ကျွန်တော့်ကိုကျွန်တော် သိပ်ချစ်ပေးတက်တဲ့သူဖြစ်လို့ #Day30 အထိ note ရေးဖို့အတွက့် ခွင့်ပြုပေးထားလိုက်ပါတယ် အဲ့ဒါကလွဲရင် ခင်ဗျားနဲ့ပတ်သက်တဲ့ ခံစားချက်တွေကို ကျွန်တော်မသိမ်းဆည်းထားတော့ပါဘူး ဗျာ။
ဒီ post က May လ တစ်လလုံးအတွက်ပါဗျာ #Day30 ဆိုတာ ဘယ်နှစ်လအထိကြာမလည်း မသိပါဘူးဗျာ တချို့ရက်တွေ့က တအားကြီးလွမ်းမိတာတောင် စာရေးလို့မရလို့ပါ စာမရေးနိုင်တာပါဗျာ။
#Day1
အရင်ရက်တွေကဆိုရင် line ပေါ်ကနေအကြာကြီးပျောက်နေရင် တနေလုံးစိုးရိမ်စိတ်နဲ့ telegram ကို ခဏခဏဝင်ကြည့်မိပါတယ် ဒီနေ့တော့ line သုံးဖြစ်တဲ့အချိန်လောက်ပဲ ဝင်ကြည့်ဖြစ်တော့ပါတယ်
စိတ်နာသွားတာလားလို့မေးရင် မဟုတ်ပါဘူး အများကြီးကိုဝမ်းနည်းခဲ့ရလို့ ငါမရတော့ဘူးဆိုတဲ့စိတ်ကို လက်ခံပေးလိုက်တာပါ
မနာလိုဝန်တိုစိတ်လည်းမဖြစ်ခဲ့ပါဘူး စစ်သားနဲ့ရှေ့နေကလိုက်ဖက်တယ်ဆိုတဲ့ စိတ်ကလေးကိုပဲလက်ခံထားပါတယ်
ကျွန်တော်ကယောင်္ကျားလေးဆန်ပေမယ့် အရမ်းကို soft ဖြစ်တဲ့သူပါ ဒါကြောင့် မတအားထိရှသွားခဲ့လို့သာ အကုန်လုံးပြိုကျသွားရတာပါ ဗျာ။
15thMay2026.
#Day2
တနေ့က tg ဝင်တော့ခင်ဗျား online ဖြစ်နေတာကိုမြင်ရတော့ စိတ်ချမ်းသာသွားရပါတယ် ကျွန်တော်လွှတ်ချလိုက်ပြီဆိုပေမယ့် ယတိမပြတ်နိုင်သေးတာ ကျွန်တော့အားနည်းချက်ပါ
အဲ့နေ့ညမှာပဲ ဘာတစ်ခုမျှမမြင်ရတဲ့ ခင်ဗျား fb account ကို ဝင်ကြည့်မိပြန်တယ် ပြီးတော့ကိုယ့်အဖြစ်ကိုယ်သနားမိပါတယ်
မနေ့ညကအိပ်လို့မပျော်တော့ လွမ်းတယ် ကိုကို ဆိုတဲ့စာသားကို tg မှာ ပို့ချင်မိပြန်တယ် မဖြစ်ပါဘူးဆိုပြီး စိတ်ကိုပြန်ထိမ်းလိုက်ပါတယ်
ဒီနေ့နေလည်ကျတော့ 15ရက်နေ့က ထိတွေမှုသတင်းကိုဖတ်လိုက်ရတော့ tg ကို ထပ်ပြီးတော့ blocked ချင်လည်း blocked ပါစေဆိုပြီး
အစစအရာရာ ဂရုစိုက်ပါနော်။
ဆိုတာကို ပို့မိပြန်တယ် ဒီညအထိတော့ blocked မခံရသေးပါဘူး
ညဘက် fb သုံးရင်း ခင်ဗျားသင်တန်းတက်နေတာကို ရှာရှာဖွေဖွေလုပ်မိရင်းနဲ့ သိခွင့်ရလိုက်တယ် အများကြီးဝမ်းသာမိပါတယ် အန္တရာယ်ကင်းတာသိလိုက်ရတဲ့အပြင် သင်တန်းတက်ခွင့်မရသေးသူအတွက် သင်တန်းတက်ခွင့်ရှိတော့ ရေမြင့်လေကြာတင့်လေ ဖြစ်သွားရလို့ပါ
ဘုန်းကံမြင့်မားသူဖြစ်လို့ လူမင်းမနေနိုင်တာလည်း ဖြစ်ကောင်းဖြစ်မှာပါ
အစစအရာရာ အကုန်လုံးအဆင်ပြေပါစေဗျာ blocked ခံထားတဲ့ viber မှာ 11ရက်နေ့ကပို့ထားသလိုပါပဲ ရေစက်ရှိလို့တွေ့ခဲ့ရတယ်ဆိုရင် တနေ့ပြန်တွေ့ခွင့်ရှိအုန်းမှာပါ
အဲ့ဒီ့ထက်ပိုပြီး ကျွန်တော်သေးသေးလေးမျှတောင် မမျှော်လင့်ချင်တော့ပါဘူးဗျာ ကျွန်တော်ကသူများထက်ပိုပြီး ခံစားချက်ကြီးလွန်းသူပါ။
17thMay2026.
#Day3
မနက်ကအိမ်ကမောင်ဝမ်းကွဲတွေကို ပေးထားတဲ့ပိုက်ဆံနည်းနည်းအတွက် ၄လစာအတိုးလေးကို KBZ Bank ကနေသွားထုတ်ပေးဖို့လုပ်တော့ MPU card pw ကို ခင်ဗျားမွေးနေ့ထားထားတာသတိရတော့ ပြုံးမိပါတယ် ( 2022ခုနှစ် ဇန်နဝါရီလောက်က စထားဖြစ်တာပါ ) KBZ Pay လည်း ခင်ဗျားမွေးနေ့ MPU card တွေလည်းခင်ဗျားမွေးနေ့ ဖုန်း lock လည်း ခင်ဗျားမွေးသက္ကရာဇ် fb pw လည်း ခင်ဗျားနဲ့စတွေ့ခဲ့ရတဲ့နေ့ apps lock တွေသာ ကျွန်တော့်မွေးနေ့
အော် သနားလိုက်တာဗျာ အဲ့ဒါတွေကိုပြောင်းဖို့ကို ကျွန်တော်စိတ်ကူးမရှိသေးတာပါ fb account ကို ကျွန်တော့်ကိုလက်မခံနိုင်တော့မှန်းသိလို့ ပြန်မ add တော့ပေမယ့် မနေ့ညက ဖုန်းနံပါတ်၂ခုလုံး ပြန် save မိလိုက်ပါတယ် အမေ့ဖုန်းနံပါတ်ကို အလွတ်မရသေးတဲ့သူက 1st april ကမှ သိလိုက်ရတဲ့နံပါတ်ကျတော့ ကျွန်တော်အလွတ်ရသွားပြီလေ
အမှန်အတိုင်းပြောရရင် အဲ့လိုတွေလုပ်မိနေတဲ့ မပြတ်သားနိုင်တဲ့ ကျွန်တော့်ကိုယ်ကျွန်တော် အများကြီးမုန်းမိပါတယ်
ဒီညလည်း ခင်ဗျား tg ကိုစာပို့မိလိုက်တယ် စာဖျက်သွားပြီး account ပျောက်သွားလို့ ရှာလို့လည်းမရတော့တာနဲ့ blocked လိုက်ပြီထင်နေတာပါ search bar မှာရှာကြည့်တော့မှ ရှိသေးလို့ ဟင်းချနိုင်တော့တယ်
စာပို့လိုက်မိလို့ တောင်းပန်ပါတယ် blocked မလုပ်ပါနဲ့ ကျွန်တော်ထပ်မပို့တော့ပါဘူး။🙏
ကျွန်တော့်ဘက်ကနေ မှားသွားလို့ တောင်းပန်ထားတာပါ မနက်အိပ်ယာကနိုးတဲ့အချိန် blocked ခံထားရရင်တော့ ဘာတက်နိုင်မှာလည်းဗျာ ည၁နာရီကျော်နေလို့ အိပ်တော့မယ်ဗျာ။
တကယ်ကြီးလွမ်းနေမိပါတယ်
မနက်၃နာရီထိုးတော့မယ် ခင်ဗျားကိုလွမ်းမိနေတုန်းပဲ။
20thMay2026.
#Day0
အရက်ရက်တွေကတော့ ခင်ဗျားကိုအများကြီးလွမ်းမိပေမယ့် Note ရေးလို့မရလို့ ကျွန်တော်မရေးဖြစ်တာပါ မနေ့ကတော့ အလုံးစုံပြိုကျပျက်စီးသွားရတဲ့ ကျွန်တော့်ခံစားချက်တွေကြောင့် #Day30 ကို ဆက်မရေးဖြစ်တော့ပါဘူး ဆက်ပြီးရေးဖို့ ကျွန်တော့်မှာဘာမျှကို မကျန်တော့တာပါ
ယောင်္ကျားတစ်ယောက်ကမိန်းမတစ်ယောက်ကို ကိုယ်ချင်းစာပေးနိုင်တယ်ဆိုတာ အဲ့ဒီ့အမျိုးသမီးအပေါ် သူ့အလေးထားမှုနဲ့ ထပ်တူအချိုးကျတယ်ဆိုတာကို ကျွန်တော်တစ်ယောက်လျစ်လျှူရှုမိခဲ့မိတာပါ။
#28thMay2026.
#Thursday.

No comments:
Post a Comment