ချစ်သော


 

1492days


5thDec2021 to 5thJan2026.


ခင်​ဗျားနဲ့အကျွမ်းတဝင် စကားပြောခဲ့ရတဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့ကနေ ဒီနေ့အထိ ကျွန်တော်မျှော်လင့်နေမိတဲ့ စကားတစ်ခွန်းကို ကြားခွင့်ရလိုက်တာဟာ


ကျွန်တော့်တစ်ဘဝစာလုံးအတွက် လုံလောက်သွားပါပြီဗျာ


ချစ်တာ


အဲ့ဒီ့စကားကို ကျွန်တော်ဘယ်လောက်များ မျှော်လင့်နေခဲ့မိတာလညည်းဆိုတာ ကျွန်တော်ညာဘက်ရင်ဘက်ကြီး စူးပြီးအောင့်လာရတဲ့အထိကို ကျွန်တော်ကြည်နူးမိနေတာဗျ


ခင်ဗျားသာအနားမှာရှိနေရင် သဘောကျလွန်းလို့ ခင်ဗျားမျက်နှာကို အကြိမ်တစ်ရာလောက်များ နမ်းမိမလားမသိပါဘူးဗျာ


ဝဋ်ကြွေးလို့ပဲပဲဆိုဆို ငရဲကြီးမယ်လို့ပဲပြောပြော ခင်ဗျားကိုတော့ ဒီဘဝမှာ ကျွန်တော်ဖက်တွယ်မိတာကို လွှတ်ချဖို့ကို နည်းနည်းလေးမျှ စိတ်မကူးတော့ပါဘူးဗျာ 


ကျွန်တော်ချစ်တာ ကျွန်တော်မြတ်နိုးတာ ကျွန်တော်သဘောကျတာ ကျွန်တော်ဖက်တွယ်မိတာ ကျွန်တော်တပ်မက်မိတာ ဒီယောင်္ကျားတစ်ယောက်တည်းသာ ဖြစ်နေတာကြီးကို ကျွန်တော်ဘာများတက်နိုင်မှာလည်းဗျာ


တကယ်ကို တကယ်ကို အများကြီးချစ်ပါတယ်


ကျွန်တော့်အတွက်မဟုတ်တဲ့ လူတစ်ယောက်ကို မြတ်မြတ်နိုးနိုး တွယ်တာနေရတာလည်း တကယ်ကိုသနားစရာကောင်းပေမယ့် ခင်ဗျားမှမဟုတ်ရင် ကျွန်တော်မနက်ဖြန်တွေ လှပဖို့ကို ကျွန်တော်မှမလုပ်ဆောင်နိုင်တော့တာ..


ကိုကို အရာအားလုံးအတွက် တကယ်ကို တကယ်ကို ကျေးဇူးတင်ပါတယ် နော်

😘

No comments: