လမ်းသွားရင် ကျွန်တော် Mood နဲ့ ကျွန်တော်ဆိုတော့ ရှေ့တည့်တည့်ကနေပြုံးပြနှုတ်ဆက်တဲ့သူရှိရင်တောင် မမြင်မိတာများပါတယ် အဲ့ဒီတော့ သူတို့အကြည့်ခံရတာတောင် လှလို့ကြည်တာပါဆိုတဲ့ အတွေးနဲ့ မှတ်တိုင်ရောက်သွားပါတယ် 116 ပေါ်မှာလည်း အကြည့်ခံရပြန်ရော သြော် ငါ့ကိုငါအသက်ကြီးလှပြီထင်နေတာ အခုလိုလေးနေတော့လည်း လူကြည့်ခံရသားဆိုပြီး နွားဖြစ်ချင်တဲ့အတွေးက ဝင်လာပြန်ရော
နွားဖြစ်ချင်တယ်ဆိုတာ တခြားမဟုတ်ပါဘူးဗျာ လူဆိုတဲ့အသိုင်းအဝန်းထဲမှာတောင် မနေချင်တော့တာပါ လူတစ်ယောက်ရဲ့လိုအင်ဆန္ဒတွေကို မလိုချင်တော့တာပါ စိတ်တွေပင်ပန်းဆင်းရဲလွန်းလို့ပါ
ဒါပေမယ့် မိန်းမဖြစ်နေတော့လှချင်ပါတယ် စိတ်အဆင်မပြေတဲ့အချိန်ဆို အရင်ကထက်အချိန်ပေးပြီး ပိုပြီးအလှပြင်မိပါတယ် အမှန်က အခုအချိန်မှာ Bar တစ်ခုခုသွားပြီး အရက်သောက်ချင်မိတာပါ ၆လပိုင်းအကုန်အထိ အရက်မသောက်ဘူးလို့ လှူထားမိလို့သာ ရှောင်ကျဥ်နေတာပါ
ဘာမှမဟုတ်ပါဘူးဗျာ ရေးချင်တာရေးမိတာပါ။
စိတ်ကူးပေါက်တာနဲ့ ညဘက်ထပ်ရေးမိတာပါ
မနေ့ညက ရာသီဥတုပူတာရော ပလပ်ကျွတ်ပြီးစိတ်ကရှုပ်နေတာရော လူကတစ်အိမ်လုံး အေးတဲ့နေရာပြောင်းအိပ်လည်း အိပ်လို့မရဘူး ည၁နာရီကျော်မှာ လမ်းမကြီးကနေ မီးသတ်ကားတွေ သူနာပြုယာဥ်တွေ အများကြီးသွားတော့ လူကပိုစိုးသွားရော စိတ်တွေက 2021 စီပြန်ရောက်သွားမိတယ်
အဲ့ဒါနဲ့ ည၂နာရီလောက်မှာ မွေယာဘေးက သံမံတလင်းပေါ်မှာဆင်းအိပ်ကြည့်တော့ အေးတာနဲ့အိပ်ပျော်စပြုရော ခြင်တွေကမတအားကိုက်တာနဲ့ အိပ်ချင်စိတ်ကလေးကပျောက်သွားရရော အိပ်မရလည်းမထူးပါဘူးဆိုပြီး ခြင်ထောင်ထဲပြန်ဝင်ပြီး ညိမ်ညိမ်လေးနေလိုက်တယ်
အဖေညဘက်တပို့တပါးထသွားတော့ အချိန်မနည်းဘူးဆိုတာသိလိုက်တယ် ဖုန်းနာရီကိုမကြည့်လိုက်တော့ဘူး အိပ်ချိန်နည်းသွားတာသိရင် ပိုပြီးအိပ်မပျော်တဲ့အကျင့်ရှိတာပါ
ခဏနေတော့အိပ်ပျော်သွားရော အသက်၈၀ကျော်အဖေက သူ့ထုံးစံအတိုင်းမနက်၅နာရီခွဲကျော်အလန်းပေးထားတော့ ကျွန်တော်ပါနိုးရော မနက်၆နာရီမထိုးသေးဘူး ရေမော်တာဖွင့်တော့ ဆက်အိပ်လို့ကမရတော့ဘူး
ရာသီဥတုပူလို့ အိမ်ရှေ့မှာထွက်အိပ်ကာမှ အိပ်ရေးမဝတော့ ဒေါသထွက်ပါလေရော ဒေါသမကြီးအောင်ပဌာန်းတရားဖွင့်ပြီး အိပ်လို့မရတာကိုဆက်အိပ်နေလိုက်တယ် မနက်၁၀နာရီသွားဖို့စီစဥ်ထားတာ အကုန်လွဲရော တရားဆုံးမှအခန်းထဲဝင်အိပ်လိုက်တယ်
အိပ်ယာနိုးတော့ ၁၁နာရီထိုးပြီ ဖုန်းကလည်းအားမရှိ ပါဝါဘန့်လည်းအားမရှိ မီးကလည်းမလာတော့ နေ့လည်၁နာရီ မီးလာပြီးမှအားခဏသွင်းပြီးသွားမယ်ပေါ့
အဝတ်အစားတွေကလည်း အကုန်လုံး Luggage ထဲထည့်ထားတော့ မီးပူပြန်တိုက်မှအဆင်ပြေတော့မှာ မီးပူတိုက်စရာမလိုတဲ့ ဂါဝန်ကိုဝတ်ကြည့်တော့ ကြိုးကချောင်နေတော့ ရက်ဘက်ကဟိုက်နေရော အဲ့ဒါနဲ့ကြိုးကိုတိုလိုက်တယ် ပြီးတော့ပြန်ဝတ်ကြည့်ရော ရင်ဘက်ကအဆင်ပြေသွားပေမယ့် ချိုင်းပေါက်ကဟောင်းလောင်းဖြစ်နေရော အဲ့ဒါနဲ့ချိုင်းဘေးကိုပြန်သီ ပြီးတော့ပြန်ဝတ်ကြည့်တော့ အဆင်ပြေသွားရော
အဲ့အချိန်မှာ မီးလာနေပြီ မြန်မြန်ဆန်ဆန်အဝတ်တစ်စုံကို မီးပူတိုက်ဝတ်ရင်တောင်ရပါတယ်ဗျာ ဂါဝန်ပဲဝတ်သွားမယ်ဆိုတဲ့ စိတ်ကြီးကအဆင်မပြေဘူးဗျ
အကုန်လုံးလွှတ်ချလိုက်ပါပြီလို ပြောနေပေမယ့် အခုအချိန်အထိ အရာအားလုံးကို ကျွန်တော်ဖက်တွယ်မိနေတုန်းပါ။



No comments:
Post a Comment