ဒိုးလုံးရဲ့ ရွှေလက်တွဲသီချင်းနားထောင်ရင်း
ကျွန်တော် အတ္တနည်းနည်းကြီးမိပါတယ်
ခင်ဗျားလေးကို..
အဲ့ဒီလူနဲ့ပဲ ရွှေလက်တွဲ
အဲ့ဒီလူနဲ့ပဲ ပျော်ပါကွယ်
ဘုရားသွား၊ကျောင်းတက် ကောင်းမြတ်ပါလေတယ်..
အဲ့ဒီဆုလေး ကျွန်တော်ပြည့်ပါစေလို့
ဆုတောင်းမိပါတယ်။
10:01pm
bemykoko
ဒိုးလုံးရဲ့ ရွှေလက်တွဲသီချင်းနားထောင်ရင်း
ကျွန်တော် အတ္တနည်းနည်းကြီးမိပါတယ်
ခင်ဗျားလေးကို..
အဲ့ဒီလူနဲ့ပဲ ရွှေလက်တွဲ
အဲ့ဒီလူနဲ့ပဲ ပျော်ပါကွယ်
ဘုရားသွား၊ကျောင်းတက် ကောင်းမြတ်ပါလေတယ်..
အဲ့ဒီဆုလေး ကျွန်တော်ပြည့်ပါစေလို့
ဆုတောင်းမိပါတယ်။
10:01pm
bemykoko
သိမ်ငယ်ရမယ့် ပတ်ဝန်းကျင်တွေကို
ရှောင်ပါတယ် အဲ့ဒီအရပ်မှာ ကျွန်တော်
မရှင်သန်နိုင်လို့ပါ။
တစ်လကျော်အတွင်းမှာ သိမ်ငယ်ရမယ့် ပတ်ဝန်းကျင် တော်တော်များများကနေ ကျွန်တော်ရှောင်ခွာနိုင်ခဲ့ပါတယ် လူရယ်လို့ရပ်တည်နိုင်ဖို့အတွက် တချို့ပတ်ဝန်းကျင်တွေကိုတော့ ကျွန်တော်
မစွန့်ခွာနိုင်သေးပါဘူး
တစ်ခါတလေ လူဖြစ်ရတာက တကယ်ကြီးပင်ပန်းလှပါတယ်ဗျာ အဲ့ဒါကလူဖြစ်ရတဲ့ဆုလာဘ်ဆိုရင် ကျွန်တော်လူဖြစ်ခွင့် မလိုချင်တော့ဘူးဗျာ။
နကိုစိတ်ဓါတ်ခွန်အား နည်းခဲ့သူတစ်ယောက်အတွက် သိမ်ငယ်စေတဲ့ပတ်ဝန်းကျင်က လောကငရဲပါပဲ
အဲ့လိုပတ်ဝန်းကျင်မှာ ကျွန်တော်တစ်ယောက်
ရပ်တည်နိုင်ဖို့ဆိုတာ လူ့စိတ်ပျောက်မှရမှာပါ
ဒါကြောင့်အခိုက်အတန့်တစ်ခုမှာ အစွယ်ထွက်ပြီး ဘီလူးဖြစ်ခဲ့ဘူးပါတယ်
" မိုးလွန်မှ ထွန်ချ " လှလိုက်တဲ့စကားပုံဗျာ ကျွန်တော်အတွက် အဲ့ဒီစကားပုံများ လူကြီးသူမတွေချန်ထားခဲ့လေသလား ထင်ရလောက်အောင်ပါပဲ
လူမှုရေး၊စီးပွားရေး၊ကျန်မာရေး ပတ်ပတ်လုံးစုံအတွက် ကျွန်တော်တစ်ယောက် ထွန်ချ နောက်ကျခဲ့ရပါတယ်
လူ့အသိုင်းအဝန်းမှာ လူပီသဖို့ကြိုးစားရင်း
ကျွန်တော်သုံးစွဲခဲ့ရတဲ့ ဖြုန်းတီးမိခဲ့တဲ့ နုပျိုမှု၊အချိန်ကာလ၊ငွေကြေးတွေအတွက် နှမျောတဿမဖြစ်တော့ပါဘူး ပြန်မှမရနိုင်တော့တာဗျာ ထပ်ပြီးစိတ်ပင်ပန်းမခံတော့ပါဘူး
" ဘဝဆိုတာတိုက်ပွဲ " ဝင်သက်ထွက်သက်ရှိနေသမျှ ကာလပတ်လုံး လုံးပန်းနေရအုန်းမှာပါ
အဲ့ဒါကြောင့်ဘဝဆိုတာကို သနပ်ခါးလိမ်းပေးပြီး တန်ဆာမဆင်တော့ပါဘူးဗျာ သူ့သဘာဝအတိုင်း
အရှိအတိုင်းပဲ လက်ခံပေးလိုက်ပါတော့မယ် ဖြစ်လာသမျှကို ဒီအတိုင်းပဲလက်ခံပေးလိုက်ပါတော့မယ်
လူရယ်လို့ဖြစ်လာထဲက အရာအားလုံးက ကန့်သတ်ချက်ရှိသားပြီးသားပါ ကျွန်တော်က
အဲ့ဒီကန့်သတ်ချက်ကို ဆန့်ကျင်ပြီးတော့ ကျွန်တော့်လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းချင်ခဲ့မိသူပါ
နောက်ဆုံးတော့လည်း ကျွန်တော်ပိုင်ဆိုင်ခွင့်မရှိနိုင်တဲ့ အရာအားလုံးကို လက်လွှတ်ပေးလိုက်ရတာပါပဲ
သဘာဝတရားကြီးက တရားမျှတလွန်းခဲ့ပါတယ် ကျွန်တော်ပိုင်ဆိုင်ခွင့်ရှိရင် သူပိုင်ဆိုင်ခွင့်ပေးခဲ့မှာပါ ကျွန်တော်ပိုင်ဆိုင်ခွင့်မရှိရင် အကုန်လုံးကို လက်လွှတ်ပေးရမှာပါပဲ အဲ့ဒါသဘာဝတရားရဲ့ ဘက်မလိုက်တဲ့ဥပဒေသပါ။
ဒီနေ့ကစပြီးတော့ ကျွန်တော်နဲ့မထိုက်တန်တဲ့
အရာမှန်သမျှကို တပ်မက်ဖို့စိတ်တောင် မကူးမိစေရဘူးဗျာ ကျွန်တော့်အတွက် အရာအားလုံးဟာ တကယ်ကိုသိမ်ငယ်ခဲ့ရလွန်းလို့ပါ။
" သူတစ်ဘက်သားကြောင့် ကျွန်တော်ကိုယ်ကျွန်တော် သိမ်ငယ်အောင်မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်
တချို့အရာတွေက မလိုအပ်ပဲ အလွန်အကျုး
သဒ္ဒါပိုမိုခဲ့မိလို့ တန်ဘိုးမဲ့ခဲ့ရတာပါဗျာ။ "
#15.06.2022
ရန်ကုန်မြို့ကနေ ၇၇၈မိုင်ဝေးတဲ့ နေရာမှာရှိတဲ့
ခင်ဗျားလေးကို ကျွန်တော်တွေ့ခွင့်ရဖို့က
ဘုရားပေးတဲ့ ဆုလာဘ်ကြီးပါဗျာ။
အဲ့ဒီဆုလာဘ်ကြီးကို ကျွန်တော်စိတ်ကူးယဉ်နေမိတာ အရူးတစ်ယောက်လိုပေါ့ဗျာ..
ဇော်ဝင်းထွဋ်ရဲ့ တနေ့ကို အကျယ်ကြီး အော်ဆိုရမလား..
ဂျီလတ်ရဲ့ ကြိုနေစေချင်တယ်ကိုပဲ Feel အပြည့်နဲ့ ဆိုရမလား..
ဒါမှမဟုတ် မျိုးကြီးရဲ့ မင်းရှိတဲ့မြို့ကိုပဲ အသားကုန်ဟစ်ရမလား..
ဒီအချိန်မှာ ကျွန်တော်အတွက် အတားအဆီးမှန်သမျှဟာ မြူမှုန်လိုပါပဲဗျာ
ခင်ဗျားဆိုတဲ့ လူတစ်ယောက်ရဲ့ မျက်နှာလေးကို တွေးမိလိုက်ယုံနဲ့တင် ကျွန်တော်မသိလိုက်မိချိန်မှာ အလိုလို ပြုံးလိုက်မိတာကြီးပဲဗျာ
So so
ဒါကြောင့် ခင်ဗျားရှိတဲ့မြို့စီ..
Bae! I'm not a wanna be seeing you. I will be seeing you soon cuz I haven't patients for any things.
Ps:
Public လုပ်ပြီးသား post ကို 15ရက်နေ့က draft ထဲထည့်ပြီးမှ ဒီနေ့ပြန်တင်လိုက်တာပါ။
ကျွန်တော့်အကျင့်က လူတစ်ဖက်သားကို ဆက်ပြီးဖက်တွယ်ဖို့ အားမရှိတော့ဘူးဆိုရင် အရှုံးပေးလိုက်တာပါပဲ
နောင်တမရှိအောင် ၁နှစ်ကျော် ကပ်တွယ်နေခဲ့ပြီးပါပြီ ဒါပေမယ့်လည်း..
လူတစ်ယောက်အပေါ် ကျွန်တော်ဘယ်လောက်မှီတွယ်ပြီး ဘယ်လောက်အထိဖက်တွယ်ခဲ့သလဲဆိုတာ အဲ့ဒီလူအသိဆုံးပါဗျာ
But
တချို့တွေအတွက် ကျွန်တော့်မေတ္တာတရားက စီးကရက်တစ်လိပ်လောက်တောင်မှ
တန်ဘိုးမရှိခဲ့ပါဘူးဗျာ။
#18.06.2022
တောင်ပြာတန်းကသိတယ်
စိုင်းဆိုင်မောဝ်
မေရယ် . .
အထင်တော့ မလွဲလိုက်နဲ့ဦး
စာလွှာများ မရောက်လာခဲ့ရင်
မောင့်အပေါ်မှာ မငြိုငြင်ပါနဲ့နော်...
အစ်ကိုတို့ စစ်သားဘဝဟာ
ချစ်သူကိုလွမ်းဖို့ရာ
တစ်ခါတစ်လေ အချိန်တော့ မပေးနိုင်ပါ...
တောတောင်ကို ကျော်ကာဖြတ်လို့
တိုင်းပြည်တာဝန်ထမ်း လို့
ကျောပိုးအိတ်ကိုလွယ်ကာ
ဒါတွေကို တောင်ပြာတန်းက
အသိဆုံးပါမေရယ်..
မေးကြည့်ပါကွယ်...
မေရယ် . .
အထင်တော့ မလွဲလိုက်နဲ့ဦး
စာလွှာများ မရောက်လာခဲ့ရင်
မောင့်အပေါ်မှာ မငြိုငြင်ပါနဲ့နော်...
အစ်ကိုတို့ စစ်သားဘဝဟာ
ချစ်သူကိုလွမ်းဖို့ရာ
တစ်ခါတစ်လေ အချိန်တော့မပေးနိုင်ပါ...
တောတောင်ကို ကျော်ကာဖြတ်လို့
တိုင်းပြည်တာဝန်ထမ်း လို့
ကျောပိုးအိတ်ကိုလွယ်ကာ
ဒါတွေကို တောင်ပြာတန်းက
အသိဆုံးပါမေရယ်..
မေးကြည့်ပါကွယ်...
မောင့်သဘောနဲ့ ပြောပြရရင်
ချစ်သောချစ်သူလေးနဲ့
အမြဲထာဝစဉ် အတူနေချင်သပေါ့နော်...
ဒါပေမဲ့ ရှေ့တန်းရောက်နေ ရဲဘော်မှာလေ..
အမိမြေကိုကာကွယ်ရင်းနဲ့
စစ်မြေမှာ အလွမ်း စိတ်တွေကပို..