၂လပိုင်းထဲက ခရီးသွားဖို့အတွက် တစ်ယောက်တည်းတာစူနေတာပါ အိမ်ကလူတွေကိုလည်း မတ်၊ဧပြီမှာခရီးသွားမယ်ဆိုပြီးကြိုပြောထားတာ မတ်လလည်ထဲက Luggage ကထည့်ထားပြီးပြီ ခရီးကဘယ်စီနေမှန်းမသိသေးဘူး
သင်္ကြန်သာကျပြီးသွားတယ် ခရီးသွားချင်တဲ့ Mood က တပြားမျှတောင်မလျော့သွားဘူး အဲ့ဒါနဲ့မေလထဲရောက်လာပြန်ရော မေလအကုန်မှာတော့ ငွေဆောင်မှာသွား Chill မယ်ပေါ့ Package တွေစုံစမ်းတော့ ၂ယောက်အနည်းဆုံးသွားမှရပါမယ်တဲ့
အဲ့ဒါတောင်လက်မလျော့သေးဘူး Center Point ကို ဇွန်လဆန်းအတွက်အခန်းစျေးနှုန်းသွားမေးတော့ မေလစျေးနှုန်းတွေပဲပို့ပေးတယ် ဒါနဲ့ပဲငွေဆောင်ကို လက်လျော့လိုက်တော့တယ်
ဇွန်လဆန်းမှာ ပုဂံခရီးစဥ် Budget tour တစ်ခုတက်လာတော့ ဝမ်းသာအားရနဲ့သွားမယ်ပေါ့ အခန်းက၂ယောက်တစ်ခန်းဖြစ်လို့ အခန်းခတစ်ယောက်စာထပ်ပေးရပါမယ်တဲ့
၂၀၂၂ခုနှစ်ကတည်းက ခရီးမသွားဖြစ်တော့လို့ သွားချင်လို့သာသွားရမှာ လက်ထဲမှာ ပိုက်ဆံကအများကြီးမရှိတော့ ပိုက်ဆံကိုချိန်သုံးနေရတာနဲ့ပဲ ငွေကြောင့်တစ်ခုမဟုတ်တစ်ခုနဲ့ အစီအစဥ်ကပျက်နေရော
အဲ့ဒါနဲ့ သုံးရာသီကနေ တောင်ပြုံးပွဲအတွက်ကြော်ငြာတာ 22.8.2026 ကို 22.6.2026 ဖတ်မိပြီးတော့ သွားမယ်ဆိုပြီး ၁၆ရက်နေ့ကဆက်သွယ်မိပါရော ၈လပိုင်းမှတောင်ပြုံးပွဲစမှာ မန္တလေး_ပြင်ဦးလွင်_ကျောက်ဆည်ကိုဆိုရင်တော့ ၂၉ရက်နေ့ရှိတယ်ဆိုတော့ ၂၅ရက်နေ့မှာ confirm ပေးပြီး ငွေလွှဲမယ်ဆိုတော့ Low seasons ဖြစ်လို့ ခရီးသည်နည်းတာနဲ့ ဇူလိုင်၁၀ရက်နေ့အထိ ရွေ့လိုက်ပါတယ်ဆိုတော့ ပျက်ပြန်ရော
အဲ့လောက်ဖြစ်တာ ၁၀ရက်နေ့အထိစောင့်မယ်ဆိုပြီး ၂၆ရက်နေ့မှာ စရန်ငွေတစ်ဝက်လွှဲထားပြီး သုံးရာသီဘက်ကနေ voucher ပြန်ပို့ပေးမှတော့ပဲ ကျွန်တော့်ခမျာစိတ်ချမ်းသာရပါတော့တယ်
အသက်လည်းကြီးပါပြီ လုပ်ချင်တာလုပ်ထားပြီးရင် အလှဆုံးပြုံးနေတက်သူဆိုပြီး လဲကျလိုက်ပြန်ထလိုက်နဲ့ပဲ ဘဝကြီးကိုပြုံးပြုံးကြီး ဖြတ်သန်းနေတုန်းပါပဲဗျာ။


