၁၁ရက်နေ့ ဘားအံသွားမယ်နော် အကုန်လုံး blocked ထားတယ်နော် ဘာမှကိုမပြောရဲတော့ပါဘူး messenger ပါ blocked မှာကြောက်လို့ပါ
၄လကျော်တောင့်ခံထားတာတောင် ဘာလုပ်ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ပြိုကျသွားရပြန်တာပါပဲ
ကျွန်တော်က ကိုကိုကို့ယောက်ကျားသားတစ်ယောက်လို ချစ်မိတာကို
ကျွန်တော့်ဘက်ကနေပဲ တောင်းပန်ပါတယ် အကြာကြီးစိတ်မဆိုးပါနဲ့တော့ နော်
အခု ကုမ္ပဏီ မတိုင်ခင်လုပ်ခဲ့တဲ့ အရင်ကုမ္ပဏီကသူဌေးနဲ့သူဌေးမက အလုပ်ပြန်ခေါ်လို့ ဇူလိုင်လ၁၅ရက်နေ့အလုပ်ပြန်ဝင်ပါမယ်
ဆရာနဲ့အစ်မကို ခရီးကပြန်လာပြီးမှပဲ အလုပ်ဝင်ပါရစေလို့ ခွင့်တောင်းထားတာပါ
ဘာမှမဟုတ်ဘူး ကျွန်တော်ဘာလုပ်နေလည်းဆိုတာကို သိစေချင်လို့ ပြောပြပေးတာပါ
ထပ်ပြီး blocked မလုပ်ပါနဲ့တော့နော် ကျွန်တော်အများကြီးကို ပင်ပန်းနေလို့ပါ
ဒီညစောစောအိပ်မယ်နော် မနေ့ညကတစ်ညလုံးမအိပ်ဖြစ်တာရယ်
မနက်ဖြန် ခဲအိုတစ်ဝမ်းကွဲ ရက်လည်ရှိတော့ အင်းစိန်ကမမဦးလမ်းအိမ်မှာ သွားကူပေးဖြစ်တာရယ်
လူကပင်ပန်းနေပြီ ဆိုင်သိမ်းပြီးအိမ်ရောက်တာနဲ့ အိပ်တော့မယ်နော်
နောက်ရက်တွေ နေ့တိုင်းစာအများကြီးမပို့တော့ပါဘူး အများကြီးသတိရတဲ့နေ့ကျမှပဲ စာပို့ထားပါမယ်
အစစအရာရာအကုန်လုံး အဆင်ပြေချောမွေ့အောင်မြင်ပါစေ
အကုန်လုံးဂရုစိုက်ပေးပါနော်
ဟူး တစ်ခါလေးမျှကို အလျော့မပေးပါလားဗျာ
ကျွန်တော်ဘက်ကနေပဲ တောင်းပန်ပါတယ် အကြာကြီးစိတ်မဆိုးပါနဲ့တော့ နော် ကျွန်တော်အများကြီး ပင်ပန်းနေလို့ပါ
အချစ်ဆိုတာ ကိုယ့်ကိုကိုယ်မထိခိုက်အောင် ဆေးဖြစ်ဝါးဖြစ်ချစ်ရမယ့်အရာပါ
ကျွန်တော်ကကိုကိုကို့ မေလ၁၈ရက်နေ့၂၀၂၁ခုနှစ်ကစပြီးတော့ ခွေးဖြစ်နွားဖြစ်ချစ်ခဲ့ရတာ အခုအချိန်အထိတိုင်ပါပဲ
ဘာမျှကိုမတွေးတော့ပါဘူး ထားခဲ့ရင်လည်း ကျန်ခဲ့ရတယ်လို့ပဲ လက်ခံထားလိုက်ပါတယ် ယောက်ကျားတစ်ယောက်တည်းကိုပဲ ရူးရူးမိုက်မိုက်ချစ်တဲ့ဗီဇက ဒီဘဝမှာတော့ ကျွန်တော့်အတွက် တကယ်ကို တကယ်ကို အများကြီးပင်ပန်းရတဲ့ နာကျင်မှုတွေပါ
တကယ်ကိုပင်ပန်းနေလို့ အစောကြီးအိပ်ပါပြီဗျာ။

No comments:
Post a Comment