုရားပဲသိမှာပါ


 
မျက်စိတွေတအားစပ်လာလို့ အိပ်တော့မယ်ဗျာ 
ကိုကို ကျွန်တော်တကယ်ကိုလွမ်းတယ်။