ဇွန်လ ၁။
၂၃:၂၆။
ရပ်တန့်နိုင်စပြုပါပြီလို့ မအိပ်ခင်အချိန်ကပဲတွေးမိနေတာပါ ပဌာန်းတရားနာနေရင်းမိုးကသည်းသည်းရွာချတော့ စိတ်ပူမိပြန်ပါတယ်
မိုးလုံလေလုံအရပ်မှာရောရှိပါ့မလား လေမိုးများစိုနေမလား နွေးနွေးထွေးထွေးရောရှိပါ့မလား ကျန်းမာရေးရောအဆင်ပြေရဲ့လား ဆိုတဲ့စိတ်ကလူကိုပူပန်စေပါတယ်
ပိုနေမြဲ ကျားနေမြဲ။
ဘယ်သူ့ဘယ်သူမျှမထိခိုက်အောင် ဒီအတိုင်းလေးသာပဲ ကျွန်တော်နေထိုင်သွားတော့မှာပါ။
၂၂ရက်နေ့ကနေ၃၀ရက်နေ့အထိ မတရားနှိမ်စက်ခဲ့တဲ့ရောဂါကနေသက်သာစပြုလာရတာကြောင့် စိတ်ကလေးကိုအေးအေးချမ်းချမ်းလေးပဲရှိစေချင်ပါတယ် ဘဝမှာမနက်ကျရင်ငါအသက်ရှိတော့ပါ့မလားဆိုတဲ့အချိန်ကို ကြုံခဲ့ဖူးရပါပြီ ဒီထက်ပိုပြီးလည်းဘာမျှမဖက်တွယ်ချင်တော့ပါဘူး
အသက်၇၀၊၈၀အရွယ်အမိအဘနဲ့ အစ်မရဲ့ကျေးဇူးကြောင့်သာအသက်ရှင်ခဲ့ရတာပါ ဘဝမှာဘယ်အရာကိုမျှမမက်မောတော့ဘဲ ဘယ်အရာကိုမျှမဖက်တွယ်တော့ဘဲ ဘယ်အရာကိုမျှမတောင့်တတော့ဘဲ ကျန်ရှိမယ့်နေရက်တွေကို တိတ်တိတ်ဆိတ်ဆိတ်လေးပဲ ကြိုးစားပြီးဖြတ်သန်းပါတော့မယ်။
ဘဝမှာကောင်းတာတွေလည်း လုပ်ခဲ့ဘူးတာရှိပါမယ် မကောင်းမှုတွေလည်း ကျူးလွန်ခဲ့မိပါတယ် မနက်ဖြန်ဆိုတဲ့တစ်ရက်တာတိုင်းစီကို တကယ်ကို တကယ်ကို အေးအေးချမ်းချမ်းလေးပဲ ကုန်ဆုံးသွားပါတော့မယ်။
No comments:
Post a Comment