မဆက်သွယ်ပါတော့ဘူးဗျာ။

 




ဒီနေ့တော့တိတိပပကို

ရေစက်ချလိုက်ပါပြီ

တစ်ခါမျှဆက်သွယ်မလာခဲ့ဘူးတဲ့

ဖုန်းနံပါတ်ကိုပါအပြီးတိုင်ဖျက်လိုက်ပါပြီ။

7thJune2026.

🍀


https://youtu.be/o183S-pj1Tc?si=H6tj8tv067u2Q4Mm




မိန်းမတွေဟာ သူတို့အချစ်ခံနေရတယ်လို့ ခံစားနေရသရွေ့ အဲ့နေရာကနေ မထွက်ခွါတတ်ကြဘူးတဲ့ ။ (မနေ့ကဖတ်မိတဲ့စာလေးပါ)


ကမ္ဘာဦးအစတည်းကအမျိုးသမီးတွေဆိုတာ မိခင်စိတ်ကြီးတတ်တဲ့၊မေတ္တာကြီးတတ်တဲ့ သဘာဝပါပဲ။ ဘဝမှာ တန်ဖိုးထားပြီးတည်ဆောက်ခဲ့တဲ့ ဆက်ဆံရေးတွေကို နှမျောတတ်တယ်၊အသိုက်အမြုံကိုတန်ဖိုးထားတတ်တယ်၊ ချစ်ခင်ရတဲ့လူတွေအပေါ် စိတ်ပျက်မှုတွေ ရှိခဲ့ရင်တော့ အချိန်တန်ရင် လောကဓံကို အတူတူပဲ ပြန်ဖြတ်ကျော်ချင်တာကလည်း မိန်းမတွေပါပဲ ။ 


ဒီလိုစိတ်သဘောထား နူးညံ့ပြီး မပြတ်သားတတ်တဲ့၊ခံစားချက်များတဲ့ မိန်းမတွေဟာ သူတို့တန်ဖိုးထားရတဲ့ဆက်ဆံရေးတစ်ခုခု ၊ လူတစ်ယောက်ယောက်ကို စွန့်ခွါခဲ့ပြီဆိုရင် သေချာတယ် အဲ့နေရာမှာ အချစ်မခံရတော့လို့ပဲ ။ ဒါမှမဟုတ် အချစ်ခံနေရတယ် ၊ဦးစားပေးခံနေရတယ်၊တန်ဖိုးထားခံနေရတယ်လို့မခံစားရတော့လို့ပဲ ။ 


အဲ့လိုပဲ ကိုယ်ကမိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုရင်လူတစ်ယောက်နဲ့ပတ်သက်လိုက်ရင် အရေးအကြီးဆုံးအရာဟာ အချစ်ခံရဖို့၊ဦးစားပေးခံရဖို့ ၊တန်ဖိုးထား ခံရဖို့ပဲ ။အဲ့လိုမဟုတ်ဘဲ ချစ်တဲ့စိတ်အရင်းခံပြီး အနားမှာ ဆက်ရှိနေဖို့ ကြိုးစားနေရင်လည်း အချစ်ခံရမှသက်သောင့်သက်သာဖြစ်တဲ့ အမျိုးသမီးတွေရဲ့စိတ်ဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး ညိုးနွမ်းလာဖို့ပဲ ရှိတယ်။ 


အဲ့လိုမျိုး အတင်းပြန်ပြီးတည်ဆောက်ချင်နေတဲ့အချိန်မှာ ကပ်ရမဲ့အသိတရားက-ငါအချစ်မခံရတော့ပါလား ဆိုတာကိုပဲ။


ဘဝမှာ နှမျောတသ ဖြစ်ရလောက်တဲ့ ဆက်ဆံရေးတွေလည်း ရှိချင်ရှိလိမ့်မယ်၊ ပြန်ပြီးပြင်ဆင်လို့ရရင် ကောင်းမှာပဲလို့ ထပ်တလဲလဲတွေးနေမိတဲ့အချိန်တွေလည်း ရှိချင်ရှိလိမ့်မယ် ဒါပေမဲ့အချိန်တန်လို့မှ ကိုယ်လုပ်နိုင်တာ ဘာမှမကျန်တော့ဘူးလို့ ထင်ရင်  အများကြီးတွေးမနေမှ 

ဒီအတိုင်းပဲ ထွက်ခွါခဲ့လိုက်တော့။ 


တစ်ခါတလေ မေတ္တာတွေများပြီး အရာအားလုံးကို အကောင်းဆုံး မျှော်လင့်နေတာကလည်း နှစ်ဦးနှစ်ဖက်လုံးကို ပိုပင်ပန်းစေတယ်။ 

ဪ သူလည်းမချစ်ချင်တော့ဘူး 

ငါလည်း အချစ်မခံရတဲ့နေရာမှာ မနေနိုင်ဘူးဆိုပြီးသာ


 

ရေစက်ချခဲ့လိုက်တာ အကောင်းဆုံးပါပဲ 


#Nayvel

No comments: