သဗ္ဗေ သင်္ခါရာ အနိစ္စာ
ဒီနှစ်မကုန်ခင်တော့ကျွန်တော်နှလုံးသွင်းနိုင်ဖို့
ကြိုးစားရတော့မယ်
သင်္ခါရတရား
ငယ်ငယ်ထဲကသေချင်းတရားကို
အလွန်အမင်းကြောင်တက်လွန်းလို့
နှလုံးသွင်းနိုင်ဖို့ကြိုးစားခဲ့ပါတယ်
၁၉၉၇၊၁၉၉၈ ကျောက်မြောင်းစရောက်ထဲက
ဘုရားကျောင်းကန်နဲ့အလှမ်းဝေးခဲ့ရပြီး
လူမိုက်ဖြစ်ခဲ့တာပါ
ဒီအသက်အရွယ်ရမှ ၂၀၂၁ အာဏာထိမ်းတာထက်
ပိုပြီးကြောက်ဖို့ကောင်းတာက အနိစ္စတရားမှန်း
ပြီးခဲ့တဲ့လထဲက သိလိုက်ရတာပါ
သူလဲသတ္တဝါ ကျွန်တော်လဲသတ္တဝါဆိုတဲ့ အသိတရားလက်ကိုင်ထားပေမယ့် တကယ်တမ်းသောကနဲ့ ကြုံတွေ့လာရရင် ကျွန်တော်ပြိုလဲသွားရတာပါပဲ
ဘဝအဆက်ဆက်က ကုသိုလ်ကံကြောင့် ကလေးတွေနဲ့ဆုံစည်းခဲ့ရပေမယ် ကျွန်တော်အတွက့် ရေစက်ကတကယ်ကိုနည်းလွန်းလှပါတယ်
မနေ့ညထဲက ကလေးအသက်ရှင်နိုင်ဖို့ မလွယ်နိုင်ဘူးလို့ စိတ်ဒုံးဒုံးချထားပေမယ့် တကယ်တမ်းသူအသက်မဲ့သွားတော့ ကျွန်တော်ဖြေဆယ်လို့မရပါဘူး
ဘဝမှာပထမဆုံး ထွက်သက်တစ်ခုက ကျွန်တော့်လက်ပေါ်မှာတင် ချုပ်ငြိမ်းသွားရတာပါ သူသွားခါနီး ကျွန်တော်ဘေးမှာ လာအိပ်နေခဲ့ပေးတာ
အပူတကာ အပူထဲမှာ သံယောဇဉ်ဆိုတဲ့အပူက လောင်မြှိုက်စွမ်းအားကြီးလွန်းလှပါတယ်ဗျာ
ကလေးတွေအကုန်လုံး ဘဝသံသရာမှာ ဘုန်းကြီးလို့ အသက်ရှည်ပါစေလို့ဆုတောင်းပေးရင်း နောင်ကြုံတွေ့ရမယ့် သောကတွေအတွက် သဗ္ဗေ သင်္ခါရ အနိစ္စာကို နှလုံးသွင်းနိုင်ဖို့ ကြိုးစားအားထုတ်ရပါတော့မယ်။
🙏🙏🙏🙏🙏
Baby Pan Lone
#15.05.2021 - #22.08.2021

No comments:
Post a Comment