#5thApril2026.
အမှတ်တရရေးစရာတော့ ဘာမျှမရှိပါဘူး အကုန်လုံးကိုတမင်ကလာကို မေ့ထားပြီးပါပြီ ဒါပေမယ့်လည်း
နောက်နှစ်ဒီအချိန်ရောက် ကျွန်တော့်ကိုယ်ကျွန်တော် ဒီနေ့မှာ ဘယ်လို Ghost လုပ်ခဲ့ရလည်းဆိုတဲ့ Feeling ကို သတိရစေချင်လို့ပါ
မတန်တရာတွေကို မမျှော်လင့်တော့ပါဘူးဗျာ။
အခုစာက ၆ရက်နေ့ကိုကူးသွားမှ စရေးဖြစ်တာပါ ဆိုင်သိမ်းပြီးအိမ်ရောက်တော့ ည၁၀နာရီကျော်နေပြီ ဆိုင်သိမ်းနောက်ကျနေပေမယ့် အိမ်မက်ကြောင့်စိတ်အနှောက်အယှက်ရှိနေပေမယ့် ဆိုင်သိမ်းပြီးစအချိန် လခရကားဖြတ်သွားတာရယ် တူတော်မောင်ကစောင့်ပေးနေတာရယ်ကြောင့် အရမ်းကြီးတော့မကြောက်တော့ပါဘူး
မနက်ကအိမ်မက်မကောင်းဘူး ဘဝမှာတစ်ခါမျှမမက်ဘူးခဲ့တဲ့အိမ်မက်ကို မက်ခဲ့ရတာပါ နိုးလာတော့ အတော်လေးကြောက်နေမိတယ် ဆိုင်သိမ်းနောက်ကျလို့ မီးပျက်တဲ့ညတွေဆိုရင် အန္တရာယ်များနိုင်တော့ ကိုယ့်အန္တရာယ်ကိုယ်ကာကွယ်ရမှာပါ
အိမ်ကလူတွေကို အိမ်မက်မကောင်းဘူးပဲပြောပြမိတယ် အိမ်မက်အကြောင်းအရာကိုတော့ မပြောပြတော့ဘူး အခုလည်းကျွန်တော်မရေးပါဘူး ကျွန်တော်လုံးဝ လုံးဝ မကြိုက်တဲ့အိမ်မက်ပါ
အခုရက်ပိုင်း နေ့လည်ဆိုင်ဖွင့်ပေးပြီးရင် အိမ်မှာပဲနေဖြစ်တယ် ဆိုင်ကိုညနေပိုင်းကျမှပဲ စထိုင်တာများတယ် မီးလာရင် video တွေ telegram ကနေ down ထားတယ် မီးပျက်ရင်ထိုင်ကြည့်တယ် Wifi ကို စာရေးဖို့ထက် video down ဖို့ကို အဓိကထားသုံးနေမိတယ်
ဒီနေ့လည်ကျတော့ ၅ရက်နေ့ဆိုတော့ အရင်နှစ်တွေက blog post တွေပြန်ကြည့်မိတယ် ၅ရက်နေ့မှာ သူစိမ်းတစ်ယောက်ကလွဲရင် ဘာမျှမရှိတော့ စာရေးချင်မိပြန်ရော ဒါပေမယ့် တကယ်တန်းရေးမယ်ဆိုတော့ ဘာ feeling မှ မရှိဘူးဗျာ
အရာအားလုံးကို တမင်ကလာကိုမေ့ထားတာပါ ကျွန်တော်ကြီးကပဲ ယောင်္ကျားတစ်ယောက်ကို ချစ်နေရတဲ့ဘဝကြီးကို မုန်းပါတယ် ကျွန်တော်လည်း မိန်းမတစ်ယောက်ဖြစ်လို့ အချစ်ခံချင်ပါတယ် တခြားလူတွေထက် ပိုပြီးအကဲဆက်တဲ့သူဖြစ်လို့ပါ ဆက်မရေးတော့ပါဘူးဗျာ
ဘဝကို နေပျော်သလိုဖြတ်သန်းနေတာမဟုတ်ဘဲ သူရှင်သန်နေတဲ့အပေါ်မှာ ဝင်သက်ထွက်သက်လေးမရပ်သွားသေးတာပါ
တနေ့တော့ အဆင်ပြေသွားမှာပါဆိုတဲ့ စကားကိုတော့ ထပ်မဆိုတော့ပါဘူး အဆင်ပြေတာမပြေတာက ကျွန်တော့်ရှင်သန်ခြင်းအတွက် အထောက်အကူမပြုတော့လို့ပါ
လိုချင်တပ်မက်မှုတွေကို ကျွန်တော်ကလွှတ်ချလိုက်တာ မဟုတ်ပါဘူး သူတို့က ကျွန်တော့်ကို လွှတ်ချလိုက်တာပါ အပြင်ကဘဝတွေက ရုပ်ရှင်ဇာတ်လမ်းထဲကဘဝတွေထက် ပိုပြီးရသမြောက်တယ်ဆိုတာ ကာယကံရှင်ကလွဲရင် ဘယ်သူသိနိုင်မှာလဲဗျာ။
ဘဝမှာတစ်ဖက်လူကြောင့် တစ်ခါသေဘူးခဲ့ပြီးပါပြီ အခုကျမှ ကိုယ့်ကိုကိုယ်ကြောင့် နောက်တစ်ကြိမ်တစ်ခါသေခဲ့ရပြန်တာ နှစ်ခါသေခဲ့ရပြီးပြီဆိုတော့ ဘယ်သူ့ဘယ်သူမျှကို ဘာအကြောင်းနဲ့မျှ ဆင်ခြေမပေးသင့်တော့ပါဘူးဗျာ။


No comments:
Post a Comment