မိန်းမတစ်ယောက်အတွက် အလှပဆုံးအချိန်က 35th to 38th အထိသာလို့ ကျွန်တော်မှတ်ယူထားပါတယ် 40th ကျော်သွားရင်တော့ တည်ငြိမ်ရင့်ကျက်ရမယ်အရွယ်ကို မဖြစ်မနေရောက်ရမှာပါဗျာ။
အသက်လေးဆယ်ကျော်ရင် ရင့်ကျက်ရမှာဖြစ်လို့ အရင်လိုချစ်တာတွေမေတ္တာတွေကို တခမ်းတနားချပြနေတာကြီးကိုက မဖြစ်သင့်တော့ပါဘူးဗျာ အဲ့တာကိုကျွန်တော်တစ်ယောက် မနေ့တနေ့ကအချိန်အထိ မိန်းမကြီးတစ်ယောက်အနေနဲ့ အချစ်ဆိုတဲ့ခံစားချက်ကြောင့် အတော်လေးဖြစ်ပျက်နေခဲ့မိပါတယ် ဝန်ခံရရင်တကယ်ကိုရှက်မိပါတယ်
မိန်းမတစ်ယောက်အတွက်အလှပဆုံးအချိန်ကို ကျော်လွန်ခဲ့ပြီဖြစ်လို့ ကိုယ်ပိုင်မိသားစုဆိုတာကိုလည်း အရင်လိုမလိုချင်တော့ပါဘူး မိသားစုတစ်ခုကိုတည်ထောင်ဖို့အတွက် ကျွန်တော်အတွက် အချိန်အများကြီးနှောင်းသွားပါပြီ အချစ်ဆိုတဲ့ခံစားချက်က တားဆီးလို့မရတာဖြစ်လို့ လူတစ်ယောက်ကိုနောက်တစ်ကြိမ်ထပ်ပြီး ချစ်ခဲ့မိရင်တောင် ရူးရူးမိုက်မိုက်မချစ်တော့ပါဘူးဗျာ။
ကျွန်တော်ဘက်ကနေချစ်ပေးသလောက် တုန့်ပြန်ခြင်းမရှိဘဲ ပြန်မချစ်ပေးနိုင်တဲ့သူကိုလည်း ကျွန်တော်ချစ်ခင်မြတ်နိုးရသူအဖြစ် မသတ်မှတ်တော့ပါဘူးဗျာ နှစ်ခါသေးဘူးတော့ ပျဥ်ဘိုးအပြင် သံဘိုးပါနားလည်ရမှာပေါ့ဗျာ
၂၀၁၀ခုနှစ်က KL မှာ အလုပ်အတူတူလုပ်ခဲ့ဘူးတဲ့ သူငယ်ချင်းယောကျ်ားလေးတစ်ယောက် ပြောခဲ့ဘူးပါတယ် သူကကျွန်တော်ထက်အတော်လေးငယ်ပေမယ့် စာအရမ်းဖတ်တဲ့သူမျိုးဖြစ်တော့ Thinking ပိုင်းက အတော်လေးကောင်းတယ် အဲ့ဒီအချိန်မှာကျွန်တော်က Jpan က ညီတစ်ယောက်နဲ့အာရုံများနေတော့ အတူနေတဲ့သူငယ်ချင်းတွေကလည်းပြောပြကြတယ် ကိုယ့်စိတ်ကိုလူတစ်ယောက်တည်းအပေါ်မှာစိတ်မနှစ်ထားဖို့ကို
အဲ့ဒီ့ Brother က မဝိုင်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့အချိန်တွေကို အလဟာသက်ဖြုန်းတီးတက်တဲ့ ယောကျ်ားတစ်ယောက်ကိုဘယ်တော့မျှမရွေးချယ်ပါနဲ့ မိန်းကလေးတစ်ယောက်အတွက်အချိန်နဲ့အရွယ်ဆိုတာ သူ့ဘဝနဲ့တိုက်ရိုက်ပတ်သက်မှုရှိတယ်တဲ့ ကျွန်တော်သူ့စကားကို အဲ့ဒီ့အချိန်က Agree မလုပ်ခဲ့ပါဘူး အဲ့ဒီအချိန်ကညီဆိုတာကို ကမ္ဘာတစ်ခုသတ်မှတ်နေမိတာကို နှစ်အကြာကြီးကျော်လွန်သွားကာမှ သူ့စကားကိုကျွန်တော် Agree ဖြစ်ခဲ့ရတာပါဗျာ
လှတပတလေးနေမယ် စိတ်ချမ်းသာအောင်ထားမယ် လိုချင်တာတွေတက်နိုင်သမျှဝယ်ပေးမယ် စာအုပ်တွေဖတ်မယ် ခရီးတွေသွားမယ် အတက်နိုင်ဆုံးအကြွေးကင်းအောင်နေမယ် အိုမင်းချိန်အတွက်စုဆောင်းငွေထားမယ် ဘာသာတရားကိုအတက်နိုင်ဆုံးအားထုတ်ပါမယ်။
လူတစ်ယောက်ကို နောက်တစ်ကြိမ်ထပ်ပြီးသဘောကျခဲ့မိရင်လည်း Selfish လို့ပဲပြောပြော မှန်လိုပဲကျင့်သုံးပါတော့မယ် ကျွန်တော်ကပြုံးပြနေတာကို ခပ်တည်တည်ရုပ်သွင်ထင်မည့်မှန်မျိုးကို ဘယ်သူကများဆက်ကြည့်နေမှာလည်းဗျာ
ဘဝဆိုတာ တခဏလေးပါ မျက်စိတမှိတ်လျှပ်တပြက်အချိန်လေးပါပဲ အဲ့ဒီခဏလေးကိုကျွန်တော်ဖြုန်းတီးခဲ့မိတာ နှစ်ကြိမ်နှစ်ခါရှိခဲ့ပါပြီ မိန်းမတစ်ယောက်ရဲ့အလှဆုံးအချိန်တွေလည်း ကုန်ဆုံးသွားပါပြီ အဲ့ဒီတော့ကျွန်တော်ကိုယ်ကျွန်တော် အများကြီး ဂရုစိုက်ပေးရတော့မှာပေါ့ဗျာ
မနေ့က post တစ်ခုဖတ်လိုက်ရတယ် လူတစ်ယောက်ဟာ ဘဝတစ်လျှောက်လုံးမှာ သုံးခါချစ်မိနိုင်တယ်..
( လူတစ်ယောက်ဟာ ဘဝတစ်လျှောက်လုံးမှာ ( ၃ ) ခါချစ်မိနိုင်ပါတယ်။
ပထမဆုံးအချစ်
ပထမဆုံးအချစ်ကတော့ ငယ်ရွယ်စဉ်
ဆယ်ကျော်သက်အရွယ်မှာ ဖြစ်တဲ့အချစ်မျိုး
ဖြစ်တယ်။
ဒုတိယအချစ်
ဒီအချစ်ကတော့ ကိုယ့်ကိုအင်မတန်
နာကျင်ခံစားသွားရစေမယ့် အချစ်မျိုးဖြစ်တယ်။
ဒီအချစ်ကြောင့်ပဲ ဘဝသင်ခန်းစာတွေရပြီး ပိုပြီး
ရင့်ကျက်သန်မာလာစေမယ်။
ခံစားချက်မျိုးစုံ အမှတ်တရမျိုးစုံ
ဒဏ်ရာမျိုးစုံလဲရစေမယ်
ပြီးဆုံးသွားတာတောင် နှစ်တွေအများကြီး
ကြာတဲ့အထိကိုယ့်ရင်ထဲစွဲကျန်နေမယ့်
အချစ်မျိုးဖြစ်တယ်။
အချစ်ဆိုတာကိုလဲ ဒီဒုတိယအချစ်မှာ
စတင်နားလည်လာမှာဖြစ်တယ်။
တတိယအချစ်
လိုက်ရှာစရာမလိုပဲ ကိုယ့်ဆီအလိုလို
ရောက်လာမယ့် အချစ်မျိုးဖြစ်တယ်။
ဒုတိယအချစ်ကနေ ရလာတဲ့ဝေဒနာတွေကိုလဲ
ကုစားပေးမယ့်အချစ်ဖြစ်တယ်။
ရင့်ကျက်သွားပြီဖြစ်တဲ့ အရွယ်ရောက်နေပြီမို့
လွယ်လွယ်နဲ့မချစ်မိတော့မယ့် အရွယ်လဲဖြစ်တယ်။
ချစ်မိပြန်ရင်လဲ အပြန်အလှန်လေးနက်တဲ့ခံစား
ချက်တွေ လေးနက်တဲ့အတွေးတွေနဲ့ ချည်နှောင်မိ
လာမယ်။ သူနဲ့အတူ အိမ်ထောင်ရေးတစ်ခု
မိသားစုတစ်ခုကို တည်ဆောက်မိလာ လိမ့်မယ်။
ကံကောင်းတဲ့လူတစ်ချို့ကတော့သူတို့ရဲ့
အချစ်၃ခုလုံးကို လူတစ်ယောက်တည်းနဲ့ပါ။ )
အဲ့ဒီအတိုင်းဆိုရင် ကျွန်တော့်အတွက် change တစ်ခုကျန်သေးမယ်ထင်ပါတယ်ဗျာ ကျွန်တော့်အတွက် တတိယလူဖြစ်လာပေးမယ့် ဘုရားပေးမယ့်လူတစ်ယောက်ပေါ့ဗျာ ကျွန်တော့်မှာမိသားစုတစ်ခုကို တည်ဆောက်ဖို့အတွက် စိတ်ကူးမရှိတော့ပေမယ့် တစ်နေရာတည်းမှာအတူတူမဖြစ်နိုင်ခဲ့ရင်လည်း တစ်ယောက်တစ်နေရာစီမှာဖြစ်နေခဲ့ရင်တောင် အဲ့ဒီလူနဲ့အတူတူအိုမင်းသွားချင်တဲ့ အတွေးမျိုးတော့ကျွန်တော့်မှာရှိပါသေးတယ်
အများကြီးမလိုချင်တော့ပါဘူး ကျွန်တော့်အပေါ်မှာစိတ်ရင်းနဲ့ စေတနာ၊မေတ္တာရှိပေးမယ့်လူတစ်ယောက်ဆိုရင် တကယ်ကိုပြည့်စုံပါပြီဗျာ။ လူတစ်ယောက်က အခြားလူတစ်ယောက်အပေါ် စေတနာရှိမှသာ မေတ္တာပေးနိုင်မှာဖြစ်သလို ကိုယ်ချင်းစာတရားလည်း ထားပေးနိုင်မှာလို့ ကျွန်တော်ယုံကြည်ထားသူပါ
May be ပေါ့ဗျာ တတိယလူတစ်ယောက်မရှိခဲ့ရင်တောင် ကျွန်တော်တည်ညိမ်ရင့်ကျက်နိုင်ဖို့အတွက် အချိန်ကာလတစ်ခုပေးမှာပါ။
ငွေကြေးအတိုင်းအတာအရ ကျွန်တော်မှာမပြည့်စုံပေမယ့် မိုးလုံလေလုံခိုင်ခန့်တဲ့ကျောခင်းစရာအိမ်ရှိတယ် ကျွန်တော့်ကိုနွေးထွေးစေတဲ့ အဖေ၊အမေနဲ့ ဦးလေး၊အစ်မ၊မောင်လေး၊မောင်ငယ်၊တူ၊တူမ အပါအဝင် အတူနေ၊အတူမနေတဲ့မိသားစုဝင်ကိုးယောက်ရှိတယ် လောလောဆယ်တစ်ကိုယ်စာ စားဝတ်နေရေးအတွက် အလုပ်တစ်ခုရှိတယ် ကိုယ်ပိုင်လုပ်ငန်းအသေးစားလေးလုပ်နိုင်ဖို့ ငွေကြေးအနည်းငယ်ရှိတယ်
တကယ်တော့ကျွန်တော့်ဘဝက တစ်ယောက်တည်းအေးအေးချမ်းချမ်းနေမယ်ဆိုရင်လည်း ကျေနပ်စရာကောင်းပါတယ်ဗျာ အရင်လိုလိုအင်ဆန္ဒတွေမကြီးမားတော့တဲ့အတွက် အပူအပင်တွေအများကြီးလျော့နည်းသွားပါပြီဗျာ။
အရိုးရှင်းဆုံးဘဝတစ်ခုကို ဘုရားရှင်ရဲ့မေတ္တာတရားကြောင့် ကျွန်တော်ပိုင်ဆိုင်ထားရပြီဖြစ်လို့ ကျန်ရှိတဲ့အချိန်ခဏလေးမှာ ပူပင်သောကတွေကို ကျွန်တော်မဖန်တီးတော့ပါဘူးဗျာ။

No comments:
Post a Comment