KBZ Bank မှာ ဆရာ့ account ထဲငွေလာသွင်းရင်း ဘဏ်မှာကြာချိန်မှာ ရေးဖြစ်တဲ့ post ပါ
ဇူလိုင်လတစ်လလုံး ပိုက်ဆံကိုစိတ်ချမ်းသာသလိုသုံးနေတော့ ခရီးကနေပြန်ရောက်တဲ့၁၃ရက်နေ့ညမှာ အိမ်ကိုပြန်ဆပ်ရမယ့်အကြွေး၆သိန်းကျော်ဖြစ်သွားပြီ ခရီးသွားတဲ့ပိုးကလည်း အရင်ကတော့ ခေါင်းထဲတင်ပါ အခုကတော့ခေါင်းထဲတင် မကတော့ပါဘူး အိပ်ယာထဲအထိပါဝင်သွားတော့ ခရီးသွားဖို့လည်း Must be save money!! ပိုက်ဆံစုရပါမယ်
လက်လွန်ကြက်သွန်တွေဖြစ်နေပြီဆိုကာမှ 25th july Yangon Social ပွဲအတွက် shoes ဝယ်တာရယ် top outfit က ဆရာတို့အစ်မတို့နဲ့သွားရမှာကို အရမ်း hot နေတော့ အင်္ကျီထပ်ဝယ်ရပြန်ရော အဲ့မှာတင် ၁သိန်းကျော်သွားရော ကိုယ့်ဘာသာဆိုရင် ဝိုင်းကြေး ၆ယောက်စာ၆သိန်းနဲ့တင် သွားမကြည့်နိုင်ပါဘူးဗျာ
အကြွေးက၇သိန်းဖြစ်လာတော့ အလစ်တဲလေးသွေးတိုးရပါပြီ ၁၁လပိုင်းမှာခရီးသွားဖို့အတွက်က စုငွေလျော့သွားရပြီလေဗျာ
အရင်လို Bar သွားပြီးတော့ မသောက်ဖြစ်တော့ ကျွန်တော်အရမ်းကြီးပြိုလဲနေတာတောင် မြန်မာပြည်မှာ ကျွန်တော်သွားရမယ့်နေရာတွေ အများကြီးဆိုတဲ့စိတ်တစ်ခုနဲ့သာ အားတင်းထားနေရတာဗျ
ခင်ဗျားမှကျွန်တော့်ကို ခင်ဗျားဘဝထဲကနေ အပြီးတိုင် blocked လိုက်ပြီးပြီဗျာ။
မနက်ဖြန် လစာထုတ်ပြီဆိုတော့ အလုပ်မလုပ်ဖြစ်တဲ့ ၂နှစ်ကျော်သက်တမ်းမှာ အပျော်လေးတစ်ခုပြန်ရလာတာပေါ့ အိမ်ကနေလတိုင်း မုန့်ဖိုးပေးပေမယ့် အသက်ငယ်ငယ်တည်းက လုပ်ငန်းခွင်ဝင်လာတဲ့သူမို့လို့ လုပ်ခလစာရတဲ့ခံစားချက်ကြီးက အသားကျနေမိတာနေမှာပါဗျာ
အခုအလုပ်မှာ မနက်စောစောထပြီး အလုပ်အချိန်မီရောက်အောင် လာဖြစ်တယ် ၂၉ရက်နေ့ကနေစပြီးတော့ မဟာသမသုတ်ရွတ်ဆိုဖြစ်တယ် အလုပ်မှာမနက်တိုင်း ဆွမ်းကပ် ရေတော်ကပ် ပန်းကပ်လှူဖြစ်ပါတယ်ဗျာ
ဒါကအခုညကျမှ ထပ်ရေးဖြစ်တာပါ
EV တစ်စီး နေ့ချင်းရောင်းရပြီး ငွေအကြေချေဖြစ်တော့ ရုံးကနေပြန်တော့ည၇နာရီထိုးတော့မယ် မိုးကလည်းရွာတော့ သိမ်ဖြူလမ်းမကြီးမှာရေအဖွေးသား ၆၄ကားကို ကြယ်ငါးပွင့်မှတ်တိုင်ကနေ့စီးလာပြီးတော့ ကားပြတင်းပေါက်ကနေ ရေအဖွေးသားကိုငေးကြည့်နေမိတာပါ အသက်ရှုကြပ်လို့ခပ်ဟဟဖွင့်ထားတဲ့ပြတင်းကနေတောင် လေအေးတွေနဲ့မိုးစက်တွေဝင်လာလို့ ချမ်းစိမ့်စိမ့်ဖြစ်နေမိတာပါ
မိုးထဲရေထဲမှာ စိန်ပေါလ်မှတ်တိုင်နားကဘုရားကျောင်းနားမှာ ချိုင်းထောက်နဲ့အလှူခံနေသူ မိန်းမရွယ် မြန်မာပလာဇာမီးပွိုင့်မှာ မိုးကာဝတ်ထားပြီး အဆောင်းမပါတဲ့ Foodpanda က ယောက်ကျားလျာလေး ချော်တွင်းကုန်းမီးပွိုင့်မှာ ခြေဗလာနဲ့ပန်းကုန်းရောင်းနေတဲ့ ဆယ်နှစ်သားအရွယ်ကလေးငယ်ကို မြင်တွေ့ရတော့ အများကြီးစိတ်မချမ်းသာဖြစ်ရပါတယ်ဗျာ
ကျိကျိတက်ချမ်းသာတဲ့သူတွေကို မြင်ရတော့လည်း ဝမ်းသာပီတိဖြစ်ရပါတယ် ကျွန်တော်ထက်ပိုပြီးခက်ခဲတဲ့သူတွေကို တွေ့မြင်ရတော့လည်း စိတ်မကောင်းဖြစ်ရပါတယ် မလွယ်တာတွေ့ရင်ပိုခက်တဲ့ဘဝတွေကို ငဲ့ကြည့်ပါအုန်းဆိုတဲ့ သီချင်းစာသားက အခုခေတ်ကာလကြီးနဲ့ ထပ်တူကျနေတာကတော့ မကောင်းပါဘူးဗျာ
၇လပိုင်းမှာကျွန်တော်ကို့ အပြီးတိုင်ထားခဲ့တဲ့ အစ်ကိုကြီးကိုလည်း လွမ်းမိပါတယ် သူပြန်မလာတော့တာ သေချာခဲ့ပေမယ့် ပြန်လာမှာပါဆိုပြီး နှစ်သိမ့်နေမိတဲ့ ကျွန်တော့်ကိုယ်ကျွန်တော်လည်း တကယ်ကိုသနားမိပါတယ်
အဆိုးတွေထဲကနေ အလုပ်ပြန်ဝင်နိုင်တာရယ် မဟာသမယသုတ် စပြီးရွတ်ဆိုပူဇော်နိုင်တာကတော့ ကျွန်တော့်အတွက် ဘုရားကပေးတဲ့ဆုလာဘ်တွေပါပဲဗျာ။
#ThankyouJuly.



No comments:
Post a Comment