တကယ်ကိုအေးချမ်းစွာနေထိုင်သွားပါတော့မယ်။





ဆရာနဲ့အစ်မစီမှာ ၁၅ရက်နေ့ဝန်ထမ်းအလုပ်ပြန်ဝင်ခဲ့ပြီးရင် လစာရဲ့၄ပုံ၁ပုံတိတိကို ပိုက်ဆံစုမယ်။


ဘဝနေဝင်ချိန်အတွက် ၆လတစ်ကြိမ်ရွှေဖြတ်စလေးတွေ နိုင်သလောက်ဝယ်စုမယ်။


ခရီးသွားဖို့အတွက် သီးခြားပိုက်ဆံစုမယ်။

တစ်နှစ်ကိုနှစ်ကြိမ် မြန်မာပြည်တွင်းကမရောက်သေးဘူးတဲ့ ဒေသတွေစီခရီးသွားပါမယ်



မနက်စောစောထမယ်။

အလုပ်ကိုအချိန်မီရောက်ဖို့အတွက် အမြဲအားထုတ်မယ်


နေ့တိုင်းဘုရားရှိခိုးမယ်။

ညတိုင်းတစ်နာရီတိတိ ဘုရားကန်တော့ပါမယ် ၁၅မိနစ်တရားထိုင်မယ်


စောစောအိပ်မယ်။

ည၁၁နာရီ alarm ​ပေးထားပြီး အိပ်ယာဝင်ပါမယ်


အစားကိုအချိန်မှန်စားမယ်။

လုပ်ငန်းခွင်မှာဖြစ်စေ အိမ်မှာဖြစ်စေ မနက်စာ နေ့လည်စာ ညစာကို အချိန်တသမတ်တည်းစားပါမယ်



ကျန်းမာရေးဂရုစိုက်မယ်။

မျက်စိအားဆေးနဲ့ အားဆေးတစ်ခုခုသောက်ပါမယ် period time မှာ ဒိန်ချဥ် မုန်လာဥနီဖျော်ရည် သောက်ပါမယ် ချောကလက်စားပါမယ်


လှလှပပလေးနေမယ်။

တစ်လတစ်ခါ ဆိုင်မှာခေါင်းလျှော်မယ် ခြေသည်းနီဆိုးမယ် မျက်ခုံးမွှေးရိတ်မယ် ခြောက်လတစ်ခါ Spa သွားမယ် 


တစ်လတစ်ခါ shopping ထွက်ပြီး လိုအပ်တဲ့ပစ္စည်းတွေဝယ်ပါမယ်။


စာအုပ်တွေဝယ်မယ်၊စာတွေရေးမယ်။

နှစ်ပတ်တခါ အလုပ်ပိတ်ရက်တိုင်း ဆိုင်ပိတ်ရက်တိုင်း Blog မှာ စာရေးပါမယ် တစ်လတစ်ခါ စာအုပ်တစ်အုပ် ဝယ်ဖတ်ပါမယ်



အပင်တွေစိုက်မယ်။

တစ်လတစ်ပင်နှုန်းနဲ့ အပင်တွေဝယ်စိုက်မယ် စိုက်ပြီးသားအပင်တွေကို ဂရုစိုက်ပေးပါမယ်


အတက်နိုင်ဆုံး စိတ်ကလေးအေးချမ်းအောင်

နေပါတော့မယ်။

ညစဥ်ညတိုင်း ၁၅မိနစ်တရားထိုင်ပေးရပါမယ်


ကိုယ်လည်းကျန်းမာမယ်

စိတ်ကလေးလည်းချမ်းသာတယ်



ကျန်ရှိတဲ့လူ့သက်တမ်း ၃ပုံ၁ပုံအတွက် 

ဘဝဆိုတဲ့ရေတစ်ပွက်စာအချိန်လေးမှာ 

ကျွန်တော့်ကိုယ်ကျွန်တော် သူစိမ်းတစ်ယောက်အတွက်နဲ့စိတ်ကင်ဆာတွေ ထပ်မပေးတော့ပါဘူးဗျာ။



အချိန်အများကြီး အများကြီးနာကျင်ခဲ့ရလို့ ကျွန်တော့်ကိုယ်ကျွန်တော် ဂရုစိုက်ပေးပါမယ်


ကျန်ရှိတဲ့အချိန်ကို တကယ်ကို တကယ်ကိုအေးချမ်းစွာနေထိုင်သွားပါတော့မယ်။


#11thJuly2026.🍀


No comments: