A Happy!!

 




အလုပ်ပြန်ဆင်းရတဲ့အတွက် ကျွန်တော်အတွက်အားသာချက်တွေ အများကြီးရှိပါတယ်ခင်ဗျာ။



အလုပ်အသွားအပြန်အချိန် ၂နာရီကျော်ဘုရားစာရွတ်ဖြစ်ပါတယ် အိမ်မှာနေရင် ညဘက်အိပ်ချိန်တရားနာတာကလွဲရင် ဘုရားစာမရွတ်ဖြစ်တာ အတော်ကြာပါပြီ တပတ်ကို၆ရက်အလုပ်တက်ရတော့ စနေနေ့ကလွဲရင် တပတ်မှာအနည်းဆုံး ၁၂နာရီ ကျွန်တော် အကုသိုလ်ကင်းနေတယ်ပေါ့ဗျာ



အလုပ်အချိန်အတွင်းမှာ ဖုန်းသုံးတက်တဲ့အကျင့်မရှိတော့ Internet မသုံးဖြစ်တော့ ခင်ဗျား Account ကို လည်းဝင်မကြည်ဖြစ်ပါဘူး အနားယူတဲ့အချိန်မှာတခြားသူတွေနဲ့သာယာနေခဲ့ရင်လည်း 



အဲ့ဒီအမျိုးသမီးကိုဘယ်သူဆိုတဲ့သိချင်စိတ်နဲ့ အရင်လိုတကူးတကကြီးလိုက်မကြည့်ဖြစ်တော့ဘူးဗျာ မကြည့်ဖြစ်တော့ ငါထက်အများကြီးပြည့်စုံပါလားဆိုတဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ သိမ်ငယ်စိတ်လည်းမရတော့သလို ငါ့ကျတော့ခွေးစားစားကျီးထိုးထိုး ပြစ်ထားပြီး သူ့ကျတော့အရေးတယူရှိပါလားဆိုတဲ့ မနာလိုစိတ်လည်းမဖြစ်ရတော့ နှစ်ခုလုံးအတွက်စိတ်သောကလည်းမရောက်ရတော့ဘူးပေါ့ဗျာ 



အဲ့လိုပူလောင်မှုတွေ တခဏအေးချမ်းရတဲ့အတွက် အလုပ်ချိန်တနေ့၉နာရီမှာ ခင်ဗျားနဲ့ပတ်သက်ပြီးတစ်ဖက်သက်ဖြစ်နေရတဲ့ သောကတွေမရှာဖွေမိတော့ ကျွန်တော်စိတ်ကလေး တကယ်ကိုအေးချမ်းရပါတယ် 



( တစ်ခါတလေ မနက်အိပ်ယာထတဲ့အချိန်ဝင်ကြည့်လို့ ခင်ဗျားဘာမှမတင်ထားရင်စိတ်ပူမိပါတယ် အဲ့ဒါကြောင့်ကျောင်းရောက်တဲ့အချိန် ခဏဝင်ကြည့်မိလို့ Online ဖြစ်နေတာဖြစ်ဖြစ် သုံးသွားတာမကြာသေးရင်ဖြစ်ဖြစ် ကျွန်တော်စိတ်အေးရပါတယ် အဲ့ဒီတစ်ခုကိုတော့ ကျွန်တော်စိတ်ချမ်းသာစေဖို့အတွက်ခွင့်ပြုပေးထားပါတယ် မတအားကြီးကျွန်တော့်ဘာသာ ထိန်းချုပ်မထားပါဘူးဗျာ )



ညဘက်အိမ်ပြန်ရောက်လည်း ဆိုင်ကူသိမ်းပေးပြီးရင် ခုံတွေဆေးပေးပြီးတာနဲ့ ညစာစားဖြစ်တယ် ပြီးတာနဲ့မနက်အလုပ်သွားဖို့ပြင်ဆင်ရတာနဲ့ Internet ကို တနေ့ကို၁နာရီလောက်ပဲသုံးဖြစ်နေတော့ Blog လည်းညဘက်မှာ မရေးအားပါဘူး Viber လည်းခဏပဲဝင်ဖြစ်တယ် Fb လည်းအကြာကြီးမသုံးဖြစ်တော့ တပတ်လုံးမှာ Internet သုံးဖြစ်ချိန်ကတော်တော်လေးနည်းသွားရတော့ ခင်ဗျားကိုတစ်ဖက်သက်ဖက်တွယ်နေမိတဲ့စိတ်ကလေးလည်း တဖြေးဖြေလျော့ပါးသွားတယ်လို့ထင်မိပါတယ်



ထိတွေ့မှုရှိတဲ့နေ့တွေ ရာသီဥတုပြင်းထန်တဲ့နေ့တွေမှာ အရင်လိုစိုးရိမ်စိတ်ကရှိနေသေးပေမယ့် စာမပို့ဖြစ်တော့ပါဘူး မဟာသမယသုတ်ဖွင့်ပြီးအဆင်ပြေမှာပါဆိုတဲ့စိတ်ကလေးကိုပဲ နှလုံးသွင်းထားလိုက်ပါတယ် တစ်ခါတလေအရမ်းစိတ်ပူကာမှ တရားတော်တွေ post တင်မိပါတယ်



မေဘီပေါ့ဗျာ အချိန်ကာလတစ်ခုရောက်ခဲ့ရင်တော့ ကျွန်တော်လွှတ်ချလိုက်နိုင်တာ တကယ်ဟုတ်မဟုတ်ဆိုတဲ့အဖြေကို သိနိုင်မှာပါဗျာ ဘုရားရှိခိုးတိုင်းမေတ္တာပို့ပေးတဲ့အကျင့်ကိုတော့ ကျွန်တော်အမြဲတမ်းလုပ်ပေးဖြစ်မှာပါ မသက်ဆိုင်တော့ဘူးဆိုပေမယ့် ချစ်ခင်မြတ်နိုးခဲ့ဘူးတဲ့လူတစ်ယောက်အတွက် တဏှာမပါတဲ့အဖြူသက်သက်မေတ္တာတရားနဲ့ပါဗျာ



အလုပ်ရှိတော့ အပြည့်အဝတန်ရာတန်ကြေးမဟုတ်ပေမယ့် ကျွန်တော်ပေးလိုက်ရတဲ့အချိန်ရဲ့တဝက်တန်ကြေးရှိတဲ့ ငွေကြေးကိုရရှိတဲ့အတွက် ( အရင်အလုပ်ကနေစိတ်အလိုလိုက်ပြီး မိုက်မိုက်မဲမဲထွက်လာခဲ့မိတာကိုလည်း အခုအချိန်မှာနောင်တရမိပါတယ် ) အိမ်ကနေကျွန်တော့်အတွက်ကုန်ကျစရိတ် တစိတ်တပိုင်းကိုသက်သာစေပါတယ် ဒီအသက်အရွယ်ကြီးရောက်မှ မိဘစီကနေလက်ဖြန့်တောင်းနေရတာက မဖြစ်သင့်ဘူးလေဗျာ ကျွန်တော်လည်းရှက်မိပါတယ်



အလုပ်မများတဲ့အချိန်မှာ စိတ်ကူးရသလိုစာတွေပြန်ရေးဖြစ်တော့ ကျွန်တော်ပိုပြီးအေးချမ်းရပါတယ် မရည်ရွယ်ထားပဲနဲ့ကျွန်တော့်အပိုင်ကမ္ဘာထဲကို တဖြေးဖြေးနဲ့ပြန်ရောက်သွားရတာပါ



အဓိကကတော့ အလုပ်ရှိတဲ့ဆိုတဲ့အသိစိတ်ကြောင့် ငွေကြေးအတိုင်းအတာအားဖြင့် ဖူလုံနိုင်ခြင်းမရှိပေမယ့် ကျွန်တော့်သိမ်ငယ်စိတ်ကို အတော်လေးကိုလျော့ပါးသွားစေနိုင်ပါတယ် သိမ်ငယ်စိတ်နည်းပါးသွားလို့ ကျန်းမာရေးလည်းအရင်လိုမထိခိုက်တော့ဘူးပေါ့ဗျာ ကျန်းမာရေးမကောင်းမဖြစ်တော့ အိမ်ကနေလည်းကျွန်တော့်အတွက် ငွေကြေးကုန်ကျမှုလည်းလျော့ပါးသွားရတာပေါ့ဗျာ



အဲ့ဒါကြောင် အလုပ်ရဖို့အတွက်အကူအညီပေးခဲ့တဲ့ ရတီ့ဆရာမခင်မျိုးလှိုင် အလုပ်ရရှိဖို့အကူအညီပေးခဲ့တဲ့လူချင်းမမြင်ဖူးမတွေ့ဘူးခဲ့တဲ့ ဆရာမကြီးဒေါ်သန်းသန်းဝင်း အလုပ်ခန့်ထားပေးတဲ့ A4 School ပိုင်ရှင်ဆရာမကြီးဒေါ်ညွှန့်ညွှန့်စန်းတို့ကို စိတ်ရင်းနဲ့တကယ်ကိုကျေးဇူးတင်ရှိရပါတယ်။



၁၆ရက်နေ့ကျောင်းပြန်တက်ပြီး ၂၀ရက်နေ့ထဲက ဒီ post ကို စရေးဖြစ်တာပါ စိတ်ကူးရတိုင်းနည်းနည်းစီ ဖြည့်ရေးဖြစ်ပါတယ် ၆၁ရက်ပြည့်တဲ့နေ့ကျမှ တင်ဖြစ်တာပါ အချိန်ဆိုတာအကောင်းဆုံးသမားတော်လို့ ကျွန်တော်ခံယူထားတာဖြစ်လို့ အချိန်ကကုစားပေးနိုင်မယ်ဆိုတာကို ယုံကြည်ထားပါတယ်ဗျာ။



Many Thanks,

Khin.


ဆုတောင်း။




🧡 June 28th!! အဖေ့မွေးနေ့ 🧡


​🧡 Happy Birthday Dad!! 🧡
၇၉နှစ်ပြည့်မွေးနေ့မှာ ​စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ အဖေ။
🙏🙏🙏


အများကြီးမလိုချင်တော့ပါဘူး ထီပေါက်ခဲ့ရင်တော့ အဖေ့အတွက် အိမ်လေးတစ်လုံးပြန်ဝယ်ပေးနိုင်ဖို့ပဲ ဆုတောင်းပါတယ်။
😊😊


🙏🙏🙏




💖 July 4th!! ရတီ့မွေးနေ့ 💖


💖 Happy Birthday Yati!! 💖
🎂မမမွေးပေးလိုက်ကတည်းက မတည့်အတူနေလာခဲ့တဲ့ ရတီ၊ ချိန်ချိန်၊ အာလူးမ၊ ဂျင်းနီ မွေးနေ့မှာပျော်ရွှင်ပါစေ တစ်ဦးတည်းသောတူမတော် အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်ပါစေ။ 🎂


ကိုယ်ကသူ့ကို ကလေးလေးတစ်ယောက်လို့ထင်ထားနေတုန်းပေမယ့် အမျိုးသမီးလေးတစ်ယောက်လိုရင့်ကျက်တည်ငြိမ်နေလို့ ကျေးဇူးပါသမီးရေ။
🥰🥰




💗 July 22nd!! မမမွေးနေ့ 💗


💗Happy Birthday Dear Sis!! 💗



မမနဲ့ကျွန်တော်က အသက်၂နှစ်ကျော်ပဲကွာတော့ ငယ်ငယ်တုန်းကကျောင်းတက်တိုင်း ကျောင်းအဝတ်အစားအသုံးအဆောင်အကုန်လုံးနီးပါး အစ်မအရင်နှစ်သုံးပြီးတာတွေကို သုံးခဲ့ရလို့စိတ်မကောင်းဖြစ်ခဲ့ရပါတယ် ကျောင်းစဖွင့်တဲ့အချိန်မှာအကုန်အသစ်ဝတ်ချင်တဲ့စိတ်က ဆယ်ကျော်သက်အရွယ်ရောက်တော့ ပိုပြီးမနာလိုဖြစ်တာပေါ့ဗျာ


အသက်ကြီးလာတော့ ကျွန်တော်ပြဿနာကြီးကြီးမားမားဖြစ်တိုင်း အကုန်လုံးသူဖြေရှင်းပေးရလို့ ကျေးဇူးတင်ရပါတယ် အဘွားတို့ပြောခဲ့သလိုပါပဲ အစ်မကြီးအမိရာဆိုတာ တကယ်ကိုမှန်ပါတယ်


မြန်မာပြည်ပြန်ရောက်ထဲက မမတစ်ယောက်အတော်လေးကျန်းမာရေးမကောင်းဖြစ်သွားလို့ မမမွေးနေ့အတွက် ငွေဆောင်မှာရိုက်ထားတဲ့အလှဆုံးပုံလေးနဲ့ ဆုတောင်းပေးလိုက်ပါတယ်


မွေးနေ့ရက်မြတ်မှစ၍ မမရည်မှန်းထားတဲ့  ကြီးပွားအောင်မြင်သောကိုယ်ပိုင်လုပ်ငန်းကို ဦးဆောင်ဦးရွက်ပြုနိုင်ရသည့်သူဖြစ်ပါစေခင်ဗျာ။


ညကအနာအရှိန်နဲ့ဖျားပြီး စောစောအိပ်သွားတာနဲ့ အခုမနက်ကျောင်းရောက်မှပဲ ဆုတောင်းပေးရတော့တယ်။
🙏





🧡 August 30th!! အမေ့မွေးနေ့ 🧡


🧡 Happy Birthday Mom!! 🧡



မွေးနေ့မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ အမေ။


အမေ့မွေးနေ့ကို အစ်မတော်ကမနက်အစောထပြီး ဆွမ်းတန်းသုံးတန်းလောင်းဖို့ ဆွမ်း၊ဆွမ်းဟင်းထချက်ပေးတယ် အိမ်ဘုရားမှာဆွမ်းတော်ကပ်လှူဖို့ အကုန်လုံးလုပ်ပေးတယ် 


ကျွန်တော်ကတမြန်နေ့တည်းက အတော်လေးနေမကောင်းဖြစ်နေလို့ ဘာမှကိုမလုပ်ပေးနိုင်ဘူး မနေ့ကအမေ့ကိုစျေးမများတဲ့ အကျီတစ်စုံဝယ်ပေးဖြစ်တယ် ဒီနေ့အမေခေါင်းတွေဖြူနေပြီ ခြေသည်းသန့်ရှင်းရေးသွားလုပ်ရင်း ဆံပင်ဆေးဆိုးခဲ့လို့ပြောပြီး ပိုက်ဆံပေးပေးထားတယ် ( ခြေသည်းသန့်ရှင်းရေးတောင် သူ့ခြေသည်းကရှည်လာတာနဲ့ခိုင်းမိတက်လို့ တစ်လတစ်ခါသတိပေးနေရတာ ဆီးချိုရောဂါသည်က အနာတစ်ခုဖြစ်ရင်မလွယ်ဘူး​လေဗျာ ) ကိုယ်တက်နိုင်တာလေးလုပ်ပေးမိတာပေါ့


မိဘကိုအပူအပင်မရှိစေဘဲ ထောက်ပံ့ပေးချင်တဲ့စိတ်ပဲရှိပြီး လူကလိုက်မလုပ်နိုင်တော့လို့ စိတ်မကောင်းတော့ဖြစ်ရပါတယ်ဗျာ။


🙏🙏🙏





❤️ October 8th!! ဦးရဲမွေးနေ့ ❤️


❤️ Happy Birthday Youngest Uncle!! ❤️





❤️ October 29!! လပြည့်မွေးနေ့ ❤️


❤️ Happy Birthday Little Bro!! ❤️





💖 December 30th!! အောင်ခန့်မွေးနေ့ 💖


💖 Happy Birthday Aung Khant!! 💖







မနက်ဖြန်အဖေ့မွေးနေ့အတွက် ဆုတောင်းပေးရင်း အိမ်ကမိသားစုဝင်တွေရဲ့မွေးနေ့ကို အမှတ်တရ post ရေးဖြစ်တာပါ 



ဦးလေးအငယ်အိမ်ပြောင်းလာပြီးကတည်းက စိတ်ချမ်းသာရပါတယ် လိုချင်တပ်မက်မှုတွေလျော့နည်းသွားပါတယ် ပိုက်ဆံသုံးသိန်းခွဲရဖို့အတွက် တစ်လကိုနှစ်ရာ့ရှစ်နာရီအလုပ်လုပ်ရပြီး နာရီသုံးရာကျော်အချိန်ပေးရတဲ့အတွက် ကျွန်တော်တကယ်ကို အများကြီးကိုမလိုချင်တော့ပါဘူးဗျာ



အောင်ဘာလေထီဆုကြီးပေါက်ခဲ့လို့ အဖေနဲ့အမေအတွက်အိမ်လေးတစ်လုံး ဝယ်ပေးပြီးသွားရင် တကယ်ကိုဘာတစ်ခုမျှ ကျွန်တော်မလိုချင်တော့ပါဘူးဗျာ။


🙏🙏🙏


Shayne Ward - No Promises (Video)



ညကအိပ်ခါနီးကိုခင်ဗျားကိုသတိရမိပြန်တယ် အဲ့ဒါနဲ့မိန်းမပီသတဲ့ကောင်ဆိုတော့ လူသားဆန်မိပြန်ရောဗျာ သြော် ငါဘယ်တော့များမသိစိတ်မှာတောင်မှ သူမပါဘဲနဲ့တခြားလူတစ်ယောက်အစားထိုးလို့ မရဘူးလားတွေးမိပါတယ် 



မနက်ကကားစီးလာတော့ ဘုရားစာရွတ်နေရင်းနဲ့တောင် ခင်ဗျားကိုတွေးမိရင်းမှောင်မိပြန်တယ် စိတ်ထိန်းပြီးဘုရားစာအစကနေပြန်ရွတ်လည်း ခဏနေကျတော့ ထပ်မှောင်ပြန်ရော အဲ့ဒါနဲ့ပဲကျောင်းကိုရောက်လာရတယ် 


ဟူးးး ၂၀၂၅ခုနှစ်နှစ်အကုန်အထိတော့ ခင်ဗျားကိုပြန်ပြီးမဖက်တွယ်မိဖို့ ကြိုးစားရပါအုန်းမယ်ဗျာ။


🥺






ကြုံရဆုံရ။





မနေ့ညက၉နာရီကျော်ထဲက အိပ်ပျော်သွားလိုက်တာ ၁၁နာရီကျော်လောက်မှ ခြင်ထောင်ထပြီးထောင်ဖြစ်ပါတယ် ဦးလေးအငယ်အိမ်မှာနေရတာ အကုန်လုံးအဆင်ပြေပေမယ့် ခြင်ကိုက်ခံရတာကြီးကိုတော့အတော့်ကိုမုန်းပါတယ် အသက်ရှုကြပ်တဲ့အခံရှိတော့ ခြင်ဆေးခွေ၊ခြင်ဆေးဘူးကို လုံးဝသုံးလို့မရပါဘူး ဆနွင်းတက်ရရင်တော့စမ်းကြည့်အုန်းမယ်ဗျာ


အစောကြီးအိပ်တာတောင် မနက်၆နာရီကိုမနိုးလို့ အမေကနှိုးယူရတယ် အဲ့ဒါနဲ့ပဲအလုပ်သွားဖို့နောက်ကျပါလေရော အလုပ်သွားခါနီးဘုရားရှိခိုးတက်တဲ့အကျင့်ကို အဖေ့အဖေအဘိုးဦးအောင်သန်းကသင်ပေးထားတော့ ဘုရားရှိခိုးတဲ့အချိန်ဘုရားမျက်နှာတော်ကပြုံးနေတော့ စိတ်ကလေးကိုချမ်းသာရပါလေရော


နောက်ကျနေတော့ ကားမှတ်တိုင်ရောက်တော့ ​မှန်ဖွင့်ထားတဲ့ကားမှန်အသေကားမရွေးနိုင်တော့ဘူး ၃၅လာတာနဲ့စီးလာဖြစ်ပါရော အပေါက်ဝမှာလူပြည့်နေပေမယ့် အရှေ့ကအစ်ကိုတစ်ယောက်ကအထဲကိုတိုးဝင်သွားတာနဲ့ သူ့နောက်ကနေလိုက်တိုးလာမိတယ် အပေါက်ဝနားရောက်တဲ့အထိလူကြပ်နေတာနဲ့ ကားတံခါးနားမှာရပ်မိတော့အရှေ့ကအစ်ကိုက ညီမအရှေ့ကိုဝင်လိုက်ဆိုပြီး နေရာချိန်းပေးလို့ကျေးဇူးတင်ရပြန်ရော


နောက်မှတ်တိုင်တွေခရီးသည်တွေထပ်တက်တော့ ကားကပိုကြပ်လာပြီးနေရာပေးတဲ့အစ်ကိုနဲ့က လူချင်းထပ်မိသွားရော သူကဗိုက်ပူတော့သူ့ဗိုက်ခံနေတာနဲ့ရပါတယ်လေဘာမှမဖြစ်ပါဘူးဆိုပြီးသည်းခံရင်း ရှေ့ခုံကညီမလေးခြေထောက်ချထားတဲ့စီကိုယ်တစ်ပိုင်းဝင်ထားလိုက်တယ် 


၄၊၅မှတ်တိုင်လောက်ကျတော့ သူ့ပစ္စည်းကညာဘက်ပေါင်ကိုထိလာပါလေရော လူချင်းထိလို့ဖြစ်လာတာလား တဏှာကြောင့်ဖြစ်လာတာလားဆိုတာ ကာယကံရှင်မှသိနိုင်ပေမယ့်တကယ်ကိုစိတ်ရှုပ်ရပါတယ်ဗျာ 


လွန်ခဲ့တဲ့၅နှစ်ကျော်တုန်းကတာ့ဆိုရင် ဒုန်းဆိုပြီးနောက်ကိုလှည့်ပြပီးစားတော့ဝါးတော့မလိုလှည့်ကြည့်ပါမယ် အဲ့ဒါမှမဖယ်ပေးရင်ခြေထောက်ကို အရှိန်နဲလတက်နင်းပြစ်တက်ပေမယ့် အသက်၄၀ကျော်အရွယ်ဖြစ်နေလို့ ​တစ်ပေလောက်ချဲထားတဲ့ခြေထောက်ကို ရသလောက်ထပ်ပြီးချုံလိုက်ပါတယ် ဘုရားစာလည်းကားပေါ်စတက်ထဲကရွတ်နေတာဆိုတော့ ဒေါသကိုထိန်းထားမိပေမယ့် ကိုဗစ်ကြောက်လို့မက်ကိုတပ်ထားပြီးမှန်မရှိတဲ့အပေါက်ဝနားဖြစ်နေတော့ လေမရဘဲအသက်ရှုကြပ်လို့စိတ်ပိုရှုပ်ရပါတယ်


ဘုရားစာရွတ်တဲ့ကျေးဇူးကြောင့်နေမှာပါ ကားဆရာကအဲကွန်းဖွင့်ပေးတော့ အသက်ရှုကြပ်တာသက်သာသွားတယ် အဝိုင်းကြီးလည်းရောက်ရော ဘေးနားကကလေးက နောက်ကအစ်ကိုကိုတိုးပြီးတော့ဆင်းသွားတော့ ကျွန်တော့်နောက်ကနေဘေးနားကိုရောက်သွားပါတယ် သူလည်းနောက်ဖက်ကိုပြန်မရွေ့တာနဲ့ အဲ့ဒီကျမှပဲစိတ်ရှုပ်တာပျောက်သွားရတယ် 


အဲ့ဒီအစ်ကိုကရှစ်မိုင်မှတ်တိုင်ဆင်းခါနီး သမီးရေဦးလေးကိုရှေ့ခုံကနေထီးလေးတောင်းပေးပါလားပြောလို့ ထီးလှမ်းပေးရင်းနဲ့သူ့မျက်နှာကြည့်လိုက်တော့ ကျွန်တော်နဲ့အသက်မကွာပါဘူး သူ့မျက်နှာမှာတဏှာစိတ်မမြင်တာနဲ့ သြော် လူကြပ်လို့အသားချင်းထိမိလို့ အဲ့လိုဖြစ်တာနေမှာပါဆိုပြီး စိတ်ထဲမှာအဖုအထစ်မဖြစ်တော့ဘူးပေါ့ဗျာ


အဲ့လိုအကဲဆက်နေတော့ နင်ကကိလေသာကင်းစင်တဲ့ သူတော်ကောင်းမကြီးလားမေးရင် နိုးပါဗျာ ကျွန်တော်လည်းပုထုစဥ်ပီသလွန်းတဲ့လူပါ ကျွန်တော်သဘောကျတဲ့သူဆိုရင် အသားချင်းထိယုံနဲ့တင် တစ်ဘဝလုံးပုံအောပေးနိုင်ပြီး အကုန်လုံးဖြစ်ချင်သူပါ ကျန်တဲ့သူကတော့နိုးပါဗျာ 


အပျိုအရွယ်မရောက်ခင်ကတော့ ဝတ္ထုစာအုပ်တွေဖတ်ပြီးစိတ်ကူးယဥ်ရတာပြောမနေပါနဲ့ဗျာ တကယ်အပျိုဖြစ်ပြီးတဲ့အချိန်ကျတော့ ကိုယ်သဘောကျမိတဲ့သူကလွဲရင် ရင်ခုန်ဖို့မပြောပါနဲ့ ကိုယ်ကိုသဘောကျလို့ပိုးပန်းရင်တောင် စိတ်ကသိကအောက်ဖြစ်ပြီးသဘောမကျခဲ့ဘူးဗျာ ( အဲ့ဒါကြောင့်လင်မရခဲ့တာနေမှာပါ အခုအချိန်မှတော့ နောင်တမရတော့ပါဘူးဗျာ )


သောကြာနေ့က ကျောင်းကကလေးတွေနဲ့စမ်းချောင်းမှာမုန့်သွားစားကြမယ်ဆိုပြီး မှတ်တမ်းရုံးရှေ့ကဘားကိုရောက်သွားကြတယ် သူ့ကောင်လေးကဆီးမန်းဆိုတော့ သူ့ကောင်လေးနဲ့ပါလာတဲ့အသက်၃၀ကျော် ဘော်ဒါနှစ်ယောက်ကို ကျောင်းကကျန်တဲ့ကျွန်တော်တို့နှစ်ယောက်ရယ် သူ့သူငယ်ချင်းမရယ်ကိုမိတ်ဆက်ပေးတယ် 


စင်ဂယ်လို့မိတ်မဆက်လိုက်ဘဲ အစ်မမှာကိုကြီးရှိတယ်ဆိုပြီးမိတ်ဆက်လိုက်ပါတယ် သယ်အန့်ဖြစ်သွားတာမှန်ပေမယ့် လူတစ်ယောက်ကိုစိတ်ထဲရှိနေသေးတဲ့အချိန်မှာ ကျန်တဲ့သူကိုစိတ်မဝင်စားတာက ကျွန်တော့်အကျင့်ဖြစ်နေတော့ နှစ်ကုန်သည်အထိအနည်ထိုင်အောင်ကြိုးစားအုန်းမှာပါဗျာ နောက်နှစ်မှာတော့ ကျွန်တော်ကိုမိတ်ဆက်ပေးလာခဲ့ရင် ရှစ်နိုင်ဖို့ကြိုးစားပါမယ်ဗျာ



ကျွန်တော့်ရုပ်ကဆိုးတော့သူများတွေလိုကိတ်ချင်ပါတယ် မလေးမှာနေတုန်းအသားဖြူဆေးတွေ ခန္ဓာကိုယ်ဖွံဖြိုးဆေးတွေစပြီးရင်းနှီးခဲ့ပေမယ့် စိတ်မဝင်စားခဲ့ဘူးဗျာ သဘာဝအတိုင်းပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်နေတာကိုပဲသဘောကျပါတယ် ဂျင်ဆော့တာကိုလည်း သဘောမကျတော့ခက်သားဗျ ( တူမတော်ကလည်း ကျွန်တော့်ဂျင်းပါတယ်ထင်ပါတယ် သူကတင်လေးအရမ်းလှတယ် မီနီစကပ်တွေမြန်မာအကျီခါးလွတ်လေးတွေဝတွရင် တကယ်ကိုကြည့်ကောင်းပါတယ် ရင်သားလေးကသေးတော့ ရတီရယ် ပိုလှသွားအောင်ရင်ကြီးဆေးသောက်ကြည့့်ပါလားဆိုပြီး ပြောမိလိုက်တာ  မျက်ထောင်နီကြီးနဲ့ဘာလို့သောက်ရမှာလဲလို့ ဒေါသတကြီးရန်ပြန်တွေ့တက်သူပါ )


မလေးမှာနေ​ထဲက စတပ်ပါတီတွေဆိုရင် အယ်လ်ဗင်ကသူ့ဝန်ထမ်းတွေကို ကလပ်တွေဘားတွေမှာပဲပါတီလုပ်ပေးတော့  အဲ့ဒီမှာပိုးဝင်သွားတာပါ ဒါပေမယ့်နိုင်ငံခြားသားဝန်ထမ်းမိန်းကလေးဖြစ်ပြီး အနေအေးတာကိုသိတဲ့အတွက် သူတို့တစ်ဖွဲ့လုံးက ခင် နင်ကလပ်ပဲသွားသွားဘားပဲသွားသွား ဒရပ်တွေဆက်တွေကိုတော့ရှောင်ပါဆိုပြီးသင်ပေးခဲ့လို့ တကယ်ကိုကျေးဇူးအများကြီးတင်ရပါတယ်


နွေးတို့နဲ့ဘားတွေကလပ်တွေသွားဖြစ်ပါတယ် ဘီယာအသားကုန်သောက်တယ် ဂိုး၊ဘလက်သောက်တယ် ဆေးလိပ်သောက်တယ် နိုးကေ နိုးရှီးရှား နိုးဒရပ်ပါဗျာ နွေးတို့ကလည်းအဲ့ဒါတွေသုံးပေမယ့် နိုးဆက်ဆိုတော့ဆက်တွဲဖြစ်ပါတယ် ကျန်တာတွေသူတို့သုံးပေမယ့် ကျန်တဲ့သူကိုလုံးလုံးမဆွယ်တော့အေးဆေးပေါ့ဗျာ


အိမ်ကရတီကိုလည်း နိုးကေ နိုးဒရပ် နိုးဆက် ဆိုတာကို သေချာပြောပြထားပါတယ် သူ့အမေကလည်းသူငယ်ချင်းပေါင်းပေါင်းတယ် သူ့ကောင်လေးသားဖြိုးက ဗော်ကယ်ဆိုတော့ဘားတွေကလပ်တွေခေါ်သွားပေးပေမယ့် ကျွန်တော့်လိုပဲဘီယာနဲ့ဆေးလိပ်ကလွဲရင်ကျန်တာကို မလုပ်ဖို့တားမြစ်ထားတော့ အခုအချိန်ရတီဗော်ကယ်ဖြစ်ပြီး လူပေါင်းဆုံနဲ့ကြုံတွေ့ရတာတောင် နိုးဒရပ် နိုးဆက် အခြေအနေမှာရှိသေးလို့ သားဖြိုးကိုလည်းတကယ်ကိုကျေးဇူးတင်မိပါတယ် သူ့မိန်းကလေးကိုလမ်းမှားမပို့ခဲ့ပေးလို့ပါဗျာ။


ကျောင်းမှာတွေ့ရတဲ့ကလေးတွေလည်း တကယ်ကိုဒရပ်တွေ ဆက်တွေကို နိုးမဖြစ်ပါဘူး တစ်ယောက်ကဆိုရှယ်ကျပေမယ့် စူပါဒရပ်သမား နောက်တစ်ယောက်ကတကယ်ကိုအက်နိုစန်ဖြစ်ပြီး စူပါဒရပ်နဲ့ဆက် သူတို့နဲ့အမြဲဂျွိုင်းဖို့ကတော့လစ်မစ်လုပ်ထားပါတယ် ကျွန်တော်မကြိုက်လို့ပါ အလုပ်အတူတူလုပ်တာဖြစ်လို့ တစ်လကိုတစ်ခါပဲဂျွိုင်းမယ်ဗျာ ကျွန်တော်ကနှစ်မျိုးလုံးကိုအလက်ဂျစ်လုပ်ထားတဲ့ကောင်လေဗျ


ကျောင်းမှာအားတဲ့အချိန်ဆိုရင် internet မသုံးဖြစ်ဘဲ စိတ်ကူးပေါက်တိုင်း Note တွေမှာ post တွေ တစ်ပိုင်းတစ ရေးဖြစ်ပါတယ် ဒီ post ကိုတော့ တင်ချင်တာနဲ့ တစ်ရက်ထဲနဲ့ရေးဖြစ်သွားတာပါ အခုကျမှနည်းနည်းထပ်ပြင်လိုက်တာပါ


စာကြွင်း။     ။ ကျောင်းကစီနီယာညီမလေးတွေအကုန်လုံး ဆိုးတယ်ထင်မှာစိုးလို့ပြန်လာရေးတာပါ ကျောင်းမှာစီနီယာညီမလေးသုံးယောက်မှာ အစောဆုံးတစ်​ယောက်ကအသက်၃၀ကျော်လေး ကလပ်တို့ဘားတို့မပြောပါနဲ့ ဘီယာခွက်မြင်ရင်တောင်မူးမယ့်က​လေးမ သူ့အတွက်စိတ်ပျော်စရာက ပိတ်ရက်မှာမုန့်သွားစားတာ မြန်မာအမျိုးသမီးဘောလုံးအသင်းကိုအားပေးရတာ တစ်တော့ကြည့်တာပါပဲ


ဘုရားစူးရီရယ်ဗာဂျင် ယင်ဖိုမသန်းရသေးတဲ့ကလေးမ ရည်းစားတောင်မထားဘူးဘူး အဲ့လိုလူကဆရာမဂျူးဖန်ဖြစ်နေတော့ ကျောင်းကဆရာတွေကလွဲရင် ယောကျ်ားတွေကိုတကယ်ကိုခရော့စ် ကျွန်တော်တွေးမိပါတယ်ရည်းစားတောင်မရှိဘူးတဲ့ကလေးမက ယောကျ်ားတွေကိုဘလိုင်းကြီးမုန်းနေတော့ ဖတ်ဘူးတဲ့ပို့စ်ကိုသတိရမိလိုက်တယ် သေးပေါက်ဖို့ပဲလူပြည်ရောက်လာတဲ့ဟာတွေဆိုတာကို ပြီးတော့ရယ်မိပါတယ်ဗျာ


အကုန်လုံးကျွန်တော်လိုလူဆိုးတွေကြီး မဟုတ်ဘူးဆိုတာကိုသိစေချင်တာပါဗျာ။










 

သက်ဆိုင်ခြင်းအလျင်းမရှိတော့ပေမယ့်

ကျွန်တော့်အတွက် ခင်ဗျားကရန်သူကြီးမှမဟုတ်တာဗျာ


အဲ့ဒါကြောင့် အစစအရာရာအကုန်လုံး ဂရုစိုက်ပေးပါဗျာ


ခင်ဗျားပြောခဲ့ဘူးသလို လူ့ဘဝဆိုတာ ခဏလေးပါဗျာ ဘာတွေဖြစ်လာပါစေ တော်ရာဒေသကိုစီမှာ ကျွန်တော်တို့ ပျော်အောင်နေကြရမှာပါပဲဗျာ။



🙏

မင်းကွန်းဆရာတော်ဘုရားကြီး​ ရွတ်ဖတ်တော်မူသော ပုဗ္ဗဏှသုတ် (ပါဠိ + အနက်)

ထိကရုန်း။


 

မနေ့ကကျွန်တော်ကို ဒီနေ့ကျွန်တော်က ပိုပြီးနားလည်ပေးမယ်


နာကျင်ခြင်းတွေကို ဖြေလျော့သွားစေရပါမယ်။


မနေ့ကလူထက် ဒီနေ့လူကိုပိုပြီးချစ်မြတ်နိုးပေးမယ်


ပျော်ရွှင်ခြင်းကို ဆောင်ကျဥ်းပေးပါမယ်။


မနေ့ကမနက်ခင်းထက် ဒီနေ့မနက်ခင်းကိုပိုပြီးလင်းချင်းစေမယ်။


လိုအင်ဆန္ဒတွေကို အရင်ကထက်ပိုပြီး ပြည့်စုံစေပါမယ်။



ပိုပြီးကျန်းမာအောင်နေမယ် 

ရောဂါမရစေဖို့ ဂရုစိုက်ပေးပါမယ်။



ပိုပြီးပျော်ရွှင်အောင်နေမယ် ဘယ်သူ့အတွက်မျှ တန်ဘိုးမဲ့ပါစေ ကျွန်တော့်အတွက်ကျွန်တော်က ပြည်ဝင်ပတ္တမြားပါပဲ။



အခုထက်ပိုပြီး နေရက်တိုင်းကိုလှလှပပလေး ဖြတ်သန်းသွားစေမယ် ဆံပင်ပုံစံလှလှလေးညှပ်မယ် အပြင်သွားရင်အလှပဆုံးလိမ်းချယ်မယ် အခုကစပြီးကျွန်တော့်ဘဝကို နာကျင်ခြင်းကင်းစေမယ်။



ဘယ်သူမျှမထိခိုက်ရင် ကျွန်တော့်ပျော်ရွှင်မှုတွေက အရာအားလုံးကို တရားစေပါမယ်။



ဘုရားလည်းသွားမယ်  Bar လည်းသွားမယ် Drugs ကင်းဝေးတဲ့ Sex လည်း ကင်းရှင်းတဲ့ အန္တရာယ်ကင်းရှင်းတဲ့ Social ကျတဲ့ နေထိုင်မှုကိုဖြတ်သန်းမယ်။



ကျွန်တော့်ကိုကျွန်တော် နားလည်မှု၊ အကြင်နာတရားနဲ့  ဂရုစိုက်ခြင်းအပြည့်အဝ လွှမ်းခြုံပေးထားပါမယ်။



~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~  ~





#44daysကိုယ့်ကိုမလိုအပ်တဲ့သူကိုနောက်တစ်ကြိမ် မက်မက်မောမောဖက်တွယ်နိုင်ဖို့အတွက်ကြိုးစားခဲ့မိလို့ ကျွန်တော်တကယ်ကိုအရှက်ရစေခဲ့မိပါတယ်ဗျာ။

#13thJune2025.



#Thanks.


Customer!







လမ်းသွားရင်တလောကလုံး ကျွန်တော့်လုပ်စာထိုင်စားနေတဲ့ မျက်နှာပေးနဲ့သွားတက်ပေမယ့် စျေးရောင်းရင်တော့ ဟုတ်ကဲ့တစ်လုံးကိုစေတစ်လုံးဆောင်တက်သူဆိုတော့ ပင်ပန်းပေမယ့်အခက်အခဲကပြောပြစရာတော့ မရှိပါဘူးဗျာ..



အအေးဆိုင်ဖွင့်တာက တစ်လမပြည့်သေးဘူး အသုပ်ဆိုင်ဖွင့်တာ ၁၀ရက်မပြည့်သေးဘူး အစ်မတော်ကသူ့အသိမချိုကစရိတ်အကုန်အကျခံပြီး ငွေဆောင်ခေါ်တာနဲ့လိုက်သွားဖြစ်တယ် ဟိုအစ်မကလည်းတစ်ခုခုဆို အိမ်ကိုအကူအညီပေးတဲ့သူဆိုတော့လည်း ငြင်းလို့ကဘယ်လိုမျှမကောင်းသူပါ



အစ်မတော်လည်းအိုမန်မှာ၁၀လကျော် ဒုက္ခများရတာဆိုတော့ တစ်နှစ်တစ်ခါသူခရီးသွားနေတာသိပေမယ့်လည်း လိုက်ပါစေဆိုပြီးကျွန်တော်ပဲအပင်အပန်းခံလိုက်ပါတယ် အင်္ဂါ၊အဓိပတိဖွားရဲ့မွေးရာပါဒုက္ခခံရတဲ့ဇာတာပေါ့ဗျာ



Customer ကို services ပေးတက်တဲ့ mind ကို ၂၀၀၁ခုနှစ် frist year အရွယ် MK မှာ အလုပ်ဝင်တုန်းက ထိုင်းလူမျိုးတွေကိုယ်တိုင် သင်တန်းပေးခဲ့တော့ အဲ့ဒီသန္ဓေမျိုးစေ့ကအခုအချိန်အထိတိုင်ရှင်သန်နေတုန်း ၂၀၀၄ခုနှစ်က ဒူဘိုင်းသွားမယ်ဆိုပြီး ကန်တော်ကြီးမှာဟိုတယ်သင်တန်းတက်ဖြစ်တော့ ဆရာမကြီးဒေါ်သန်းနွဲ့တို့ရဲ့ကျေးဇူးတရားတွေလည်းပါပါတယ်



MK မှာရော ကန်တော်ကြီးသင်တန်းပြီးလို့ OJT ဆင်းခဲ့ဖူးတဲ့ ကန်တော်ကြီး ဆီဒိုးနား ဆာကူယာမှာပါ Leader တွေက ခိုင်းကောင်းတဲ့နွားမလေးကို ချစ်ပေးရှာကြတယ် အပြင်မှာဘိလပ်မြေကိုင်ထားတဲ့  ရာကူဆာရုပ်နဲ့လူက ဟိုတယ်ရောက်သွားတာနဲ့နွားပွဲစားလို မျက်နှာကိုပြုံးချိုနေမိတာ



မြန်မာ့အာမခံမှာ တစ်နှစ်လုပ်တုန်းကတောင် အလုပ်ဝင်တဲ့အတူတူချင်းမှာ ကျွန်တော်ကျိုးနွံလွန်းလို့ စည်းကမ်းကြီးတဲ့ လက်ထောက်မန်နေဂျာအစ်မမဌေးက တကယ်ကိုသဘောကျခံရဘူးတာ



၂၀၀၈ခုနှစ် မလေးရှားစရောက်တော့လည်း PC3 မရောက်ခင် Big Apple donuts ဆိုင်မှာ Cashier လုပ်ရင်း ဒိုးနပ်ရောင်းရတုန်းကရော PC3 မှာ စာရင်းကိုင်လုပ်ရင်း Laptop ရောင်းရတုန်းကရော အဆောင်မှာသာလူမိုက်ရုပ်နဲ့နေမိပေမယ့် Lowyat plaza ရောက်တာနဲ့ ကျွန်တော့်ပုံက အတော်ကိုချစ်ဖို့ကောင်းပါလေရော



AHA နဲ့ ခင်ဗျားအပေါ်တင် ဝဋ်ကြွေးပါလာမဟုတ်ဘူး Customer တွေ အပေါ်မှာ ဝဋ်ကြွေးပါလာတာနေမှာခင်ဗျ 😊



မြန်မာပြည်ပြန်ရောက်တော့လည်း ၂၀၁၂ခုနှစ် SBT မှာ ကားရောင်းတာရော AHA နဲ့သာ ပြဿနာမတက်ဘဲ ရည်းစားဖြစ်နေသေးရင် မန်နေဂျာအိုဆာဒါကျေးဇူးနဲ့ ကားလေလံဆွဲဖို့ ဂျပန်ရောက်နေလောက်ပြီ မင်းမြန်မာနဲ့ Rixs မှာ ကားရောင်းတာပါ အိမ်ကလူတွေသြချရအောင် Customer is the King ဘဝကြီးပဲနေခဲ့မိသူပါ 

 


အဲ့ဒီအရှိန်က ၁၀ရက်နေ့အအေးစရောင်းတည်းက မလျော့သွားဘူး ကုမ္ပဏီဝန်ထမ်းဘဝကနေလမ်းဘေးမှာ စျေးရောင်းတော့ ကိုယ့်ဘာသာရှိန်မယ်ထင်နေမိတာ အစ်မတော်ထက်တောင်ကိုယ်က ပိုပြီး servies ကောင်းနေမိတယ် လမ်းဘေးဆိုင်ဆိုပေမယ့်လည်း အသန့်ကြိုက်တော့ တနေ့တနေ့ဆိုင်ခုံတွေကိုယ်တိုင် ရေဆေးရတာလည်းအတော်လေးပင်ပန်းရပါတယ်



ဒီနေ့အစ်မတစ်ယောက်က ဆိုင်ကလေးကသပ်ရပ်တယ်ချီးကျူးသွားတော့ ငါလုပ်ရကျိုးနပ်တယ်ဆိုပြီး ပီတိတွေဖြစ်နေရတာပါ သန့်ရှင်းရေးအပိုင်းကျတော့ Big Apple ကို ကျေးဇူးတင်ရမယ် သူ့ဆိုင်ကိုအားကျမိပြီး နည်းနည်းလေးလိုက်လုပ်ကြည့်တာဗျ 



Big apple မှာ ည၉နာရီခွဲ Cashier counter ပိတ်ပြီး သက်တော်စောင့်တွေကိုငွေအပ်ပြီးတာနဲ့ ည၁၀နာရီဆိုင်ပိတ်ချလိုက်ပြီဆိုတာနဲ့ part time နှစ်ယောက်ကနေ တစ်နေ့လုံးမုန့်အမှုန့်တွေ မွှစိထိုးနေတဲ့ဆိုင်ခန်းကို အမှုန်တစက်မျှမကျန်အောင် ၁နာရီအတွင်းသန့်ရှင်းရေးလုပ်သွားတာများ ကျွန်တော့်မှာ Ferry စောင့်နေရင်းနဲ့ အံသြကုန်ယူရတယ် စင်ကာပူက food count stall တွေတောင် အဲ့လောက်မလုပ်နိုင်ဘူးဗျ 



စာလည်းအတော်လေးရှည်နေပြီ နောက်နေ့ကစပြီး ၃ရက်လုံးဆိုင်ထိုင်ရမှာဆိုတော့ စာမရေးဖြစ်သေးလို့ ဒီနေ့အတွေ့အကြုံကိုထမင်းတောင်မစားနိုင်သေးဘဲ ရေးလိုက်တာပါ


အိမ်မှာဆပ်ပြာဆီဖျော် ထမင်းစား အဝတ်လျှော် ရေမိုးချိုးပြီးတာနဲ့ ဆိုင်ရောက်တော့၃နာရီကျော်ပြီ အစ်မအိမ်ပြန်သွားပြီးခဏပဲကြာပါတယ် အရှေ့ဖုန်းဆိုင်ကကလေးက အစ်မရေဇီးဖျော်ရေတစ်ခွက်ဆိုတော့ သွားပို့ဖြစ်ပြန်ရော တအောင့်နေတော့ လမ်းထဲကဆပ်ပြာဆီလက်ကားအိမ်ကညီမလေးက ဘေးတွဲဂိတ်ကိုပို့ပေးပါမှာတော့ ဆေးဘဲဥ လက်ဖက်သုပ်နဲ့ ရေနွေးကြမ်းပါသွားပို့ပေးဖြစ်ရော အသုပ်ကတော့အမေ့လက်ရာပါ ကျွန်တော်ကအအေးပဲဖျော်နိုင်တာ



ခဏနေတော့ ဆိုင်ကလေးသပ်ရပ်တယ်ပြောတဲ့အစ်မက ရေခဲသုပ်ဝယ်ပါလေရော သူမမပြန်ခင် ကလေးစုံတွဲနှစ်ယောက် ဘလူးဘယ်ရီဆိုဒါဝယ်ပါလေရော သူတို့လည်းပြီးရော ဘေးတွဲဂိတ်ကလက်ဖက်သုပ်ထပ်မှာပါလေရော ရောင်းနေရတော့ မျက်နှာကအပြုံးကနားရွက်ရောက်နေပြီ ကြားထဲမှာအိမ်ကိုပြန်ပြေးရတာကသုံးခေါက် မမောနိုင်ဘူး



ခေါင်းရင်းအိမ်ကအစ်ကို ဆံပင်ညှပ်ဆိုင်ကဦးလေး နောက်ခြံကအစ်မ ကလေးစုံတွဲ သားသားတစ်ယောက် မီးမီးချောတို့မောင်နှစ်မ တစ်ခြား Customer တွေ ဆယ့်လေးငါးဦးကို အစ်ကိုအစ်မညီမလေး မထပ်ဘဲ အပြုံးအပြည့်နဲ့ဝန်ဆောင်မှုပေးမိတာ မသိရင် မွေးတည်းကမျက်နှာချိုလေးမွေးလာတယ်ထင်မှာ



တစ်နိုင်ငံလုံး သူ့လုပ်စာထိုင်စားတဲ့ရုပ်နဲ့ ဒီဘီလူးမကြီးကို 🤣



အဲ့လောက်ဒေါင်ချာဆိုင်းနေတာတောင် မွေးသမိခင်ကလည်း သူ့သမီးစတိုင်အတိုင်းမဖျော်လို့ပွားတယ် ခေါင်းလျှော်ပြီးပြန်လာတဲ့ အစ်မတော်ကလည်း သူရောင်းတဲ့ potion ထပ်ပိုထည့်လို့ပွားတယ်



ကျွန်တော်ကတော့ပြတ်တယ် မလှူတက်ရင်စျေးရောင်းနဲ့ နှစ်ယောက်လုံးကိုကိုင်ပေါက်ပြီး ကျွန်တော့်ပုံစံအတိုင်းဆက်ရောင်းတယ် အမြတ်နည်းသွားတာမှန်ပေမယ့် စေတနာကရောင်ပြန်ဟပ်မှာပါပဲဗျာ



ဗိုက်လည်းဆာနေပြီဆိုတော့ နားပါပြီဗျာ ၁၅ရက်နေ့ ဆရာမကြီးကအလုပ်ဆက်မခန့်ရင်တော့ အစ်မနဲ့အမေဆိုင်မှာမဟုတ်တောင် ဝမ်းရေးအတွက် ကျွန်တော့်ဘာသာစျေးရောင်းကြည့်ရမှာပေါ့ဗျာ။






အကြင်နာ။


 

ညထဲက online မှာမရှိတော့

စိတ်ပူရပြန်ရော

မနက်ခင်း online ဖြစ်မှပဲ

ကျွန်တော့်ခင်မျာစိတ်အေးရပြန်တယ်။



ကြိုက်မိတဲ့ကဗျာတပိုင်းတစထဲက

စာသားကိုပဲဖွဖွ​ဆိုမိပါတယ်

ပန်းပဲခူးခူး၊လမ်းပဲကူးကူး

ဂရုစိုက်ပေးပါအချစ်ရယ်။


🙏


အိပ်ခါနီးအချိန် ခင်ဗျားအသံလေးကြားရတာလည်း ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါပဲ။


🥰



အခုရက်ပိုင်း အသံလေးကြားခွင့်ရမိတော့ ခင်ဗျားမျက်နှာလေးမြင်ချင်တဲ့ လောဘစိတ်ကပြန်ပြီးကြီးထွားလာမိပါတယ် 


ဟူး မလွယ်ပါဘူးဗျာ။


🥺



လွမ်းတယ်ကိုကို

ခင်ဗျားမျက်နှာလေး ကျွန်တော်မြင်ခွင့်ရရင် သိပ်ကောင်းမှာပဲဗျာ။ အိပ်မရဘူးဗျာ..


😰


ဘယ်သူ့ဘယ်သူမျှ ထပ်ပြီးမနာကျင်ရအောင် ကျွန်တော်နောက်တစ်ကြိမ်ထပ်ပြီး မနှောက်ယှက်မိတော့တာပါ မသက်ဆိုင်တော့ဘူးဆိုတာ နားလည်ထားပေမယ့် အစစအရာရာဂရုစိုက်ပေးပါဗျာ။


🙏



လွမ်းတယ်။



လူတစ်ယောက်ကိုပဲ ပုံအောပြီးချစ်တက်လွန်းတဲ့ ကျွန်တော့်ကိုကျွန်တော် သနားစပြုလာပါပြီ။


😰



သနားပြီး ပုံလေးဘာလေး မတင်ပေးချင်ဘူးလားဗျာ။



လွမ်းလို့ခေါ်မိပါတယ် အဖက်မလုပ်ခံရတာဘဲ ကြုံဆုံရတယ်..


😓



44days ကိုယ့်ကိုမလိုအပ်တဲ့သူကို နောက်တစ်ကြိမ် မက်မက်မောမောဖက်တွယ်နိုင်ဖို့အတွက် ကြိုးစားခဲ့မိလို့ ကျွန်တော်တကယ်ကို အရှက်ရစေခဲ့မိပါတယ်ဗျာ။

#13thJune2025.


 

ဒီလောက်ကျီးထိုးထိုး ခွေးစားစား လျစ်လျူရှုခံနေရတာတောင် မောင်းမတစ်ထောင်အတွက်ရည်ရွယ်တဲ့ မြတ်နိုးသူရယ်နဲ့တင် ကန်တော့ပါရဲ့ စောက်ရှက်မရှိ စောက်မှတ်သည်းချေမရှိ သံယောဇဥ်တိုးချင်ပြန်ပြီ..


😭


ဥပ္ပါတသန္တိကျမ်း (ပါဠိစာတန်းထိုး)| မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာ...

လေးဖြူ - သံယောဇဉ် (Lay Phyu)


သံယောဇဥ်

လူကိုအရူးတစ်ပိုင်းဖြစ်စေတယ်။

လွမ်းတယ်..


😰

ခင်မောင်တိုး - ဆည်းလည်းလှိုက်သံ (Audio)


အစောကြီးနိုးပြီး အိမ်ရေးမဝတာတောင် ခင်ဗျားကိုလွမ်းမိပြန်ပါရော။

ပဋ္ဌာန်းပါဠိတော် - ပဋ္ဌာန်း (၂၄)ပစ္စည်းအကျယ်။ (အသံ နှင့် စာသား)

A drugs?


 

မတ်လထဲက Save ထားမိတဲ့ပုံပါ အခုညစာရေးချင်တာနဲ့ google မှာရှာရင်း ထပ်တွေ့ရပြန်တာ 


Addiction of a person is dangerous than a drugs.



အဲ့ဒီအန္တရာယ်ထဲကို ကျွန်တော်ပြန်မသွားတော့ပါဘူးဗျာ အချိန်ကာလအကြာကြီး နာကျင်ခဲ့ရတဲ့သံသရာကို နောက်တစ်ကြိမ်တစ်ပတ်မလည်ချင်တော့ပါဘူး 



ဒီရက်ပိုင်းသတိရနေမိတယ် ခင်ဗျားကိုပြန်ပြီးဖက်တွယ်မိချင်တယ် ဒါပေမယ့်သတိရတယ်ဆိုတဲ့နေရာမှာပဲ ကျွန်တော်ရအောင်ကို ရပ်တန့်နေလိုက်ပါတယ် အရမ်းကိုပင်ပန်းခဲ့ပြီမို့လို့ တစ်ဆိုတဲ့နေရာကနေပြန်မစချင်တော့ပါဘူး



အချိန်တစ်ခုရောက်ရင်တော့ ကျွန်တော်အနည်ထိုင်သွားမယ်ထင်ပါတယ် ခင်ဗျားနဲ့ပတ်သက်သမျှ ကျွန်တော့်ခံစားချက်တွေအကုန်လုံးကို တကယ်ကိုရပ်တန့်လိုက်တာပါ 



နောင်တတော့မရခဲ့ပါဘူး တစ်ကြိမ်တစ်ခါမျှတွေ့ဆုံဘူးခဲ့တဲ့ လူတစ်ယောက်ကို အချိန်တွေအကြာကြီးချစ်ခဲ့မိတာအတွက်ပါ ကျွန်တော်အများကြီးချစ်ခဲ့ပေးခဲ့မိတာပဲ ကျွန်တော်ကျေနပ်ပါတယ်



ခင်ဗျားကို နောက်တစ်ကြိမ်တွေ့ဆုံဖို့အခွင့်အရေးရှိခဲ့ရင်တောင် ကျွန်တော်မတွေ့ဆုံတော့ပါဘူး 



ခင်ဗျားကိုပြန်ပြီးဖက်တွယ်မိပြီး နှစ်ကာလရှည်အကြာကြီး တွေ့ခွင့်မရခဲ့တာတွေ စကားပြောခွင့်မရခဲ့တာတွေ ခင်ဗျားကိုမြင်ခွင့်မရတဲ့တာတွေ အချိန်ကာလအကြာကြီး ကျွန်တော်လျစ်လျူရှု့ခံခဲ့ရတာတွေ နာကျင်ခဲ့ရတာတွေ ရင်နာခဲ့ရတာတွေကို သေးသေးလေးမျှတောင် ကျွန်တော်မခံစားချင်တော့ပါဘူး



အချိန်ကာလအကြာကြီး ချစ်ခဲ့ရတာအတွက် အချိန်ကာလတစ်ခုအထိတော့ ကျွန်တော်အသားကျနိုင်အုန်းမယ် မထင်ပါဘူး အဲ့လိုအချိန်တွေမှာ ကျွန်တော်အတိတ်ကိုတော့ လွမ်းနေမိအုန်းမှာပါ များများစားစားလွမ်းခွင့်မရှိပါဘူး ခရီးသွားခဲ့ရတဲ့ရက်ပိုင်းလေးမျှပါပဲ



အဲ့ဒီ့ကာလလေးကတော့ ကျွန်တော့်ရဲ့နာကျင်မှုတွေကို လျော့ပါးစေတဲ့ဆေးပေါ့ဗျာ ဒီနှစ်ကုန်တဲ့အထိ ကျွန်တော်အဲ့ဒီအချိန်ကို မကြာမကြာသတိရမိမယ်ထင်ပါတယ်



တနေ့တော့ ကျွန်တော့်ခံစားချက်တွေအားလုံး တည်ငြိမ်သွားမှာပါဗျာ အချစ်ကြီးခဲ့မိတာတွေအတွက် ညီမျှတဲ့နာကျင်မှုကို ကျွန်တော်ပြန်ပြီးပေးဆပ်ရတာမို့လို့ လောကကြီးက ကျွန်တော့်အပေါ်ရက်စက်တယ်လိုတော့ မတွေးတော့ပါဘူးဗျာ



ဘုရားကို အများကြီးမတောင်းဆိုပါဘူး ကျွန်တော်တစ်ယောက်တည်းပဲ ကျန်ရှိတဲ့ဘဝမှာနေသွားပါရစေ မချစ်တက်တဲ့သူတစ်ယောက်ကိုတော့ ကျွန်တော့်ကိုသနားပြီး ဘဝမှာထပ်ပြီးတွေ့ဆုံခွင့်မပေးပါနဲ့ဗျာ



ကျွန်တော်က လူတစ်ယောက်ကို ရင်ဘက်နဲ့ရင်းပြီးချစ်တက်လွန်းသူကြီးမို့လို့ပါ။


ဇွန်။

 



ဇွန်လ ၁။

၂၃:၂၆။



ရပ်တန့်နိုင်စပြုပါပြီလို့ မအိပ်ခင်အချိန်ကပဲတွေးမိနေတာပါ ပဌာန်းတရားနာနေရင်းမိုးကသည်းသည်းရွာချတော့ စိတ်ပူမိပြန်ပါတယ်


မိုးလုံလေလုံအရပ်မှာရောရှိပါ့မလား လေမိုးများစိုနေမလား နွေးနွေးထွေးထွေးရောရှိပါ့မလား ကျန်းမာရေးရောအဆင်ပြေရဲ့လား ဆိုတဲ့စိတ်ကလူကိုပူပန်စေပါတယ် 


ပိုနေမြဲ ကျားနေမြဲ။


ဘယ်သူ့ဘယ်သူမျှမထိခိုက်အောင် ဒီအတိုင်းလေးသာပဲ ကျွန်တော်နေထိုင်သွားတော့မှာပါ။


၂၂ရက်နေ့ကနေ၃၀ရက်နေ့အထိ မတရားနှိမ်စက်ခဲ့တဲ့ရောဂါကနေသက်သာစပြုလာရတာကြောင့် စိတ်ကလေးကိုအေးအေးချမ်းချမ်းလေးပဲရှိစေချင်ပါတယ် ဘဝမှာမနက်ကျရင်ငါအသက်ရှိတော့ပါ့မလားဆိုတဲ့အချိန်ကို ကြုံခဲ့ဖူးရပါပြီ ဒီထက်ပိုပြီးလည်းဘာမျှမဖက်တွယ်ချင်တော့ပါဘူး


အသက်၇၀၊၈၀အရွယ်အမိအဘနဲ့ အစ်မရဲ့ကျေးဇူးကြောင့်သာအသက်ရှင်ခဲ့ရတာပါ ဘဝမှာဘယ်အရာကိုမျှမမက်မောတော့ဘဲ ဘယ်အရာကိုမျှမဖက်တွယ်တော့ဘဲ ဘယ်အရာကိုမျှမတောင့်တတော့ဘဲ ကျန်ရှိမယ့်နေရက်တွေကို တိတ်တိတ်ဆိတ်ဆိတ်လေးပဲ ကြိုးစားပြီးဖြတ်သန်းပါတော့မယ်။


ဘဝမှာကောင်းတာတွေလည်း လုပ်ခဲ့ဘူးတာရှိပါမယ် မကောင်းမှုတွေလည်း ကျူးလွန်ခဲ့မိပါတယ် မနက်ဖြန်ဆိုတဲ့တစ်ရက်တာတိုင်းစီကို တကယ်ကို တကယ်ကို အေးအေးချမ်းချမ်းလေးပဲ ကုန်ဆုံးသွားပါတော့မယ်။