Let the past.


 



၈ရက်နေ့တည်းက ကျွန်တော်ဒီ post ကို စရေးထားတာပါ နောက်နှစ်ဒီအချိန်လောက်ဆိုရင် ကျွန်တော်ချစ်ရတဲ့သူ တစ်ယောက်ယောက် ဒါမှမဟုတ် ကျွန်တော့်ကိုချစ်မည့်သူ တစ်ယောက်ယောက် တွေ့ရှိနိုင်မယ်လို့ပဲမျှော်လင့်ထားပါတယ်။



အနည်ထိုင်သွားတာလည်းမဟုတ်ပါဘူး အသားကျသွားတာလည်းမဟုတ်ပါဘူး ခင်ဗျားလည်းပြန်မလာတော့ဘူးဆိုတာ ကျွန်တော်သိထားပါတယ် ကျွန်တော်လည်း လေးနှစ်တာကာလမှာ အကြောင်းပြချက်တစ်ခုမျှမဆိုဘဲ ကျွန်တော့်ကိုမျက်ရည်ခဏခဏကျစေခဲ့တဲ့ ယောင်္ကျားတစ်ယောက်ကို ဒီထက်ပိုပြီးတော့မစောင့်မျှော်တော့ပါဘူး။



ဒါကြောင့်မို့ ဒီ post က အတိတ်ကိုလွမ်းယုံသပ်သပ်တစ်ခုနဲ့သာ ကျွန်တော်ရေးသားဖြစ်တာပါ အနည်မထိုင်သေးတဲ့အချိန်မှာ ဒဏ်ရာသက်သာစေဖို့အတွက် အတိတ်ကိုတော့ ကျွန်တော့်ကိုကျွန်တော် လွမ်းခွင့်ပြုပေးထားပါတယ်ဗျာ။



၂၀၂၁ခုနှစ် မေလ ၁၈ရက်နေ့ ၁မိနစ်၅၅စက္ကန့် live လေးတစ်ခုက ကျွန်တော့်ဘဝကိုပြောင်းလဲသွားစေခဲ့ပါတယ် အဲ့ဒီအချိန်ကအစပျိုးခဲ့တဲ့ တဖက်သက်ချည်နှောင်မိတဲ့ကြိုးဟာ တကယ်ကိုနာကျင်စေခဲ့လွန်းလို့ ဘယ်နှစ်ကြိမ်မြောက်များကျွန်တော်လွှတ်ချခဲ့မိမှန်းကို မမှတ်မိနိုင်တော့ပါဘူး



တဖက်သက်ဆွဲထားရတဲ့ကြိုးဖြစ်တော့ အစတည်းကပြေလျော့နေရတာပါ အဲ့ဒါကိုပဲ အဖန်ဖန်တလဲလဲ နှောင်ဖွဲ့မိတဲ့ ကျွန်တော်သာအပြစ်ရှိသူပါ 



ယောင်္ကျားတစ်ယောက်ကို နှစ်နှစ်ကာကာချစ်မိလို့ နာကျင်ရတဲ့အချိန်တိုင်း ငါ့မေတ္တာကမစင်ကြယ်လို့သာဆိုပြီး ကျွန်တော့်ဘာသာပဲ အပြစ်တင်ခဲ့မိပါတယ်



မေတ္တာဆိုတာ အသွားအပြန်ရှိတက်တာဖြစ်လို့ ကျွန်တော့်မေတ္တာသာဖြူစင်ခဲ့လျင် ရေကန်ကြီးလောက်ချစ်ပေးခဲ့ရတာအတွက် ရေအိုးလောက်ပမာဏတော့ ပြန်အချစ်ခံရမယ်ထင်ပါတယ်ဗျာ



ခင်ဗျားလည်းပြန်မလာတော့သလို ကျွန်တော်လည်းမစောင့်စားတော့ပါဘူး စိတ်ကလေးသက်သာဖို့အတွက် ရေးနေတာဖြစ်လို့ ကျွန်တော့်စာတွေက အနည်မထိုင်ခြင်း အသားမကျခြင်း အနာမကျက်သေးခင်အချိန်အထိတော့ အတိတ်မှာပဲရှိနေအုန်းမှာပါဗျာ



တနေ့တော့ နေသာနေတဲ့ကောင်းကင်ပြာကြီးကို မော့ကြည့်ပြီးတော့ ခင်ဗျားလည်းအဆင်ပြေပါစေ ကျွန်တော်လည်းအဆင်ပြေပါတယ်ဆိုတာကို နှောင်ဖွဲ့ခြင်းကင်းမဲ့တဲ့ ဖက်တွယ်ခြင်းကင်းမဲ့တဲ့ စိတ်ကလေးမျိုးနဲ့ ပြုံးပြုံးကြီး​ပြောနိုင်မှာပါ။



8th May 2025.

10:17pm

No comments: