နေမကောင်းမဖြစ်ချင်ပါဘူး ခင်ဗျားကိုသတိရစိတ်က ပိုပြီးဆိုးလာလို့ပါ ခင်ဗျားကို မုန်းတာလည်းမဟုတ်ဘူး မေ့လိုက်တာလည်းမဟုတ်ပါဘူး ခင်ဗျားရွေးချယ်သွားတဲ့လမ်းက ကျွန်တော့်အတွက်မှန်တယ်လို့ပဲ လက်ခံထားလိုက်ပါပြီ။
ခန္ဓာကိုယ်ကို အစားနဲ့မတည်ဆောက်ပဲ အိပ်ချိန်နဲ့တည်ဆောက်မိလို့ နှစ်လကျော်လာတဲ့အချိန်မှာ ဇရာကသတိပေးလာတယ်
အားဆေးကိုလည်း တပတ်တစ်ရက်ပဲသောက်ဖြစ်တော့ အိပ်ရေးမဝတဲ့ မိုးမိတဲ့ဒဏ်က ၄၀ကျော်ကျွန်တော့်အတွက် period time မှာ အတော်လေးကို လူကိုဆွဲချလိုက်သလိုပါပဲ
ဒီအတိုင်းပါပဲ နေမကောင်းဖြစ်တော့ စိတ်ကလေးအနည်းငယ်ညစ်လာလို့ စာကောက်ရေးဖြစ်တာပါ ဘုရားရှိခိုးပြီး အိပ်ပါပြီဗျာ။
မနေ့ညကဘုရားရှိခိုးရင်းနဲ့ မျက်စိထဲပြာကနဲဖြစ်သွားတော့ ဆက်မရှိခိုးနိုင်တော့ဘူး ဒီနေ့လည်း ထမင်းစားပြီးတာနဲ့ အိပ်တော့မှာဆိုတော့ ဘုရားရှိခိုးပျက်ရပြန်ပြီ ဇရာကသတိပေးနေတာပါဗျာ
မနေ့ညကမိုးနည်းနည်းမိသွားတော့ ခေါင်းကိုက်နေရော အိမ်ရောက်တော့ဖုန်းသုံးတာ ၁နာရီလောက်ဖြစ်သွားတယ်
ညစာစားပြီးတော့ ခေါင်းပိုကိုက်လာတာနဲ့ ဆေးသောက်ထားလိုက်တယ် နာရီဝက်လောက်နေတော့ ဘုရားရှိခိုးရင်းနဲ့ မျက်လုံးထဲပြာကနဲဖြစ်သွားတော့ မမကသွေးချိန်ပေးတယ် ၉၈/၆၀ သွေးတိုးတဲ့သူက သွေးနည်းနည်းကျတာကို မခံနိုင်ဖြစ်သွားရတာပါ
ဆေးလည်းထပ်မသောက်ရဲတော့ ဘုရားဆက်မရှိခိုးနိုင်တော့ပဲ အိပ်လိုက်တယ် အရင်ကနေမကောင်းဖြစ်ရင် အလှမပြင်ချင်တော့ပေမယ် အခုကတော့ အသက်နဲ့မက လှချင်လာတဲ့ရောဂါက Level up လာတော့ နေမကောင်းဖြစ်လည်း အလှပြင်မပျက်ပါဘူးဗျာ
အစ်ကိုကြီးပြောခဲ့သလို မိန်းမတွေအသက်ရလာရင် ရင့်ကျက်တည်ငြိမ်သွားတာနဲ့ အကဲဆက်လာတာပဲရှိတယ်ဆိုတော့ ကျွန်တော်က ဒုတိယအမျိုးအစားထဲပါသွားရတာပါ
မနေ့ကရုပ်နဲ့ဒီနေ့ရုပ်မတူဘူးဆိုတဲ့ ဇရာသဘောကိုလည်း အသိရှိပါတယ် ဒါပေမယ့်လည်း လှတပတလေးနေချင်တဲ့ စိတ်ကလေးကလည်းရှိတော့ စိတ်နှစ်ခုလုံးဒွန်တွဲဖြစ်ပေါ်နေတာပါ။


No comments:
Post a Comment