ဒီနေ့လည် 2017 အလုပ်မထွက်ခင်တုန်းက အရင်တုန်းကစာရင်းတွေ ပြန်ပြီး collected လုပ်ရင်းနဲ့ တရားပြီးသွားတော့ ဖြိုးပြည့်စုံရဲ့ သို့ သူငယ်ချင်းကို အလွတ်ရသလောက်နီးပါး နားထောင်မိတယ် နားထောင်ရင်းနဲ့ 1:11pm လေးကို တွေ့မိလိုက်တော့ ကိုကိုနဲ့တွေ့ရပါစေလို့ ဆုတောင်းမိပြန်တယ်.. 😔
နမိတ်ဆိုတာကို ကျွန်တော်ယုံပါတယ် ကျွန်တော်ကတောင်ကျွန်းသူဖြစ်နေတာကိုဗျာ
ဇူလိုင်လဆန်းထဲက ခရီးသွားရမှာကိုအပျော်လွန်ပြီး သူပျော်တာလေးပဲတွေ့ရင် ကျေနပ်တယ်ဆို မင်းပြောတော့ ရယူခြင်းကအချစ်မဟုတ်ဘူးဆိုတာကို တနေ့ကို အကြိမ်ရေအတော်များများ ဆိုခဲ့ဘူးပါတယ်
အဆိုတော်နာမည်တောင်မသိဘူးဗျာ ဘားအံကပြန်လာပြီး post တင်ချင်တာနဲ့ သီချင်းစာသားအတိုင်း youtube မှာရှာကြည့်တော့မှ ဖြိုးပြည့်စုံရဲ့ သို့ သူငယ်ချင်းဆိုတာကို သိလိုက်ရတာပါ
ဒါပေမယ့် အလေးအနက်ထားပြီး နားမထောင်ခဲ့မိပါဘူး စနေနေ့ညက ဆရာနဲ့အစ်မတို့အိမ်မှာပဲ အိပ်ဖြစ်လိုက်တယ့် သင်္ဘောတက်နေတဲ့ ဆရာနဲ့အစ်မတို့သားကြီး ကိုကို့အခန်းပေါ့
ကိုကိုဆိုတဲ့အသံကြားယုံနဲ့ ခင်ဗျားကိုသတိရတက်တဲ့သူဖြစ်တော့ လွမ်းတယ် ကိုကိုဆိုတာကို မရောက်မှန်းသိရက်နဲ့ ဖုန်း message ကနေပို့မိလိုက်ပါတယ်
Sunday မနက်စောစော အိမ်ကိုထပြန်ပြီးတော့ အိမ်ရောက်တဲ့အချိန် fb ကိုဝင်ကြည့်မိတော့ ကျွန်တော့်ကို blocked သွားပါပြီ accepted မလုပ်ပေးတဲ့ locked ချထားတဲ့ account ကိုတောင် ကျွန်တော်ကြည့်ခွင့်မရှိတော့ပါဘူး မျက်ရည်ကျမိပေမယ့် ဘာတက်နိုင်မှာလည်း ခင်ဗျားအပေါ်ပေးဆပ်ရမယ့် ဝဋ်ကြွေးကမကုန်သေးဘူးနေမှာပါဗျာ
ညကျတော့ လူကခရီးကပြန်လာပြီးကတည်းက တစ်ရက်မှမနားရသေးတော့ ပင်ပန်းပြီးဖျားပါလေရော နေမကောင်းတော့ ပိုပြီးလွမ်းမိတာနဲ့ အကြွေးကြေဘုရားပုံနဲ့ စာပို့ဖြစ်လိုက်ပါတယ်
ကျွန်တော်အရင်လို ပေကပ်ဖက်တွယ်ပြီးတော့ ထားခဲ့ရက်တဲ့သူကို စောင့်မနေတော့ပါဘူးဗျာ ကျွန်တော်တကယ်ကို သနားဖို့ကောင်းလို့ပါ
သီချင်းထဲကစာသားအတိုင်းပါပဲ တကယ်ချစ်ခဲ့ရင် တနေ့ပြန်လာမှာပေါ့ဗျာ
ကျွန်တော့်ကို ခင်ဗျားတကယ်ချစ်ရင်တော့ ပြန်လာမယ်လို့ပဲ ယုံကြည်ထားပါတယ်။



No comments:
Post a Comment