အခုတလောစိတ်နဲ့လူနဲ့မကပ်တော့ပါဘူး
ဘုရားလည်းမရှိခိုးဖြစ်ဘူး ဘုရားစာလည်းမရွတ်ဖြစ်တော့ပါဘူး တစ်ခုခုဆိုရင်ဒေါသကြီးတာက အရင်ရောက်ရောက်လာပါတယ်
အခုဘာတွေးမိလည်းဆိုရင် လူသူအရောက်အပေါက်နည်းတဲ့ တောတောင်တစ်ခုခုမှာ တစ်ယောက်တည်းနေချင်မိပါတယ်
မနက်စောစောထပြီးနေပူစာလှုံမယ် နေ့လည်စာအတွက်အသီးအနှံရှာမယ် ပြန်လာရင် ဝါးဆစ်ပိုင်းထဲဆန်ထည့်ချက်ပြီး ရှာလာတဲ့အသီးအရွက်တွေနဲ့ ဟင်းတစ်ခွက်ချက်မယ်
နေ့လည်ဘက်ချောင်းတစ်ခုခုမှာရေချိုးအဝတ်လျှော်မယ် ပြီးရင်တဲအိမ်ထဲမှာဘုရားရှိခိုး တရားထိုင်မယ် ညနေစာအတွက်အသီးအနှံရှာမယ် ထမင်းဟင်းချက်မယ် ထမင်းပူပူဟင်းပူပူစားပြီး ဘုရားရှိခိုးတရားထိုင်ပြီးရင် အိပ်ရာဝင်မယ်
ဒါကတလောက Note မှာရေးထားတဲ့ တပိုင်းတစ။
အခုတလော ခန္ဓာကိုယ်အားနည်းနေမှန်းသိရက်နဲ့ မတအားခိုင်းနေမိပါတယ် ညဘက်ဆိုင်သိမ်းပြီးတဲ့အခါတိုင်း လမ်းထိပ်ဘုံဘိုင်ကနေရေနှစ်ပုံးဆွဲပြီး တစ်ဆိုင်လုံးကိုရေလောင်းမိပါတယ် ဘောင်းဘီတစ်ခုလုံးရေစိုသွားမှ အိမ်ကိုပြန်ဖြစ်တယ်
ဒီနေ့လည်း အားနည်းနေမှန်းသိရက်နဲ့ ဆိုင်မှာအလုပ်လုပ်ပေးတဲ့ကလေးတွေနဲ့ကူပြီး မြေကြီးတွေကူကြုံးပေးတယ် ဘိလပ်မြေဖျော်ဖို့ရေကူခပ်ပေးတယ် အကုန်လုံးပြီးတော့ ခဲတွေသယ်ပေးပြီး ဆိုင်အနောက်ကအိမ်ကနေရေပုံးဆွဲပြီး တစ်ဆိုင်လုံးရော သူတို့အိမ်ရှေ့ရောပါ ရေလောင်းပေးမိပါတယ်
စိတ်အားနည်းနေတဲ့အချိန်မှာ လူ့ခန္ဓာကိုယ်ကျန်းမာအောင်နေသင့်တာကိုသိရက်သားနဲ့ မတအားကိုယ်ခိုင်းမိပါတယ် တနေ့တခြားကျလာတဲ့ခန္ဓာကိုယ်အလေးချိန်ကို အလေးမထားဘဲ နှိပ်စက်နေမိပါတယ်
အိပ်တော့မယ်ဗျာ။
မနက်ကျရင် အဖြေကိုစောင့်ပြီး ကျွန်တော့်အတွက် သေချာတဲ့ဆုံးဖြတ်ချက်ကို ချရပါတော့မယ်
ရင့်ကျက်တယ်ဆိုတာ လူကြီးဆန်ပေးရမှာ မဟုတ်ပါဘူး ကျွန်တော်လက်မခံချင်တဲ့ အကြောင်းအရာတစ်ခုကို တည်တည်ညိမ်ညိမ် လက်ခံပေးလိုက်တာက ရင့်ကျက်သွားတာပါဗျာ။
မနေ့ညက စာတွေရေးမိပေမယ့် ဒီနေ့မနက်မှာ အကုန်လုံးကိုလက်ခံပေးလိုက်ပါတယ် ကျွန်တော့်ကိုအဖြေပြန်မပေးပေမယ့် အဲ့ဒီ့အဖြေကို No လို့ပဲ ကျွန်တော်လက်ခံထားလိုက်ပါတယ်
အရာရာဟာ ကျွန်တော်တစ်ယောက် ကောင်းမွန်ဖို့အတွက် ဖြစ်လာတာလို့သာ ကောင်းတဲ့ဘက်ကနေ မှတ်ယူထားပါတယ်။
🙏🙏🙏
ဒီနေ့ညလည်း အမှတ်မရှိဘူးလို့ယူဆနေမယ်လို့ထင်ပေမယ့် နောက်ဆုံးအနေနဲ့မေးကြည့်မိပါတယ် ပြန်မဖြေပေးလို့ ကျွန်တော်ပြန်ဖျက်လိုက်ပါတယ်။
ဒါပါပဲဗျာ။

No comments:
Post a Comment