ဖုန်းကဘက်ထရီဖောင်းပြီးလစ်သွားတော့ ဖုန်းပြန်မဝင်သေးခင်စပ်ကြားမှာ ဖုန်းသုံးတဲ့အချိန်ပိုနည်းသွားရရော စာရေးတာကလွဲရင် ဖုန်းကိုအရင်လိုမသုံးဖြစ်တော့ဘူးဗျ အဲ့ဒီအချိန်ကိုစာအုပ်ဖတ်တာနဲ့ အိမ်ကိစ္စကူလုပ်ပေးတာအတွက်ပဲ သုံးလိုက်ပါတယ်ဗျာ။
၂၀၂၅ခုနှစ်၊ဧပြီလကစပြီးတော့ ဘဝကတဖြေးဖြေးတည်ငြိမ်စပြုလာပါတယ် အရင်လိုမရှုပ်ထွေးတော့ဘူးပေါ့ဗျာ ဘဝကပဲကျွန်တော်နေထိုင်မှုပုံစံကို ပြုပြင်ပေးသွားရတာပါ စာရေးတာကိုအချိန်တော်တော်များများပေးပြီး လုပ်ဖြစ်ပေမယ့် စာအုပ်ဖတ်တာနဲ့အပင်စိုက်တာဘက်ကိုလည်း ကျွန်တော်အားထုတ်ရတော့မယ်ဗျ ဘာသာရေးလည်းနေ့စဥ်လုပ်နိုင်ဖို့အတွက် ကြိုးစားအားထုတ်ရတော့မယ်ခင်ဗျ။
၂၅ရက်နေ့ညကဖုန်းပျက်နေတော့ စာအုပ်ပြန်ဖတ်ဖြစ်တယ် ကိုအောင်မျိုးသူလွင်စာအုပ်ဖတ်တာ ၂ပုဒ်ပဲသေချာဖတ်ဖြစ်တယ် ဆက်ဖတ်တော့စိတ်မပါတော့ဘူး အဲ့ဒါနဲ့သာဝါးလို့ထွေးကိုစဖတ်တော့လည်း စိတ်မပါဘူး ကျွန်တော်စာဖတ်အားအများကြီးကျသွားတယ်ဗျာ
အလုပ်ပိတ်ရက်တွေကို ဖုန်းသုံးတာအများကြီးလျော့ပြီး စာပြန်ဖတ်ရတော့မယ်ဗျာ
ကျောင်းမှာအားတဲ့အချိန်ကို စာရေးဖြစ်တော့ စာရေးဖို့အချိန်ကအရင်ကထက်ပိုရလာတယ် ပိတ်ရက်ကိုတော့ ဘာသာရေးလုပ်ဖို့၊ စာဖတ်ဖို့၊ အပင်စိုက်ဖို့၊ အိမ်ကိုကူဖို့အချိန်မျှသုံးရမယ် ဘဝကနေထိုင်မှုပုံစံကို guide line ချပေးတော့ ကျွန်တော်လည်းကြိုးစားပြီးနေထိုင်ပေးရမှာပေါ့ဗျာ
မလွယ်ပေမယ့်
ကိုယ်တစ်ယောက်တည်း ဝင်လာခဲ့တဲ့လောကကြီးမှာ
ဒီအချိန်ကိုယ်တစ်ယောက်တည်း
အသည်းကွဲပြီးကျန်ခဲ့လည်း အချစ်ရာမြင်လား
ကမ္ဘာဟာ သူ့အချိန်အတိုင်း သူလည်ပတ်အုန်းမှာပါ။
27th July 2025.
စိတ်ကြီးတက်တဲ့ ဒေါသကြီးတက်တဲ့ ကျွန်တော့်စိတ်ကိုဆုံးမရအုန်းမယ်ဗျာ ဒါပေမယ့်လည်း လူတစ်ယောက်ကိုနစ်နစ်နာနာပြောဆိုတက်တဲ့ လူတစ်ယောက်စီမှာတော့ ထမင်းတစ်လုပ်တုတ်တစ်ချက်သဘောမျိုး ဖြစ်နေရတဲ့အတွက်ဆက်ပြီးမနေတော့ပါဘူးဗျာ
ကျွန်တော်မနှစ်မျို့ဆုံးအချက်က လူတစ်ဖက်သားကို မကြာခဏကြမ်းကြမ်းတမ်းတမ်းပြောဆို ဆက်ဆံတက်တဲ့သူမျိုးကိုပါ။
ကျွန်တော်လည်းအရမ်းရိုင်းတက်ပါတယ် ဒါပေမယ့်စိတ်ရိုင်းကိုချွန်းအုပ်ထားပါတယ် အခုနောက်ပိုင်းမှမဟုတ်ပါဘူး ကျွန်တော့်အပေါ်ရိုင်းစိုင်းခဲ့တဲ့သူတွေအပေါ်မှာတောင် ခပ်ကြမ်းကြမ်းစကားလုံးတွေကို မသုံးခဲ့ဘူးပါဘူး ဘယ်လောက်ပဲဒေါသထွက်ပြီးစိတ်ဆိုးနေပါစေ သူစိမ်းတွေအပေါ်မှာရင့်ရင့်သီးသီးမပြောဆိုခဲ့တာကအရင်ကတည်းကပါ
အရင်တုန်းကတော့မိသားစုဝင်တွေအပေါ်မှာ ဒေါသထွက်လာတိုင်းပြဿနာဖြစ်ခဲ့တိုင်း ရင့်ရင့်သီးသီးပြောဆိုခဲ့ဘူးပါတယ် ဒီနှစ်ပိုင်းမှာ အိမ်နဲ့ကတောက်ကဆဖြစ်ခဲ့ရင်တောင် အရင်လိုမရိုင်းစိုင်းတော့ပဲ ယဥ်ကျေးလာရတာကလည်း ကျွန်တော်ရင့်ကျက်လာလို့ပဲဆိုပါတော့ဗျာ အဲ့လိုပြောဆိုမိခဲ့တဲ့ ဝဋ်တွေကျွန်တော့်စီပြန်လည်လာရတာ နေမှာပါဗျာ
ကိုယ့်အပေါ်ရိုင်းစိုင်းနေတဲ့သူမျိုးကိုလည်း စိတ်ထဲမှာအဆင်မပြေပေမယ့် မခံချိမခံသာဖြစ်နေရပေမယ့် ခွန်းတုန့်ပြန်မပြောမိတာကလည်း လူ့ယဥ်ကျေးအပြုအမူတစ်ရပ်ပါပဲဗျာ။
30th July 2025.
လစာ 350,000/-
မနက်စာ၂၆ရက်စာ 2,000/- × 26=52,000/-
နေ့လည်ထမင်းဘူး ၂၆ရက်စာ 3,500/- × 26=91,000/-
ကားခ ၂၆ရက်စာ 800/- × 26=20,800/-
အလှကုန် ၂၆ရက်စာ 50,000/-
Total 213,800/-
Balance 136,200/-
လမ်းပိတ်လို့ကားငှားစီးရတဲ့ Taxi ခ၊ နောက်ကျလို့အဖြတ်ခံရတဲ့လခ တွေကိုထည့်မပြောတော့ပါဘူး သန်းခေါင်အပြင်ညမနက်တော့ပါဘူးဗျာ။
ညစာစားဖိုနဲ့ကျန်းမာရေးစရိတ်မပါသေးဘူး အဲ့လောက်ပိုက်ဆံလေးအတွက်နဲ့ နင့်နင့်နာနာပြောဆိုခံရတာတွေ ရုံးဝန်ထမ်းလား ရုံးအကူဝန်ထမ်းလား ကိုယ့်ဘာသာမသိအောင် တောက်တိုမယ်ရလုပ်နေရတာတွေက နှစ်လကျော်ပြီဆိုတော့ ကျွန်တော်ဆက်လုပ်ဖို့အတွက်အဆင်မပြေတော့ပါဘူး
အလုပ်တစ်ခုမှာပိုက်ဆံလုံလုံလောက်လောက်ရရင်ရ မရရင်ပညာရရမယ်လို့ပဲခံယူထားပါတယ် ပိုက်ဆံလည်းမရ၊ပညာလည်းမရတဲ့အပြင် ကျွန်တော့်စိတ်ကိုပါကြမ်းတမ်းစေတဲ့အလုပ်မျိုးကို ဆက်လုပ်ဖို့အတွက်လည်း ဘယ်လိုမျှစိတ်မပါတော့ပါဘူးခင်ဗျာ
အလုပ်ချိန်တစ်ရက်ကို၉နာရီ၊ အလုပ်လာဖို့ပြင်ဆင်ရတဲ့အချိန် တစ်ရက်ကို၂နာရီ၃၀မိနစ်၊ အိမ်ပြန်ဖို့ကြာချိန် တစ်ရက်ကို၁နာရီ၂၀မိနစ်၊ တစ်ရက်ကို ၁၃နာရီလောက် အချိန်ပေးရပြီးတော့ ကိုယ့်အတွက်အကျိုးမရှိတဲ့အလုပ်ကိုလုပ်ခဲ့မိတာ ကျွန်တော့်အမှားပါ
အလုပ်မဝင်ခင်တည်းက Fb မှာ ရှာကြည့်တော့ စကားလုံးကြမ်းကြမ်းတွေသုံးတက်တာကို ရှာတွေ့မိတာတောင် အဲ့လောက်မဆိုးဝါးလောက်ပါဘူးဆိုပြီး ပေါ့ဆမိတာကိုက ကျွန်တော့်အမှားပါ
နေမကောင်းဖြစ်ပြီးအလုပ်ပြန်ဆင်းတော့ အဖေ့ကသမီးကိုဆက်မလုပ်စေချင်ဘူးပြောခဲ့တာကို အလုပ်တစ်ခုရချင်ဇောနဲ့ ရပါတယ်အဖေရာဆိုပြီးတော့ ကျွန်တော်ဆက်လုပ်မိတာပါ မိဘစကားကိုနားမထောင်ခဲ့မိတာပါ
လျော်ကြေးငွေနှစ်လစာ ၇သိန်းကိစ္စအတွက် သြဂုတ်လ၊စက်တင်ဘာလမှာရမယ့်လစာနဲ့ ပေးချေနိုင်ပြီးရင်တော့ စက်တင်ဘာလအကုန်မှာ အလုပ်ကနေနှုတ်ထွက်ဖို့ကိစ္စအတွက် အဆင်သင့်ဖြစ်ပါပြီ ၉လပိုင်းအကုန်ကျရင်တော့ အပြီးသတ်နိုင်ပြီထင်ပါတယ်ဗျာ။
31st July 2025.
ဒီညနေအလုပ်ပြန်တော့ ကားပေါ်မှာကလေးမငယ်ငယ်လေးက အစ်မပြန်ရမှာဝေးတယ်မဟုတ်လားဆိုပြီး မြေနီကုန်းမှာဆင်းမယ့် သူကောင်လေးနေရာကိုဝင်ထိုင်ခိုင်းတယ် ကျွန်တော်ဆင်းတဲ့အထိတောင် အဲ့ကလေးမလေးမဆင်းရသေးဘူး
မာလာမှတ်တိုင်မှာ နောာက်ထပ်ကလေးစုံတွဲမှာ ကလေးမလေးကကိုယ်ဝန်ကြီးနဲ့ လမရင့်သေးပေမယ့်ကိုယ်ဝန်ဆောင်ဆိုတာ ပင်ပန်းမှာပဲလေ နေရာဖယ်ပေးတော့သူ့ခမျာအားနာနေရှာတယ် ထမင်းဘူးခြင်းတောင်းပေမယ့် မပေးလိုက်မိပါဘူး ခရီးတထောက်မှာကလေးအမေကိုရောကလေးကိုပါ သက်သာစေချင်တယ်လေ
အဲ့ဒီခံစားချက်ကနေ စိတ်ဖြေစရာအသိတရားလေး ပေါ်လာခဲ့ရတာပါ
မနေ့ကစိတ်အတော်လေးထိခိုက်ရလို့ အိမ်ပြန်နောက်ကျတာတောင် ကားပေါ်မှာဘုရားစာမဆိုမိဘူး ဒီနေ့တော့ဘုရားစာရွတ်ဖြစ်ပါတယ် မနေ့ကကိစ္စကြောင့် တနေ့လုံးအမြင်မကြည်ဖြစ်ခံရပေမယ့် ကျွန်တော့်ဘက်ကနေတော့ ၉လပိုင်းလအကုန်အထိ အလုံးအရပ်မလျော့ဘဲ အလုပ်စဝင်တဲ့နေက အားထုတ်မှုအတိုင်းပဲ လုပ်စရာရှိတာတွေလုပ်ဆောင်ပေးသွားမှာပါ
ဒီနှစ်လလုံးကကသူ့ကို အလကားလုပ်ပေးရတယ်ဆိုတဲ့ အတွေးမျိုးကိုလည်း နည်းနည်းလေးမျှမတွေးမိခဲလပါဘူး ကားပေါ်မှာဘုရားစာရွတ်နေရင်းနဲ့ ဆရာတော် ဦးဗုဓ် နန်းမတော် မယ်နုကိုမိန့်ခဲ့တဲ့စကားလေးကို သတိရမိသွားတယ်
" မိနု သူ့ကြွေးရှိရင် ဆပ်ရတယ်တဲ့ "
ကျွန်တော်လည်း အကြွေးရှိခဲ့လို့နေမှာပါ သေကောင်ပေါင်းလဲဖြစ်ပြီးခဲ့တာတောင် နောက်တစ်ကြိမ်ပြန်လာပြီး ဆပ်ရတယ်ဆိုတာက သူ့ကြွေးမကျေသေးလို့နေမှာပါဗျာ။
9:17pm

No comments:
Post a Comment