အအေးဆိုင်ဖွင့်တာက တစ်လမပြည့်သေးဘူး အသုပ်ဆိုင်ဖွင့်တာ ၁၀ရက်မပြည့်သေးဘူး အစ်မတော်ကသူ့အသိမချိုကစရိတ်အကုန်အကျခံပြီး ငွေဆောင်ခေါ်တာနဲ့လိုက်သွားဖြစ်တယ် ဟိုအစ်မကလည်းတစ်ခုခုဆို အိမ်ကိုအကူအညီပေးတဲ့သူဆိုတော့လည်း ငြင်းလို့ကဘယ်လိုမျှမကောင်းသူပါ
အစ်မတော်လည်းအိုမန်မှာ၁၀လကျော် ဒုက္ခများရတာဆိုတော့ တစ်နှစ်တစ်ခါသူခရီးသွားနေတာသိပေမယ့်လည်း လိုက်ပါစေဆိုပြီးကျွန်တော်ပဲအပင်အပန်းခံလိုက်ပါတယ် အင်္ဂါ၊အဓိပတိဖွားရဲ့မွေးရာပါဒုက္ခခံရတဲ့ဇာတာပေါ့ဗျာ
Customer ကို services ပေးတက်တဲ့ mind ကို ၂၀၀၁ခုနှစ် frist year အရွယ် MK မှာ အလုပ်ဝင်တုန်းက ထိုင်းလူမျိုးတွေကိုယ်တိုင် သင်တန်းပေးခဲ့တော့ အဲ့ဒီသန္ဓေမျိုးစေ့ကအခုအချိန်အထိတိုင်ရှင်သန်နေတုန်း ၂၀၀၄ခုနှစ်က ဒူဘိုင်းသွားမယ်ဆိုပြီး ကန်တော်ကြီးမှာဟိုတယ်သင်တန်းတက်ဖြစ်တော့ ဆရာမကြီးဒေါ်သန်းနွဲ့တို့ရဲ့ကျေးဇူးတရားတွေလည်းပါပါတယ်
MK မှာရော ကန်တော်ကြီးသင်တန်းပြီးလို့ OJT ဆင်းခဲ့ဖူးတဲ့ ကန်တော်ကြီး ဆီဒိုးနား ဆာကူယာမှာပါ Leader တွေက ခိုင်းကောင်းတဲ့နွားမလေးကို ချစ်ပေးရှာကြတယ် အပြင်မှာဘိလပ်မြေကိုင်ထားတဲ့ ရာကူဆာရုပ်နဲ့လူက ဟိုတယ်ရောက်သွားတာနဲ့နွားပွဲစားလို မျက်နှာကိုပြုံးချိုနေမိတာ
မြန်မာ့အာမခံမှာ တစ်နှစ်လုပ်တုန်းကတောင် အလုပ်ဝင်တဲ့အတူတူချင်းမှာ ကျွန်တော်ကျိုးနွံလွန်းလို့ စည်းကမ်းကြီးတဲ့ လက်ထောက်မန်နေဂျာအစ်မမဌေးက တကယ်ကိုသဘောကျခံရဘူးတာ
၂၀၀၈ခုနှစ် မလေးရှားစရောက်တော့လည်း PC3 မရောက်ခင် Big Apple donuts ဆိုင်မှာ Cashier လုပ်ရင်း ဒိုးနပ်ရောင်းရတုန်းကရော PC3 မှာ စာရင်းကိုင်လုပ်ရင်း Laptop ရောင်းရတုန်းကရော အဆောင်မှာသာလူမိုက်ရုပ်နဲ့နေမိပေမယ့် Lowyat plaza ရောက်တာနဲ့ ကျွန်တော့်ပုံက အတော်ကိုချစ်ဖို့ကောင်းပါလေရော
AHA နဲ့ ခင်ဗျားအပေါ်တင် ဝဋ်ကြွေးပါလာမဟုတ်ဘူး Customer တွေ အပေါ်မှာ ဝဋ်ကြွေးပါလာတာနေမှာခင်ဗျ 😊
မြန်မာပြည်ပြန်ရောက်တော့လည်း ၂၀၁၂ခုနှစ် SBT မှာ ကားရောင်းတာရော AHA နဲ့သာ ပြဿနာမတက်ဘဲ ရည်းစားဖြစ်နေသေးရင် မန်နေဂျာအိုဆာဒါကျေးဇူးနဲ့ ကားလေလံဆွဲဖို့ ဂျပန်ရောက်နေလောက်ပြီ မင်းမြန်မာနဲ့ Rixs မှာ ကားရောင်းတာပါ အိမ်ကလူတွေသြချရအောင် Customer is the King ဘဝကြီးပဲနေခဲ့မိသူပါ
အဲ့ဒီအရှိန်က ၁၀ရက်နေ့အအေးစရောင်းတည်းက မလျော့သွားဘူး ကုမ္ပဏီဝန်ထမ်းဘဝကနေလမ်းဘေးမှာ စျေးရောင်းတော့ ကိုယ့်ဘာသာရှိန်မယ်ထင်နေမိတာ အစ်မတော်ထက်တောင်ကိုယ်က ပိုပြီး servies ကောင်းနေမိတယ် လမ်းဘေးဆိုင်ဆိုပေမယ့်လည်း အသန့်ကြိုက်တော့ တနေ့တနေ့ဆိုင်ခုံတွေကိုယ်တိုင် ရေဆေးရတာလည်းအတော်လေးပင်ပန်းရပါတယ်
ဒီနေ့အစ်မတစ်ယောက်က ဆိုင်ကလေးကသပ်ရပ်တယ်ချီးကျူးသွားတော့ ငါလုပ်ရကျိုးနပ်တယ်ဆိုပြီး ပီတိတွေဖြစ်နေရတာပါ သန့်ရှင်းရေးအပိုင်းကျတော့ Big Apple ကို ကျေးဇူးတင်ရမယ် သူ့ဆိုင်ကိုအားကျမိပြီး နည်းနည်းလေးလိုက်လုပ်ကြည့်တာဗျ
Big apple မှာ ည၉နာရီခွဲ Cashier counter ပိတ်ပြီး သက်တော်စောင့်တွေကိုငွေအပ်ပြီးတာနဲ့ ည၁၀နာရီဆိုင်ပိတ်ချလိုက်ပြီဆိုတာနဲ့ part time နှစ်ယောက်ကနေ တစ်နေ့လုံးမုန့်အမှုန့်တွေ မွှစိထိုးနေတဲ့ဆိုင်ခန်းကို အမှုန်တစက်မျှမကျန်အောင် ၁နာရီအတွင်းသန့်ရှင်းရေးလုပ်သွားတာများ ကျွန်တော့်မှာ Ferry စောင့်နေရင်းနဲ့ အံသြကုန်ယူရတယ် စင်ကာပူက food count stall တွေတောင် အဲ့လောက်မလုပ်နိုင်ဘူးဗျ
စာလည်းအတော်လေးရှည်နေပြီ နောက်နေ့ကစပြီး ၃ရက်လုံးဆိုင်ထိုင်ရမှာဆိုတော့ စာမရေးဖြစ်သေးလို့ ဒီနေ့အတွေ့အကြုံကိုထမင်းတောင်မစားနိုင်သေးဘဲ ရေးလိုက်တာပါ
အိမ်မှာဆပ်ပြာဆီဖျော် ထမင်းစား အဝတ်လျှော် ရေမိုးချိုးပြီးတာနဲ့ ဆိုင်ရောက်တော့၃နာရီကျော်ပြီ အစ်မအိမ်ပြန်သွားပြီးခဏပဲကြာပါတယ် အရှေ့ဖုန်းဆိုင်ကကလေးက အစ်မရေဇီးဖျော်ရေတစ်ခွက်ဆိုတော့ သွားပို့ဖြစ်ပြန်ရော တအောင့်နေတော့ လမ်းထဲကဆပ်ပြာဆီလက်ကားအိမ်ကညီမလေးက ဘေးတွဲဂိတ်ကိုပို့ပေးပါမှာတော့ ဆေးဘဲဥ လက်ဖက်သုပ်နဲ့ ရေနွေးကြမ်းပါသွားပို့ပေးဖြစ်ရော အသုပ်ကတော့အမေ့လက်ရာပါ ကျွန်တော်ကအအေးပဲဖျော်နိုင်တာ
ခဏနေတော့ ဆိုင်ကလေးသပ်ရပ်တယ်ပြောတဲ့အစ်မက ရေခဲသုပ်ဝယ်ပါလေရော သူမမပြန်ခင် ကလေးစုံတွဲနှစ်ယောက် ဘလူးဘယ်ရီဆိုဒါဝယ်ပါလေရော သူတို့လည်းပြီးရော ဘေးတွဲဂိတ်ကလက်ဖက်သုပ်ထပ်မှာပါလေရော ရောင်းနေရတော့ မျက်နှာကအပြုံးကနားရွက်ရောက်နေပြီ ကြားထဲမှာအိမ်ကိုပြန်ပြေးရတာကသုံးခေါက် မမောနိုင်ဘူး
ခေါင်းရင်းအိမ်ကအစ်ကို ဆံပင်ညှပ်ဆိုင်ကဦးလေး နောက်ခြံကအစ်မ ကလေးစုံတွဲ သားသားတစ်ယောက် မီးမီးချောတို့မောင်နှစ်မ တစ်ခြား Customer တွေ ဆယ့်လေးငါးဦးကို အစ်ကိုအစ်မညီမလေး မထပ်ဘဲ အပြုံးအပြည့်နဲ့ဝန်ဆောင်မှုပေးမိတာ မသိရင် မွေးတည်းကမျက်နှာချိုလေးမွေးလာတယ်ထင်မှာ
တစ်နိုင်ငံလုံး သူ့လုပ်စာထိုင်စားတဲ့ရုပ်နဲ့ ဒီဘီလူးမကြီးကို 🤣
အဲ့လောက်ဒေါင်ချာဆိုင်းနေတာတောင် မွေးသမိခင်ကလည်း သူ့သမီးစတိုင်အတိုင်းမဖျော်လို့ပွားတယ် ခေါင်းလျှော်ပြီးပြန်လာတဲ့ အစ်မတော်ကလည်း သူရောင်းတဲ့ potion ထပ်ပိုထည့်လို့ပွားတယ်
ကျွန်တော်ကတော့ပြတ်တယ် မလှူတက်ရင်စျေးရောင်းနဲ့ နှစ်ယောက်လုံးကိုကိုင်ပေါက်ပြီး ကျွန်တော့်ပုံစံအတိုင်းဆက်ရောင်းတယ် အမြတ်နည်းသွားတာမှန်ပေမယ့် စေတနာကရောင်ပြန်ဟပ်မှာပါပဲဗျာ
ဗိုက်လည်းဆာနေပြီဆိုတော့ နားပါပြီဗျာ ၁၅ရက်နေ့ ဆရာမကြီးကအလုပ်ဆက်မခန့်ရင်တော့ အစ်မနဲ့အမေဆိုင်မှာမဟုတ်တောင် ဝမ်းရေးအတွက် ကျွန်တော့်ဘာသာစျေးရောင်းကြည့်ရမှာပေါ့ဗျာ။





No comments:
Post a Comment