A4 မှာ အလုပ်စဝင်တဲ့နေ့ မနက်ဖြန်ကျောင်းစဖွင့်မှာဆိုတော့ Rush ဖြစ်နေလို့ နောက်တပတ်ပိတ်ရက် စနေနေ့ကျမှပဲ ၁၄လမြောက်အပြီးမှာ လုပ်ငန်းခွင်စဝင်တဲ့အကြောင်း post တင်တော့မယ်ဗျာ။
Good luck, Khin.
၁၄ရက် မေလ ၂၀၂၅ခုနှစ် မနက်၆နာရီ A4 IGCS School မှာ အလုပ်စဝင်ဖို့ ကာလနဂါးမတစ်ကောင် အိပ်ယာစောစောထရပါပြီ
မနက်၅နာရီခွဲကျော်ထဲက ဝီရိယကောင်းတဲ့ဦးလေးအငယ်ရယ် အဖေရယ်က နှိုးနေတာပါ
စကားဝါလမ်းကကျောင်းကို မနက်၉နာရီအမီရောက်ဖို့ အိမ်ကနေ မနက်၇နာရီ၄၅မိနစ်ထွက်ဖို့ ကြိုစီစဥ်ထားတာပါ ၈ရက်နေ့အင်တာဗျုးသွားဖြေတုန်းက မိနစ်၄၀ အလုပ်ချိန်က 10am to 7pm ဖြစ်လို့၁၂ရက်နေ့ 9am to 6pm Requested လုပ်တုန်းကလည်း ၃၅မိနစ်ဆိုတော့ ၁နာရီနဲ့၁၅မိနစ်အချိန်ယူရင် လုံလောက်မယ်ထင်ခဲ့မိတာပါ
ဆက်ရန်။
မနက်၇နာရီ၄၅မိနစ်မှာ အိမ်ကနေထွက်ခဲ့ပါတယ် ကားဂိတ်နဲ့သိပ်မဝေးလှတော့ ၃မိနစ်လောက်ပဲလျှောက်လိုက်ရပါတယ် ၂မိနစ်ကျော်မှာ ကားနံပါတ်၃၅လာတော့ လူကြပ်ကြပ်ကိုတိုးစီးပြီး လိုက်လာမိရော
တကယ်ကိုငါးပိသိပ်ငါးချဥ်သိပ်စီးရတာပါဗျာ ဆင်းသူမရှိတဲ့ကားမှာ လုပ်ငန်းခွင်အချိန်မီဝင်နိုင်ဖို့ မှတ်တိုင်အစိတိုးတက်လာတဲ့လူတွေများ ထိုင်ခုံရတဲ့သူတွေတောင် လူပိခံရတဲ့အထိပါပဲဗျာ
လမ်းဝမှတ်တိုင်ရောက်လို့ နာရီကိုကြည့်မိတော့ ၈နာရီ၁၅မိနစ် ဘုရားရေနာရီဝက်ကိုလမ်းဝတင်ပဲရှိသေးတယ် ဘုရားစာရွတ်နေရင်းစိတ်လျော့ထားလိုက်ရတယ် ၈မိုင် ၇မိုင် တံတားဖြူ နောက်ထပ်နာရီဝက်ထပ်ကုန်သွားပြီ အလုပ်ဝင်ရဖို့ ၁၅မိနစ်သာလိုတော့တယ် မတက်နိုင်ဘူးမာလာမှတ်တိုင်မှာ ကားပေါ်ကလူအုပ်ကြီးနဲ့အတူတိုးဆင်းပြီးတော့ Taxi ငှားလိုက်ရတယ်
Taxi ယာဥ်မောင်းကိုရှင်းပြပေးတော့ ကားလမ်းကြပ်နေတဲ့ကြားက အချိန်မီမောင်းပေးခဲ့လို့ A4 School ကိုအချိန်မီရောက်ခဲ့ရပါတယ်ဗျာ
ဆက်ရန်..

No comments:
Post a Comment