ဘာမျှမဟုတ်ပါဘူးဗျာ။


 

တနေ့ဆိုတဲ့ post လေးတင်ခဲ့မိပါတယ် တနေ့ပြန်ဆုံမယ်ဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့ပေါ့ဗျာ..



တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှ ပြည်ကရှေ့နေမလေး post က fb မှာပေါ်လာတယ် ဘာမျှမပြောနိုင်ပါဘူး ကျွန်တော့်ကိုကျွန်တော် လိမ်ထားမိတဲ့ခံစားချက်ကြီးက ဝုန်းကနဲဆို ထင်ထင်ရှားရှားကြီး မြင်လိုက်ရလို့ပါ



ငါ့နဲ့ပတ်သက်သမျှကို fb မှာမတင်ဘူးဆိုပြီး ပြောခဲ့တဲ့သူက နေပြည်တော်ကရှေ့နေမလေးအကြောင်း တခုတ်တရတင်ခဲ့တုန်းက မိန်းမတို့ရဲ့မသိစိတ်ရဲ့ခံစားချက်ပီပီသသအရ သူ့မိန်းကလေးအကြောင်းဆိုတာ သိခဲ့ပါတယ် ဒါပေမယ့်လည်း အဲ့လိုမျိုးချပြမယ်သူလို့ ကျွန်တော်မထင်ခဲ့မိဘူးလေ



အမှန်ကတုံးအတာဗျ အဲ့လိုမျိုးချပြတည်းက အဲ့မိန်းကလေးက သူ့ဘဝအတွက်ဘယ်လောက်အရေးပါတယ်ဆိုတာ ကျွန်တော်သိလိုက်ရမှာလေ ကန်တော့ပါရဲ့ဗျာ ကျွန်တော့်ကိုစောက်ဖက်လုပ်ပြီး စာတစ်ကြောင်းစပို့တာ ဖုန်းတစ်ခါခေါ်တာ message တစ်ခါမျှ ပို့ဘူးတာမရှိခဲ့တဲ့သူက အဲ့ဒီ့အမျိုးသမီးကို ကကြီးကနေအအထိ အရေးတယူရှိခဲ့တာကို ကျွန်တော်မသိခဲ့တာက ကျွန်တော်စောက်ရူးမကြီးဖြစ်ခဲ့လို့ပါ



မနာလိုဖြစ်လို့လားဆိုရင် မဖြစ်ပါဘူးဗျာ သူသဘောကျနှစ်သက်တဲ့မိန်းမဖြစ်လို့ အရေးတယူရှိခဲ့ပြီး fb မှာတောင်ချပြခဲ့ပေးတာပါ မနာလိုဝန်တိုစိတ်မဖြစ်ပါဘူး ဝမ်းနည်းသွားတာပါ ရင်ကွဲရတာ ငါကိုယ်ကမှမသိလိုက်တာဆိုပြီး စိတ်မကောင်းဖြစ်မိတာပါ ဒီထက်ပိုပြီးလည်း ရှေ့မဆက်နိုင်တော့ပါဘူး 



ခင်ဗျားကိုတွေ့ချင်တယ် ဒါပေမယ့် ကျွန်တော်မတွေ့တော့ပါဘူး ခင်ဗျားကိုမုန်းတာလည်း မဟုတ်ပါဘူး မေ့နိုင်ဖို့ပဲကြိုးစားလိုက်ပါပြီ အဲ့ဒီအချိန်က တစ်နှစ်ဖြစ်စေ ဆယ်နှစ်ဖြစ်စေ ကြာမြင့်ပါစေ ကျွန်တော်မေ့နိုင်ဖို့ကြိုးစားပါတော့မယ်



တချို့အရာတွေက အစကတည်းက ကျွန်တော့်အတွက် ဖြစ်တည်နေတာမဟုတ်ဘူးဆိုတာကို ကျွန်တော်လက်ခံထားပါတယ်။


No comments: