ယင်းမာပန်း


 

တော်သလင်းလသည် မြန်မာပြက္ခဒိန်၏ ဆဋ္ဌမမြောက်လ (ခြောက်လမြောက်လ) ဖြစ်ပြီး ရက် ၃၀ ရှိသော ရက်စုံလ ဖြစ်ပါသည်။ 
အထူးအချက်အလက်များ
  • ရာသီဥတုနှင့် သဘာဝ: “တော်သလင်း မြစ်ရေသင်ဖြူးခင်း” ဟူသော စကားအတိုင်း ဤလတွင် မြစ်ရေပြင်သည် လှိုင်းလေကင်းစင်ပြီး ကြေးမုံပြင်ကဲ့သို့ ညီညာငြိမ်သက်နေတတ်သည်။ မိုးလဖြစ်သော်လည်း တစ်ခါတစ်ရံ နေပူ၍ ဥတုရာသီ သာယာတတ်သည်။ ရာသီခွင်အားဖြင့် ကန်ရာသီ (ကညာရာသီ) ဖြစ်သည်။ 
  • ဂရုဓမ္မအခါတော်နေ့: တော်သလင်းလပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်များက ဂရုဓမ္မအခါတော်နေ့ အဖြစ် သတ်မှတ်ကျင်းပကြသည်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် ငါးပါးသီလနှင့် သူတော်ကောင်းတရားများကို အလေးဂရုပြု ကျင့်သုံးသည့်နေ့ ဖြစ်သည်။ 



စက်တင်ဘာလရောက်ခဲ့ပြန်ပြီ ၈ရက်နေ့မွေးနေ့ကအင်္ဂါနေ့ကျတော့ မနက်စောစောရွှေတိဂုံဘုရားသွားဖူးမယ် စိတ်ကူးထားပါတယ် ပြီးမှအလုပ်ကိုလာမယ်ပေါ့ဗျာ



မနက်ဖြန်ညနေ ဆရာပြန်ရောက်မှာဆိုတော့ အလုပ်ဆင်းချိန်ညနေ၆နာရီ လောက်တော့ အိမ်ပြန်ရမယ်ထင်တာပဲဗျာ လူကြီးနှစ်ယောက်နဲ့၈ညအိပ်၉ရက်နေနေရတော့ အလစ်တဲလေးတော့ စိတ်ဖိစီးရပါတယ် ကူညီပေးခွင့်ရတာကိုလည်း ကျေးဇူးတင်မိပါတယ်



စက်တင်ဘာလရောက်တိုင်း တော်သလင်းလဆိုတာကို တစ်ခါမျှတဖွဲ့တရစာမရေးခဲ့ဘူးပါဘူး အခုတော့စိတ်ကူးပေါက်တာနဲ့ တော်သလင်းလဆိုတာကို အများကြီးမဟုတ်ပေမယ့် စာရေးဖြစ်သွားပါတယ်။




၁။ ယင်းမာပင် (ရုက္ခဗေဒ)
ယင်းမာပင် (သို့မဟုတ်) ရင်းမာပင်သည် မဟော်ဂနီမျိုးရင်းဝင် (Meliaceae) အပင်မျိုးဖြစ်ပြီး ရုက္ခဗေဒအမည်အားဖြင့် Chukrasia tabularis ဟု ခေါ်ဆိုပါသည်။
  • အပင်သဘာဝ: ပင်စည် ဖြောင့်မတ်လုံးဝန်းပြီး အမြင့်ပေ ၁၁၀ ထိ ရှည်လျားစွာ ပေါက်ရောက်နိုင်သော အဖိုးတန်သစ်မာပင် အမျိုးအစား ဖြစ်သည်။
  • ပန်းပွင့်: မြန်မာ့ရိုးရာ တော်သလင်းလရာသီ၏ အထိမ်းအမှတ်ပန်း ဖြစ်ပြီး အဝါနုရောင် သို့မဟုတ် အစိမ်းနုရောင် ပန်းပွင့်လေးများ စုပြုံ၍ ပွင့်တတ်ကာ သင်းပျံ့သောရနံ့ ရှိပါသည်။ 




ကိုယ့်မွေးလပန်းက ယင်းမာပန်းဆိုတာကို အခုမှသိတာပါ တောတောင်တွေကိုချစ်တက်တဲ့သူမို့လို့ ယင်းမာပင်ကိုတော့ ကျွန်တော်မြင်ဘူးတယ် ထင်ပါတယ်


ယင်းမာပန်းကိုတော့ ကျွန်တော်အခုမှစပြီးမြင်ဘူးတာပါ ရနံမွှေးတဲ့ပန်းလို့ ဖတ်ရတဲ့အတွက် အပြင်မှာသူ့ကိုယ်ရော သူ့ရနံကိုပါ တွေ့မြင်ဘူးချင်ပါတယ် 


ယင်းမာပင်ကိုတွေ့လိုက်ရတော့မှ ကျွန်တော်အားနာသွားပါတယ် သဘာဝအတွက်အဘိုးတန်တဲ့ သက်ရှိဖြစ်နေပြီးတော့ ၁၃၄၃ခုနှစ်တော်သလင်းလဆန်းဆယ်ရက်နေ့ မနက် ၇နာရီ၃မိနစ်မှာမွေးတဲ့ ကျွန်တော်ကတော့ သဘာဝတရားကြီးအတွက် အဘိုးမတန်တဲ့ လူတစ်ယောက်ဖြစ်နေမိတာပါ


တက်နိုင်သမျှစိတ်ကလေးကို ဖြူစင်အောင် အေးချမ်းအောင်ထားပြီးတော့ လောကကြီးမှာကျန်ရှိတဲ့ အချိန်လေးကို တောတွေတောင်တွေ မြစ်တွေချောင်းတွေရဲ့ ပွေ့ဖက်မှုကိုခံစားရင်း



ဘုရားပုထိုးစေတီတွေရဲ့ တရားဓမ္မအရိပ်အာဝါသရဲ့ အေးချမ်းမှုကိုခံစားပြီးတော့ အေးအေးချမ်းချမ်းလေး ဘဝကိုကုန်ဆုံးပါတော့မယ်ဗျာ



သူတစ်ပါးထက် လူပီသလွန်းတဲ့သူဖြစ်လို့ ကိလောသာ လောဘ ဒေါသ မောဟ တဏှာရာဂတွေ ကျွန်တော့်မှာကျန်ရှိပါသေးတယ် မငြိမ်းသတ်နိုင်ပါသေးဘူး 



စာမရေးခင်ကတောင် ၆ရက်နေ့မြို့ထဲကိုသွားနိုင်ရင် ကျောက်စိမ်းရောင်ချည်ထည်ဝမ်းဆက်နဲ့ ကျောက်စိမ်းလက်ကောက်လေးဝယ်ပြီး မွေးနေ့အတွက်လက်ဆောင်ပေးမယ်လို့ စိတ်ကူးမိတာပါ



ည ၁၁နာရီကျော်နေပြီဆိုတော့ အိပ်တော့မယ်ဗျာ 



Happy Birthday ပါ အမျိုးသမီးကြီးရေ လူ့သက်တမ်း၇၅နှစ်ဆိုရင် ခင်ဗျားလေးသက်တမ်းက တစ်ဝက်နဲ့ ၁၀စုနှစ်ကျော်ကိုရောက်ပြီဗျ



မလိမ္မာရင်နေပါ ဘုရားတရားမမေ့ပါနဲ့ မိဘကိုရိုသေပါ အလုပ်အပေါ်လေးစားပါ ပိုက်ဆံကိုတန်ဘိုးထားပါ စေတနာကလူတိုင်းအပေါ်ရှိတက်တော့ မမှာတော့ပါဘူးဗျာ ကျန်းမာအောင်နေပါ သဘာဝတရားကြီးနဲ့ ထိတွေ့ပေးပါ



လူတွေကိုအဆိုးမမြင်ပါနဲ့ လူတွေကိုယ့်အပေါ်မကောင်းရင် အရင့်အရင်ဘဝက အကြွေးတွေပြန်ဆပ်ရတယ်လို့ပဲ စိတ်ကောင်းလေးနဲ့ဆက်ဆံပေးပါ သံသရာကို နောက်တစ်ကြိမ် ထပ်ပြီးအကြွေးတွေ မသယ်လာပါနဲ့ဗျာ



လဲကျခဲ့ရင် မြေကြီးမှာခဏလဲလျောင်းလိုက်ပါ ပြီးရင် ပြန်ထပေးပါ လူ့ဘဝဆိုတာ ဖြစ်ပြီးရင် ပျက်ရမြဲဖြစ်လို့ ငါဟာ သံသရာခရီးသွားဆိုတဲ့ စိတ်ကလေးကိုစပြီးတော့ မွေးမြူထားပါဗျာ။





လောကမှာဘယ်အရာမှမမြဲ

သင်္ခါရဖြစ်ပျက်နဲ့ တွေ့ကြုံကာ

ကျင်လည်ရစမြဲ..ကွယ်..

အနိမ့်အမြင့်ဘဝတွေကွာလည်း

သံသရာထဲ ခရီးသွားဆဲ

တို့အတူဘာတွေ ခွဲခြားနေ မလဲ...


No comments: