ဂယက်တစ်သိန်း။


 


ခရီးလေးတစ်ခုသွားပါတယ် မနက်ကအထိကယက်ကထနေတုန်းဗျာ



မနေ့ကအိမ်ကိစ္စနဲ့ကျွန်တော့်ကိစ္စအတွက် အောင်သမာဓိမှာရွှေသွားရောင်းဖို့ အရင်နေ့တွေထဲကကြိုပြင်ထားတာပါ အိမ်ကတော့ဆေးဖိုးအတွက်ရောင်းရတာပါ 



ကျွန်တော်ကတော့ ယောင်းမဝမ်းကွဲလေးက အတိုး၅ကျပ်ပေးမယ်ဆိုလို့ တစ်လ၁သိန်းဆိုရင် တစ်နှစ်ပြည့်တာနဲ့ ရွှေ၂ပဲပြန်ရပါတယ်ဆိုပြီး  မူးရင်ရှုဖို့ချန်ထားတဲ့ ရွှေ၄ပဲသားလေးကို သိန်း၂၀ဖိုးရောင်းပြီး ကျန်တဲ့ ၅ရွေးလေးကို ရွှေပြန်စုဖို့ချန်ထားလိုက်တယ်



နေ့လည်ဆိုင်ဖွင့်ပေးပြီးတာနဲ့ ညီမနှစ်ယောက်သွားဖို့လုပ်ထားပေမယ့် သုံးရာသီကနေဖုန်းဝင်လာပြီး ၁၀ရက်နေ့ခရီးစဥ်ပျက်ပါတယ် ၁၇ရက်နေ့မှသွားဖြစ်ပါမယ်ဆိုတော့ လူကဘူသွားရောဗျာ



Tour ရွေးမှားရင်လည်း တကယ်ကိုအာရုံနောက်ရပါတယ်ဗျာ ဇွန်လ၂၉ရက်နေ့က ရွေ့လိုက်တဲ့အရွေ့က ဇူလိုင်လ၁၇ရက်နေ့အထိရောက်သွားတယ် ၁၇ရက်နေ့ရောက်ခါနီးလည်း ထပ်ပြီးတော့ရွေ့မှာပါ အဲ့ဒါနဲ့စရန်ငွေပိုက်ဆံပြန်အမ်းခိုင်းတော့ ညနေကျရင်လွှဲပေးလိုက်မယ်တဲ့



၁၀ရက်နေ့သွားရမယ့်ခရီးက ၇ရက်နေ့ကျမှကပ်ပြီးတော့ပျက်သွားတော့ စိတ်ပျက်ပြီးတော့ ဘာမှကိုမလုပ်ချင်တော့ဘူး 



ယောင်းမလေးကိုလည်း ၇ရက်နေ့ငွေလွှဲပေးမယ်ပြောထားတော့ အောင်သမာဓိကိုသွားရပြန်ရော ရောက်တဲ့အချိန်မှာ ဘဏ်ချိန်မမီတော့ မမကိုပဲသိန်း၂၀ပြန်ထည့်ပေးပြီး KBZ pay ထဲ ငွေထည့်ခိုင်းလိုက်ရတယ်



အဲ့ကနေပလာဇာဆက်သွား အလုပ်ပြန်ဝင်ဖို့အင်္ကျီနည်းနေတော့ အင်္ကျီ၃ထည်ပုပုစီမှာသွားအပ် အလုပ်သွားဖို့အိတ်ဝယ် အခုလွယ်နေတဲ့အိတ်က ၄နှစ်နီးပါးရှိပြီဆိုတော့ အနားလုံးထား​တာတွေလန်နေပြီး အတွင်းသားတွေလည်းအက်နေပြီ 



သူ့ကိုဝယ်တဲ့ဆိုင်ကိုရောက်ခဲ့ပေမယ့် အိတ်တစ်လုံးစျေးက၂သိန်းနားကပ်နေတော့ နှမလက်လျော့နေလိုက်တယ် စျေးသင့်တာလေးတစ်လုံးပဲ ၁နှစ်လောက်ခံရင်တော်ပါပြီဆိုပြီး ဝယ်လိုက်ပါတယ်



အမှန်က Toner တစ်ဘူးပါဝယ်ရမှာ လက်ထဲမှာခရီးအတွက်ချန်ရအုန်းမှာဆိုတော့ နေ့လည်စာမစားရသေးတာတောင် ဘာမှထပ်မသုံးရဲတော့ဘူး



ပုပုစီကပြန်လာပြီး ဆိုင်ပြန်ရောက်တော့ ည၆နာရီခွဲနေပြီ အမေကငွေဝင်ပြီလားတဲ့မေးတော့ ပိုက်ဆံစစ်ကြည့်တော့မဝင်သေးဘူး ညဘက်ဆိုင်သိမ်းပြီးအိမ်ပြန်ရောက်တော့ ည၉နာရီကျော်အထိတောင် ငွေမဝင်သေးဘူး 



အနွေးထည်ဖိုး ၃၂,၀၀၀/- ကို ကျားဖျန်တွေကလိမ်သွားတော့ အိမ်ကလူတွေကထပ်လိမ်ခံရပြန်ပြီဆိုပြီး သြဘာပေးကျပါတယ် မနက်ဖြန်မှငွေမလွှဲပေးရင် သာကေတရုံးကိုလိုက်တောင်းမယ်ဆိုပြီး မောင်းတင်ပြီးခလုပ်ပါဆွဲထားလိုက်တယ် တော်ပါသေးရဲ့မနက်မိုးလင်းလို့ KBZ pay ကိုစစ်တော့ စရန်ငွေပြန်ဝင်ထားပြီ



စရန်ပြန်ရတာနဲ့ ဒီမနက် သန်းဌေးနဲ့ရောင်းရင်းများကိုစုံစမ်းတော့ မန္တလေး ပြင်ဦးလွင် ကျောက်ဆည်က ၂၈ရက်နေ့မှသွားမှာ ပုဂံကလည်း ၁၈ရက်နေ့မှသွားမှာဆိုတော့ ၁၁ရက်နေ့သွားမယ့် ဘားအံပဲအဆင်ပြေမယ်တဲ့



အဲ့ဒါနဲ့  The Unlock ကို ပုဂံစုံစမ်းတော့ ၁၀ရက်နေ့ညရှိတယ် package နဲ့ အခန်းခအပါ ၃၇၉,၀၀၀/- ကျမယ် အမြန်လမ်းမှာဝယ်စားရမှာနဲ့ဆိုရင် ၄သိန်းကျော်ကုန်မယ်ဆိုတော့ လက်ထဲကပိုက်ဆံနဲ့ Ok ပေါ့ဗျာ



ခုံနံပါတ်မေးတော့ နံပါတ်၄၁ နောက်ဆုံးခုံတန်း ခရီးကတော့မသွားရရင်ကို မဖြစ်ဘူးဗျ သွားချင်ပေမယ့် နောက်ဆုံးခုံတန်းကတော့ ကျွန်တော့်အတွက်အဆင်မပြေဘူးလေဗျာ



ဦးသန်းဌေးစီပြန်ပြေး အိပ်ယာနိုးထဲက ဒီနေ့တမနက်လုံး ဆိုင်မဖွင့်ပေးနိုင်ပဲ ယောက်ယက်ခက်နေတာဗျ အိမ်ကလူတွေကတော့ ဒီအရူးမခရီးသွားရမှပဲ စိတ်ချမ်းသာတော့မှာသိတော့ လွှတ်ထားပေးကြတယ်



သန်းဌေးမှာဘားအံခရီးစဥ်စုံစမ်းတော့ ၃၄၀,၀၀၀/- အခန်းက ခရီးသွားဖော်မိန်းကလေးမရှိဘူးဆိုရင် ၁၁၀,၀၀၀/- ထပ်ပေးရမယ် ၁၁ရက်နေ့မနက်၅နာရီ သမားတော်ရှေ့ကနေကားစီးရမယ် အမြန်လမ်းမှာနှစ်နပ်စာ ကုန်ကျစရိတ်ရှိမယ် တောင်တက်ရမှာဆိုတော့ Shoes တစ်ရံဝယ်ရမယ် အိမ်မှာရှိတဲ့ Shoes ဖိနပ်ကကြွက်ကိုက်သွားတော့ အရင်နှစ်ထဲကရေစက်ချလိုက်ရပြီ



ဘားအံဖိုး၄သိန်းခွဲရယ် ဖိနပ်ဖိုးရယ် Taxi အသွားအပြန်ခရယ်ဆိုရင် ၅သိန်းကျော်ကုန်မှာ လက်ထဲဆောင်သွားရမယ့်ပိုက်ဆံနဲ့ဆိုရင် ၆သိန်းနီးပါး ဖုန်းဝယ်ဖို့ချန်ထားတဲ့ပိုက်ဆံကျန်တာရယ် ဦးလေးအငယ်စီကချေးထားတဲ့ပိုက်ဆံ၂သိန်း ဆရာနဲ့အစ်မတို့ပေးထားတဲ့မုန့်ဖိုးရယ်မှ ၅သိန်းနီးပါးပဲကျန်တော့တာဆိုတော့ ၁သိန်းကလိုနေသေးတယ်



ဦးသန်းဌေးကိုလည်း စရန်ငွေ၁၅၀,၀၀၀/- လွှဲထားပြီးပြီဆိုတော့ ၁၁ရက်နေ့အိမ်ကရမယ့်အတိုးကိုခဏချေးသုံးထားတယ် နောက်လ၇ရက်နေ့ အတိုးဝင်လာရင်ပြန်ဆပ်ပါမယ်ဆိုပြီးတော့ အိမ်နဲ့ညှိထားလိုက်တယ်



မမနဲ့ဦးလေးကတော့ သြဘာပေးပါတယ် ငါတို့တွေခရီးခဏခဏသွားနေတာ ဘာမှမဖြစ်ဘူး နင်ကျမှပဲအမျိုးမျိုးကိုဖြစ်လို့တဲ့ ဘယ်တက်နိုင်မှာလည်းဗျာ ပိုက်ဆံများနေလို့ခရီးသွားတာမဟုတ်ဘဲ စိတ်ဖိစီးတာတွေမေ့ပြစ်ဖို့အတွက်ကို ခရီးသွားတာပဲဗျာ အဆင်မပြေမှုကတော့ရှိနိုင်တာပဲလေ ငွေမှများများမသုံးနိုင်တာကိုဗျ



ဇွန်လတည်းကခရီးကိစ္စအဆင်မပြေခဲ့ပေမယ့် ဒီမနက်တစ်ပိုင်းတည်းတင် ဦးသန်းဌေးနဲ့အဆင်ချောသွားလို့ ကျေနပ်မိပါတယ် ခုံနံပါတ်ကလည်း နောက်ဘက်ရပေမယ့် ပြတင်းပေါက်ဘေး နောက်ဆုံးတန်းခုံမဟုတ်လို့ သဘောကျမိပါတယ် 



စရန်လွှဲပြီးတာနဲ့ မတ်လဆန်းထဲကပြင်ထားတဲ့ Luggage ကို final ပြင်ပြီးတော့ပိတ်ထားလိုက်တယ် အဲ့ဒီ့ Luggage ကိုပြင်မိတာ ၅ခါ၆ခါလောက်တော့ရှိပြီထင်ပါရဲ့ဗျာ



စက်တင်ဘာလဆို အသက်၄၅နှစ်ပြည့်လို့ အဘွားကြီးဖြစ်ပါပြီ အခုအချိန်အထိကို လုပ်ချင်တာလုပ်ထားပြီးရင် အလှဆုံးပြုံးနေတက်သူဆိုပြီး ကျန်ရှိတဲ့ဘဝသက်တန်းနဲ့  ၂၀၂၆ခုနှစ်လက်ကျန်နှစ်ဝက်ကို လဲကျလိုက်ပြန်ထလိုက်နဲ့ ပြုံးပြုံးကြီးတစ်ယောက်တည်းဖြတ်သန်းလိုက်ပါအုန်းမယ်ဗျာ။


No comments: