ဒီတစ်ခါတွေ့ရင်တော့ တစ်ညလုံးမအိပ်ဘဲ
၄နှစ်စာအတွက် ခင်ဗျားလေးကို
စိတ်တိုင်းကျ တဝကြီးနမ်းပြစ်အုန်းမယ်ဗျာ..
16th Nov 2025.
၆လကျော်စာတစ်လုံးမျှမပိုဖြစ်အောင် တောင့်ခံနိုင်ပြီးတော့ တစ်ရက်လောက်စာမပို့ရတာကို ကျွန်တော့်မှာမအိပ်နိုင်ဘဲ ယောက်ယက်ခက်နေခဲ့မိပါတယ်
ဒီလူမှဒီလူ့ကိုပဲ အဖြစ်သည်းလွန်းခဲ့တဲ့ တစ်သတ်မှတ်တည်းစွဲလန်းတက်လွန်းတဲ့ ကျွန်တော့်ဘာသာ အကြိမ်ကြိမ်အခါခါ မုန်းတီးခဲ့မိပါတယ်
11th Dec 2025.
နေ့လည်၂နာရီတောင်မထိုးသေးဘူး သတိရနေမိပြန်ပြီ ဟူး ဒီသံသရာကြီးထဲမှာ ပျော်ပျော်ကြီးနစ်နစ်ဝင်သွားမိတာ ကျွန်တော်ပါပဲဗျာ
Tarot reading လေးတစ်ခုဖတ်ပြီး အရမ်းငဘောကျလို့ share ထားလိုက်မိတယ် ချစ်ပ ဆိုတဲ့ စာသားလေးတစ်လုံးကိုတောင်မျှ ၄နှစ်ကျော်ပြီးမှ ကျွန်တော်ပိုင်ဆိုင်ခဲ့ရတာပါ
အဲ့လိုဖက်တွယ်မိနေလို့လည်း ကျွန်တော်ရပ်တန့်နိုင်ဖို့ကြိုးစားမိလေ ခင်ဗျားကိုဆထပိုးပြီးဖက်တွယ်မိလေပါပဲဗျာ။
12th Dec 2025.
လွမ်းတယ် ကိုကို
🥺
အလုပ်များနေတာကိုသိတော့ စိတ်ပူမိတယ် စာပို့ချင်ပေမယ့်လည်းမပို့ရဲသေးဘူး နေကောင်းအောင်နေပါနော် အစစအရာရာအကုန်လုံး အောင်မြင်ချောမွေ့အဆင်ပြေပါစေရှင်
Internet ဖွင့်တာနဲ့ ခင်ဗျား အကောင့်လေးဝင်ကြည့်ဖြစ်တယ် post လေးတင်ပေးထားတာမြင်မှ စိတ်အေးသွားရပါတယ်
အရေးကြီးတဲ့အချိန်တိုင်း ဘာမှမတင်တက်တဲ့သူဖြစ်လို့ အဲ့လိုနေ့မျိုးတွေဆိုရင် ကျွန်တော်စိတ်ပူနေမိပါတယ် စိတ်ပူတာကိုမကြိုက်မှန်းသိလို့ ညိမ်ညိမ်လေးပဲနေပေးမိပါတယ်
အကူအညီမဖြစ်ခဲ့ရင်တောင် အနှောက်အယှက်မဖြစ်စေတဲ့အတွက် ကျွန်တော်လုပ်ပေးနိုင်တဲ့ သဲတစ်ပွင့်စာအပြုအမူလေးပါဗျာ
ဂရုစိုက်ပါနော် တဖွဖွဖွင့်မပြောရပေမယ့် တဖွဖွပြောချင်ခဲ့တဲ့စကားလုံးတွေပါဗျာ။
13th Dec 2025.
နေ့လည်ခင်းမှာ လမ်းဘေးခွေးသုံးကောင်ကို လမ်းအလည်ကအဒေါ်က ပရဟိတနဲ့ချိတ်ဆက်ပြီးသားကြောဖြတ်တာ တစ်ကောင်ကအားနည်းနေတော့ ဆိုင်နားမှာထားရင်းသွေးမတိတ်တော့ သူများအပူကိုယ့်အပူဖြစ်ပြီး တညနေခင်းလုံးဗျာများနေတာနဲ့ စျေးလည်းမရောင်းနိုင် နေ့လည်စာလည်းမစားဖြစ်
ညနေ၅နာရီကျော်ကနေ ည၈နာရီခွဲအထိ ဝယ်သူမပြတ်တော့လည်း ဘုရားလည်းမရှိခိုးဖြစ် ခင်ဗျားကိုသတိရပေမယ့် ဝင်မကြည့်မိပါဘူးဗျာ
ည၉နာရီအိမ်ပြန်ရောက်ပြီး ၉နာရီခွဲကျော်တည်းက ခင်ဗျားရှိမလား စောင့်နေမိတာ ည၁၂နာရီကျော်သွားတယ် ခင်ဗျားမရှိပြန်ဘူး အလုပ်များနေမှာသိတော့ စိတ်ပူမိပြန်တယ်
အစစအရာရာအကုန်လုံး ဂရုစိုက်ပေးပါဗျာ ဆင်သွားရင်လမ်းဖြစ်မယ့်သူမို့လို့ အကုန်လုံးအောင်မြင်မယ်လို့လည်း တကယ်ကိုယုံကြည်ထားပါတယ်။
🙏
14th Dec 2025.
ည၁နာရီကျော်ကြီး မအိပ်နိုင်သေးဘဲ ထမင်းမှသေချာစားရပါ့မလား တနေ့ကို၃၊၄နာရီလောက်များ အိပ်ရပါ့မလား စိုးရိမ်နေမိပြန်တာတယ် ကျွန်တော်ဘာမျှမလုပ်ပေးနိုင်တာမှန်ပေမယ့် တကယ်ကူလို့ရတာရှိရင် ကူပေးချင်ပါတယ်ဗျာ
အိပ်မပျော်ဘဲနဲ့ စောစောနိုးလာတယ် 3minutes ago ဆိုတော့ တော်ပါသေးရဲ့ပေါ့ ပြန်အိပ်ခါနီး online ဖြစ်နေတော့ စာမပို့ရဲတာနဲ့ online လေးကိုဝင်ချီထွက်ချီလုပ်ပြီး ကြည့်နေမိရင်း တစ်ယောက်ထဲပြုံးနေမိပါတယ်
ခင်ဗျားကထင်မှာပဲနော် စာမပို့ဘူးဆိုပြီးတော့ အနှောက်အယှက်ဖြစ်မှာစိုးလို့ ကျွန်တော်စာမပို့သေးတာပါ
🥺
ဒီညလည်းည၁၂နာရီကျော်ပြန်ပြီ online ဖြစ်နေလည်းစာပို့မိမှာမဟုတ်တာကို စောင့်နေမိပြန်ပါပြီ အလုပ်များတာသိနေတော့ စိတ်ပူမိတာကိုမတားစီးနိုင်ပြန်ပါဘူး
အန္တရာယ်ကင်းဘေးရှင်းမှာကို ယုံကြည်ထားတဲ့အတွက် အစစအရာရာအကုန်လုံး အောင်မြင်ချောမွေ့ အဆင်ပြေမှာပါ။
15th Dec 2025.
ည၁နာရီထိုးတော့မှာဖြစ်လို့အိပ်တော့မယ် မမြင် မတွေ့ရပေမယ့်လည်း ဒီလူဆိုတာကိုပဲ ကျွန်တော်ကဖက်တွယ်နေမိတာလေဗျာ
လွမ်းတယ်
ခင်ဗျားကတော့ထက်မှာပဲ ဘာဖြစ်ပြန်လို့စာမပို့ရတာလည်းဆိုပြီး ကျွန်တော်ပို့ထားတာတွေကိုမှ ခင်ဗျားကမဖတ်ဘဲဖျက်ပြစ်တာကို
ဒီညလည်း ည၉နာရီအိမ်ရောက်တာနဲ့ line ဖွင့်ပြီးထမင်းစား မနက်ဆွမ်းချက်ဖို့အတွက် ကြက်သွန်ဖြူနီနွှာ အာလူးအခွံသင်ပြီးတော့ ည၁၀နာရီထိုးသွားရော online ဖြစ်နေပေမယ့် စာမပို့ဖြစ်ခဲ့ပါဘူး
fb ကိုဝင်ကြည့်တော့မှ post တင်ထားတာတွေ့မိတော့ စိတ်မကောင်းဖြစ်ရပြန်ရော အစားလည်းကောင်းကောင်းမွန်မွန်မစားရ အိပ်ချိန်လည်းမရတဲ့ဘဝမှာ ဘယ်လောက်များကြာအုန်းမှာလည်းဗျာ
ဟူး မောပါတယ်ဗျာ မီးကျောင်းမင်းကို ကျွန်တော်တစ်ယောက် ရေခင်းပြမိပြန်ပါပြီဗျာ
အစစအရာရာအကုန်လုံး ဂရုစိုက်ပေးပါဗျာ။
🙏
16th Dec 2025.
ဒီညစာမရေးနိုင်တော့လို့ စိတ်မဆိုးပါနဲ့
အစစအရာရာဂရုစိုက်ပေးပါနော်။
17th Dec 2025.
နေ့လည်ကဆိုင်မှာထိုင်နေရင်းနဲ့ Fb ဝင်ကြည့်တော့ မနက်ကတင်ထားတဲ့ post တွေ့ပြီးအများကြီးစိတ်မကောင်းဖြစ်ရပါတယ် မျက်ရည်မကျမိပေမယ့် ၂၀၂၃ခုနှစ်ကသာ ငါလောက်လောက်လားလားအကူအညီပေးနိုင်ခဲ့ရင် အခုလိုပင်ပန်းခက်ခဲနေရမှာမဟုတ်ဘူးလည်း တွေးမိပြန်ပါတယ်
မိကျောင်းမင်းကို ရေခင်းထပ်ပြမိပြန်ပါပြီ အစစအရာရာအကုန်လုံးသတိထားပေးပါနော် အမြဲတစေသတိရှိတဲ့သူဆိုတာသိပေမယ့်လည်း ပိုပြီးတော့သတိထားပေးပါဗျာ
ကျွန်တော်နဲ့မတွေ့ရရင်လည်းနေပါဗျာ ခင်ဗျားတစ်ယောက် သက်တောင့်သက်သာနေရဖို့ကို တကယ်ကိုမျှော်လင့်မိပါတယ်
၂၇ရက်နေ့အဘိုးကုစီရောက်ခဲ့ရင် အဲ့ဒီ့ဆုကိုလည်းတောင်းပေးခဲ့ပါမယ် ကျန်းမာချမ်းသာပျော်ရွှင်အေးချမ်းစွာဖြင့်မိသားစုနဲ့အမြန်ဆုံး ပြန်လည်ဆုံစည်းခွင့်ရပါစေဆိုတဲ့ဆုကို တောင်းပေးခဲ့ပါမယ်။
🙏🙏🙏
18th Dec 2025.
ဒီနေ့ညညစင်ထရယ်သွားဖြစ်တယ် ခင်ဗျားကတော့ကျွန်တော့်ကိုအပြစ်တင်မှာပဲနော် တင်လို့ရပါတယ်ဗျာ ကျွန်တော်ကပျော်နေမိတာကို
စာမပို့ရတာကြာတော့ လူကစိတ်လွတ်နေမိတယ် ဒါပေမယ့်လည်း အနှောက်အယှက်ဖြစ်မှာစိုးလို့ ဆယ်ရက်တိတိစာမပို့သေးပါဘူးဆိုတဲ့ ကျွန်တော့်စကားရယ် အခုအချိန်မှာတကယ်ကို အလုပ်များနေရတဲ့ခင်ဗျားအခြေအနေကြောင့် ည၁နာရီကျော် ၂နာရီအထိမအိပ်နိုင်တာတောင် ကျွန်တော်စာမပို့ခဲ့ပါဘူး
ခင်ဗျားကထင်မှာပဲနော် ကျွန်တော်ပြောင်းလဲသွားပြီလို့ ၄နှစ်ကျော်၅နှစ်နီးပါး ဖက်တွယ်ခဲ့တဲ့လူတစ်ယောက်ကို လွယ်လွယ်နဲ့သာမေ့ပျောက်နိုင်ရင် ကျွန်တော်ဘာလို့နာကျင်တာကြီးကိုခံစားနေမလားဗျာ
ဒီလူမှဒီလူပါလို့ ကျွန်တော့်ကိုယ်ရောစိတ်ပါ နစ်မြုပ်ထားတာဖြစ်လို့ ခင်ဗျားကလွဲရင် ဘယ်ယောင်္ကျားသားကိုမျှ ချစ်သူ၊လင်ယောင်္ကျားလို့လက်ခံပေးလို့မရသလို ကျွန်တော့်စိတ်ရောကိုယ်ပါသတ်မှတ်ပေးလို့မရဘူးဗျ
ခင်ဗျားကယုံမှာမဟုတ်ပါဘူး ၄၊၅၊၆လအဆက်အသွယ်ပြတ်သွားပြီးလို့ ကျွန်တော့်ဘက်ကနေပြန်ဆက်သွယ်တာတောင်မှ ဘဲရနေပြီးမလား မေးတက်တဲ့သူမျိုးလေဗျာ
ဆက်မရေးတော့ပါဘူးဗျာ စိတ်ရောလူရောပင်ပန်းနေတဲ့သူကို စိတ်ဒဏ်ရာတွေမပေးရက်ပါဘူးဗျာ
တကယ်ကိုလွမ်းတယ် ကျွန်တော်မတွေ့ရရင်နေပါစေလို့ ပြောခဲ့မိပေမယ့် အများကြီးတွေ့ချင်နေတယ် ခင်ဗျားရင်ခွင်ထဲတိုးပြီးအိပ်ချင်တယ်
ဟူး မလွယ်ပါဘူးဗျာ ဒီလူမှဒီလူဖြစ်နေတာ ကျွန်တော့်ဘာသာတော့အံသြယူမိပါတယ် ကြင်ကြင်နာနာယုယုယယလေးများ ခင်ဗျားဘက်ကနေဆက်ဆံခဲ့မိရင် ကျွန်တော်ရူးသွားလိမ်းမယ်ထင်ပါတယ်
နွေးနွေးထွေးထွေးနေ နေကောင်းအောင်နေပေးပါနော် ကျွန်တော်ကစိတ်ပူနေတာကလွဲရင် ဘာတစ်ခုမျှမလုပ်ပေးနိုင်လို့ အများကြီးစိတ်မကောင်းဖြစ်ရပါတယ်
ကျွန်တော်ချစ်တဲ့ ဆင်ကြီးကသွားရင်လမ်းဖြစ်တဲ့သူမို့လို့ အစစအရာရာအကုန်လုံး အဆင်ပြေချောမွေ့အောင်မြင်မယ်ဆိုတာ ယုံကြည်ပါတယ်ဗျာ။
🙏🙏🙏
19th Dec 2025.
online လေးကိုငေးကြည့်ရင်း ခင်ဗျားကိုလွမ်းနေရတဲ့ဘဝ
ရာသီဥတုကမတအားကြမ်းတော့ ကျန်းမာရေးဂရုစိုက်ပေးပါဗျာ
လွမ်းတယ် နွေးနွေးထွေးထွေးလေးဖြစ်သွားအောင် တအားဖက်ထားချင်လိုက်တာ အခုညဆောင်းက ရန်ကုန်မှာနည်းနည်းပြန်အေးလာတယ် အဲ့ဘက်မှာတော့မတအားအေးမင်ထင်ပါတယ်
အချိန်ရရင်ထမင်းပူပူဟင်းပုပူလေးစား ကော်ဖီပူပူလေးသောက်ပေးပါနော် မှာသာမှာရသာအချိန်ရအုန်းမှလေ စကားတွေသာတွတ်ထိုးပြောနေမိတာ ဘာတစ်ခုမျှမလုပ်ပေးနိုင်သေးဘူးလေ
online မှာမရှိတော့ပြန်ဘူးဆိုတော့ အလုပ်များနေမယ်ထင်ပါတယ် အစစအရာရာအကုန်လုံး ဂရုစိုက်ပေးပါနော် ဘေးဘယာကင်းဝေးတဲ့သူဖြစ်လို့ ကြံစည်လုပ်ဆောင်သမျှ အစစအရာရာအကုန်လုံး အောင်မြင်ချောမွေ့အဆင်ပြေမယ်ဆိုတာ တကယ်ကိုယုံကြည်ထားပါတယ်ဗျာ။
🙏🙏🙏
20th Dec 2025.
🌻 လွမ်းတယ် ကိုကို။

No comments:
Post a Comment