မနေ့ကဘုရားကအပြန် ကျောက်မြောင်းဘက်ဝင်ဖြစ်လိုက်တယ် အမှန်ကဆိုင်ဖွင့်ဖို့နောက်ကျနေလို့ ပုပုစီမှာအအင်္ကျီအပ်ထားတာ ဝင်မယူတော့ဘူးတွေးထားတာပါ
ဆွမ်းတော်ကပ်လှူပြီး ပုတီးစိပ်ဘုရားရှိခိုးနေတဲ့အချိန် ဆိုင်းလန့်လုပ်ထားတော့ သူဖုန်းခေါ်ထားတာတွေ့တာနဲ့ ပြန်ခေါ်လိုက်တော့ နောက်တစ်ခါတကူးတကလာနေရမှာစိုးလို့ ချုပ်ပြီးသွားပြီလာယူလို့ရပြီဆိုတော့ ဝင်ယူလိုက်ဖြစ်တာ
ဆွမ်းကပ်လှူတဲ့ တောင်ဘက်အာရုံခံမုခ်ဦးကနေလက်ယာရစ်ဖူးရင်း အဖေနဲ့အမေဂြိုဟ်တိုင်တွေမှာရေသပ္ပါယ် ပြီးတော့ကျွန်တော့်မွေးနံအင်္ဂါဂြိုဟ်တိုင်မှာ ရေသပ္ပါယ်ပြီးတာနဲ့ အရှေ့ဘက်စောင်းတန်းကပြန်ဆင်းလာရော
အမေအမြဲရွတ်နေတဲ့ဘုရားစာအုပ်က ဟောင်းနေပြီဆိုတော့အဲ့ဒီစာအုပ်နှစ်အုပ်ဝယ်ဖြစ်တယ် ပြီးတော့ကျောက်စိမ်းနားကပ်လုံးချောလေးတစ်ရံဝယ်ဖြစ်တယ် ပိစိလေးဆိုတော့ပျောက်ရှမှာစိုးလို့ ပိုက်ဆံအိတ်ထဲပဲထည့်ထားလိုက်မိတယ် ဆိုင်ထိုင်ရင်ကျောက်စိမ်းလက်ကောက်ကလွဲရင် ဘာမှမဝတ်ဖြစ်တော့ နားပေါက်ဟောင်းလောင်းကိုမကြိုက်လို့ပါ
အရှေ့ဘက်စောင်းတန်းကဆင်းလာရင်း မွေးနေ့ကဘုရားမတက်ဖြစ်တော့ ပစ်တိုင်းထောင်ရုပ်ဝယ်ပေးချင်ပေမယ့် နားကပ်ဝယ်ပေးပြီးပြီပဲပိုက်ဆံကုန်ကျတာတွေများနေပြီဆိုပြီးတော့ မဝယ်ပေးတော့ပါဘူး
ထမင်းဘူး၊လဖက်ဘူး၊လိမ္မော်သီးဘူး၊ရေဘူး၊ကော်ဖီဓါတ်ဘူး၊ကြွေခွက်ထည့်ထားတဲ့ ထမင်းဘူးခြင်းတောင်းရယ် ဘုရားစာအုပ်သုံးအုပ်၊သတင်းစာတစ်အုပ်၊စိတ်ပုတီး၊သဘက်ထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်ရယ်နဲ့ လိုင်းကားပေါ်မှာကသီနေမှာစိုးလို့ ထီငါးစောင်ထိုးပြီးကတည်းက YBS ကဒ်လေးကိုပိုက်ဆံအိတ်ထဲကနေထုတ်ထားလိုက်မိတယ်
ကားစီးရမယ့်ကန်တော်ကြီးဘက်အခြမ်းကို ကားလမ်းမကူးရဲတာနဲ့ ဗဟန်း၃လမ်းမှတ်တိုင်နားရပ်ထားတဲ့ ၉၅ကိုတာမွေရောက်လားမေးကြည့်တော့ အစ်မရေရှေ့မှာဂိတ်ရှိတယ် အဲ့ဒီ့ကနေသွားစီးလို့ရတယ်ပြောလို့ ဆက်လျှောက်လာမိရော ဦးထောင်ဘိုအဝိုင်းမရောက်ခင်မှကားငါးစီးလောက်ဆင့်ရပ်ထားပြီး ဒုတိယတစ်စီးကထွက်မှာဆိုတော့ အဲ့ဒီ့ကိုသွားလိုက်တယ်
ကားနားရောက်ခါနီးကဒ်မရဘူးဆိုတော့ အောက်မှာရပ်နေတဲ့ကားသမားကိုပိုက်ဆံပေးဖို့ ပိုက်ဆံအိတ်ထုတ်နေရင်းနဲ့ သစ်ပင်အမြစ်ကိုခလုပ်တိုက်မိတာ လူကပက်လက်လန်လဲပြီးတော့ ကားအောက်ကိုရောက်ခါနီးပြီ
ရုတ်တရက်ဆိုတော့အရမ်းနာသွားပေမယ့် ကိုယ့်ဘာသာဘာဖြစ်လိုက်မှန်းမသိဘူး အရှေ့မှာရပ်နေတဲ့ကားသမားလည်းကြောင်သွားပြီး ခဏနေမှဆွဲထူပေးဖြစ်တယ် အစ်မအရမ်းကံကောင်းတယ် ဂိတ်မှာရပ်ထားတဲ့ကားဖြစ်လို့ မှတ်တိုင်ကကားဆိုရင် ကားဘီးအောက်ရောက်နိုင်တဲ့
လူကဘည်းထူပူပြီးပိုက်ဆံအိတ်ထဲက ထွက်ကျတဲ့ပစ္စည်းတွေကောက်ထဲ့ နားကပ်လေးတစ်ဖက်ပါကျသွားတာ သူ့ကိုပိုက်ဆံပေး ကားပေါ်ဆွဲတက် ထိုင်ခုံရောက်မှနှလုံးခုန်မြန်နေတာသက်သာအောင်ရေသောက် နာနေတဲ့ခြေထောက်ကို ဘာမှမပါတော့ဗက်စလင်းအပြာလေးလူးပေးထားလိုက်ရော
ဘုရားကယ်လို့သာဒီလောက်နဲ့ပြီးသွားရတာပါ ဟိုဘက်လမ်းကူးတဲ့အချိန်မှာကားတိုက်မိရင် ပက်လက်မကျဘဲမှောက်ခုံသာကျခဲ့ရင်ဆေးရုံကိုရောက်နေလောက်ပါပြီ စိတ်လေးအေးချမ်းစွာနဲ့ဆွမ်းကပ်လှူခဲ့တဲ့ ဘုရားဝတ်ပြုခဲ့တဲ့ကံက ကျွန်တော့်ကိုကယ်သွားရတာပါ
သီတာမှတ်တိုင်ဆင်းတော့မှ ခြေထောက်ကနာပြီးရောင်ကိုင်းနေပြီ ဖိနပ်စီးဖို့ရောလမ်းလျှောက်ဖို့ရောအဆင်မပြေတော့ဘူး ၁၄၆လမ်းထိပ်ကဖိနပ်ဆိုင်မှာ ဆိုက်ကြီးတဲ့ဖိနပ်အပါးတစ်ရံဝင်ဝယ်စီးပြီး ပုပုတို့အိမ်မှာအင်္ကျီဝင်ယူ အဲ့မှာနာရီဝက်လောက်ထိုင်နေတော့ မနာတော့ဘူးဆိုတော့သက်သာသွားပြီပေါ့
သူ့အိမ်ကနေလမ်းထိပ်ကားမှတ်တိုင်သွားတော့ လမ်းမလျှောက်နိုင်တော့ဘူး ဆေးဆိုင်မှာဂဠုန်ရာဇာနဲ့ဒေါ်သောင်းစိန်ဝယ် ကားမှတ်တိုင်မှာဂဠုန်ရာဇာလူးထားလိုက်တယ် ကားပေါ်ရောက်တော့ကံကောင်းလို့သာ နောက်ဖက်ခုံတန်းရှည်မှာ နှစ်နေရာပဲကျန်တော့တာ
နေရာမှာထိုင်ကြမ်းပြင်မှာခြင်းနဲ့ဖိနပ်အဟောင်းအထုပ်ကိုချပြီး ဆေးထပ်လူးထားရပါတယ် ဆင်းခါနီးမှတ်တိုင်မရောက်ခင် နှစ်မှတ်တိုင်လောက်ထဲကတဖြေးဖြေးကြိုထွက်ထားရတယ် လမ်းလျှောက်တိုင်းနာနေတော့ လမ်းထိပ်ဆိုင်မှာခဏဝင်ထိုင် ပြီးတော့မှအိမ်ပြန်အဝတ်လဲဆေးလိမ်းပြီးဆိုင်လာထိုင်
အဲ့ဒီ့မှာ post တင်ပြီး ဖုန်းသုံးနေတော့ ညီမလေးအကောင့်ကိုတွေ့မိတာပါ လူ့ကိုထူပူသွားတာပါပဲ ကျွန်တော်ကအမှားလုပ်ထားတဲ့သူလေ ခြေထောက်ကအနာရော စိတ်ထဲကစိုးရိမ်မိတာရောက ရောထွေးကုန်ပါရော
ကျွန်တော်မကောင်းဘူးဆိုတာသိပါတယ် ကျွန်တော်လည်းလုံးဝမကြိုက်ပါဘူး ဘယ်လောက်တောင်မကြိုက်လည်းဆိုရင် အဲ့လိုလူမျိုးနဲ့နေရမှာစိုးလို့အလုပ်တောင်ထွက်မိပါတယ် အဲ့ဒီ့အချိန်မှာလည်းနင်ကရောလူကောင်းလားလို့မေးမိပါတယ်
ကျွန်တော်မကောင်းပေမယ့် ကာယကံရှင်ကိုရော သက်ဆိုင်သူတဖက်သားကိုရော မထိခိုက်စေချင်တာ စပြီးဖက်တွယ်မိတည်းက ကျွန်တော်မှန်သောစကားကိုဆိုမိတာပါ
တကယ်မောတယ်ဗျာ လူမောစိတ်မောဖြစ်ရပါတယ်ဗျာ ခင်ဗျားကိုသေးသေးလေးတောင် ထိခိုက်မခံစေချင်ဘူးဗျ ညီမလေးကိုလည်းထိခိုက်မှာကို စိုးရိမ်မိပ်တယ် ကျွန်တော့်လုပ်ရက်တွေက ထိခိုက်သွားမယ်လို့ထင်မိပါတယ်
မနေ့ညကလည်း ခြေထောက်တအားနာနေတာတောင် ဆေးမသောက်မိဘူး တနေ့လုံးနေတာတောင် ထမင်းတနပ်မစားဖြစ်ဘူး အစာမရှိတော့ဆေးမသောက်ရဲဘူး ဒေါ်သောင်းစိန်တွေတညလုံးလူးထားမိတယ်
အနာအရှိန်နဲ့လူကချမ်းလာပြီး အဖျားတက်နေတာတောင် ဆေးထမသောက်မိဘူး စိတ်တွေကရှုပ်ထွေးနေမိတာလေ ကျွန်တော်မှားမှန်းသိတယ် ရပ်တန့်ဖို့လည်းအများကြီးကြိုးစားမိခဲ့ပါတယ် အဲ့လိုကြိုးစားခဲ့ပြီးရင် အရင်အခြေအနေထက်အဆပေါင်းများစွာ ပိုပိုပြီးဆိုးလာမိတာကို ကျွန်တော်ကြောက်နေမိတာပါ
မိန်းမဖြစ်ပြီးဘယ်လောက်တောင် ရွံ့ဖို့ကောင်းလည်းဆိုရင် တစ်ခါရပ်တန့်ပြီးရင်နောက်တစ်ခါကျရင် အရှက်သိက္ခာမကျန်တော့လောက်အောင် ဖက်တွယ်မိတာဖက်တွယ်ထားတာ မပြောရဲတဲ့အသုံးအနှုန်းမကျန်လောက်အောင် ပြောနေမိတာ ကျွန်တော်ရှက်မိပါတယ်ဗျာ
ညကတော်တော်နဲ့မအိပ်ဘူး သီချင်းတွေနားထောင်မိတော့လည်း တလွဲတွေကြီးပဲ စိတ်နဲ့ကိုယ်နဲ့မကပ်တာရော အနာအရှိန်ကြောင့်ရော သူခိုးလူမိသလိုခံသားချက်ကြီးဖြစ်နေတာရော ပင်ပန်းနေတဲ့အချိန် ကျွန်တော့်ကြောင့်စိတ်အနှောက်အယှက်ဖြစ်သွားရတဲ့ ခင်ဗျားကိုစိတ်ပူမိနေတာရော
ဟာဗျာ ဘာမှမပြောတက်တော့ပါဘူးဗျာ
ကျွန်တော့်စိတ်ကလေးကို ကြိုပြီးတော့ပြင်ဆက်ထားရတော့မယ် အရာရာတိုင်းကိုလက်ခံပေးနိုင်ဖို့အတွက်ပါ
နေ့တိုင်းဖုဌဿဂါထာတော် ၁၀၈ခေါက်ရွတ်ပြီး အေးချမ်းသောစိတ်နှလုံးကိုပိုင်ဆိုင်ရပါစေလို့ ဆုတောင်းနေပေမယ့် အခုထိကျွန်တော်ပူလောင်နေမိသေးပါတယ်ဗျာ။

No comments:
Post a Comment