Super sunday


 

4ရက်နေ့ညကတောင် sunday ကျရင် မြို့ထဲသွားပြီး လက်ဆောင်ဝယ်ပေးမယ် 8ရက်နေ့ဘုရားတက်မယ်ပေါ့ ဆိုပြီး plan ချထားတာပါ



4ရက်နေ့ညက blog ဝင်ရေးဖြစ်တာနဲ့ အိပ်ချိန်နောက်ကျသွားတယ် ည၂နာရီကျော်နိုးလာပြီး ညာဘက်ဆီးစပ်နားက စူးပြီးအောင့်နေရော အိပ်တာပုံမမှန်လို့ နာတာလားဆိုပြီး ဘယ်ဘက်စောင်းအိပ်တော့ ပိုနာလာတာနဲ့ ညာဘက်ပဲစောင်းပြီးအိပ်ပျော်သွားတယ်



မနက်စောစောနိုးပေမယ့် နာတာကမသက်သာတော့ အိပ်ယာပေါ်မှာပဲမှိန်းနေမိတယ် သူများအိပ်မှာဆိုတော့ နေမကောင်းပေမယ့် ၇နာရီကျော်ထပြီး ခရင်မေးအက်စ်တစ်လုံးသောက်တော့ ခဏနေတော့သက်သာသွားရော



မနေ့ညထဲကအထုတ်သိမ်းထားပေမယ့် ရေချိုးပြီးတော့ ရေချိုးခန်းပါဆေးပေး ကျန်တာလေးတွေလက်စသတ်လိုက်တော့ ရုံးကို၉နာရီခွဲကျော်မှရောက်တယ် နေ့လည်စားစားပြီးတော့ အစာကြောင့်လား ဆေးအရှိန်ပျယ်သွားတာကြောင့်လား နာနေတာကမသက်သာဘူး ခြေဖဝါးလေးတွေပါပူလာရော ခရင်မေးအက်စ်ထပ်သောက်ထားလိုက်တယ်



သယ်ရမယ့်ပစ္စည်းတွေများလို့ တူတော်မောင်ကိုလာကြိုဖို့ခေါ်ထားပေမယ့် အခြေအနေက လိုင်းကားဂိတ်အထိသွားမစီးနိုင်တော့တာက သေချာသွားပြီ ညနေ၅နာရီခွဲ အလုပ်ဆင်းရမှာဖြစ်ပေမယ့် အခြေအနေမကောင်းလို့ ဆရာ့ကို viber ကနေ ခွင့်လှမ်းတိုင်ပြီး ညနေ၅နာရီ Grab Taxi နဲ့ အိမ်ပြန်လာဖြစ်တယ်



မိုးတွေရွာနေပေမယ့် Air con လေအေးတာမခံနိုင်တော့ ကားဆရာကို Air con ပိတ်ခိုင်းမိပါတယ်



အိပ်ရောက်တော့ မမကခနောဆန်ပြုတ်ပြုတ်ပေးတယ် ENZYSTAL တစ်လုံးထပ်သောက်ထားတယ် အိမ်ကလူတွေကဆေးခန်းပြခိုင်းပေမယ့် လူကမလှုပ်ချင်တော့ မသွားဖြစ်ဘူး မဟာသမယသုတ်ကိုပူဇော်ပြီး ဘိုင်အိုဂျက်ဆစ်တစ်လုံး ထပ်သောက်ပြီးအိပ်လိုက်တယ်



မနက်၇နာရီနိုးလာတော့ သက်သာသွားတာနဲ့ ပြန်အိပ်လိုက်တာ မနက်၁၀နာရီမှာပြန်အောင့်လာတော့ ဆေးခန်းသွားရတော့မယ်ဆိုတာ သိလိုက်တယ် ဒေါက်တာမျိုးမင်းသန်းကလည်း ညနေမှထိုင်တော့ ကိုယ့်ဘာသာဆေးအွန်ထားပြီး အစာစားပြီးလို့နာလာရင် ဆေးသောက်ပြီး မသက်သာရင်ပြန်အိပ်လိုက်နဲ့ ၅နာရီကိုစောင့်နေရတယ်



ညနေ၅နာရီဆေးခန်းရောက်တော့ ဆရာက၆နာရီမှရောက်မယ် တုံကင်ယူသွားပါဆိုတော့ နံပါတ်၃၅ အမေ့ဆိုင်ကိုဝင်ပြောပြီး D207 မှာ ခြေထောက်သန့်ရှင်းရေးသွားလုပ်တော့ နေမကောင်းတော့ ရေအထိမခံတော့ဘဲ ခြေသည်းရှည်နေတာကိုညှပ် ခြေသည်းနီအစိမ်းရောင်ကို ရွေးပြီးဆိုးလာတယ် ကျန်းမာအောင်လို့ပါ



ည၆နာရီကျော်ဖုန်းဆက်တော့ ဆရာကအခုမှရောက်တာပါ ည၇နာရီခွဲလောက်လာခဲ့ပါဆိုတော့ အိမ်မှာပဲပြန်နားနေလိုက်တယ် ည၇နာရီခွဲဆေးခန်းရောက်ပေမယ့် လူနာကများတော့ ၈နာရီခွဲခါနီးမှပြရတယ်



ဆေးထိုးပေးလိုက်တယ် ထမင်းကိုအချိုနဲ့ပဲစားရမယ် အစာမာတွေမစားဖို့နဲ့ မနက်ဖြန်ထပ်လာပြရမှာဖြစ်လို့ ဆေးတစ်ရက်စာပဲ ထည့်ပေးလိုက်ပါတယ်



ဘုရားသွားဖို့ကမသေချာတော့ အိမ်မှာဆွမ်းခံကြွတဲ့ဘုန်းဘုန်းရယ် တန်းဆွမ်းကြွတဲ့ကျောင်းနှစ်ကြောင်းကို ဆွမ်းလောင်းဖို့အတွက် ဦးလေးကိုပုဇွန်တစ်သောင်းဖိုး စျေးမှာထားလိုက်ပါတယ် ဆွမ်းလောင်းမှာဆိုတော့ တစ်သောင်းခွဲဖိုးဝယ်လာပေးတော့ ပိုပြီးကုသိုလ်ရပါတယ်



၈ရက်နေ့ကျမှ အလုပ်သွားခါနီးကြွတဲ့တန်းဆွမ်းကို ဆွမ်း၊ဆွမ်းဟင်းနဲ့ဝတ္တူလှူခဲ့ပြီး ဘုန်းဘုန်းနဲ့ကျန်တဲ့ကျောင်းတစ်ကျောင်းကိုတော့ အဖေနဲ့မမကိုယ်စားလှူပေးပါမယ်




၈ရက်နေ့ဘုရားတက်ချင်ပေမယ့် နေမကောင်းတော့ မသွားဖြစ်ဘူးထင်ပါတယ်ဗျာ။



ရွှေ ကျောက်စိမ်း တောတောင်ရေမြေ သစ်ပင်ပန်းမန် အစိမ်းရောင်သန်းနေတဲ့ မြစ်ပြင် အစိမ်းရောင်တွေက ကျွန်တော့် Guardian လို့ ကျွန်တော်သတ်မှတ်ထားတဲ့သူပါ အဲ့ဒါကြောင့်ပဲ အစိမ်းဆိုရင် ကျွန်တော်ကတကယ်ကို ချစ်မြတ်နိုးမိပါတယ်။





No comments: