A drugs?


 

မတ်လထဲက Save ထားမိတဲ့ပုံပါ အခုညစာရေးချင်တာနဲ့ google မှာရှာရင်း ထပ်တွေ့ရပြန်တာ 


Addiction of a person is dangerous than a drugs.



အဲ့ဒီအန္တရာယ်ထဲကို ကျွန်တော်ပြန်မသွားတော့ပါဘူးဗျာ အချိန်ကာလအကြာကြီး နာကျင်ခဲ့ရတဲ့သံသရာကို နောက်တစ်ကြိမ်တစ်ပတ်မလည်ချင်တော့ပါဘူး 



ဒီရက်ပိုင်းသတိရနေမိတယ် ခင်ဗျားကိုပြန်ပြီးဖက်တွယ်မိချင်တယ် ဒါပေမယ့်သတိရတယ်ဆိုတဲ့နေရာမှာပဲ ကျွန်တော်ရအောင်ကို ရပ်တန့်နေလိုက်ပါတယ် အရမ်းကိုပင်ပန်းခဲ့ပြီမို့လို့ တစ်ဆိုတဲ့နေရာကနေပြန်မစချင်တော့ပါဘူး



အချိန်တစ်ခုရောက်ရင်တော့ ကျွန်တော်အနည်ထိုင်သွားမယ်ထင်ပါတယ် ခင်ဗျားနဲ့ပတ်သက်သမျှ ကျွန်တော့်ခံစားချက်တွေအကုန်လုံးကို တကယ်ကိုရပ်တန့်လိုက်တာပါ 



နောင်တတော့မရခဲ့ပါဘူး တစ်ကြိမ်တစ်ခါမျှတွေ့ဆုံဘူးခဲ့တဲ့ လူတစ်ယောက်ကို အချိန်တွေအကြာကြီးချစ်ခဲ့မိတာအတွက်ပါ ကျွန်တော်အများကြီးချစ်ခဲ့ပေးခဲ့မိတာပဲ ကျွန်တော်ကျေနပ်ပါတယ်



ခင်ဗျားကို နောက်တစ်ကြိမ်တွေ့ဆုံဖို့အခွင့်အရေးရှိခဲ့ရင်တောင် ကျွန်တော်မတွေ့ဆုံတော့ပါဘူး 



ခင်ဗျားကိုပြန်ပြီးဖက်တွယ်မိပြီး နှစ်ကာလရှည်အကြာကြီး တွေ့ခွင့်မရခဲ့တာတွေ စကားပြောခွင့်မရခဲ့တာတွေ ခင်ဗျားကိုမြင်ခွင့်မရတဲ့တာတွေ အချိန်ကာလအကြာကြီး ကျွန်တော်လျစ်လျူရှု့ခံခဲ့ရတာတွေ နာကျင်ခဲ့ရတာတွေ ရင်နာခဲ့ရတာတွေကို သေးသေးလေးမျှတောင် ကျွန်တော်မခံစားချင်တော့ပါဘူး



အချိန်ကာလအကြာကြီး ချစ်ခဲ့ရတာအတွက် အချိန်ကာလတစ်ခုအထိတော့ ကျွန်တော်အသားကျနိုင်အုန်းမယ် မထင်ပါဘူး အဲ့လိုအချိန်တွေမှာ ကျွန်တော်အတိတ်ကိုတော့ လွမ်းနေမိအုန်းမှာပါ များများစားစားလွမ်းခွင့်မရှိပါဘူး ခရီးသွားခဲ့ရတဲ့ရက်ပိုင်းလေးမျှပါပဲ



အဲ့ဒီ့ကာလလေးကတော့ ကျွန်တော့်ရဲ့နာကျင်မှုတွေကို လျော့ပါးစေတဲ့ဆေးပေါ့ဗျာ ဒီနှစ်ကုန်တဲ့အထိ ကျွန်တော်အဲ့ဒီအချိန်ကို မကြာမကြာသတိရမိမယ်ထင်ပါတယ်



တနေ့တော့ ကျွန်တော့်ခံစားချက်တွေအားလုံး တည်ငြိမ်သွားမှာပါဗျာ အချစ်ကြီးခဲ့မိတာတွေအတွက် ညီမျှတဲ့နာကျင်မှုကို ကျွန်တော်ပြန်ပြီးပေးဆပ်ရတာမို့လို့ လောကကြီးက ကျွန်တော့်အပေါ်ရက်စက်တယ်လိုတော့ မတွေးတော့ပါဘူးဗျာ



ဘုရားကို အများကြီးမတောင်းဆိုပါဘူး ကျွန်တော်တစ်ယောက်တည်းပဲ ကျန်ရှိတဲ့ဘဝမှာနေသွားပါရစေ မချစ်တက်တဲ့သူတစ်ယောက်ကိုတော့ ကျွန်တော့်ကိုသနားပြီး ဘဝမှာထပ်ပြီးတွေ့ဆုံခွင့်မပေးပါနဲ့ဗျာ



ကျွန်တော်က လူတစ်ယောက်ကို ရင်ဘက်နဲ့ရင်းပြီးချစ်တက်လွန်းသူကြီးမို့လို့ပါ။


No comments: