စာမပို့ဖြစ်တာတစ်လကျော်သွားပါပြီ အရင်လို၁၀ရက်ကိုတစ်စုဖွဲ့ပြီး ကျော်ဖြတ်နိုင်ဖို့အတွက် ရက်တွေကိုလည်းမရေတွက်တော့ပါဘူး
အဆင်ပြေနေတဲ့အချိန်မှာတောင် ဘာမျှမဖြည့်ဆည်းပေးနိုင်သူကို ဒဏ်ရာတွေမပေးတော့ပါဘူးဗျာ သူ့ခမျာလည်းနာကျင်မှုတွေအများကြီး ရှိနိုင်မှာပဲလေ
viber ကိုလည်း ခဏခဏဝင်မကြည့်ဖြစ်တော့ပါဘူး online မှာအကြာကြီးပျောက်နေရင် အရင်လိုစိတ်ပူတက်ပေမယ့် လူကောင်းတစ်ယောက်ဖြစ်လို့ အကုန်လုံးအဆင်ပြေမှာပါလို့ပဲ ကိုယ့်ဘာသာရှင်းပြနေမိတယ်
fb ဝင်ရင် သူ့ wall ကို အရင်ကြည့်မိတက်တဲ့ အကျင့်လေးကိုလည်း တဖြေးဖြေးချင်းပြင်နိုင်ဖို့ကြိုးစားပါမယ် အကျနေ့ညက video ကို down မိတဲ့အတွက် အကြတ်နေ့မနက်က post ကို သိမ်းထားမိတဲ့အတွက် ခွင့်လွှတ်ပေးပါဗျာ အတက်နေ့ပြီးရင်နှစ်ဆန်းရောက်ပါပြီ
နှစ်ဆန်းတစ်ရက်နေ့ကစပြီး post တွေ note မှာ သိမ်းထားမိတာ ပုံတွေ save ထားမိတာ video တွေ down ထားမိတာအကုန်လုံးကို နောက်တစ်ကြိမ် မလုပ်မိဖို့ ကျွန်တော်ကြိုးစားသွားပါမယ် သူတစ်ပါးကိုရော ကျွန်တော့်ကိုယ်ကျွန်တော်ပါ မချည်နှောင်တော့ပါဘူး
တစ်နှစ်ကျော်ဖက်တွယ်မိတဲ့ လူတစ်ယောက်ကိုတောင် အနည်ထိုင်ဖို့ကို ကျွန်တော်အချိန်အများကြီးယူခဲ့ရတာပါပဲ လေးနှစ်နီးပါးဖက်တွယ်ခဲ့မိတဲ့သူဆိုတော့ အနည်ထိုင်ဖို့ပိုကြာမယ်ထင်ပါတယ်
ဒီလိုပါပဲ တဖြေးဖြေးလေးနဲ့အသားကျဖို့ကို ကြိုးစားသွားရမှာပါပဲ
တဖက်သားကတော့ အကြောင်းကိစ္စမရှိဘဲ အဆက်အသွယ်မလုပ်တော့တာအတွက် ညိုညင်မယ်ထင်ပါတယ် ကျွန်တော်အနေနဲ့ လူရောစိတ်ပါအားနည်းသွားတဲ့အချိန်မှာ မတန်မရာတွေ မဖြစ်နိုင်တာတွေကို လွတ်ချမိခဲ့တာပါဗျာ
ကျွန်တော့်ဘဝအသစ်မှာ အပြင်ပန်းအသားကျဖို့အတွက် ကြိုးစားနေရတဲ့အချိန်မှာ ကျွန်တော့်စိတ်ကလေးကိုလျစ်လျှူရှုလိုက်မိတယ် လူကသာလှုပ်ရှားသွားလာနေပေမယ့် ကျွန်တော်အားငယ်နေမိတာကို မသိလိုက်မိဘူး
လဲကျရင်ပြန်ထရမှာဘဝပါလို့ ပြောခဲ့ပေမယ့် ကျွန်တော်အခုအချိန်အထိ မထနိုင်ပါသေးဘူးဗျာ
၆လွှာမှာနေစဥ်တုန်းက အထပ်မြင့်ဖြစ်လို့ လူတွေနဲ့တရင်းတနှီးမရှိခဲ့သလို အခုလည်းလူတွေကိုကြောက်နေမိတုန်းပါပဲ အလုပ်လက်မဲ့ဘဝဆိုတာ အိမ်မရှိတောတဲ့ဘဝဆိုတာ လူတစ်ယောက်ကိုအများကြီးရိုက်ခတ်တယ်ဗျာ
သဘာဝဘေးဒဏ်ကြောင့် လူချမ်းသာတွေဖြတ်ကနဲသေသွားရတာကို တွေ့နေရတာတောင် ပိုက်ဆံမရှိတဲ့ဘဝကိုရင်မဆိုင်ရဲသေးတော့ လက်ထဲမှာရှိတဲ့ရွှေတို၊ရွှေစလေးနဲ့ ပိုက်ဆံအနည်းငယ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားနေမိတုန်း
ကျွန်တော်တကယ်ကိုလောကဓံရဲ့ရိုက်ခတ်မှုကို မခံနိုင်တဲ့မိန်းမပဲဗျာ
တနေ့နေ့တချိန်ချိန်တော့ ဒဏ်ရာတွေအားလုံး အနာကျက်သွားမယ်ထင်ပါတယ် အချိန်တစ်ခုတော့စောင့်ဆိုင်းရအုန်းမယ်ထင်ပါတယ်။
နာကျင်ရသည့်
အမှတ်တရနေ့စွဲများ။
15th April 2025.
10:11pm

No comments:
Post a Comment