တိတ်တဆိတ်


 


ဒီနေ့ရန်ကုန်ရောက်မှာသိထားတော့ ၁၂နာရီလောက်ဖုန်းခေါ်ချင်ပေမယ့် တော်ကြာဖုန်းခေါ်လို့ Flight landing များလုပ်နေတဲ့အချိန်ဆိုရင် အဆင်မပြေပါဘူးဆိုတဲ့အတွေးနဲ့ Sms ပို့လိုက်တယ်



ဘာတုံပြန်မှုမှမရှိပါဘူးဗျာ တနေ့လုံးအလုပ်များနေတဲ့ကြားက viber ကိုဝင်ကြည့်မိတယ် blocked ထားတာကိုသိရက်နဲ့ စာပို့မလားလို့ ထင်နေမိတာပါ



တနေ့လုံးတင်းထားတဲ့စိတ်က ညနေ၆နာရီအိမ်ကိုပြန်တော့ ကုန်သည်လမ်းမကြီးမှာ လမ်းလျှောက်နေရင်း တစ်ယောက်ထဲစိတ်မကောင်းဖြစ်ပြီး မျက်ရည်ကျမိတယ် ငါ့ကျမှဖြစ်ရလေဆိုတဲ့ မေ့ထားတဲ့အတွေးကလူကို ထပ်ပြီးဝမ်းနည်းစေတယ်



ဗိုလ်အောင်ကျော်လမ်းကူးတော့ မီးနီနေပေမယ့် freeway မှာ hijet လေးရှိတော့ လမ်းလည်ခေါင်မှာပဲ ရပ်စောင့်ပေးလိုက်တယ် ကားသမားကလက်လေးပြပြီး ကူးပါဆိုပြီးကားရပ်ပေးတယ်



ကျေးဇူးပါဆိုပြီး ခပ်မြန်မြန်ကူးပေးရင်းနဲ့ ငါကိုစာနာမယ့်သူရှိသေးပါတယ် စိတ်မကောင်းမဖြစ်ပါနဲ့လို့



ကားမှတ်တိုင်ရောက်တာတောင် အိမ်မပြန်ချင်သေးတော့ဆက်လျှောက်မိတယ် အိမ်အထိလမ်းလျှောက်ပြန်မလားလို့ တွေးလိုက်မိပေမယ့် နိုင်ငံရေးမကောင်းတဲ့အချိန် လျှောက်သွားလို့ မသင့်တော်ဘူးဆိုတော့ ဂမုန်းပွင့်ဝင်ရင်း ဦးတည်ရာမရှိလျှောက်ဝယ်တယ် ည၇နာရီထိုးပြီဆိုတော့ အိမ်ပြန်သင့်ပြီလေ



ကားရပ်စောင့်နေရင်း ကိုယ့်ဘာသာဆုံးမနေမိပါတယ် ၂ရက်ကို ပိုက်ဆံ၁သိန်းခွဲကုန်သွားပြီ နင်ပျော်လားလို့ မပျော်ရင်ဘာလို့ ပိုက်ဆံတွေဖြုန်းနေတာလည်း စိတ်အဆင်မပြေရင် ဘုရားပဲရှိခိုးပါ



အဲ့ဒီပိုက်ဆံက အချိန်တန်ရင် ပြန်ပေးရမှာလေ လူ့ဘဝမှာ နင်အလကားရစရာ ဘာတစ်ခုမှမရှိဘူးလို့ ဆူမိလိုက်တယ်




၈ရက်နေ့မွေးတယ် ဝါရမိတ္တူရက်ဖြစ်တယ် အင်္ဂါသမီးဆိုတော့ ရှေ့နောက်မကြည့်ဘဲ  လုပ်ချင်တာလုပ်တယ် အဲ့ဒါကြောင့်ပဲ ဘဝမှာအမြဲတမ်း အဆင်မပြေဖြစ်ရတယ်



အဆင်မပြေရင် ဘုရားမဖက်ဘဲ လောကဓံကို ခေါင်းနဲ့ဝင်တိုက်တယ် ပြီးရင်ကျွမ်းပြစ်ပြန်တယ် အတိတ်ကကုသိုလ်ကောင်းမှုကြောင့် ကျွန်တော်ဆိုတာရှိနေသေးတာပါ။



9:00pm

Yangon







No comments: