ကျွန်တော့်ကိုအသော့နှင်သော ဘားအံမိုး


၁၁ရက်နေ့ကအညှိးနဲ့ရွာသွန်းသလို ရွာချတဲ့မိုးဟာ ၁၂ရက်နေ့မနက်အာရုံတက်ချိန်မှာ ကြည်လင်နေပါသည် 


တောင်ဝိုင်းတောင်ကို မနက်၅နာရီမှစတင်တက်ရောက်ပြီး မနက်၆နာရီမှာ တောင်ဝိုင်းတောင်ထိပ်ရှိ သံတံတားသို့ရောက်ရှိခဲ့ပါသည် 


လေဟာနယ်ထဲတွင်တည်ရှိနေသော သံတံတားအား ၁၅ထစ်ခန့်တက်ရှိပြီးနောက် အလွန်တရာမြန်ဆန်လာသော နှလုံးခုန်သံကြောင့် သံတံတားတက်၍တောင်ဝိုင်းတောင်ထိပ်ဆုံးသို့ တက်ရောက်မည့်အစီအစဥ်အား လက်လျော့လိုက်ပါသည်


၂၀၁၉ခုနှစ်ဘန်ကောက်ရှိ Dreamland သို့ ရောက်ရှိချိန်တွင် ဟာရီကိန်းစီးခဲ့မိပြီးနောက် အမြင့်ကြောက်သောရောဂါအား ကျွန်တော်တစ်ယောက်ပိုက်ဆံကောက်ရသလို ရရှိသွားပါသည်


ကျွန်တော် လေဟာနယ်အဖြစ်တည်ရှိနေသော အမြင့်ကိုကြောက်ပါသည် ထိုကြောင့်နှလုံးခုန်ရပ်တန့်မသွားရန် တောင်ခြေသို့ပြန်ဆင်းခဲ့ပါသည် ကျွန်တော်ဆုံးဖြတ်ချက်မှန်ကန်ခဲ့ပါသည်


ကျွန်တော် အဆုံးသတ်ကိုသိရှိပြီးသော ခင်ဗျားနဲ့ပတ်သက်မှုကို ကြောက်ပါသည် သို့သော် ကျွန်တော်မဆင်ခြင်သဖြင့် ဒဏ်ရာတွေထပ်ခါထပ်ခါရရှိခဲ့ပါသည် 


ကျွန်တော်ဆုံးဖြတ်ချက်ချရပါတော့မည်


ကျွန်တော်တစ်ယောက် 

အမြင့်ကိုကြောက်သလို

အချစ်ကိုလည်းကြောက်သင့်ပါသည်။























































 

No comments: