အစ်မကိုအိုမန်ကနေကယ်ထုတ်နိုင်ဖို့အတွက် တိုက်ခန်းလေးကိုယ်တိုင်ရောင်းပါတယ် ဝယ်သူညီမလေးလင်မယားက မြန်မာ+အစ္စလာမ် ဘာသာခြားဖြစ်နေလို့ အိမ်လာကြည့်ပြီးပြန်သွားတဲ့ ၃ရက်နေ့ညမှာ ၄လွှာက မြေရှင်ကိုသွားမေးတော့ ဘာသာခြားလည်းရပါတယ်တဲ့ မြေရှင်လက်မှတ်ထိုးခတော့ ကာလပေါက်စျေးလို့ပြောပါတယ်
နောက်ရက် ၄ရက်နေ့မနက်၁၁နာရီလောက်မှာ ဝယ်သူညီမလေးကို ဘာသာခြားရတယ်အကြောင်းပြန်လိုက်တော့ ညနေ၄နာရီ အိမ်ထပ်လာကြည့်ပြီး အရောင်းအဝယ် confirm ဖြစ်သွားပါတယ်
၅ရက်နေ့ကျတော့ ဘာသာခြားဆိုတာ အစ္စလာမ်မပါပါဘူး ကျန်တဲ့ဘာသာတွေကိုပြောတာပါဆိုပြီး ကန့်လန့်တိုက်ကြပါလေရော ဒါတောင်အိမ်ရောင်းရတဲ့တန်ဘိုးကနေ သူတို့ကို ၂% ပေးရမှာနော်
အဲ့ဒါကို အုပ်ချုပ်ရေးမှူးကို နေ့လည်၁၁နာရီခွဲကျော်မှာဘာသာခြားရတယ်ပြောလို့ စရန်ယူပြီးမှဘာသာခြားဆိုတာအစ္စလာမ်မပါပါဘူးလို့ ငြင်းဆန်နေလို့ ကျွန်တော်တို့စရန်၂ဆလျော်ပေးရမယ့်ကိစ္စအတွက်တိုင်ကြားတော့ မြေရှင်ကလက်မှတ်မထိုးပေးရင်တောင် ကျွန်တော်လက်မှတ်ထိုးပေးပြီး ဖြေရှင်းပေးပါမယ်ပြောလို့ အစ်မကိစ္စအခက်အခဲကြောင့် ရောင်းချရတာဖြစ်ကြောင်းကို လူကြီးတစ်ယောက်အနေနဲ့ ယုံကြည်ပြီးဖွင့်ဟပြောပြခဲ့မိတာ ကျွန်တော့်အမှားပါ
နေ့လည်၂နာရီရပ်ကွက်ရုံးကိုခေါ်ပြီး အစည်းအဝေးရှိလို့နေ့လည်၃နာရီမြို့နယ်ရုံးကပြန်လာပြီး ဘယ်လိုဖြေရှင်းပေးလည်းဆိုတော့
မြေရှင်သားအဖနဲ့သူတို့အမျိုးကို အရင်ခေါ်တွေ့ပြီး အစ်မကိစ္စကိုမောင်းထုကြော်ငြာလိုက်တဲ့အပြင်ဘာသာခြားဆိုတာကိုသူတို့မသိပါဘူး မြေရှင်ခအတွက်ပဲသူတို့ကိုအကျိုးအကြောင်းလာမေးတာပါဆိုတဲ့စကားကို တစ်ဖက်သက်လက်ခံပေးပြီး
အိမ်ဝယ်မယ့်ညီမလေးလင်မယားကို တစ်နှစ်ပဲနေထိုင်ခွင့်ပေးပါမယ် တစ်နှစ်နေပြီးတာနဲ့တိုက်ခန်းကိုပြန်ရောင်းပေးရပါမယ်ဆိုတဲ့ ဝန်ခံကတိနဲ့ရောင်းမှရပါမယ် ဖြေရှင်းချက်ကချီးကျူးစရာပါဗျာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ငွေကျပ်၁၂၆၅သိန်းတန် အိမ်ဝယ်ပြီးတော့ သူ့ကိုယ်ပိုင်အိမ်မှာ တစ်နှစ်သာနေပြီးတော့ပြောင်းပေးရမယ်ပေါ့ ယူထားတဲ့ရာထူးမျှအားမနာစကားကိုလက်လွတ်စပါယ်ပြောလိုက်တာ
ရပ်ကွက်ရုံးခန်းထဲမှာသူတို့တွေ လက်ဝါးရိုက်နေတာကိုအတိုင်းသားကြားနေရတော့ အုပ်ချုပ်ရေးမှူးဆိုတာကို ယနေ့ပြည်သူတွေယုံကြည်အားကိုးမှုမရှိတာကို နားလည်လိုက်တာပါ ငါလည်း ၂၀၂၁ခုနှစ်ထဲက သူတို့လိုရဲရဲတောက်ပြခဲ့ရပြီး ဖဲဝိုင်းထောင်ဖို့ နှစ်လုံးထီရောင်းဖို့ လိုင်းကြေးပေးထားရမှာဆိုပြီးနောင်တရမိသွားတာပါ
အုပ်ချုပ်ရေးမှူးဆိုသူက ဖြစ်ကြောင်းကုန်စင်ပြောပြမိတဲ့ ကျွန်တော်တို့ကိုခပ်ရိုင်းရိုင်းပြောပြရရင် ဘောပဲဟဆိုပြီး နင်တို့တိုင်ချင်ရာတိုင်လို့မပြောယုံတမယ်ပါပဲ ကျေးဇူးတွေတင်လိုက်ရတာ ကိုယ်တွေကလည်းပိုက်ဆံမရှိလို့အိမ်ရောင်းပါတယ်ဆိုတော့ သူ့ကိုလည်းရေမလောင်းနိုင်သေးဘူးလေဗျာ ကြိုပြီးရေလောင်းရမှာကိုမသိတော့ခံလိုက်ရတာပေါ့ဗျာ
ရန်ကုန်သူရန်ကုန်သားစစ်စစ် အစ္စလာမ်ဘာသာဝင် ယုဇနပလာဇာမှာအထည်ဆိုင်ဖွင့်ထားတဲ့ ညီမလေးလင်မယားကိုတော့မရဘူးပြောပြီး AA တွေကို အခန်းဝယ်ပြီးဗြောင်သွင်းနေတဲ့ တိုက်ခန်းတွေကိုတော့ လက်ကြိတ်ထိုးခွင့်ပြုပေးထားတာတွေ
စားသောက်ဆိုင်ဆိုတာကိုဗန်းပြငှားထားပြီး ဆိုင်ပိုင်ရှင်ဆိုသူက ပုသိမ်ဘက်ကနေပင်လယ်စာဝယ်ဖို့သွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ AA တွေအတွက်လမ်းကြောင်းဆွဲပြီး လူခေါ်သွင်းနေတာတွေ ကိုယ်လိုအရပ်သူတောင်သိနေမြင်နေတာကို မသိဘူးဆိုတော့ဟုတ်ပါ့မလား
ဒါပေမယ့်ပါးစပ်ပိတ်နေပါတယ် သက်ဆိုင်ရာကို နာမည်တပ်ပြီးတိုင်ကြားဖို့မပြောရဲပါဘူး ကိုယ့်အိမ်မှာအသက်နှစ်ဆယ်ကျော်အရွယ်တူမနဲ့ အသက်နှစ်ဆယ်မပြည့်သေးတဲ့တူတစ်ယောက်ရှိတော့ တိုင်လိုက်ရင်အတေးအမှတ်ထားပြီး Pdf အမည်တပ်ပြီးလုပ်ကြံခံရမှာကြောက်လို့ပါခင်ဗျ
မှန်မှန်ကန်ကန်လုပ်ငန်းလုပ်ကိုင်နေတဲ့ အစ္စလာမ်ဘာသာဝင်ကိုကြတော့ တရားဝင်နေထိုင်ခွင့်တားမြစ်ပြီး တိုင်းပြည်ဖျက်မယ့် AA တွေကိုကျတော့ မသိကျိုးကျွန်ခွင့်ပြုပေးထားတာကို သိနေမြင်နေတော့ အဲ့လိုအုပ်ချုပ်ရေးမှူးမျိုးတွေကြောင့်သာ တိုင်းပြည်ကပျက်စီးနေတယ်ဆိုတာသိလိုက်ရတာပါ အုပ်ချုပ်ရေးမှူးတွေကတော့ AA BB မစဥ်းစားပါဘူး ဆွေစဥ်ခုနှစ်ဆက်အတွက် ရသမျှကိုသိမ်းဆည်းနေကြတာပါ
အဖက်ဖက်ကနေညှိနှိုင်းပေးပြီး ဘယ်လိုမျှမပြေလည်နိုင်တော့တဲ့အတွက် ဝယ်ယူဖို့ဖျက်သိမ်းလိုက်ရပေမယ့်ညီမလေးတို့ရဲ့စိတ်ရှည်သည်းခံပေးမှုကို ကျေးဇူးတင်ရပါတယ်
ဗုဒ္ဓဘာသာဝင်ဖြစ်ပြီးပထမဆုံးအကြိမ် စိတ်ထားဖြူစင်တဲ့ ညီမလေးတို့လင်မယားကို တကယ်ကိုရှက်ရွံမိပါတယ် လူသားချင်းကိုယ်ချင်းစာနာပြီး စာနာမှုပေးခဲ့တဲ့အတွက် တကယ်ကိုကျေးဇူးအများကြီးတင်ရပါတယ်။

No comments:
Post a Comment