ကျောင်းမှာတပိုင်းတစရေးထားတာကို မနေ့ညကလက်စသတ်ပြီး post တင်မလို့ကို စကားဖြူပုံလေးတောင် down ထားပြီးပြီ fb မှာ ကျော်ပုလဲလေးဆုံးသွားတာတွေ့တော့ စိတ်မကောင်းဖြစ်ပြီး မနေ့ညက လူက shut down ဖြစ်သွားရပါလေရော
အဲ့ဒါနဲ့ပဲ အခုညကျမှတင်ဖြစ်သွားတာပါ ကျွန်တော်တစ်ယောက်ဘယ်အရာကိုမဆို သံယောဇဥ်ကြီးတက်လွန်းတာကလည်း လူကိုဥပါဒ်ဖြစ်စေပါတယ်ဗျာ။
အခုရေးမယ့်ချစ်သောက ကျွန်တော့်စိတ်ကူးထဲကဇာတ်ဆောင် ကျွန်တော်နာကျင်တဲ့အချိန်မှာ ဖြေသိမ့်ရာဖြစ်တဲ့ ကျွန်တော့် Ace ပေါ့ဗျာ Malaysia hostel ရှေ့မှာက စကားဖြူပင်တွေအမြဲပွင့်နေတာ ဖွေးနေရောပဲ အဲ့ဒါကိုသတိရမိတာနဲ့ အမှတ်တရနာမည်ပေးမိလိုက်တာပါဗျာ။
လူတစ်ယောက်ကိုမေ့နိုင်ဖို့ဆိုရင် အခြားလူတစ်ယောက်ကိုအစားထိုးဖို့က ကျွန်တော့်အတွက်မလွယ်ကူနိုင်သလို ကျွန်တော့်အသက်အရွယ်နဲ့က မဖြစ်သင့်ဘူးလို့လက်ခံထားတဲ့သူဖြစ်လို့ပါဗျာ
Ace ကို အခုလိုအချိန်မှာသတိတရနဲ့ ဘာလို့ကျွန်တော်အစားထိုးရလည်းဆိုခဲ့ရင် အဲ့ဒီအချိန်တုန်းက ကျွန်တော်လည်းသူ့ကို သဘောကျမိတာကလွဲရင် ချစ်တယ်ဆိုတဲ့ fall in love အဆင့်အထိ မရောက်ခဲ့သလို သူလည်းကျွန်တော့်ကို အရေးတယူဂရုစိုက်ခဲ့တာကလွဲရင် girlfriend ဆိုတဲ့ ကောင်မလေးအဆင့်အထိ မရောက်ခဲ့ပါဘူး
ဒါပေမယ့်အဲ့ဒီအခြေအနေကိုအတိတ်မှာရော အခုလက်ရှိအချိန်မှာရော ကျွန်တော်တကယ်ကိုကျေနပ်ခဲ့ပါတယ်ဗျာ။
ဖားအောက်တောရမှာတရားမထိုင်နိုင်ခင်အချိန်အထိ နောက်ထပ်ရင်ခုန်ဘက် တွေ့လာခဲ့ရင်တောင် ခင်ဗျားလိုမျိုးအရင်ကလိုမျိုးပုံအောပြီးမချစ်ပေးဖို့ကို ကျွန်တော့်ကိုယ်ကျွန်တော် တားမြစ်ထားလိုက်ပါပြီဗျာ။
မော်နီတာကစပြီး ခင်ဗျားအထိသဘောကျခဲ့သမျှထဲမှာ ကျွန်တော့်ကိုအမြဲလိုလိုဂရုစိုက်ပေးခဲ့သူက Kar Soon တစ်ယောက်ပဲရှိခဲ့ပါတယ် ကျွန်တော်လည်းသူ့ကိုသဘောကျတဲ့အဆင်မှာပဲ ရပ်တန့်ခဲ့သလို သူလည်းနိုင်ငံခြားသားဝန်ထမ်း အမျိုးသမီးတစ်ယောက်ကို ဂရုစိုက်ပေးတဲ့အဆင်မှာပဲရပ်တန့်ထားတဲ့အတွက် အခုအချိန်မှာ တကယ်ကိုကျေးဇူးတင်ရပါတယ်
Golden Ace Mark ကို စရောက်တုန်းက မလေးရှားနိုင်ငံသားတရုပ်လူမျိုးတွေကြားမှာ မလေးရှားစကားကျွမ်းကျင်စွာမပြောတက်တဲ့ မြန်မာတစ်ယောက်အနေနဲ့အတော်ကိုဒုက္ခရောက်ရပါတယ် Grace က စနောက်ပြီး Khin ရောက်လာလို့ မလေးလိုမပြောရဘူးအင်္ဂလိပ်ပဲပြောရမယ်ပြောတော့ အံသြပြီးရယ်နေခဲ့သူပါ Enji က သေချာမေးတော့ ကျွန်တော်မလေးလိုနားလည်တယ် သေချာပြန်မပြောတက်လို့အင်္ဂလိပ်ပဲပြောတာပါရှင်းပြတော့
Ace က Khin နင်အဆင်ပြေသလိုအင်္ဂလိပ်လိုပဲပြောပါ ငါတို့အဆင်ပြေပါတယ်ပြောပြီး Grace ကိုလည်းမစမနောက်ဖို့ပြောပေးခဲ့တဲ့သူပါ နေမကောင်းဖြစ်ရင်လည်းနင်အဆင်မပြေရင် hostel ပြန်နားပါလား Leen ရှိတာပဲ မနက်ဖြန်အနားယူလိုက်လေပြောတက်သူ birthday party တွေရှိလို့ သူတို့နဲ့အတူတူမစားရဲရင်လည်း Khin,dont be shame. we are brother and sister ဆိုပြီး စားစရာတွေလာထည့်ပေးပြီး အနေမခက်စေဖို့ပြောပြပေးတက်သူ ဂရုစိုက်ပေးတက်တဲ့သူ
HQ က staff party ကို KL ကနေအလှမ်းဝေးတဲ့ ဒီဆာပရာမိုင်းမှာလုပ်တော့လည်း Alvin နဲ့အတူတူလာပေးခဲ့သူ Khin နင့် Hostel က အဝေးကြီးမှာပါလားဆိုပြီး စိတ်မကောင်းဖြစ်ခဲ့သူ
အဲ့ဒီနေ့က Shirt အဖြူလွလွလေးဝတ်ထားပြီး Jean pant ရယ် အမြဲပျော့ဆင်းနေတဲ့ဆံပင်အတိုလေးကို Gel ထောင်ပြီးပုံကျကျလေးပြင်ဆင်လာခဲ့တာကိုသတိရနေမိတယ် Ace ကို ခွင့်တောင်းပြီး အဲ့ဒီ့နေ့က ဓါတ်ပုံမရိုက်ထားမိတာကိုလည်း အခုမှစိတ်မကောင်းဖြစ်မိပါတယ်
တကယ်လို့ပေါ့ဗျာ Time slip ဖြစ်ပြီး ၂၀၀၈ခုနှစ်ကိုပြန်ရောက်ခဲ့ရင်တောင် Kar Soon ကို သဘောကျမိတဲ့အဆင့်မှာပဲရပ်ထားမှာပါ ကျွန်တော် PC3 staff party ကိုသူလာခဲ့တဲ့အချိန်ကိုပဲ ကျွန်တော်ပြန်သွားပြီး Kar Soon ငါနင်နဲ့ဓါတ်ပုံရိုက်လို့ရမလားဘဲ ခွင့်တောင်းခဲ့မိမှာပါ
လူအလို နတ်မလိုက်နိုင်တဲ့
ကျွန်တော်အလိုလည်း ကျွန်တော်မလိုက်နိုင်ပါဘူးဗျာ
ဂရုတစိုက်ရှိပေးတဲ့သူကိုကျတော့ Fall in love ဖြစ်ဖို့ မကြိုးစားခဲ့ဘဲ ကျီးထိုးထိုးခွေးစားစား ပြစ်ထားတက်တဲ့သူကိုကျတော့မှ ပုံအောပြီးချစ်ခဲ့ပေးတက်တာကိုပါဗျာ။
၄နှစ်လုံးနီးပါးလုပ်ငန်းခွင်မှာ အချိန်အတော်များများအတူရှိခဲ့ကြလို့ Kar Soon အကြောင်း အများကြီးရေးမယ်စဥ်းစားထားပေမယ့် Feel မလာလို့ဆက်မရေးတော့ပါဘူးဗျာ ဒီမှာပဲရပ်လိုက်ပါပြီဗျာ။
🥰

No comments:
Post a Comment