မွေးနေ့ရက်မြတ်မှာ အေးချမ်းသာယာပါစေရှင်။
















ဘုရားမတက်ဖြစ်တာ အတော်လေးကြာပါပြီ မတ်လမှာကကျွန်တော်ချစ်တဲ့သူရော ကျွန်တော့်ကိုချစ်ကြတဲ့သူငယ်ချင်းတွေရော မွေးနေ့တွေရှိတော့ လဆန်းတည်းကဘုရားသွားဖို့ စိတ်ကူးထားတာပါ အကြောင်းအမျိုးမျိုးကြောင့် ဘုရားမတက်ဖြစ်ခဲ့ပါဘူး..


မနက်ဖြန်က မြန်မာလိုမွေးနေ့ဆိုတော့ အစီအစဥ်မရှိဘဲဘုရားတက်ဖို့ပြင်ဆင်လိုက်တယ် ဘုရားမှာဆွမ်းကပ်ဖို့ကြိုမပြင်ထားတော့ ကြက်ဥငံပြာရည်ချက်လေးရယ် မရမ်းသီးသုတ်ရယ် အကြတ်မှုန့်သုတ်ရယ် လက်ဖက်ရယ် ကော်ဖီ ကြက်သားပေါင်မုန့် ရေနွေးကြမ်း အိမ်မှာရှိတဲ့စားသောက်စရာတွေနဲ့ပဲ ဘုရားမှာဆွမ်းကပ်ဖို့စီစဥ်လိုက်ပါတယ်


ဆွမ်းကပ်ဖို့အတွက် ကာလနဂါးတစ်ကောင်မနက်စောစောထရမှာဖြစ်လို့ စောစောအိပ်ပါပြီခင်ဗျာ..


Happy Birthday ပါရှင်..


မွေးနေ့မှာ အစအစအရာရာ အဆင်ပြေပါစေ

အောင်မြင်ပါစေ..


စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်

ပြည့်စုံပါစေ..


ဘေးအန္တရာယ်အသွယ်သွယ် ကင်းဝေးပြီး 

အသက်ရာကျော်ရှည်ပါစေ..


နိုင်ငံတော်နှင့် လူမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်ကာကွယ် ပေးနိုင်သောလူပုဂ္ဂိုလ်ဖြစ်ပါစေ..



မွေးနေ့ရောက်တိုင်း နှစ်စဥ်မိသားစုနဲ့အတူတူ ပျော်ရွှင်ချမ်းမြေ့စွာဖြတ်သန်းနိုင်ပါစေ..



မွေးနေ့ရက်မြတ်တိုင်း အေးချမ်းသာယာစွာ ဖြတ်သန်းနိုင်ပါစေရှင်..။


🙏 🙏 🙏


 

No comments: