ခင်ဗျားပုံတွေ Save မလုပ်ထားပါဘူးလို့ ကတိပေးပြီးမှ ကျွန်တော်ခိုးပြီးတော့ Save မိပြန်ပြီဗျာ..
နှစ်ဆန်းတစ်ရက်နေ့ နေလည်ထဲက online မဖြစ်တော့ ချင်းချောင်းတွေနဲ့ ထိတွေ့မှု ဖြစ်နေပြီလားဆိုပြီး စိတ်ပူမိပြန်ရော online ဖြစ်မလားဆိုပြီး မကြာမကြာဝင်ကြည့်မိပြန်တယ် ညဘက် online ဖြစ်တော့မှ စိတ်အေးသွားရပြီး ဘုရားကိုစိတ်အေးချမ်းသာစွာ လိုက်သွားလိုက်နိုင်တယ်
ဘုရားကပြန်လာတော့ ပုံတင်ထားတာတွေ့လိုက်ရလို့ ဝမ်းသာရပြန်ရော ကျွန်တော့်အတွက်မဟုတ်တာသိပေမယ့် ဘယ်သူ့အတွက်တင်ပေးတာပဲဖြစ်ဖြစ် မျက်နှာလေးမြင်လိုက်ရတာနဲ့ကို တကယ်ကိုဝမ်းသာမိပါတယ် အဲ့တုန်းကတော့ Save မလုပ်ထားမိသေးဘူးဗျ ငါသတိရရင် သွားကြည့်လို့ရတာပဲဆိုပြီး ထားထားလိုက်တယ်
ဘုရားသွားတဲ့ပုံတွေကျမှ ၂ပုံအရင်ဆုံး ခိုးပြီး Save မိလိုက်တယ် အရင်ထက်ပိုဝလာတော့ ကျန်းမာရေးဂရုစိုက်ပါဗျာ ကျန်တာကအရေးမကြီးပါဘူး ကျန်းမာနေဖို့ပဲအရေးကြီးတာပါ
ပိန်တာပဲဖြစ်ဖြစ် ဝတာပဲဖြစ်ဖြစ် ဒီလူကဒီလူပါပဲ ကျန်းမာနေရင်ပြီးရော အဲ့ဒါနဲ့ပဲ တစ်တက်စားလည်း ကြက်သွန် နှစ်တက်စားလည်း ကြက်သွန် ၂ပုံတောင် ခိုး Save ထားပြီပဲဆိုပြီး အနွေးထည်နဲ့ပုံလေးပါ ယူထားလိုက်ရော
ညဘက်ဘုရားရှိခိုးပြီးအိပ်ယာဝင်တော့ ကိုယ့်ဘာသာဆုံးမမိတယ် ဒီအတိုင်းတောင် နင်အနည်ထိုင်ဖို့မနည်းကြိုးစားနေရတာကို အခုလိုမျိုးတွေသာလုပ်နေရင် ဘယ်လိုလုပ်အနည်ထိုင်မလည်းလို့ အမယ်သူ့ဆေးနဲ့သူတော့ ဟုတ်နေတာပါဗျ
ခဏလေးလွှတ်ထားပေးပါ ကျွန်တော့်မှာမျှ ဖက်တွယ်စရာမရှိသေးတာ လွှတ်ချထားလိုက်ပါပြီ ဆိုပေမယ့် သံယောဇဥ်မျှမပြတ်နိုင်သေးတာကို အဲ့ဒါနဲ့သနားပြီး ထပ်ပြီးမဆူတော့ဘဲ ပေးအိပ်လိုက်ပါတယ်
မနက်နိုးတာနဲ့ ခင်ဗျား Wall ကို သွားကြည့်တော့ မနေ့ကပုံတင်ထားတာ မရှိတော့ဘူး ဟူး တော်သေးတာပေါ့ မနေ့ကပုံလေး Save မိလိုက်လို့ ဆိုပြီး ဘုရားသွားတဲ့
နောက်တစ်ပုံ ထပ်ခိုးလာပြန်ရော
သတိတော့ပေးထားပါတယ် ၄ပုံတောင်ရှိသွားပြီ ဒီနှစ်အတွက်ထပ်ပြီး Save မလုပ်ရဘူး ပုံခိုးမယူရတော့ဘူးဆိုပြီးတော့
ဒီနေ့ညလည်း ခင်ဗျားအသံကြားလိုက်ရတော့ စိတ်ချမ်းသာမိပြန်ရော ထပ်ပြီးတော့ မယူထားတော့ပါဘူးဗျာ အဲ့ဒါနဲ့ပဲ သြော် နင်တစ်ယောက်တော့ အားကြီးကြီးအနည်ထိုင်ပါလိမ့်မယ်လို့ ကိုယ့်ဘာသာပြောမိပါတယ်
လူတစ်ယောက်ကို ဘဝကြီးတစ်ခုလို့ မှတ်ယူထားတာလည်း တကယ်ကို တကယ်ကိုမလွယ်ပါဘူးဗျာ စိတ်ရောလူရော ပင်ပန်းရပါတယ်
မလွယ်ပါဘူးဗျာ ဖက်တွယ်ထားတုန်းကရော လွှတ်ချထားလိုက်တဲ့အချိန်ရော
တစ်ခုမျှ တကယ်ကို ကျွန်တော့်အတွက်မလွယ်လှပါဘူးဗျာ။

No comments:
Post a Comment