ဆုတောင်း။




🧡 June 28th!! အဖေ့မွေးနေ့ 🧡


​🧡 Happy Birthday Dad!! 🧡
၇၉နှစ်ပြည့်မွေးနေ့မှာ ​စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ အဖေ။
🙏🙏🙏


အများကြီးမလိုချင်တော့ပါဘူး ထီပေါက်ခဲ့ရင်တော့ အဖေ့အတွက် အိမ်လေးတစ်လုံးပြန်ဝယ်ပေးနိုင်ဖို့ပဲ ဆုတောင်းပါတယ်။
😊😊


🙏🙏🙏




💖 July 4th!! ရတီ့မွေးနေ့ 💖


💖 Happy Birthday Yati!! 💖
🎂မမမွေးပေးလိုက်ကတည်းက မတည့်အတူနေလာခဲ့တဲ့ ရတီ၊ ချိန်ချိန်၊ အာလူးမ၊ ဂျင်းနီ မွေးနေ့မှာပျော်ရွှင်ပါစေ တစ်ဦးတည်းသောတူမတော် အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်ပါစေ။ 🎂


ကိုယ်ကသူ့ကို ကလေးလေးတစ်ယောက်လို့ထင်ထားနေတုန်းပေမယ့် အမျိုးသမီးလေးတစ်ယောက်လိုရင့်ကျက်တည်ငြိမ်နေလို့ ကျေးဇူးပါသမီးရေ။
🥰🥰




💗 July 22nd!! မမမွေးနေ့ 💗


💗Happy Birthday Dear Sis!! 💗



မမနဲ့ကျွန်တော်က အသက်၂နှစ်ကျော်ပဲကွာတော့ ငယ်ငယ်တုန်းကကျောင်းတက်တိုင်း ကျောင်းအဝတ်အစားအသုံးအဆောင်အကုန်လုံးနီးပါး အစ်မအရင်နှစ်သုံးပြီးတာတွေကို သုံးခဲ့ရလို့စိတ်မကောင်းဖြစ်ခဲ့ရပါတယ် ကျောင်းစဖွင့်တဲ့အချိန်မှာအကုန်အသစ်ဝတ်ချင်တဲ့စိတ်က ဆယ်ကျော်သက်အရွယ်ရောက်တော့ ပိုပြီးမနာလိုဖြစ်တာပေါ့ဗျာ


အသက်ကြီးလာတော့ ကျွန်တော်ပြဿနာကြီးကြီးမားမားဖြစ်တိုင်း အကုန်လုံးသူဖြေရှင်းပေးရလို့ ကျေးဇူးတင်ရပါတယ် အဘွားတို့ပြောခဲ့သလိုပါပဲ အစ်မကြီးအမိရာဆိုတာ တကယ်ကိုမှန်ပါတယ်


မြန်မာပြည်ပြန်ရောက်ထဲက မမတစ်ယောက်အတော်လေးကျန်းမာရေးမကောင်းဖြစ်သွားလို့ မမမွေးနေ့အတွက် ငွေဆောင်မှာရိုက်ထားတဲ့အလှဆုံးပုံလေးနဲ့ ဆုတောင်းပေးလိုက်ပါတယ်


မွေးနေ့ရက်မြတ်မှစ၍ မမရည်မှန်းထားတဲ့  ကြီးပွားအောင်မြင်သောကိုယ်ပိုင်လုပ်ငန်းကို ဦးဆောင်ဦးရွက်ပြုနိုင်ရသည့်သူဖြစ်ပါစေခင်ဗျာ။


ညကအနာအရှိန်နဲ့ဖျားပြီး စောစောအိပ်သွားတာနဲ့ အခုမနက်ကျောင်းရောက်မှပဲ ဆုတောင်းပေးရတော့တယ်။
🙏





🧡 August 30th!! အမေ့မွေးနေ့ 🧡


🧡 Happy Birthday Mom!! 🧡



မွေးနေ့မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ အမေ။


အမေ့မွေးနေ့ကို အစ်မတော်ကမနက်အစောထပြီး ဆွမ်းတန်းသုံးတန်းလောင်းဖို့ ဆွမ်း၊ဆွမ်းဟင်းထချက်ပေးတယ် အိမ်ဘုရားမှာဆွမ်းတော်ကပ်လှူဖို့ အကုန်လုံးလုပ်ပေးတယ် 


ကျွန်တော်ကတမြန်နေ့တည်းက အတော်လေးနေမကောင်းဖြစ်နေလို့ ဘာမှကိုမလုပ်ပေးနိုင်ဘူး မနေ့ကအမေ့ကိုစျေးမများတဲ့ အကျီတစ်စုံဝယ်ပေးဖြစ်တယ် ဒီနေ့အမေခေါင်းတွေဖြူနေပြီ ခြေသည်းသန့်ရှင်းရေးသွားလုပ်ရင်း ဆံပင်ဆေးဆိုးခဲ့လို့ပြောပြီး ပိုက်ဆံပေးပေးထားတယ် ( ခြေသည်းသန့်ရှင်းရေးတောင် သူ့ခြေသည်းကရှည်လာတာနဲ့ခိုင်းမိတက်လို့ တစ်လတစ်ခါသတိပေးနေရတာ ဆီးချိုရောဂါသည်က အနာတစ်ခုဖြစ်ရင်မလွယ်ဘူး​လေဗျာ ) ကိုယ်တက်နိုင်တာလေးလုပ်ပေးမိတာပေါ့


မိဘကိုအပူအပင်မရှိစေဘဲ ထောက်ပံ့ပေးချင်တဲ့စိတ်ပဲရှိပြီး လူကလိုက်မလုပ်နိုင်တော့လို့ စိတ်မကောင်းတော့ဖြစ်ရပါတယ်ဗျာ။


🙏🙏🙏





❤️ October 8th!! ဦးရဲမွေးနေ့ ❤️


❤️ Happy Birthday Youngest Uncle!! ❤️





❤️ October 29!! လပြည့်မွေးနေ့ ❤️


❤️ Happy Birthday Little Bro!! ❤️





💖 December 30th!! အောင်ခန့်မွေးနေ့ 💖


💖 Happy Birthday Aung Khant!! 💖







မနက်ဖြန်အဖေ့မွေးနေ့အတွက် ဆုတောင်းပေးရင်း အိမ်ကမိသားစုဝင်တွေရဲ့မွေးနေ့ကို အမှတ်တရ post ရေးဖြစ်တာပါ 



ဦးလေးအငယ်အိမ်ပြောင်းလာပြီးကတည်းက စိတ်ချမ်းသာရပါတယ် လိုချင်တပ်မက်မှုတွေလျော့နည်းသွားပါတယ် ပိုက်ဆံသုံးသိန်းခွဲရဖို့အတွက် တစ်လကိုနှစ်ရာ့ရှစ်နာရီအလုပ်လုပ်ရပြီး နာရီသုံးရာကျော်အချိန်ပေးရတဲ့အတွက် ကျွန်တော်တကယ်ကို အများကြီးကိုမလိုချင်တော့ပါဘူးဗျာ



အောင်ဘာလေထီဆုကြီးပေါက်ခဲ့လို့ အဖေနဲ့အမေအတွက်အိမ်လေးတစ်လုံး ဝယ်ပေးပြီးသွားရင် တကယ်ကိုဘာတစ်ခုမျှ ကျွန်တော်မလိုချင်တော့ပါဘူးဗျာ။


🙏🙏🙏


No comments: