နောက်နှစ်မှာဘာလုပ်မလဲဆိုတာကို ၂၀၂၅ခုနှစ်ဇွန်လကုန်တည်းက ကျွန်တော်စပြီးပြင်ဆင်ထားပါတယ်ဗျာ နောက်သုံးလဆိုရင်အသက်၄၄နှစ်ရောက်ပြီ အသက်၅၀ဆိုရင်လူ့သက်တမ်းသုံးပုံနှစ်ပုံဆိုတော့ ကျွန်တော်လည်းအသက်အတော်ကြီးနေပါပြီ။
အိပ်ရေးအရမ်းမက်ခဲ့တဲ့ကောင်အတွက် မနက်၆နာရီနိုးအောင်လုပ်ပေးခဲ့တဲ့ လုပ်ငန်းခွင်ကိုလည်း ကျေးဇူးတင်ရပါတယ် အိမ်မှာနေရင်မနက်လင်းအားကြီးတဲ့အထိ စီးရီးတွေထိုင်ကြည့်နေတက်ပြီး မနက်၉နာရီတောင်အိပ်ရေးမဝသေးလို့ မထချင်သေးတဲ့လူလေဗျာ
အခုတော့ည၁၁နာရီအိပ်ရင်တောင်အတော်လေးနောက်ကျနေပါပြီ အသက်ရှုကြပ်ပြီးကတည်းကညဘက်တရေးနိုးတက်လို့အိပ်ချိန်က ၆နာရီမပြည့်တော့ဘူးလေဗျာ
ပိုက်ဆံသုံးတက်တဲ့အကျင့်ကိုလည်း ပြင်ရတော့ပါမယ် လစာသုံးသိန်းခွဲမှာအိမ်ကိုတစ်ဝက်ပေးတော့ တစ်သိန်းခုနှစ်သောင်းခွဲကျန်ပါတယ် ငါးသောင်းစုတော့ကျွန်တော့်သုံးရမယ့်ငွေက တစ်သိန်းနှစ်သောင်းငါးထောင်ပဲအများဆုံးသုံးရမှာပါ အဲ့ဒါကိုတစ်လနှစ်သိန်းကျော်သုံးနေတော့ လတိုင်းကိုအိမ်ကိုပြန်ဆပ်ရမယ့်အကြွေးပမာဏက တိုးတိုးလာရောဗျာ ရတဲ့လစာမျှမကသုံးနေတာက မဖြစ်သင့်ဘူးလေဗျာ
ကျွန်တော့်အသက်အရွယ်ရှိတဲ့ လူလွတ်မိန်းမတစ်ယောက်ရဲ့ ကိုယ်တိုင်စုဆောင်းငွေက ရာဂဏန်းကျော်ရှိရမှာဖြစ်ပေမယ့် ဆယ်ဂဏန်းစွန်းစွန်းသာရှိပါတယ် ဒါတောင်အိမ်ကအိမ်ရောင်းထားတဲ့ထဲကနေ နေမကောင်းဖြစ်တဲ့အချိန်မှာသုံးချင်တာသုံးလို့ရအောင်ပေးထားတာနဲ့ ( ပိုက်ဆံမရှိရင်စိတ်ဓါတ်ကျတက်တဲ့ကောင် ဖြစ်နေသေးလို့ပေးတာပါဗျာ )
သူငယ်ချင်းနှစ်ယောက် အလုပ်မရှိခင်အချိန်ကပေးထားတဲ့မုန့်ဖိုးကျန်တာတွေပါ ကျွန်တော့်ကိုယ်ပိုင်ဝင်ငွေနဲ့စုဆောင်းထားမှုက တစ်ကျပ်မျှတောင်မရှိသေးပါဘူးဗျာ I honestly tell the truth, I am still stupid. တကယ်ကိုလူဆိုးကြီးပါဗျာ
ငွေစကားပြောလို့ ကျွန်တော်လိုအင်ဆန္ဒတွေ အရင်အတိုင်းမဟုတ်တော့ပါဘူး အရင်ကကန်တော်ကြီးပတ်လမ်းလိုနေရာမျိုးမှာ လုံးချင်းအိမ်လေးနဲ့ 2000cc Toyota Rush ကားနဲ့ Bank Account ထဲမှာ ဂဏန်း၉လုံးရှိစေချင်ခဲ့တဲ့သူပါ အခုတော့ အတော်လေးအေးချမ်းနေပါပြီ
ကိုယ်ပိုင်အိမ်မရှိလည်း ဝမ်းမနည်းတော့ဘူး Bank Account ထဲမှာ ပိုက်ဆံလျော့သွားလည်း အရင်လိုစိုးရိမ်မကြီးတော့ဘူး အလုပ်ကလေးတစ်ခုရှိပြီ ကိုယ်ပိုင်အိမ်မဟုတ်ပေမယ့် နောက်ဆုံးအချိန်အထိနေလို့ရတဲ့နေစရာ မိုးလုံလေလုံလုံးချင်းအိမ်လေးရှိပြီ အဖေနဲ့အမေဆေးကုပေးဖို့အတွက် သိန်း၂၀၀လောက်ပိုက်ဆံကျန်သေးတယ်ဆိုတော့ တကယ်ကိုပြည့်စုံပါပြီဗျာ
အောင်ဘာလေထီ ဆုကြီးပေါက်ပြီး သိန်း၅,၀၀၀ ရခဲ့ရင်တော့ အဖေနဲ့အမေကိုသိန်း၅,၀၀၀ ထုတ်ပေးပြီး မြန်မာအစွန်အဖျားဒေသတွေကို တစ်လ၊နှစ်လလောက်ခရီးထွက်မယ် ဖားအောက်တောရမှာတစ်လတရားထိုင်မယ် တရားအားထုတ်နိုင်သွားပြီဆိုရရင် အေးအေးဆေးဆေးတစ်ယောက်ထဲ နေပါတော့မယ်ဗျာ
အများကြီးမတောင့်တတော့ပါဘူး လူ့ဘဝဆိုတာ ခဏတာလေးဆိုတာကို ကျွန်တော်လက်ခံပေးလိုက်နိုင်တာပါဗျာ။
30th June 2025.
Monday.
9:24pm

No comments:
Post a Comment